ဒဘတ်ယန် ဒုက္ခသည်တွေ အိမ်ပြန်ဖို့ ပြင်ဆင်မှုများ ပြုလုပ် (KHCC နှင့် အင်တာဗျူး)

နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၂၀ ခုနှစ်။
သတင်းနှင့် မီဒီယာ ကွန်ရက်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာထဲက ဆယ်နှစ်နီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ စစ် ရှောင်တွေ နေရပ်ပြန်နိုင်ရေး KHCC က စတင်လုပ်နေပါပြီ။ လုပ်ငန်းစဉ် အသေးစိတ် ဆောင်ရွက်နေမှု အခြေ အနေ ဘယ်လိုရှိသလဲ၊ အခု လက်ရှိမှာ ဘာတွေလုပ်နေပါလဲ၊ နေရပ်ပြန်ဖို့ စာရင်းပေးထားတဲ့ မိသားစုဝင်တွေ ဘယ်လောက်ရှိနေလဲ၊ ဘယ် စစ်ရှောင်စခန်းထဲက လူတွေလဲ။ နေရပ်ပြန်ကြမယ့် စစ်ရှောင်တွေရဲ့ လုံခြုံရေးက ရော ဘယ်လောက်အထိ စိတ်ချရပြီလဲ။ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးအတွက် ဘာတွေ လုပ်ပေးမှာလဲ စတဲ့ အကြောင်းအရာ တွေ ကို ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက် ရေး ကော်မတီ (KHCC) ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးခါးလီကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – ကချင်စစ်ရှောင်တချို့ နေရပ်ပြန်ဖု့ိ စတင်ဆောင်ရွက်နေပြီလို့ ကြားရတယ်။ အခု ဘာတွေ စလုပ်နေပြီလဲ။

ဖြေ – ကိုယ့်ရဲ့ ရွာမှာပဲ နေရပ်ပြန်နိုင်ပြီဆိုတဲ့ သဘောမျိုးလည်း ကိုယ့်ရဲ့ ရွာ မှာ ပြန်လို့ နေလို့ရအောင် သဘော မျိုးလည်း သက်ရောက်သွားအောင် သက်ဆိုင်ရာ မြို့နယ်အဖွဲ့တွေနဲ့ ပြည် နယ် အစိုးရအဖွဲ့တွေနဲ့ တိုင်ပင်ပြီး တော့ ဒီမှာပဲ ကျနော်တို့ စီစစ်လိုက်ခြင်းဖြစ်ပါတယ်။ မိုင်းလည်း ပြီးနိုင်သ လောက် မြန်နိုင်သလောက် မြန်ပြီး တော့ ရှာဖွေနိုင်အောင်လို့ ကျနော်တို့ ရှင်းသွားနိုင်အောင်လို့ ကျနော်တို့ စီစဉ် ခြင်းဖြစ်ပါတယ် ခင်ဗျာ။

မေး – ဒီ ဒဘတ်ယန်ကျေးရွာကို ပြောင်းရွှေ့နေထိုင်နိုင်ဖို့ အစီအစဉ်တွေ ဘယ်တုန်းကစတင်ခဲ့တာလဲ။ အစိုးရနဲ့ ဘယ်လိုမျိုးညှိနှိုင်းခဲ့ကြတာလဲ။

ဖြေ – ကျနော်တို့ ဒုတိယအကြိမ် အစည်းအဝေးပေါ့နော KHCC နဲ့ အစိုးရအဖွဲ့က ဖွဲ့စည်းထားတဲ့ လုပ်ငန်းကော် မတီ ပေါ့။ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီး ဦးဆောင်တဲ့ အဖွဲ့တွေနဲ့ညှိနှိုင်းခဲ့တာကတော့ ၂၀၁၉ က နေ ညှိနှိုင်းပြီးတော့ အခုမှပဲ ကျနော်တို့ အကောင်အထည်ဖော်နိုင်ခြင်း ဖြစ်ပါတယ်။

မေး – အခုက မိုင်းရှင်းလင်းရေးလုပ်နေတယ်ဆိုတော့ ဘယ်လိုမျိုးလုပ်နေကြတာလဲ။ ဘယ်ဒေသတွေလဲ။ ဒဘတ်ယန်ကျေးရွာတစ်ရွာပဲလား။

ဖြေ – မိုင်းရှင်းလင်းရေးက သူကတော့ ၂ ပိုင်းရှိပါတယ်ခင်ဗျ။ ပထမဆုံးက ဒီ ကိုယ့်ရဲ့ ခြံဝန်းပေါ့နော ဒီ Public Area လို့ ပြောရမယ့် အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာမှာ ရှင်းမယ်ပေါ့နော်။ အဲဒါရှင်းပြီးလို့ရှိရင်တော့ လုပ် ကိုင် စားသောက်မယ့် နေရာမှာ စိုက်ပျိုးမြေတို့ စိုက်ပျိုးဧကပေါ့နော်။ လယ်ယာမြေလုပ် ကိုင်စားသောက်မယ့် နေရာ ပြန်ရှင်းဖို့ ရှိပါတယ်။ ဆိုတဲ့အကြောင်း မိုင်းရှင်းလေးရေးကိစ္စက ကျနော်တို့ အဲလိုမျိုး အကြမ်းအားဖြင့် စီစဉ်ထားတာ ရှိပါတယ်ခင်ဗျာ။

မေး – အခု ဒီတစ်ခေါက် နေရပ်ပြန်ဖို့ စာရင်းပေးထားတာ လူဦးရေ ဘယ်လောက်ရှိလဲ၊ ဘယ် Camp ထဲ က စစ်ရှောင် တွေလဲ။

ဖြေ – အိမ်ထောင်စုက ၂၁၆ စု ရှိပါတယ်ခင်ဗျာ။ ကျနော်တို့ ဒီနေ့ လာစီစစ်တာကတော့ ၂၁၆ စု ရှိပါမယ်။ အရင် က အစိုးရကို စာရင်းပေးထားတဲ့ အိမ်ထောင်စုက ၃၇ စု အဲဒါလည်း ရှိပါတယ်။ အဲဒါလည်း ကျနော်တို့ အခု စပြီး တော့ စီစစ်မယ်ပေါ့။ အဲဒါပြီးလို့ရှိရင် ဒီ ၂၁၆ စုကို စီစစ်ဖို့ရှိပါမယ်ခင်ဗျာ။ လူဦးရေက ခုနှစ်ရာကျော် ရှစ်ရာ နီးပါး ရှိပါတယ်ခင်ဗျာ အားလုံး။ Camp က ၁၇ Camp လောက်ရှိပါမယ်ခင်ဗျား။ ဝိုင်းမော်မြို့နယ်ထဲမှာလည်း ရှိတဲ့ Camp တွေရှိတယ်။ ဒီမြစ်ကြီးနားမြို့ပေါ်က Camp တွေလည်း ရှိပါတယ် ခင်ဗျာ။ အခုတော်တော်များများတော့ ပြန်ဖို့ စီစဉ်ဆောင်ရွက်နေပါပြီ ဆိုတဲ့အကြောင်းပဲ ပြောချင်ပါတယ်။ ဒါပေမယ့် ဆက်လက်ပြန်မယ့်ဟာကတော့ ဒီဝိုင်းမော် ကန်ပိုင်တည်လမ်းမ ပေါ်ရှိ ရွာတွေလည်း ပြန်နိုင်အောင်လို့ ကျနော်တို့ စီစဉ်နေတယ် ထိုနည်းတူစွာပဲ မြစ်ကြီးနား-ဗန်မော်ကားလမ်းမပေါ် ရှိ ရွာတွေလည်း အားလုံး ပြန်နိုင်အောင်လို့ ကျနော်တို့ စီစဉ်နေတယ်။ ပြီး တော့ မိုးမောက်-လွယ်ဂျယ်၊ စိန်လုံ-လွယ်ဂျယ် ကားလမ်းမပေါ်ရှိ ရွာတွေလည်း ပြန်နိုင်အောင်လို့ ကျနော်တို့ စီစဉ်နေပါတယ်ခင်ဗျာ။

မေး – အခုက မိုင်းရှင်းလင်းတာ၊ စာရင်းတွေ စီစစ်တာတွေလုပ်နေပြီဆိုတော့ ဘယ်တော့လောက် စစ်ရှောင် တွေ နေရပ်ပြန်လို့ ရနိုင်မလဲ ခန့်မှန်းခြေ အချိန်လေးသိချင်ပါတယ်။

ဖြေ – စီစစ်ပြီးမယ် မိုင်းလည်း ရှင်းလင်းပြီးမယ်ဆိုရင်တော့ ဆောက်လုပ်ရေးလုပ်တာက ကျနော်တို့ ဒီ နိုဝင်ဘာ ၂၅ ရက်နောက်အကျဆုံး ဆောက်လုပ်ရေးတွေ ဝင်နိုင်မယ်။ အဲဒါပြီးလို့ရှိရင် ဆောက်လုပ်ရေးက ဖေဖော်ဝါရီမှာ ပြီးမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် မတ်လတော့ နောက်အကျဆုံးနဲ့ မတ်လလောက်တော့ အားလုံး လည်း ပြန်နိုင်မယ်။ ဆောက်လုပ်ရေးလည်း ပြီးစီးမယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်ခင်ဗျာ။

မေး – နေရပ်ပြန်ကြမယ့် ဒီစစ်ရှောင်တွေအတွက် လုံခြုံရေးအခြေအနေကရော ဘယ်လောက်အထိ စိတ်ချရလဲ၊ အစိုးရ၊ နှစ်ဖက်လက်နက်ကိုင်တွေက ဘယ်လောက်အထိ အာမခံချက် စိတ်ချမှုပေးနိုင်ပြီလဲ။

ဖြေ – လုပ်ခြုံရေးက ဒီလိုဒီလို ဒီအတိုင်းအတာနဲ့ ရရှိသဘောတူထားတဲ့ဟာက မရှိပါဘူး။ ဒီလက်နက်ကိုင် ပဋိ ပက္ခဖြစ်ခဲ့တဲ့ သက်ဆိုင်ရာ တာဝန်အရှိဆုံး အဖွဲ့အစည်းများလည်း ညှိနှိုင်းပြီးသား ဖြစ်တဲ့အတွက် ညှိနှိုင်းပြီးသား ဆိုတာ ဒီနေရာမှာ ပြန်မယ်လို့ ကျနော်တို့ တင်ပြပြီးသား ဖြစ်တဲ့အတွက် ကျနော်တို့ အတွက်တော့ ဒါ အတိုင်း အတာ တစ်ခုမှာ လုံခြုံတယ်လို့ ကျနော်တို့ ခံယူလို့ရပါတယ်။ ယူဆလို့ရပါတယ်။ သက်ဆိုင်ရာ KIA/KIO အဖွဲ့ ကိုလည်း ကျနော်တို့ ဒီ ၁၇ ရွာမှာ ပြန်မယ်လို့ ပြောတဲ့အပိုင်း သူတို့လည်း သဘောတူပြီးသား ရွာဖြစ်တယ်။ သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေလည်း တပ်ပိုင်းဆိုင်ရာကအစ အကုန်လုံး ဒီနေရာမှာ ပြန်မယ်လို့ အားလုံး သဘောတူတဲ့ နေရာဖြစ်တဲ့အတွက် ဒါတော့ ကျနော်တို့ အတိုင်းအတာ တစ်ခုမှာ လုံခြုံတယ် စိတ်ချရတယ်လို့ ကျနော်တို့ ဆိုနိုင်ပါတယ်ခင်ဗျာ။ KIA/KIO လည်း ဒီနေရာက ပြည်သူတွေဖြစ်တဲ့အတွက် ဘယ်နေရာ ရောက်ရောက် သူတို့က သူတို့ပြန်ချင်တဲ့နေရာမှာ ပြန်လို့ရပါတယ်။ သူတို့နေချင်တဲ့နေရာမှာလည်း သူတို့ရဲ့ မူရင်းဒေသမှာ ပြန်တဲ့အတွက် ကန့်ကွက်စရာ မရှိကြောင်းလည်း အမြဲတမ်းပြောပါတယ်ခင်ဗျား။

မေး – နေရပ်ကို ပြန်လာကြမယ့် စစ်ရှောင်တွေအတွက် နေအိမ်ဆောက်ပေးတာအပြင် သူတို့ရဲ့ စားဝတ်နေရေး၊ ပြန်လည်ထူထောင်ရေးအတွက်ရော တခြား ဘာတွေ လုပ်ဆောင်ပေးဖို့ စီစဉ်ထားလဲ။

ဖြေ – ဆန်၊ ဆီ၊ ဆား၊ ပဲ အနည်းဆုံး ၃ လ ကနေ အများဆုံး ၆ လ အထိ ကျနော်တို့ တစ်ခါတည်း ကူညီပေးနိုင် အောင်လို့ ကျနော်တို့ စီစဉ်နေတယ်။ ပြီးတော့ လုပ်ကိုင်စားသောက်ဖို့နေရာ ကိုယ့်ခြံဝန်းမှာ နေပြီးတော့ လုပ် ကိုင်စားသောက်မယ့် အသက်မွေးကြောင်း လုပ်ငန်းပြုမယ့်ဟာလည်း ကျနော်တို့ စီစဉ်နိုင်အောင်လို့တော့ ကျနော်တို့ လုပ်ထားပါတယ်။ ဒါပေမယ့် အဲဒီထက် ကျယ်ပြန့်ပြီးတော့ လုပ်မယ်ဆိုရင်တော့ အခုနပြောတဲ့ မိုင်း ရှင်းလင်းရေးတို့ ဘာတို့ စီစဉ်ရမယ့် အပိုင်းလေးတွေ ရှိပါတယ်။ အခု ပထမဆုံး အနေနဲ့တော့ ကိုယ်ရပ် ကိုယ့်ခြံ ကိုယ့်မြေပေါ်မှာ ရောက်ရှိအောင် ကျနော်တို့ စီစဉ်မှာ ဖြစ်ပါတယ်။ အဲဒါပြီးမှပဲ နောက်တစ်ကန့်တော့ ကျနော်တို့ လုပ်ကိုင်စားသောက်ရမယ့် ဟာပေါ့နော်။ အဲဒါတွေ အသက်မွေးဝမ်း ကြောင်းလုပ်ငန်းကို ပြန်ပြုဖို့အတွက် ကျနော်တို့ စီစဉ်မှာ ဖြစ်ပါတယ်။

မေး – KIO ထိန်းချုပ်နယ်မြေထဲကနေ ဒီကိုပြန်လာချင်တဲ့ စစ်ရှောင်တွေအတွက်ရော ဘယ်လိုစီစဉ်ပေးထားလဲ။

ဖြေ – ပြန်နိုင်ဖို့အတွက် သူတို့ပြန်မယ် ဒီနေရာမှာ ပိုင်ဆိုင်တယ် ဒီနေရာမှာ ဟုတ်တယ်လို့ အတည်ပြုပြီး သားတွေကျ လက်ခံဖို့ ကျနော်တို့လည်း သူတို့ကို ကူညီဖို့ အဆင်သင့်ရှိပါတယ်ခင်ဗျာ။ အဲလိုမျိုးတွေကျ ကျနော်တို့ သက် ဆိုင်ရာ လဝက ပြည်နယ် လဝက အဖွဲ့တွေ မြို့နယ် လဝက အဖွဲ့တွေနဲ့ ကျနော်တို့ တိုင်ပင်ပြီးတော့ ဘယ်လို မျိုးစီစဉ်ပေးနိုင်သလဲ ဘယ်နေရာက ပြောင်းလာသလဲ ဘယ်နေရာက ဖြစ်သလဲ အကယ်၍ ရှိခဲ့တယ်ဆိုရင် လည်း ဘယ်လိုမျိုးပျောက်ဆုံးသွားတယ်ဆိုတဲ့ဟာမျိုး အဲဒါတွေ အကုန်လုံး တိုင်ပင်ပြီးတော့ စီစစ်ပြီးရင်တော့ ကျနော်တို့ ဆောင်ရွက်ပေးနိုင်တယ်ဆိုတဲ့ အကြောင်းလည်း လဝက ကလည်း ပြောပါတယ်ခင်ဗျ။ အဲလိုမျိုး တော့ ကျနော်တို့ ကူညီပေးပါမယ်ခင်ဗျာ။

မေး – အခု စစ်ရှောင်နေတွေရဲ့ နေရပ်ပြန်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရကရော ဘာတွေလုပ်ဆောင် ပေး လဲ။

ဖြေ – နိုင်ငံတော် အစိုးရက ဒီလိုမျိုးပေါ့ လုပ်ထုံးလုပ်နည်းပေါ့ သက်ဆိုင်ရာ သူတို့တွေရဲ့ အစိုးရရဲ့ လုပ်ထုံးလုပ် နည်း အရ စီစစ်တာတို့ လယ်ယာမြေပိုင်ရှင်တို့ ကိုယ့်ရဲ့ လုံခြုံရေးပိုင်းဆိုင်ရာတို့ကတော့ ဒါကတော့ အစိုးရ တာဝန်တစ်ရပ်အနေနဲ့ လုပ်နေခြင်းဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းတွေ တစ်ချို့တွေကလည်း အခုနပြောတဲ့ ၃၇ အိမ်ထောင်စုတို့ ဘာတို့တွေကတော့ သူတို့ကိုယ်တိုင်က အစိုးရက တာဝန်ယူပြီးတော့ ဆောက်ပေးမယ့်ဟာ တွေလည်းရှိတယ်။ အခုဒီဟာတွေတော့ ကျနော်တို့ KBC ကနေပြီးတော့ ဆောက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အကူအညီရရှိအောင်လည်း အကူအညီရရှိအောင် ပူးပေါင်းဆောင်ရွက်လို့ရအောင် အစိုးရက ကျနော် တို့နဲ့ အမြဲတမ်း အစည်းအဝေးမှာ ထိုင်ပြီးတော့ ဘယ်လိုမျိုး စီစဉ်ဆောင်ရွက်မယ်ဆိုတာကတော့ ပေါင်းစပ်ညှိ နှိုင်းပြီးတော့ ဆောင်ရွက်သဘောမျိုးဖြစ်ပါတယ်ခင်ဗျာ။

မေး – တခြားရော ဘာများဖြည့်စွက်ပြောဖို့ ရှိသေးလဲ။

ဖြေ – အားလုံး ကျနော်တို့ အခုက ကိုယ့်ဒေသမှာပေါ့နော် ဆယ်နှစ်နီးပါး ကိုးနှစ်ကျော်နီးပါး ထားခဲ့တဲ့ နေရာကို ကိုယ်ပြန်တဲ့အတွက် အဆင်မပြေမှု ရှိကောင်းလည်း ရှိပါမယ်။ လုံခြုံရေးပိုင်းဆိုင်ရာ စိတ်ပူပန်တာလည်း ရှိ ကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ Camp ထဲမှာ အကြာကြီး နေသွားတာထက် စာရင်တော့ အများကြီး ကောင်းပါတယ်။ ပြီးတော့လည်း ကျနော်တို့ အားလုံးလည်း သက်ဆိုင်ရာ ပြည်သူလူထုကလည်း အားပေးဖို့ ကူညီပေးဖို့ ဆုတောင်းပေးဖို့ အရေးကြီးပါတယ်။ သူတို့တွေလည်း လုပ်ကိုင်စားသောက်နိုင်အောင် ကူညီပံ့ပိုး ကြမယ် အားပေးကြမယ် ဆိုရင်တော့ ဒီကိစ္စက အောင်မြင်ပါမယ်လို့ ယုံကြည်ကြောင်း အားလုံးကို ပြောချင် ပါ တယ်။

*** ZAWGYI ***
ဒဘတ္ယန္ ဒုကၡသည္ေတြ အိမ္ျပန္ဖို႔ ျပင္ဆင္မႈမ်ား ျပဳလုပ္ (KHCC ႏွင့္ အင္တာဗ်ဴး)

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
ႏို၀င္ဘာလ ၂၅ ရက္၊ ၂၀၂၀ ခုႏွစ္။

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္ ဒဘတ္ယန္ေက်းရြာထဲက ဆယ္ႏွစ္နီးပါး ေနရပ္စြန္႔ခြာထြက္ေျပးခဲ့ရတဲ့ စစ္ ေရွာင္ေတြ ေနရပ္ျပန္ႏုိင္ေရး KHCC က စတင္လုပ္ေနပါၿပီ။ လုပ္ငန္းစဥ္ အေသးစိတ္ ေဆာင္ရြက္ေနမႈ အေျခ အေန ဘယ္လိုရွိသလဲ၊ အခု လက္ရွိမွာ ဘာေတြလုပ္ေနပါလဲ၊ ေနရပ္ျပန္ဖုိ႔ စာရင္းေပးထားတဲ့ မိသားစုဝင္ေတြ ဘယ္ေလာက္ရွိေနလဲ၊ ဘယ္ စစ္ေရွာင္စခန္းထဲက လူေတြလဲ။ ေနရပ္ျပန္ၾကမယ့္ စစ္ေရွာင္ေတြရဲ႕ လံုၿခံဳေရးက ေရာ ဘယ္ေလာက္အထိ စိတ္ခ်ရၿပီလဲ။ ျပန္လည္ေနရာခ်ထားေရး၊ ျပန္လည္ထူေထာင္ေရးအတြက္ ဘာေတြ လုပ္ေပးမွာလဲ စတဲ့ အေၾကာင္းအရာ ေတြ ကို ကခ်င္ေဒသ စစ္ေဘးေရွာင္ ျပည္သူမ်ားအား ကူညီေစာင့္ေရွာက္ ေရး ေကာ္မတီ (KHCC) ရဲ႕ ေျပာေရးဆိုခြင့္ ရိွသူ ဦးခါးလီကို ေတြ႕ဆံုေမးျမန္းထားပါတယ္။

ေမး – ကခ်င္စစ္ေရွာင္တခ်ိဳ႕ ေနရပ္ျပန္ဖု႔ိ စတင္ေဆာင္ရြက္ေနၿပီလို႔ ၾကားရတယ္။ အခု ဘာေတြ စလုပ္ေနၿပီလဲ။

ေျဖ – ကိုယ့္ရဲ႕ ရြာမွာပဲ ေနရပ္ျပန္ႏိုင္ၿပီဆိုတဲ့ သေဘာမ်ိဳးလည္း ကိုယ့္ရဲ႕ ရြာ မွာ ျပန္လို႔ ေနလို႔ရေအာင္ သေဘာ မ်ိဳးလည္း သက္ေရာက္သြားေအာင္ သက္ဆိုင္ရာ ၿမိဳ႕နယ္အဖြဲ႔ေတြနဲ႔ ျပည္ နယ္ အစိုးရအဖြဲ႔ေတြနဲ႔ တိုင္ပင္ၿပီး ေတာ့ ဒီမွာပဲ က်ေနာ္တို႔ စီစစ္လိုက္ျခင္းျဖစ္ပါတယ္။ မိုင္းလည္း ၿပီးႏိုင္သ ေလာက္ ျမန္ႏိုင္သေလာက္ ျမန္ၿပီး ေတာ့ ရွာေဖြႏိုင္ေအာင္လို႔ က်ေနာ္တို႔ ရွင္းသြားႏိုင္ေအာင္လို႔ က်ေနာ္တို႔ စီစဥ္ ျခင္းျဖစ္ပါတယ္ ခင္ဗ်ာ။

ေမး – ဒီ ဒဘတ္ယန္ေက်းရြာကို ေျပာင္းေရႊ႕ေနထုိင္ႏုိင္ဖုိ႔ အစီအစဥ္ေတြ ဘယ္တုန္းကစတင္ခဲ့တာလဲ။ အစိုးရနဲ႔ ဘယ္လိုမ်ိဳးညွိႏိႈင္းခဲ့ၾကတာလဲ။

ေျဖ – က်ေနာ္တို႔ ဒုတိယအႀကိမ္ အစည္းအေ၀းေပါ့ေနာ KHCC နဲ႕ အစိုးရအဖြဲ႔က ဖြဲ႔စည္းထားတဲ့ လုပ္ငန္းေကာ္ မတီ ေပါ့။ လူကယ္ျပန္ ျပည္ေထာင္စု၀န္ႀကီးနဲ႔ ဒု၀န္ႀကီး ဦးေဆာင္တဲ့ အဖြဲ႔ေတြနဲ႔ညွိႏႈိင္းခဲ့တာကေတာ့ ၂၀၁၉ က ေန ညွိႏႈိင္းၿပီးေတာ့ အခုမွပဲ က်ေနာ္တို႔ အေကာင္အထည္ေဖာ္ႏိုင္ျခင္း ျဖစ္ပါတယ္။

ေမး – အခုက မိုင္းရွင္းလင္းေရးလုပ္ေနတယ္ဆိုေတာ့ ဘယ္လုိမ်ိဳးလုပ္ေနၾကတာလဲ။ ဘယ္ေဒသေတြလဲ။ ဒဘတ္ယန္ေက်းရြာတစ္ရြာပဲလား။

ေျဖ – မိုင္းရွင္းလင္းေရးက သူကေတာ့ ၂ ပိုင္းရွိပါတယ္ခင္ဗ်။ ပထမဆံုးက ဒီ ကိုယ့္ရဲ႕ ၿခံ၀န္းေပါ့ေနာ ဒီ Public Area လို႔ ေျပာရမယ့္ အမ်ားျပည္သူနဲ႔ သက္ဆိုင္တဲ့ ေနရာမွာ ရွင္းမယ္ေပါ့ေနာ္။ အဲဒါရွင္းၿပီးလို႔ရွိရင္ေတာ့ လုပ္ ကိုင္ စားေသာက္မယ့္ ေနရာမွာ စိုက္ပ်ိဳးေျမတို႔ စိုက္ပ်ိဳးဧကေပါ့ေနာ္။ လယ္ယာေျမလုပ္ ကိုင္စားေသာက္မယ့္ ေနရာ ျပန္ရွင္းဖို႔ ရွိပါတယ္။ ဆိုတဲ့အေၾကာင္း မိုင္းရွင္းေလးေရးကိစၥက က်ေနာ္တို႔ အဲလိုမ်ိဳး အၾကမ္းအားျဖင့္ စီစဥ္ထားတာ ရွိပါတယ္ခင္ဗ်ာ။

ေမး – အခု ဒီတစ္ေခါက္ ေနရပ္ျပန္ဖုိ႔ စာရင္းေပးထားတာ လူဦးေရ ဘယ္ေလာက္ရွိလဲ၊ ဘယ္ Camp ထဲ က စစ္ေရွာင္ ေတြလဲ။

ေျဖ – အိမ္ေထာင္စုက ၂၁၆ စု ရွိပါတယ္ခင္ဗ်ာ။ က်ေနာ္တို႔ ဒီေန႔ လာစီစစ္တာကေတာ့ ၂၁၆ စု ရွိပါမယ္။ အရင္ က အစိုးရကို စာရင္းေပးထားတဲ့ အိမ္ေထာင္စုက ၃၇ စု အဲဒါလည္း ရွိပါတယ္။ အဲဒါလည္း က်ေနာ္တို႔ အခု စၿပီး ေတာ့ စီစစ္မယ္ေပါ့။ အဲဒါၿပီးလို႔ရွိရင္ ဒီ ၂၁၆ စုကို စီစစ္ဖို႔ရွိပါမယ္ခင္ဗ်ာ။ လူဦးေရက ခုႏွစ္ရာေက်ာ္ ရွစ္ရာ နီးပါး ရွိပါတယ္ခင္ဗ်ာ အားလံုး။ Camp က ၁၇ Camp ေလာက္ရွိပါမယ္ခင္ဗ်ား။ ဝိုင္းေမာ္ၿမိဳ႕နယ္ထဲမွာလည္း ရွိတဲ့ Camp ေတြရွိတယ္။ ဒီျမစ္ႀကီးနားၿမိဳ႕ေပၚက Camp ေတြလည္း ရွိပါတယ္ ခင္ဗ်ာ။ အခုေတာ္ေတာ္မ်ားမ်ားေတာ့ ျပန္ဖို႔ စီစဥ္ေဆာင္ရြက္ေနပါၿပီ ဆိုတဲ့အေၾကာင္းပဲ ေျပာခ်င္ပါတယ္။ ဒါေပမယ့္ ဆက္လက္ျပန္မယ့္ဟာကေတာ့ ဒီဝိုင္းေမာ္ ကန္ပိုင္တည္လမ္းမ ေပၚရွိ ရြာေတြလည္း ျပန္ႏိုင္ေအာင္လို႔ က်ေနာ္တို႔ စီစဥ္ေနတယ္ ထိုနည္းတူစြာပဲ ျမစ္ႀကီးနား-ဗန္ေမာ္ကားလမ္းမေပၚ ရွိ ရြာေတြလည္း အားလံုး ျပန္ႏိုင္ေအာင္လို႔ က်ေနာ္တို႔ စီစဥ္ေနတယ္။ ၿပီး ေတာ့ မိုးေမာက္-လြယ္ဂ်ယ္၊ စိန္လံု-လြယ္ဂ်ယ္ ကားလမ္းမေပၚရွိ ရြာေတြလည္း ျပန္ႏိုင္ေအာင္လို႔ က်ေနာ္တို႔ စီစဥ္ေနပါတယ္ခင္ဗ်ာ။

ေမး – အခုက မိုင္းရွင္းလင္းတာ၊ စာရင္းေတြ စီစစ္တာေတြလုပ္ေနၿပီဆုိေတာ့ ဘယ္ေတာ့ေလာက္ စစ္ေရွာင္ ေတြ ေနရပ္ျပန္လို႔ ရႏိုင္မလဲ ခန္႔မွန္းေျခ အခ်ိန္ေလးသိခ်င္ပါတယ္။

ေျဖ – စီစစ္ၿပီးမယ္ မိုင္းလည္း ရွင္းလင္းၿပီးမယ္ဆိုရင္ေတာ့ ေဆာက္လုပ္ေရးလုပ္တာက က်ေနာ္တို႔ ဒီ ႏို၀င္ဘာ ၂၅ ရက္ေနာက္အက်ဆံုး ေဆာက္လုပ္ေရးေတြ ၀င္ႏိုင္မယ္။ အဲဒါၿပီးလို႔ရွိရင္ ေဆာက္လုပ္ေရးက ေဖေဖာ္ဝါရီမွာ ၿပီးမယ္လို႔ ခန္႔မွန္းထားပါတယ္။ ဒါေပမယ့္ မတ္လေတာ့ ေနာက္အက်ဆံုးနဲ႔ မတ္လေလာက္ေတာ့ အားလံုး လည္း ျပန္ႏိုင္မယ္။ ေဆာက္လုပ္ေရးလည္း ၿပီးစီးမယ္လို႔ က်ေနာ္တို႔ ခန္႔မွန္းထားပါတယ္ခင္ဗ်ာ။

ေမး – ေနရပ္ျပန္ၾကမယ့္ ဒီစစ္ေရွာင္ေတြအတြက္ လံုၿခံဳေရးအေျခအေနကေရာ ဘယ္ေလာက္အထိ စိတ္ခ်ရလဲ၊ အစိုးရ၊ ႏွစ္ဖက္လက္နက္ကိုင္ေတြက ဘယ္ေလာက္အထိ အာမခံခ်က္ စိတ္ခ်မႈေပးႏိုင္ၿပီလဲ။

ေျဖ – လုပ္ၿခံဳေရးက ဒီလိုဒီလို ဒီအတိုင္းအတာနဲ႔ ရရွိသေဘာတူထားတဲ့ဟာက မရွိပါဘူး။ ဒီလက္နက္ကိုင္ ပဋိ ပကၡျဖစ္ခဲ့တဲ့ သက္ဆိုင္ရာ တာ၀န္အရွိဆံုး အဖြဲ႔အစည္းမ်ားလည္း ညွိႏႈိင္းၿပီးသား ျဖစ္တဲ့အတြက္ ညွိႏႈိင္းၿပီးသား ဆိုတာ ဒီေနရာမွာ ျပန္မယ္လို႔ က်ေနာ္တို႔ တင္ျပၿပီးသား ျဖစ္တဲ့အတြက္ က်ေနာ္တို႔ အတြက္ေတာ့ ဒါ အတိုင္း အတာ တစ္ခုမွာ လံုၿခံဳတယ္လို႔ က်ေနာ္တို႔ ခံယူလို႔ရပါတယ္။ ယူဆလို႔ရပါတယ္။ သက္ဆိုင္ရာ KIA/KIO အဖြဲ႔ ကိုလည္း က်ေနာ္တို႔ ဒီ ၁၇ ရြာမွာ ျပန္မယ္လို႔ ေျပာတဲ့အပိုင္း သူတို႔လည္း သေဘာတူၿပီးသား ရြာျဖစ္တယ္။ သက္ဆိုင္ရာ အစိုးရ အဖြဲ႔ေတြလည္း တပ္ပိုင္းဆိုင္ရာကအစ အကုန္လံုး ဒီေနရာမွာ ျပန္မယ္လို႔ အားလံုး သေဘာတူတဲ့ ေနရာျဖစ္တဲ့အတြက္ ဒါေတာ့ က်ေနာ္တို႔ အတိုင္းအတာ တစ္ခုမွာ လံုၿခံဳတယ္ စိတ္ခ်ရတယ္လို႔ က်ေနာ္တို႔ ဆိုႏိုင္ပါတယ္ခင္ဗ်ာ။ KIA/KIO လည္း ဒီေနရာက ျပည္သူေတြျဖစ္တဲ့အတြက္ ဘယ္ေနရာ ေရာက္ေရာက္ သူတို႔က သူတို႔ျပန္ခ်င္တဲ့ေနရာမွာ ျပန္လို႔ရပါတယ္။ သူတို႔ေနခ်င္တဲ့ေနရာမွာလည္း သူတို႔ရဲ႕ မူရင္းေဒသမွာ ျပန္တဲ့အတြက္ ကန္႔ကြက္စရာ မရွိေၾကာင္းလည္း အၿမဲတမ္းေျပာပါတယ္ခင္ဗ်ား။

ေမး – ေနရပ္ကို ျပန္လာၾကမယ့္ စစ္ေရွာင္ေတြအတြက္ ေနအိမ္ေဆာက္ေပးတာအျပင္ သူတို႔ရဲ႕ စားဝတ္ေနေရး၊ ျပန္လည္ထူေထာင္ေရးအတြက္ေရာ တျခား ဘာေတြ လုပ္ေဆာင္ေပးဖုိ႔ စီစဥ္ထားလဲ။

ေျဖ – ဆန္၊ ဆီ၊ ဆား၊ ပဲ အနည္းဆံုး ၃ လ ကေန အမ်ားဆံုး ၆ လ အထိ က်ေနာ္တို႔ တစ္ခါတည္း ကူညီေပးႏိုင္ ေအာင္လို႔ က်ေနာ္တို႔ စီစဥ္ေနတယ္။ ၿပီးေတာ့ လုပ္ကိုင္စားေသာက္ဖို႔ေနရာ ကိုယ့္ၿခံ၀န္းမွာ ေနၿပီးေတာ့ လုပ္ ကိုင္စားေသာက္မယ့္ အသက္ေမြးေၾကာင္း လုပ္ငန္းျပဳမယ့္ဟာလည္း က်ေနာ္တို႔ စီစဥ္ႏိုင္ေအာင္လို႔ေတာ့ က်ေနာ္တို႔ လုပ္ထားပါတယ္။ ဒါေပမယ့္ အဲဒီထက္ က်ယ္ျပန္႔ၿပီးေတာ့ လုပ္မယ္ဆိုရင္ေတာ့ အခုနေျပာတဲ့ မိုင္း ရွင္းလင္းေရးတို႔ ဘာတို႔ စီစဥ္ရမယ့္ အပိုင္းေလးေတြ ရွိပါတယ္။ အခု ပထမဆံုး အေနနဲ႔ေတာ့ ကိုယ္ရပ္ ကိုယ့္ၿခံ ကိုယ့္ေျမေပၚမွာ ေရာက္ရွိေအာင္ က်ေနာ္တို႔ စီစဥ္မွာ ျဖစ္ပါတယ္။ အဲဒါၿပီးမွပဲ ေနာက္တစ္ကန္႔ေတာ့ က်ေနာ္တို႔ လုပ္ကိုင္စားေသာက္ရမယ့္ ဟာေပါ့ေနာ္။ အဲဒါေတြ အသက္ေမြး၀မ္း ေၾကာင္းလုပ္ငန္းကို ျပန္ျပဳဖို႔အတြက္ က်ေနာ္တို႔ စီစဥ္မွာ ျဖစ္ပါတယ္။

ေမး – KIO ထိန္းခ်ဳပ္နယ္ေျမထဲကေန ဒီကိုျပန္လာခ်င္တဲ့ စစ္ေရွာင္ေတြအတြက္ေရာ ဘယ္လိုစီစဥ္ေပးထားလဲ။

ေျဖ – ျပန္ႏိုင္ဖို႔အတြက္ သူတို႔ျပန္မယ္ ဒီေနရာမွာ ပိုင္ဆိုင္တယ္ ဒီေနရာမွာ ဟုတ္တယ္လို႔ အတည္ျပဳၿပီး သားေတြက် လက္ခံဖို႔ က်ေနာ္တို႔လည္း သူတို႔ကို ကူညီဖို႔ အဆင္သင့္ရွိပါတယ္ခင္ဗ်ာ။ အဲလိုမ်ိဳးေတြက် က်ေနာ္တို႔ သက္ ဆိုင္ရာ လ၀က ျပည္နယ္ လ၀က အဖြဲ႔ေတြ ၿမိဳ႕နယ္ လ၀က အဖြဲ႔ေတြနဲ႔ က်ေနာ္တို႔ တိုင္ပင္ၿပီးေတာ့ ဘယ္လို မ်ိဳးစီစဥ္ေပးႏိုင္သလဲ ဘယ္ေနရာက ေျပာင္းလာသလဲ ဘယ္ေနရာက ျဖစ္သလဲ အကယ္၍ ရွိခဲ့တယ္ဆိုရင္ လည္း ဘယ္လိုမ်ိဳးေပ်ာက္ဆံုးသြားတယ္ဆိုတဲ့ဟာမ်ိဳး အဲဒါေတြ အကုန္လံုး တိုင္ပင္ၿပီးေတာ့ စီစစ္ၿပီးရင္ေတာ့ က်ေနာ္တို႔ ေဆာင္ရြက္ေပးႏိုင္တယ္ဆိုတဲ့ အေၾကာင္းလည္း လ၀က ကလည္း ေျပာပါတယ္ခင္ဗ်။ အဲလိုမ်ိဳး ေတာ့ က်ေနာ္တို႔ ကူညီေပးပါမယ္ခင္ဗ်ာ။

ေမး – အခု စစ္ေရွာင္ေနေတြရဲ႕ ေနရပ္ျပန္ႏုိင္ေရးအတြက္ ႏုိင္ငံေတာ္ အစိုးရကေရာ ဘာေတြလုပ္ေဆာင္ ေပး လဲ။

ေျဖ – ႏိုင္ငံေတာ္ အစိုးရက ဒီလိုမ်ိဳးေပါ့ လုပ္ထံုးလုပ္နည္းေပါ့ သက္ဆိုင္ရာ သူတို႔ေတြရဲ႕ အစိုးရရဲ႕ လုပ္ထံုးလုပ္ နည္း အရ စီစစ္တာတို႔ လယ္ယာေျမပိုင္ရွင္တို႔ ကိုယ့္ရဲ႕ လုံၿခံဳေရးပိုင္းဆိုင္ရာတို႔ကေတာ့ ဒါကေတာ့ အစိုးရ တာ၀န္တစ္ရပ္အေနနဲ႔ လုပ္ေနျခင္းျဖစ္ပါတယ္။ က်န္တဲ့အပိုင္းေတြ တစ္ခ်ိဳ႕ေတြကလည္း အခုနေျပာတဲ့ ၃၇ အိမ္ေထာင္စုတို႔ ဘာတို႔ေတြကေတာ့ သူတို႔ကိုယ္တိုင္က အစိုးရက တာ၀န္ယူၿပီးေတာ့ ေဆာက္ေပးမယ့္ဟာ ေတြလည္းရွိတယ္။ အခုဒီဟာေတြေတာ့ က်ေနာ္တို႔ KBC ကေနၿပီးေတာ့ ေဆာက္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလိုမ်ိဳး အကူအညီရရွိေအာင္လည္း အကူအညီရရွိေအာင္ ပူးေပါင္းေဆာင္ရြက္လို႔ရေအာင္ အစိုးရက က်ေနာ္ တို႔နဲ႔ အၿမဲတမ္း အစည္းအေ၀းမွာ ထိုင္ၿပီးေတာ့ ဘယ္လိုမ်ိဳး စီစဥ္ေဆာင္ရြက္မယ္ဆိုတာကေတာ့ ေပါင္းစပ္ညွိ ႏႈိင္းၿပီးေတာ့ ေဆာင္ရြက္သေဘာမ်ိဳးျဖစ္ပါတယ္ခင္ဗ်ာ။

ေမး – တျခားေရာ ဘာမ်ားျဖည့္စြက္ေျပာဖုိ႔ ရွိေသးလဲ။

ေျဖ – အားလံုး က်ေနာ္တို႔ အခုက ကိုယ့္ေဒသမွာေပါ့ေနာ္ ဆယ္ႏွစ္နီးပါး ကိုးႏွစ္ေက်ာ္နီးပါး ထားခဲ့တဲ့ ေနရာကို ကိုယ္ျပန္တဲ့အတြက္ အဆင္မေျပမႈ ရွိေကာင္းလည္း ရွိပါမယ္။ လံုၿခံဳေရးပိုင္းဆိုင္ရာ စိတ္ပူပန္တာလည္း ရွိ ေကာင္းရွိပါလိမ့္မယ္။ ဒါေပမယ့္ က်ေနာ္တို႔ Camp ထဲမွာ အၾကာႀကီး ေနသြားတာထက္ စာရင္ေတာ့ အမ်ားႀကီး ေကာင္းပါတယ္။ ၿပီးေတာ့လည္း က်ေနာ္တို႔ အားလံုးလည္း သက္ဆိုင္ရာ ျပည္သူလူထုကလည္း အားေပးဖို႔ ကူညီေပးဖို႔ ဆုေတာင္းေပးဖို႔ အေရးႀကီးပါတယ္။ သူတို႔ေတြလည္း လုပ္ကိုင္စားေသာက္ႏိုင္ေအာင္ ကူညီပံ့ပိုး ၾကမယ္ အားေပးၾကမယ္ ဆိုရင္ေတာ့ ဒီကိစၥက ေအာင္ျမင္ပါမယ္လို႔ ယံုၾကည္ေၾကာင္း အားလံုးကို ေျပာခ်င္ ပါ တယ္။