တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ၁၆ – ၁၁ ၂၀၂၀

ရက္ခိုင့်တပ်တော် AA က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ ထုတ်ပြန်ချက်ကို တပ်မတော်က ကြိုဆို ကြောင်းနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့ အတတ် နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တပ်မတော်က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

ကချင်ပြည်နယ် ဒဘတ်ယန်ကျေးရွာက စစ်ရှောင်တွေ နေရပ်ပြန်နိုင်ဖို့အတွက် စီစစ်မှုတွေနဲ့ မိုင်းရှင်းလင်း ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီလို့ ကချင် လူသားချင်း စာနာထောက်ထားမှုအဖွဲ့ KHCC က ပြောပါတယ်။

ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် ပြည်သူ့ပါတီက မျှော်လင့်ထားသလောက် မအောင်မြင်ခဲ့ရတာက ဘာ ကြောင့်ပါလဲဆိုတာ ပါတီခေါင်းဆောင်တွေကို မေးမြန်း တင်ဆက်ထားပါတယ်။

*** ZAWGYI ***


