အတိုက်အခံပါတီ အလုပ် လုပ်မည်မဟုတ်ဟု တပ်မတော်ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။

တပ်မတော်သည် အတိုင်အခံ ပါတီ အလုပ်လုပ်မည်မဟုတ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ တာဝန်ရှိသူ က ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက “တစ်ခုအလေးအနက်ထား ပြော ချင်တာကတော့ တပ်မတော်အနေနဲ့ နိုင်ငံရေး ပါတီ မဟုတ်ပါဘူး။ တပ်မတော်အနေနဲ့ နိုင်ငံရေးပါတီ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ အတိုက်အခံပါတီလို မျိုး လုပ်စရာ အကြောင်းမရှိပါဘူး” ဟု ပြောသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ ယနေ့တွင် ပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်း စာရှင်းလင်းပွဲတွင် လွှတ်တော်ထဲတွင် တပ်မတော်အနေဖြင့် အတိုက်အခံအဖြစ် တည်ရှိနေမည်လား ဆို သည့် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ ဖြေကြာခဲ့ခြင်းဖြစ်သည်။

လွှတ်တော်အတွင်း တပ်မတော် တည်ရှိနေခြင်း၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်း က “တပ်မတော်အနေနဲ့ကတော့ ကျနော်တို့ လွှတ်တော်အတွင်းမှာတော့ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် အခြေခံဥပဒေက ပေးတဲ့ တာဝန်တွေကိုပဲ ထမ်းဆောင်နေပါတယ်။ တပ်မတော်ရဲ့ တာဝန်တွေနဲ့ ပတ်သက် ပြီး အခြေခံ ဥပဒေရဲ့ အခန်း ၁ နိုင်ငံတော် အခြေခံမူများ အခန်း အခန်း ၄ ဥပဒေပြုရေး အခန်း တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်များ အပိုင်း အခန်း ၇ တပ်မတော်အခန်းတွေမှာ ကျနော်တို့ လေ့လာ တွေ့ ရှိနိုင်ပါတယ်။ အခြေခံဥပဒေ င နှင့် ၂၀ (စ) တို့အရတော့ တပ်မတော် အနေနဲ့ ဒို့တာဝန် အရေး သုံးပါးနဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။” ဟုပြောသည်။

တပ်မတော်အနေဖြင့် အခြေခံဥပဒေပါ ပြဌာန်းချက်များအတိုင်း လွှတ်တော်ထဲတွင် လိုအပ်ပါက ဝေဖန် ထောက်ပြမှုများကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ခုနပြောခဲ့တဲ့ ပြဌာန်းချက်တွေရှိတယ်။ သို့သော် ကျနော်တို့ အနေနဲ့က လိုအပ် ချက် ရှိလာရင်တော့ အပြုသဘောနဲ့ ဝေဖန်ထောက်ပြတာတွေ ဥပဒေအရ အဆုံးအဖြတ်ပေးနိုင်အောင် ဆောင်ရွက်တာတွေကိုတော့ ပြုလုပ်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲ ဝင်စရာ မလိုပဲ လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းအထိ ရရှိထားသည်။

*** ZAWGYI ***
အတိုက္အခံပါတီ အလုပ္ လုပ္မည္မဟုတ္ဟု တပ္မေတာ္ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၇ ရက္။

တပ္မေတာ္သည္ အတိုင္အခံ ပါတီ အလုပ္လုပ္မည္မဟုတ္ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး အဖြဲ႕ တာဝန္ရွိသူ က ေျပာသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဥကၠ႒ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “တစ္ခုအေလးအနက္ထား ေျပာ ခ်င္တာကေတာ့ တပ္မေတာ္အေနနဲ႔ ႏိုင္ငံေရး ပါတီ မဟုတ္ပါဘူး။ တပ္မေတာ္အေနနဲ႔ ႏိုင္ငံေရးပါတီ မဟုတ္တဲ့အတြက္ေၾကာင့္မို႔လို႔ အတိုက္အခံပါတီလို မ်ိဳး လုပ္စရာ အေၾကာင္းမရွိပါဘူး” ဟု ေျပာသည္။

ႏို၀င္ဘာလ ၂၇ ရက္ေန႔ ယေန႔တြင္ ျပဳလုပ္သည့္ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႔၏ သတင္း စာရွင္းလင္းပြဲတြင္ လႊတ္ေတာ္ထဲတြင္ တပ္မေတာ္အေနျဖင့္ အတိုက္အခံအျဖစ္ တည္ရွိေနမည္လား ဆို သည့္ သတင္းမီဒီယာမ်ား၏ ေမးျမန္းမႈကို ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထိုသို႔ ေျဖၾကာခဲ့ျခင္းျဖစ္သည္။

လႊတ္ေတာ္အတြင္း တပ္မေတာ္ တည္ရွိေနျခင္း၏ အခန္းက႑ႏွင့္ ပတ္သက္၍ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က “တပ္မေတာ္အေနနဲ႔ကေတာ့ က်ေနာ္တို႔ လႊတ္ေတာ္အတြင္းမွာေတာ့ အေျခခံဥပေဒပါ ျပဌာန္းခ်က္မ်ားႏွင့္ အေျခခံဥပေဒက ေပးတဲ့ တာ၀န္ေတြကိုပဲ ထမ္းေဆာင္ေနပါတယ္။ တပ္မေတာ္ရဲ႕ တာ၀န္ေတြနဲ႔ ပတ္သက္ ၿပီး အေျခခံ ဥပေဒရဲ႕ အခန္း ၁ ႏိုင္ငံေတာ္ အေျခခံမူမ်ား အခန္း အခန္း ၄ ဥပေဒျပဳေရး အခန္း တပ္မေတာ္ သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အပိုင္း အခန္း ၇ တပ္မေတာ္အခန္းေတြမွာ က်ေနာ္တို႔ ေလ့လာ ေတြ႕ ရွိႏိုင္ပါတယ္။ အေျခခံဥပေဒ င ႏွင့္ ၂၀ (စ) တို႔အရေတာ့ တပ္မေတာ္ အေနနဲ႔ ဒို႔တာ၀န္ အေရး သံုးပါးနဲ႔ ဖြဲ႔ စည္းပံု အေျခခံဥပေဒကို ကာကြယ္ ေစာင့္ေရွာက္ဖို႔ တာ၀န္ရွိပါတယ္။” ဟုေျပာသည္။

တပ္မေတာ္အေနျဖင့္ အေျခခံဥပေဒပါ ျပဌာန္းခ်က္မ်ားအတိုင္း လႊတ္ေတာ္ထဲတြင္ လိုအပ္ပါက ေ၀ဖန္ ေထာက္ျပမႈမ်ားကို လုပ္ေဆာင္သြားမည္ဟု ဆိုသည္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “ခုနေျပာခဲ့တဲ့ ျပဌာန္းခ်က္ေတြရွိတယ္။ သို႔ေသာ္ က်ေနာ္တို႔ အေနနဲ႔က လိုအပ္ ခ်က္ ရွိလာရင္ေတာ့ အျပဳသေဘာနဲ႔ ေ၀ဖန္ေထာက္ျပတာေတြ ဥပေဒအရ အဆံုးအျဖတ္ေပးႏိုင္ေအာင္ ေဆာင္ရြက္တာေတြကိုေတာ့ ျပဳလုပ္မွာ ျဖစ္ပါတယ္” ဟု ေျပာသည္။

၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒအရ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ ေရြးေကာက္ပြဲ ၀င္စရာ မလိုပဲ လႊတ္ေတာ္ေနရာ ၂၅ ရာခိုင္ႏႈန္းအထိ ရရွိထားသည္။