ရခိုင်တိုက်ပွဲများ ရပ်တန့်နိုင်ခြင်းသည် ငြိမ်းချမ်းရေး အလားအလာကောင်းဟု တပ်မတော်ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိအောင် ထိန်းထားနိုင်ခြင်းသည် ငြိမ်းချမ်းရေးအတွက် အလားအလာ ကောင်းများကို ရရှိလာနိုင်သည် ဟု တပ်မတော် က ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိသည်မှာ ရက်သတ္တပတ် ၂ ပတ်နီးပါးခန့်ရှိလာပြီဖြစ်ပြီး ထိုသို့ ဖြစ် ပွားမှုမရှိခြင်းက ငြိမ်းချမ်းရေးအတွက် ကောင်းသောအခြေအနေတွင် ရှိသည်ဟု နိုဝင်ဘာလ ၂၇ ရက်နေ့ (ယနေ့) တွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ဗိုလ် ချုပ်ဇော်မင်းထွန်း က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျနော်မြင်တာကတော့ ကောင်းတဲ့ အခြေအနေလို့ပဲ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ ကျ နော်တို့အနေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ဒီလိုမျိုးပေါ့ နယ်မြေဒေသကြီး တစ်ခုလုံးကို အခုအချိန်အထိပေါ့ ဘယ်လောက်ပဲ သေနတ်သံတိတ်နေ ၁၂ ရက်နေ့က စတယ်ပဲ ပြော ပြော၊ ၈ ရက်နေ့က စတယ်ပဲပြောပြော ဒီနေ့ဆိုရင် ကျနော်တို့က ၂၀ ရက်ကျော်ပြီပေါ့။ ၂၀ ရက်ကျော်ပြီ။ စစ်မြေပြင်မှာတော့ တိုက်ပွဲမဖြစ်ပွားခြင်းကတော့ ကျနော်တို့ စစ်သားတွေအယူအဆကတော့ တိုက်ပွဲ မဖြစ်ပွားခြင်းက တစ်မိနစ် တိုက်ပွဲမဖြစ်ပွားလေ တစ်မိနစ်အကျိုးရှိလေပဲ။ ဒေသခံ ပြည်သူတွေလည်း အဲဒီ လိုပဲ ဖြစ်မှာပါ။”

ယခုကဲ့သို့ တိုက်ပွဲမဖြစ်အောင် ထိန်းထားနိုင်ခြင်းသည် နှစ်ဖက် အဖွဲ့အစည်းများ၏ လိုက်နာမှုကောင်းမွန် ခြင်းကြောင့်ဖြစ်သည် ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ဆက်ပြောသည်။

“ဒါမျိုးအထိ ကျနော်တို့ လုပ်နိုင်တာဆိုတာသည် မရှိခဲ့ဖူးဘူး။ မရှိခဲ့ဖူးတဲ့အတွက်ကြောင့် တချို့နေရာတွေ အခုအချိန်အထိ ရနေပြီပြောတယ်။ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲထားတယ်ပြောတယ်။ ဖြစ်နေဆဲပဲ ဖြစ်တယ်။ ဒီလိုမျိုး အခြေအနေအထိ လဝက်ကျော်လောက်အထိ ဒီအချိန်တိုကို ထိန်းသိမ်း ထားနိုင်တယ် ဆိုတာသည် နည်းတဲ့ အဆင့်မဟုတ်ပါဘူး။ နှစ်ဖက် လိုက်နာဆောင်ရွက်မှု ကောင်းလို့ ဖြစ်ပါတယ်။ ဒီက နေတစ်ဆင့်ကျတော့ ကျနော်မြင်တာကတော့ ပိုပြီးတော့ ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။”

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့က ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်း ပခဲ့ခြင်း မရှိသည့် နယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ ကျင်းပနိုင်ရန် NLD နှင့် တပ်မတော်အား မေတ္တာရပ်ခံ တိုက်တွန်းခဲ့သည်။

ထိုတိုက်တွန်းချက်အပေါ် တပ်မတော်က ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိနေသည့် နေရာ များ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု တပ်မတော် က နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကြေညာချက်ဖြင့် ပြန်လည်ထုတ်ပြန်ပြောဆိုခဲ့သည်။

ထိုကြေညာချက်ထဲတွင် ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့အစည်းဟု ထည့်သွင်းသုံးနှုန်း ထား ခြင်း မရှိပဲ ULA/AA အဖွဲ့ဟု သာ သုံးနှုန်းထားသည်ကို တွေ့ရသည်။

၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရဲ ကင်းစခန်း ၄ ခုကို AA တပ်ဖွဲ့ များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးသည့်အချိန်နောက်ပိုင်းမှစ၍ AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက သတ်မှတ်ခဲ့ရာ၊ ထိုသတ်မှတ်ချက်ကို ယနေ့အချိန်ထိ ပယ်ဖျက်ခြင်း မရှိသေးပေ။

နိုဝင်ဘာလ ၁၂ ရက်နေ့ က တပ်မတော်၏ ထုတ်ပြန်ချက် နောက်ပိုင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိတော့သည်သာမက သွားလာရေး လမ်းကြောင်းများပါ ပိတ်ပင်ကန့်သတ်မှု လျှော့နည်းလာခဲ့ သည့် အတွက် ဒေသခံ အချို့မှာ ၎င်းတို့နေထိုင်ရာ ကျေး ရွာများသို့ ပြန်ကာ စပါးရိတ်ခြင်းများကို လုပ်ဆောင်ခဲ့ ကြသည်ဟု သိရသည်။

ထိုအနေအထားများကြောင့် ရခိုင်ပြည်နယ်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ ကောင်းမွန်လာနိုင်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများနှင့် ဒေသအခြေစိုက် လူမှုအသင်းအဖွဲ့များက ဆိုသည်။

*** ZAWGYI ***
ရခိုင္တိုက္ပြဲမ်ား ရပ္တန္႔နိုင္ျခင္းသည္ ၿငိမ္းခ်မ္းေရး အလားအလာေကာင္းဟု တပ္မေတာ္ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၇ ရက္။

ရခိုင္ျပည္နယ္တြင္ တိုက္ပြဲျဖစ္ပြားမႈမရွိေအာင္ ထိန္းထားႏိုင္ျခင္းသည္ ၿငိမ္းခ်မ္းေရးအတြက္ အလားအလာ ေကာင္းမ်ားကို ရရွိလာႏိုင္သည္ ဟု တပ္မေတာ္ က ေျပာသည္။

ရခိုင္ျပည္နယ္တြင္ တိုက္ပြဲျဖစ္ပြားမႈ မရွိသည္မွာ ရက္သတၱပတ္ ၂ ပတ္နီးပါးခန္႔ရွိလာၿပီျဖစ္ၿပီး ထိုသို႔ ျဖစ္ ပြားမႈမရွိျခင္းက ၿငိမ္းခ်မ္းေရးအတြက္ ေကာင္းေသာအေျခအေနတြင္ ရွိသည္ဟု ႏို၀င္ဘာလ ၂၇ ရက္ေန႔ (ယေန႔) တြင္ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က ျပဳလုပ္သည့္ သတင္း စာရွင္းလင္းပြဲတြင္ ဗိုလ္ ခ်ဳပ္ေဇာ္မင္းထြန္း က ေျပာဆိုခဲ့ျခင္း ျဖစ္သည္။

“က်ေနာ္ျမင္တာကေတာ့ ေကာင္းတဲ့ အေျခအေနလို႔ပဲ ျမင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုတဲ့အခါက်ေတာ့ က် ေနာ္တို႔အေနနဲ႔ ေစ့စပ္ညႇိႏႈိင္းမႈေတြ ေဆြးေႏြးမႈေတြ လုပ္ခဲ့တယ္။ ဒါေပမယ့္ ဒီလိုမ်ိဳးေပါ့ နယ္ေျမေဒသႀကီး တစ္ခုလုံးကို အခုအခ်ိန္အထိေပါ့ ဘယ္ေလာက္ပဲ ေသနတ္သံတိတ္ေန ၁၂ ရက္ေန႔က စတယ္ပဲ ေျပာ ေျပာ၊ ၈ ရက္ေန႔က စတယ္ပဲေျပာေျပာ ဒီေန႔ဆိုရင္ က်ေနာ္တို႔က ၂၀ ရက္ေက်ာ္ၿပီေပါ့။ ၂၀ ရက္ေက်ာ္ၿပီ။ စစ္ေျမျပင္မွာေတာ့ တိုက္ပြဲမျဖစ္ပြားျခင္းကေတာ့ က်ေနာ္တို႔ စစ္သားေတြအယူအဆကေတာ့ တိုက္ပြဲ မျဖစ္ပြားျခင္းက တစ္မိနစ္ တိုက္ပြဲမျဖစ္ပြားေလ တစ္မိနစ္အက်ိဳးရွိေလပဲ။ ေဒသခံ ျပည္သူေတြလည္း အဲဒီ လိုပဲ ျဖစ္မွာပါ။”

ယခုကဲ့သို႔ တိုက္ပြဲမျဖစ္ေအာင္ ထိန္းထားႏိုင္ျခင္းသည္ ႏွစ္ဖက္ အဖြဲ႔အစည္းမ်ား၏ လိုက္နာမႈေကာင္းမြန္ ျခင္းေၾကာင့္ျဖစ္သည္ ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က ဆက္ေျပာသည္။

“ဒါမ်ိဳးအထိ က်ေနာ္တို႔ လုပ္ႏိုင္တာဆိုတာသည္ မရွိခဲ့ဖူးဘူး။ မရွိခဲ့ဖူးတဲ့အတြက္ေၾကာင့္ တခ်ိဳ႕ေနရာေတြ အခုအခ်ိန္အထိ ရေနၿပီေျပာတယ္။ ၿငိမ္းခ်မ္းေရး အပစ္အခတ္ရပ္စဲထားတယ္ေျပာတယ္။ ျဖစ္ေနဆဲပဲ ျဖစ္တယ္။ ဒီလိုမ်ိဳး အေျခအေနအထိ လဝက္ေက်ာ္ေလာက္အထိ ဒီအခ်ိန္တိုကို ထိန္းသိမ္း ထားႏိုင္တယ္ ဆိုတာသည္ နည္းတဲ့ အဆင့္မဟုတ္ပါဘူး။ ႏွစ္ဖက္ လိုက္နာေဆာင္႐ြက္မႈ ေကာင္းလို႔ ျဖစ္ပါတယ္။ ဒီက ေနတစ္ဆင့္က်ေတာ့ က်ေနာ္ျမင္တာကေတာ့ ပိုၿပီးေတာ့ ေကာင္းလာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။”

ၿပီးခဲ့သည့္ ႏို၀င္ဘာလ ၁၂ ရက္ေန႔က ရကၡိဳင့္တပ္ေတာ္ AA က ရခိုင္ျပည္နယ္အတြင္း ေရြးေကာက္ပြဲ က်င္း ပခဲ့ျခင္း မရွိသည့္ နယ္ေျမမ်ား၌ ၾကားျဖတ္ေရြးေကာက္ပြဲအား ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ေန႔ မတိုင္မီ က်င္းပႏိုင္ရန္ NLD ႏွင့္ တပ္မေတာ္အား ေမတၱာရပ္ခံ တိုက္တြန္းခဲ့သည္။

ထိုတိုက္တြန္းခ်က္အေပၚ တပ္မေတာ္က ႀကိဳဆိုေၾကာင္းႏွင့္ ေရြးေကာက္ပြဲက်င္းပရန္ က်န္ရွိေနသည့္ ေနရာ မ်ား၌ ၾကားျဖတ္ေရြးေကာက္ပြဲ ျပဳလုပ္ႏိုင္ရန္ အတတ္ႏိုင္ဆံုး ညွိႏႈိင္း ေဆာင္ရြက္သြားမည္ဟု တပ္မေတာ္ က ႏို၀င္ဘာလ ၁၂ ရက္ေန႔တြင္ ေၾကညာခ်က္ျဖင့္ ျပန္လည္ထုတ္ျပန္ေျပာဆိုခဲ့သည္။

ထိုေၾကညာခ်က္ထဲတြင္ ရကၡိဳင့္တပ္ေတာ္ AA ကို အၾကမ္းဖက္အဖြဲ႔အစည္းဟု ထည့္သြင္းသံုးႏႈန္း ထား ျခင္း မရွိပဲ ULA/AA အဖြဲ႔ဟု သာ သံုးႏႈန္းထားသည္ကို ေတြ႕ရသည္။

၂၀၁၉ ခုႏွစ္ ႏွစ္ဆန္းပိုင္းက ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့သည့္ ရဲ ကင္းစခန္း ၄ ခုကို AA တပ္ဖြဲ႕ မ်ား ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီးသည့္အခ်ိန္ေနာက္ပိုင္းမွစ၍ AA အဖြဲ႕ကို အၾကမ္းဖက္အဖြဲ႕အျဖစ္ အစိုးရက သတ္မွတ္ခဲ့ရာ၊ ထိုသတ္မွတ္ခ်က္ကို ယေန႔အခ်ိန္ထိ ပယ္ဖ်က္ျခင္း မရွိေသးေပ။

ႏုိဝင္ဘာလ ၁၂ ရက္ေန႔ က တပ္မေတာ္၏ ထုတ္ျပန္ခ်က္ ေနာက္ပိုင္း ရခိုင္ျပည္နယ္တြင္ တိုက္ပြဲျဖစ္ပြားမႈ မရွိေတာ့သည္သာမက သြားလာေရး လမ္းေၾကာင္းမ်ားပါ ပိတ္ပင္ကန္႔သတ္မႈ ေလွ်ာ့နည္းလာခဲ့ သည့္ အတြက္ ေဒသခံ အခ်ိဳ႕မွာ ၎တို႔ေနထိုင္ရာ ေက်း ရြာမ်ားသို႔ ျပန္ကာ စပါးရိတ္ျခင္းမ်ားကို လုပ္ေဆာင္ခဲ့ ၾကသည္ဟု သိရသည္။

ထိုအေနအထားမ်ားေၾကာင့္ ရခိုင္ျပည္နယ္၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားမွာ ေကာင္းမြန္လာႏိုင္သည္ဟု ႏိုင္ငံေရး ေလ့လာသံုးသပ္သူမ်ားႏွင့္ ေဒသအေျခစိုက္ လူမႈအသင္းအဖြဲ႔မ်ားက ဆိုသည္။