ရွေးကောက်ပွဲ တရားမျှတမှုအပေါ် ပြောရန် စောသေးကြောင်း တပ်မတော် ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။

ရွေးကောက်ပွဲ တရားမျှတမှု ရှိ/မရှိ ဆိုသည်ကို ဥပဒေနှင့် ဆောင်ရွက်သည့် အပိုင်း ပြီးဆုံးသွားမှသာလျှင် ပြော၍ရနိုင်မည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ က ပြောသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက “တရားမျှတမှု ရှိခြင်း မရှိခြင်း ဆိုတာက ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဥပဒေနဲ့ ဆောင်ရွက်မယ့်အပိုင်းတွေ အားလုံး ပြီးတော့ ကျမှ ဒါတွေ သည် တရားမျှတမှု ရှိခြင်း မရှိခြင်း ဆိုတာကို ကျနော်တို့ အနေနဲ့ ပြောတာက ပိုပြီးသင့်တော် မယ်လို့ ထင် ပါတယ်” ဟု ပြောသည်။

နိုဝင်ဘာလ ၂၇ ရက်(ယနေ့) တွင် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ယခုလအတွင်း ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပေါ် တရားမျှတမှု နှင့် ပတ်သက်၍ သတင်းမီဒီယာ များ၏ မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်း က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ကျတော့ ကျနော်တို့သည် တရားမျှတမှု ရှိ ခြင်း မရှိခြင်းနှင့် ပတ်သက်ပြီးတော့ ဒါပြောရမယ့် အပိုင်းသည် နိုင်ငံရေးပါတီ အပိုင်းတွေဖြစ်တယ်။ ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြောသလို ရွေးကောက်ပွဲ တရားမျှတမှု ရှိခြင်း မရှိခြင်းဆိုတာ သည် ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ ရွေးကောက်ပွဲနေ့မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တွေ ရွေးကောက်ပွဲ အပြီးမှာလည်း သူတို့ ပါတီတွေ အနေနဲ့ သူတို့ ပါတီအပိုင်း သူတို့ဆောင်ရွက်တာ ပေါ့ နော်။ တိုင်တဲ့ ပါတီတိုင်တယ် မတိုင်တဲ့ပါတီ မတိုင်ဘူး။ ထောက်ခံတဲ့ပါတီ ထောက်ခံမယ် မထောက်ခံတဲ့ ပါတီ မထောက်ခံဘူး။ ဒါတပ်မတော်နဲ့ မဆိုင်ဘူး သူတို့လုပ်ငန်းတွေပဲ” ဟု ပြောသည်။

တပ်မတော်အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ၎င်းတို့၏ သဘောထားကို ရွေးကောက်ပွဲ မကျင်း ပမီ ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့ကလည်း ရွေးကောက်ပွဲ အကြိုကာလနှင့်ပတ်သက်သည့် အခြေ အနေများကို ထုတ်ပြန်ထားခဲ့ပြီ ဟု ဆိုသည်။

ထို့အပြင် တပ်မတော်သားများက တပ်မဲရုံပြင်ပတွင် မဲပေးရသည့် မြို့နယ် ၂၀၀ ကျော်ရှိပြီး ထိုမဲရုံများ၏ အခြေအနေများကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည် ဟု တပ်မတာ်က ပြောသည်။

ထိုစုံစမ်းစစ်ဆေးချက်များကို ပြောသင့်သည့် အချိန်၊ ပြောသင့်သည့် အကြောင်းအရာ၊ ပြောသင့်သည့် အချက်များ ရှိလာမှသာ အသိပေးပြောကြားသွားမည် ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးသွားသည့် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD ပါတီ က လွှတ်တော်နေရာ တော်တော်များများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်သည့် အနေအထားရှိသည်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ၎င်း၏မိတ်ဖက်ပါတီများက ထိုရလဒ်ကို တရားမျှတမှု မရှိ ဟု ဆိုကာ ရွေးကောက်ပွဲကို တပ်မတော်နှင့် ပေါင်းပြီး ပြန်လည်ကျင်းပပေးရန် UEC ကို တောင်းဆို ထားသည်။

ထို့အပြင် USDP နှင့် မိတ်ဖက်ပါတီများက ရွေးကောက်ပွဲအတွက် တရားမျှတရှိအောင် ရရှိရန် UEC ကို တိုင် ကြားမှု များရှိသကဲ့သို့ နိုင်ငံတော် သမ္မတထံသို့လည်း စာပေးပို့တောင်း ဆိုထားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ပါတီကို ထောက်ခံသူများကလည်း UEC က ထုတ်ပြန် လိုက်သည့် ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်သောကြောင့် တရားမျှတမှု မရှိဟုဆိုကာ ဆန္ဒထုတ်ဖော်ပွဲ များ ပြုလုပ်လာကြသည်ကို တွေ့ရသည်။

*** ZAWGYI ***
ေရြးေကာက္ပြဲ တရားမွ်တမႈအေပၚ ေျပာရန္ ေစာေသးေၾကာင္း တပ္မေတာ္ ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၇ ရက္။

ေရြးေကာက္ပြဲ တရားမွ်တမႈ ရွိ/မရွိ ဆိုသည္ကို ဥပေဒႏွင့္ ေဆာင္ရြက္သည့္ အပိုင္း ၿပီးဆံုးသြားမွသာလွ်င္ ေျပာ၍ရႏိုင္မည္ဟု တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ဥကၠ႒ က ေျပာသည္။

တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ ဥကၠ႒ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “တရားမွ်တမႈ ရွိျခင္း မရွိျခင္း ဆိုတာက ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ ဥပေဒနဲ႔ ေဆာင္ရြက္မယ့္အပိုင္းေတြ အားလံုး ၿပီးေတာ့ က်မွ ဒါေတြ သည္ တရားမွ်တမႈ ရွိျခင္း မရွိျခင္း ဆိုတာကို က်ေနာ္တို႔ အေနနဲ႔ ေျပာတာက ပိုၿပီးသင့္ေတာ္ မယ္လို႔ ထင္ ပါတယ္” ဟု ေျပာသည္။

ႏို၀င္ဘာလ ၂၇ ရက္(ယေန႔) တြင္ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႔၏ သတင္းစာရွင္းလင္းပြဲတြင္ ယခုလအတြင္း က်င္းပၿပီးစီးခဲ့သည့္ ေရြးေကာက္ပြဲအေပၚ တရားမွ်တမႈ ႏွင့္ ပတ္သက္၍ သတင္းမီဒီယာ မ်ား၏ ေမးျမန္းမႈကို ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က ေျဖၾကားခဲ့ျခင္း ျဖစ္သည္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီးေတာ့က်ေတာ့ က်ေနာ္တို႔သည္ တရားမွ်တမႈ ရွိ ျခင္း မရွိျခင္းႏွင့္ ပတ္သက္ၿပီးေတာ့ ဒါေျပာရမယ့္ အပိုင္းသည္ ႏိုင္ငံေရးပါတီ အပိုင္းေတြျဖစ္တယ္။ ေရြး ေကာက္ပြဲနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ ေျပာသလို ေရြးေကာက္ပြဲ တရားမွ်တမႈ ရွိျခင္း မရွိျခင္းဆိုတာ သည္ ေရြးေကာက္ပြဲ မတိုင္ခင္မွာ ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ေတြ ေရြးေကာက္ပြဲေန႔မွာ ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ ေတြ ေရြးေကာက္ပြဲ အၿပီးမွာလည္း သူတို႔ ပါတီေတြ အေနနဲ႔ သူတို႔ ပါတီအပိုင္း သူတို႔ေဆာင္ရြက္တာ ေပါ့ ေနာ္။ တိုင္တဲ့ ပါတီတိုင္တယ္ မတိုင္တဲ့ပါတီ မတိုင္ဘူး။ ေထာက္ခံတဲ့ပါတီ ေထာက္ခံမယ္ မေထာက္ခံတဲ့ ပါတီ မေထာက္ခံဘူး။ ဒါတပ္မေတာ္နဲ႔ မဆိုင္ဘူး သူတို႔လုပ္ငန္းေတြပဲ” ဟု ေျပာသည္။

တပ္မေတာ္အေနျဖင့္ ေရြးေကာက္ပြဲႏွင့္ ပတ္သက္သည့္ ၎တို႔၏ သေဘာထားကို ေရြးေကာက္ပြဲ မက်င္း ပမီ ၿပီးခဲ့သည့္ ႏို၀င္ဘာလ ၂ ရက္ေန႔ကလည္း ေရြးေကာက္ပြဲ အႀကိဳကာလႏွင့္ပတ္သက္သည့္ အေျခ အေနမ်ားကို ထုတ္ျပန္ထားခဲ့ၿပီ ဟု ဆိုသည္။

ထို႔အျပင္ တပ္မေတာ္သားမ်ားက တပ္မဲရံုျပင္ပတြင္ မဲေပးရသည့္ ၿမိဳ႕နယ္ ၂၀၀ ေက်ာ္ရွိၿပီး ထိုမဲရံုမ်ား၏ အေျခအေနမ်ားကို စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္လ်က္ရွိသည္ ဟု တပ္မတာ္က ေျပာသည္။

ထိုစံုစမ္းစစ္ေဆးခ်က္မ်ားကို ေျပာသင့္သည့္ အခ်ိန္၊ ေျပာသင့္သည့္ အေၾကာင္းအရာ၊ ေျပာသင့္သည့္ အခ်က္မ်ား ရွိလာမွသာ အသိေပးေျပာၾကားသြားမည္ ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က ေျပာသည္။

ၿပီးခဲ့သည့္ ႏို၀င္ဘာလ ၈ ရက္ေန႔က က်င္းပၿပီးစီးသြားသည့္ အေထြေထြ ေရြးေကာက္ပြဲတြင္ အမ်ိဳးသား ဒီမို ကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီ က လႊတ္ေတာ္ေနရာ ေတာ္ေတာ္မ်ားမ်ားကို တစ္ႏိုင္ငံလံုး အတိုင္းအတာျဖင့္ အႏိုင္ရရွိခဲ့ၿပီး အစိုးရဖြဲ႔ႏိုင္သည့္ အေနအထားရွိသည္ကို ၿပီးခဲ့သည့္ ႏို၀င္ဘာလ ၁၅ ရက္ေန႔ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ UEC ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

သို႔ေသာ္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ (USDP) ႏွင့္ ၎၏မိတ္ဖက္ပါတီမ်ားက ထိုရလဒ္ကို တရားမွ်တမႈ မရွိ ဟု ဆိုကာ ေရြးေကာက္ပြဲကို တပ္မေတာ္ႏွင့္ ေပါင္းၿပီး ျပန္လည္က်င္းပေပးရန္ UEC ကို ေတာင္းဆို ထားသည္။

ထို႔အျပင္ USDP ႏွင့္ မိတ္ဖက္ပါတီမ်ားက ေရြးေကာက္ပြဲအတြက္ တရားမွ်တရွိေအာင္ ရရွိရန္ UEC ကို တိုင္ ၾကားမႈ မ်ားရွိသကဲ့သို႔ ႏိုင္ငံေတာ္ သမၼတထံသို႔လည္း စာေပးပို႔ေတာင္း ဆိုထားသည္။

ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ USDP ပါတီကို ေထာက္ခံသူမ်ားကလည္း UEC က ထုတ္ျပန္ လိုက္သည့္ ေရြးေကာက္ပြဲ ရလဒ္ကို မေက်နပ္ေသာေၾကာင့္ တရားမွ်တမႈ မရွိဟုဆိုကာ ဆႏၵထုတ္ေဖာ္ပြဲ မ်ား ျပဳလုပ္လာၾကသည္ကို ေတြ႕ရသည္။