မြောက်ပိုင်း မဟာမိတ်တပ်များနှင့် SSA-တောင်ပိုင်းတပ်တို့အကြား တိုက်ပွဲများဖြစ်ပွား

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။

ဒီဇင်ဘာလ ၅ ရက်နေ့က သီပေါမြို့နယ်ထဲတွင် RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သကဲ့သို့ နမ္မတူမြို့နယ်ထဲတွင်လည်း RCSS နှင့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ ဒီဇင်ဘာလ ၇ ရက်နေ့ (ယနေ့) တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ RCSS ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး အုပ်ခေး က ယခုကဲ့သို့ပြောသည်။

“ဒီနေ့ မနက် ၈ နာရီတုန်းက နမ္မတူမြို့နယ်ထဲက ပန်တောင်းတံတားနားက မန်စံကျေးရွာ အုပ်စုနားကပေါ့ လေ အဲမှာ TNLA ကနေပြီးတော့ RCSS တပ်ဖွဲ့ရှိတဲ့နေရာကို ဝင်တိုက်တာပေါ့နော။ မနက် ၈ နာရီက စပြီး တော့ နေ့လည် ၁၁ နာရီ ၁၂ နာရီလောက်အထိတော့ ကြိုကြားကြိုကြား ဖြစ်တာပေါ့နော်။”

တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်ကလည်း တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြော သည်။

“၂၀၁၈ လောက်က အဲဒီနားမှာ RCSS နဲ့ ကျနော်တို့နဲ့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တယ်။ ကျနော်တို့ နယ် မြေရှင်းလင်းရေး လုပ်တော့ သူတို့က နောက်ပြန်ဆုတ်တယ်။ ဆုတ်တော့ ဒီ ၂၀၁၉ လောက်မှာ ကျနော်တို့ အဖွဲ့တွေရှိသေးတယ်။ တပ်မတော်နဲ့ တိုက်ပွဲပြန်ပြီးမှ ထိတွေ့တော့ အဲဒီနားမှာ တိုက်ပွဲမဖြစ်အောင် ကျနော် တို့က ပြန်ရှောင်လိုက်တယ်။ အခုက ကျနော်တို့လည်း မရှိတော့ ဒီ RCSS က ပြန်လည်ပြီးတော့မှ နယ်မြေ တစ်ကြိမ်ပေါ့ နယ်မြေကျူးကျော်ပြန်ရောက်လာတယ်။ ပြန်ရောက်လာတော့ တိုက်ပွဲဖြစ်ပွားတာ ဖြစ် တယ်။”

ရှမ်းပြည်ပြန်လည်ထူရေးကောင်စီ RCSS အနေဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းတွင် အခြေချနေထိုင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၅ ခုနှစ် NCA စာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ကျူးကျော်ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု TNLA က ပြောသည်။

အဆိုပါပြောဆိုမှုနှင့် ပတ်သက်၍ ဒု-ဗိုလ်မှူးကြီး စိုင်းအုပ်ခေးက “ခုနက ဖြစ်သွားတဲ့ တိုက်ပွဲနေရာက RCSS တပ်ဖွဲ့ဝင်တွေက သွားလာလှုပ်ရှားနေထိုင်နေတာ နှစ် ၃၀ ကျော်ပြီ အဲဒီနားကလေ ဒါပေမယ့် အခုက TNLA တပ်ဖွဲ့က ပြန်ပြီးတော့ ထကြွလာခါကျတော့ RCSS တပ်ဖွဲ့ အဲမှာ ရှိနေတာကို နည်းနည်း သိပ်မလိုလား ဘူး လားလို့ အဲဒါပဲ ထင်မြင်ချက်ခန့်မှန်းရတာပေါ့နော်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ရှေ့ဆက်ပြီးတော့ အထက်လူကြီးတွေ အချင်းချင်း တိုင်းရင်းသားတွေ အချင်းချင်း အားလုံးတော့ ဒီလိုတိုက်ပွဲ ဆက် မဖြစ် အောင် နည်းလမ်းရှာပြီးတော့ ကြိုးစားရမှာပဲလို့ အဲလိုမျိုးပဲ ပြောချင်ပါတယ်နော်” ဟု ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာနှင့်အနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က TNLA နှင့် SSPP တို့ ပူးတွဲ စစ်ရေးလှုပ်ရှားခဲ့သည့် နေရာများဖြစ်သည်ဟု TNLA ဆိုသည်။

RCSS နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သကဲ့သို့ ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း RCSS နှင့် SSPP တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ RCSS ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းအုပ်ခေးက ယခုကဲ့သို့ပြော သည်။

“အဲဒါက RCSS တပ်ဖွဲ့က နယ်မြေရှင်းလင်းရေး သွားလာလှုပ်ရှားရင်းနဲ့ ဟိုဖက် SSA ရဲ့ သတင်းမကြား သိ ရပဲနဲ့ နည်းနည်းသွားတိုးမိတော့ ခဏလေးထိတွေ့ မှုဖြစ်သွားတာပေါ့နော်။ သီပေါမြို့နယ် လွယ်လမ်ရွာ နား ကပေါ့လေ။ အဲဒါက ၁၀ မိနစ်လောက်ပဲ သတင်းမရလို့ တိုးမိတဲ့ဟာကြောင့်မို့လို့ စီမံချက်ရှိရှိနဲ့ တိုက်တာ မဟုတ်ကြဘူး လေနော” ဟု ပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့ ၉ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက် မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

TNLA နှင့် SSPP တို့မှာ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့နှင့် ဖွဲ့စည်းထား သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။

FPNCC အဖွဲ့တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုင်းလား အဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်တော် (ULA/ AA) တို့ ပါဝင်သည်။

အဆိုပါအဖွဲ့များမှာ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များဖြစ်ပြီး လက်မှတ်ရေးထိုးနိုင်ရန် အစိုးရ၊ တပ်မတော်တို့နှင့် ညှိနှိုင်းနေဆဲအဖွဲ့များဖြစ်သည်။

*** ZAWGYI ***
ေျမာက္ပိုင္း မဟာမိတ္တပ္မ်ားႏွင့္ SSA-ေတာင္ပိုင္းတပ္တို႔အၾကား တိုက္ပြဲမ်ားျဖစ္ပြား

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၇ ရက္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေျမာက္ပိုင္းမဟာမိတ္ အဖြဲ႔၀င္မ်ားႏွင့္ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ RCSS/SSA တို႔ တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားေနသည္။

ဒီဇင္ဘာလ ၅ ရက္ေန႔က သီေပါၿမိဳ႕နယ္ထဲတြင္ RCSS ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP တို႔ တိုက္ပြဲ ျဖစ္ပြားခဲ့သကဲ့သို႔ နမၼတူၿမိဳ႕နယ္ထဲတြင္လည္း RCSS ႏွင့္ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA တို႔ ဒီဇင္ဘာလ ၇ ရက္ေန႔ (ယေန႔) တြင္ တိုက္ပြဲျဖစ္ပြားခဲ့သည္။

ယေန႔ျဖစ္ပြားခဲ့သည့္ တိုက္ပြဲ အေျခအေနႏွင့္ပတ္သက္၍ RCSS ေျပာေရးဆိုခြင့္ရွိသူ ဒု-ဗိုလ္မႉးႀကီး အုပ္ေခး က ယခုကဲ့သို႔ေျပာသည္။

“ဒီေန႔ မနက္ ၈ နာရီတုန္းက နမၼတူၿမိဳ႕နယ္ထဲက ပန္ေတာင္းတံတားနားက မန္စံေက်းရြာ အုပ္စုနားကေပါ့ ေလ အဲမွာ TNLA ကေနၿပီးေတာ့ RCSS တပ္ဖြဲ႔ရွိတဲ့ေနရာကို ၀င္တိုက္တာေပါ့ေနာ။ မနက္ ၈ နာရီက စၿပီး ေတာ့ ေန႔လည္ ၁၁ နာရီ ၁၂ နာရီေလာက္အထိေတာ့ ႀကိဳၾကားႀကိဳၾကား ျဖစ္တာေပါ့ေနာ္။”

တအန္း(ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ TNLA သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မွဴးမိုင္းအိုက္ေက်ာ္ကလည္း တိုက္ပြဲျဖစ္ပြားရသည့္ အေၾကာင္းအရင္းႏွင့္ ပတ္သက္၍ ယခုကဲ့သို႔ ေျပာ သည္။

“၂၀၁၈ ေလာက္က အဲဒီနားမွာ RCSS နဲ႔ က်ေနာ္တို႔နဲ႔ တိုက္ပြဲျပင္းျပင္းထန္ထန္ျဖစ္တယ္။ က်ေနာ္တို႔ နယ္ ေျမရွင္းလင္းေရး လုပ္ေတာ့ သူတို႔က ေနာက္ျပန္ဆုတ္တယ္။ ဆုတ္ေတာ့ ဒီ ၂၀၁၉ ေလာက္မွာ က်ေနာ္တို႔ အဖြဲ႔ေတြရွိေသးတယ္။ တပ္မေတာ္နဲ႔ တိုက္ပြဲျပန္ၿပီးမွ ထိေတြ႕ေတာ့ အဲဒီနားမွာ တိုက္ပြဲမျဖစ္ေအာင္ က်ေနာ္ တို႔က ျပန္ေရွာင္လိုက္တယ္။ အခုက က်ေနာ္တို႔လည္း မရွိေတာ့ ဒီ RCSS က ျပန္လည္ၿပီးေတာ့မွ နယ္ေျမ တစ္ႀကိမ္ေပါ့ နယ္ေျမက်ဴးေက်ာ္ျပန္ေရာက္လာတယ္။ ျပန္ေရာက္လာေတာ့ တိုက္ပြဲျဖစ္ပြားတာ ျဖစ္ တယ္။”

ရွမ္းျပည္ျပန္လည္ထူေရးေကာင္စီ RCSS အေနျဖင့္ ရွမ္းျပည္နယ္ ေတာင္ပိုင္းတြင္ အေျခခ်ေနထိုင္သည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ျဖစ္ၿပီး ၂၀၁၅ ခုႏွစ္ NCA စာခ်ဳပ္ လက္မွတ္ေရးထိုးၿပီးေနာက္ပိုင္း ရွမ္းျပည္နယ္ ေျမာက္ပိုင္းသို႔ က်ဴးေက်ာ္၀င္ေရာက္လာသည့္အတြက္ တိုက္ပဲြျဖစ္ပြားရျခင္းျဖစ္သည္ဟု TNLA က ေျပာသည္။

အဆိုပါေျပာဆိုမႈႏွင့္ ပတ္သက္၍ ဒု-ဗိုလ္မႉးႀကီး စိုင္းအုပ္ေခးက “ခုနက ျဖစ္သြားတဲ့ တိုက္ပြဲေနရာက RCSS တပ္ဖြဲ႔၀င္ေတြက သြားလာလႈပ္ရွားေနထိုင္ေနတာ ႏွစ္ ၃၀ ေက်ာ္ၿပီ အဲဒီနားကေလ ဒါေပမယ့္ အခုက TNLA တပ္ဖြဲ႔က ျပန္ၿပီးေတာ့ ထႂကြလာခါက်ေတာ့ RCSS တပ္ဖြဲ႔ အဲမွာ ရွိေနတာကို နည္းနည္း သိပ္မလိုလား ဘူး လားလို႔ အဲဒါပဲ ထင္ျမင္ခ်က္ခန္႔မွန္းရတာေပါ့ေနာ္။ ဒါေပမယ့္ ဘယ္လိုပဲ ျဖစ္ေနျဖစ္ေန ေရွ႕ဆက္ၿပီးေတာ့ အထက္လူႀကီးေတြ အခ်င္းခ်င္း တိုင္းရင္းသားေတြ အခ်င္းခ်င္း အားလံုးေတာ့ ဒီလိုတိုက္ပြဲ ဆက္ မျဖစ္ ေအာင္ နည္းလမ္းရွာၿပီးေတာ့ ႀကိဳးစားရမွာပဲလို႔ အဲလိုမ်ိဳးပဲ ေျပာခ်င္ပါတယ္ေနာ္” ဟု ေျပာသည္။

ယခုတိုက္ပြဲျဖစ္ပြားခဲ့သည့္ ေနရာႏွင့္အနီးတစ္ဝိုက္တြင္ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္က TNLA ႏွင့္ SSPP တို႔ ပူးတြဲ စစ္ေရးလႈပ္ရွားခဲ့သည့္ ေနရာမ်ားျဖစ္သည္ဟု TNLA ဆိုသည္။

RCSS ႏွင့္ TNLA တို႔ တိုက္ပြဲျဖစ္ပြားခဲ့သကဲ့သို႔ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၅ ရက္ေန႔ကလည္း RCSS ႏွင့္ SSPP တို႔ တိုက္ပြဲျဖစ္ပြားခဲ့ေသးသည္ဟု သိရသည္။

အဆိုပါ တိုက္ပြဲႏွင့္ ပတ္သက္၍ RCSS ေျပာေရးဆိုခြင့္ရွိသူ ဒု-ဗိုလ္မႉးႀကီး စိုင္းအုပ္ေခးက ယခုကဲ့သို႔ေျပာ သည္။

“အဲဒါက RCSS တပ္ဖြဲ႔က နယ္ေျမရွင္းလင္းေရး သြားလာလႈပ္ရွားရင္းနဲ႔ ဟိုဖက္ SSA ရဲ႕ သတင္းမၾကား သိ ရပဲနဲ႔ နည္းနည္းသြားတိုးမိေတာ့ ခဏေလးထိေတြ႕ မႈျဖစ္သြားတာေပါ့ေနာ္။ သီေပါၿမိဳ႕နယ္ လြယ္လမ္ရြာ နား ကေပါ့ေလ။ အဲဒါက ၁၀ မိနစ္ေလာက္ပဲ သတင္းမရလို႔ တိုးမိတဲ့ဟာေၾကာင့္မို႔လို႔ စီမံခ်က္ရွိရွိနဲ႔ တိုက္တာ မဟုတ္ၾကဘူး ေလေနာ” ဟု ေျပာသည္။

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS သည္ အျခားေသာ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္ လွန္ေရး အဖြဲ႔ ၉ ဖြဲ႔ႏွင့္အတူ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို လက္ မွတ္ေရးထိုးထားသည့္ အဖြဲ႔ျဖစ္သည္။

TNLA ႏွင့္ SSPP တို႔မွာ ေျမာက္ပိုင္း တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔ ၇ ဖဲြ႕ႏွင့္ ဖြဲ႔စည္းထား သည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညွိႏႈိင္းေရး ေကာ္မတီ FPNCC ၏ အဖြဲ႔၀င္မ်ားျဖစ္သည္။

FPNCC အဖြဲ႕တြင္ “ဝ” ျပည္ေသြးစည္းညီၫြတ္ေရးပါတီ (UWSP)၊ ကခ်င္ျပည္ လြတ္ေျမာက္ေရး အဖြဲ႕ (KIO)၊ ရွမ္းျပည္တိုးတက္ေရး ပါတီ (SSPP)၊ ျမန္မာအမ်ိဳးသားမ်ား ဒီမိုကရက္တစ္ မဟာမိတ္ တပ္မေတာ္ (MNDAA- ကိုးကန႔္အဖြဲ႕)၊ အမ်ိဳးသား ဒီမိုကေရစီ မဟာမိတ္ တပ္မေတာ္ (NDAA- မိုင္းလား အဖြဲ႕)၊ တအာင္း/ ပေလာင္ အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (PSLF/TNLA)၊ ရကၡိဳင့္ တပ္ေတာ္ (ULA/ AA) တို႔ ပါဝင္သည္။

အဆိုပါအဖြဲ႔မ်ားမွာ NCA လက္မွတ္ေရးထိုးထားျခင္း မရွိသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္း မ်ားျဖစ္ၿပီး လက္မွတ္ေရးထိုးႏိုင္ရန္ အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ ညွိႏႈိင္းေနဆဲအဖြဲ႔မ်ားျဖစ္သည္။