မွန်ပြည်နယ်တွင် ရွေးကောက်ပွဲကန့်ကွက်မှုမရှိသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကန့်ကွက်မှုများ မရှိသေးကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။

မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲအနေဖြင့် ရွေးကောက်ရလဒ်များကို နိုဝင်ဘာ ၁၀ ရက်နေ့က ထုတ် ပြန် ကြေညာခဲ့သည်။

ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များကိုသော်လည်းကောင်း၊ ရွေး ကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း အကြောင်းပြပြီး ကန့်ကွက်မှုများသော်လည်းကောင်း မရှိသေး ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ တာဝန်ရှိသူ က ပြောသည်။

“ကန့်ကွက်လွှာက လောလောဆယ်မရှိသေးဘူးပေါ့နော် နောက်ပိုင်းကျတော့ တင်ဖို့ပြင်နေကြတယ်နဲ့တူတယ်၊ အခုကတော့ ရှိကောင်း ရှိလာနိုင်တယ်၊ မရှိရင်လည်းမရှိဘူး မရှိရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။ အေးအေး ချမ်းချမ်းနဲ့ ဒါကတော့ ကိုယ်စားလှယ်လောင်းတွေရဲ့ ဆောင်ရွက်ခွင့်ပါ၊ တင် မတင်တော့ မသိဘူးပေါ့နော် သတ် မှတ်ရက်အတွင်းမှာပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းရမယ်” ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲအတွင်းရေးမှူး ဦးဟိဏ်းလင်းထက် က ပြောသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကန့်ကွက်မှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ ခွဲမှ ရွေးကောက်ပွဲရလဒ်များ ကြေညာသည့်နေ့မှစ၍ ၄၅ ရက်အတွင်း ကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းနိုင်သည်ဟု ရွေးကောက်ပွဲနည်းဥပဒေတွင် ဖော်ပြပါရှိသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်လည်း မွန်ပြည်နယ်တွင် ကန့်ကွက်လွှာ တင်သွင်းသူ မရှိခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲအတွင်းရေးမှူး က ဆက်ပြောသည်။

ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ကိုယ်စားလှယ် ၁၁ ဦး အနိုင်ရရှိထားသည့် မွန်ညီညွတ်ရေးပါတီ (MUP) က ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မဲဆန္ဒနယ်အချို့က ရလဒ်ကို စိစစ်နေဆဲဖြစ်ပြီး စိစစ်မှု အပေါ် မူတည် ၍ ကန့်ကွက်ရမည့် အကြောင်းအရာများ ရှိလာပါက ကန့်ကွက်သွားမည် ဟု ပြောသည်။

“မဲဆန္ဒနယ်အချို့တွေမှာ သံသယဖြစ်နေတဲ့အနေအထားမှာရှိနေတယ်။ လေ့လာစိစစ်နေဆဲ အခြေအနေ မှာ ရှိနေတဲ့အတွက် လက်ရှိရွေးကောက်ပွဲအပေါ ရလဒ်အပေါသဘောထားကိုတော့ ချမှတ်ဖို့ စောသေးတယ်” ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး နိုင်လယိတမက ပြောသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ မွန်ပြည်နယ်အတွင်း ကန့်ကွက်မှု မရှိသေးသော်လည်း ရှမ်းပြည်နယ် မြောက် ပိုင်း၊ မဲဆန္ဒနယ် အမှတ် ၅ (မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်း) တွင် ကန့်ကွက်မှုများ ရှိနေပြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ USDP က ၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိဟုဆိုကာ တစ်နိုင်ငံ လုံး အတိုင်းအတာအနေဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC ကို တောင်းဆိုထားသည်။

ကန့်ကွက်လွှာ တင်သွင်းသူတိုင်း သည် မိမိ၏ ကန့်ကွက်လွှာနှင့်အတူ နိုင်ငံတော်က ကုန်ကျမည့် အမှုစရိတ် အတွက် ငွေကျပ် ၅ သိန်းကို ကော်မရှင်သို့ သတ်မှတ်ပေးသွင်းရမည်ဖြစ်ပြီး ကန့်ကွက်လွှာတစ်စောင်၌ ကန့် ကွက်သူ တစ်ဦးထက်ပို၍ ပါရှိလျှင် ကန့်ကွက်သူ တစ်ဦးချင်းအလိုက် ငွေကျပ် ၅ သိန်းပေးသွင်းရမည်ဟု ရွေးကောက်ပွဲနည်းဥပဒေတွင် ဖော်ပြပါရှိသည်။

အဆိုပါ တင်သွင်းထားသော အမှုစရိတ် ငွေကျပ် ၅ သိန်းကို မည်သည့်အကြောင်းကြောင့်မျှ ပြန်လည်ထုတ် ယူခွင့် မရှိစေရဟုလည်း ဖော်ပြပါရှိသည်။

မွန်ပြည်နယ်တွင် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့်ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ၁၆ ပါတီတို့နှင့် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၅၇ ဦး ဝင်ပြိုင်ခဲ့ကြပြီး ကိုယ်စားလှယ် ၄၅ ဦး ရွေးကောက်တင် မြှောက်ခံထားရသည်။

ရွေးကောက် တင်မြှောက်ခံထားရသည့် ကိုယ်စားလှယ် ၄၅ ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ၃၄ ဦးနှင့် မွန်ညီညွတ်ရေး ပါတီ (MUP) မှ ၁၁ ဦးတို့ ဖြစ်သည်။

*** ZAWGYI ***
မြန္ျပည္နယ္တြင္ ေရြးေကာက္ပြဲကန္႔ကြက္မႈမရွိေသး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၈ ရက္။

မြန္ျပည္နယ္တြင္ ေရြးေကာက္ပြဲႏွင့္ ပတ္သက္သည့္ ကန္႔ကြက္မႈမ်ား မရွိေသးေၾကာင္း ျပည္နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္က ေျပာသည္။

မြန္ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲအေနျဖင့္ ေ႐ြးေကာက္ရလဒ္မ်ားကို ႏိုဝင္ဘာ ၁၀ ရက္ေန႔က ထုတ္ ျပန္ ေၾကညာခဲ့သည္။

ေ႐ြးေကာက္တင္ေျမႇာက္ခံရေသာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကိုေသာ္လည္းေကာင္း၊ ေ႐ြး ေကာက္ပြဲသည္ တရားမွ်တမႈ မရွိေၾကာင္း အေၾကာင္းျပၿပီး ကန႔္ကြက္မႈမ်ားေသာ္လည္းေကာင္း မရွိေသး ဟု ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲ တာဝန္ရွိသူ က ေျပာသည္။

“ကန႔္ကြက္လႊာက ေလာေလာဆယ္မရွိေသးဘူးေပါ့ေနာ္ ေနာက္ပိုင္းက်ေတာ့ တင္ဖို႔ျပင္ေနၾကတယ္နဲ႔တူတယ္၊ အခုကေတာ့ ရွိေကာင္း ရွိလာႏိုင္တယ္၊ မရွိရင္လည္းမရွိဘူး မရွိရင္ေတာ့ ပိုၿပီးေတာ့ ေကာင္းတာေပါ့။ ေအးေအး ခ်မ္းခ်မ္းနဲ႔ ဒါကေတာ့ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ ေဆာင္႐ြက္ခြင့္ပါ၊ တင္ မတင္ေတာ့ မသိဘူးေပါ့ေနာ္ သတ္ မွတ္ရက္အတြင္းမွာပဲ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို တင္သြင္းရမယ္” ဟု ျပည္နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ ခြဲအတြင္းေရးမႉး ဦးဟိဏ္းလင္းထက္ က ေျပာသည္။

ေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္သည့္ ကန႔္ကြက္မႈမ်ားကို သက္ဆိုင္ရာ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ ေ႐ြး ေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲမွ ေ႐ြးေကာက္ပြဲရလဒ္မ်ား ေၾကညာသည့္ေန႔မွစ၍ ၄၅ ရက္အတြင္း ေကာ္မရွင္သို႔ ကန႔္ကြက္လႊာတင္သြင္းႏိုင္သည္ဟု ေ႐ြးေကာက္ပြဲနည္းဥပေဒတြင္ ေဖာ္ျပပါရွိသည္။

၂၀၁၅ အေထြေထြ ေ႐ြးေကာက္ပြဲတြင္လည္း မြန္ျပည္နယ္တြင္ ကန႔္ကြက္လႊာ တင္သြင္းသူ မရွိခဲ့ေၾကာင္း ျပည္နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ ခြဲအတြင္းေရးမႉး က ဆက္ေျပာသည္။

ေ႐ြးေကာက္ပြဲတြင္ မြန္ျပည္နယ္အတြင္း ကိုယ္စားလွယ္ ၁၁ ဦး အႏိုင္ရရွိထားသည့္ မြန္ညီၫြတ္ေရးပါတီ (MUP) က ေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္ၿပီး မဲဆႏၵနယ္အခ်ိဳ႕က ရလဒ္ကို စိစစ္ေနဆဲျဖစ္ၿပီး စိစစ္မႈ အေပၚ မူတည္ ၍ ကန႔္ကြက္ရမည့္ အေၾကာင္းအရာမ်ား ရွိလာပါက ကန႔္ကြက္သြားမည္ ဟု ေျပာသည္။

“မဲဆႏၵနယ္အခ်ိဳ႕ေတြမွာ သံသယျဖစ္ေနတဲ့အေနအထားမွာရွိေနတယ္။ ေလ့လာစိစစ္ေနဆဲ အေျခအေန မွာ ရွိေနတဲ့အတြက္ လက္ရွိေ႐ြးေကာက္ပြဲအေပါ ရလဒ္အေပါသေဘာထားကိုေတာ့ ခ်မွတ္ဖို႔ ေစာေသးတယ္” ဟု မြန္ညီၫြတ္ေရးပါတီ တြဲဖက္အတြင္းေရးမႉး ႏိုင္လယိတမက ေျပာသည္။

ေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္၍ မြန္ျပည္နယ္အတြင္း ကန္႔ကြက္မႈ မရွိေသးေသာ္လည္း ရွမ္းျပည္နယ္ ေျမာက္ ပိုင္း၊ မဲဆႏၵနယ္ အမွတ္ ၅ (မူဆယ္၊ ကြတ္ခိုင္၊ နမ့္ခမ္း) တြင္ ကန္႔ကြက္မႈမ်ား ရွိေနၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရး ႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ USDP က ၂၀၂၀ ေရြးေကာက္ပြဲသည္ လြတ္လပ္ၿပီး တရားမ်ွတမႈ မရွိဟုဆိုကာ တစ္ႏုိင္ငံ လံုး အတုိင္းအတာအေနျဖင့္ ေရြးေကာက္ပြဲ ျပန္လည္က်င္းပေပးရန္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ UEC ကို ေတာင္းဆိုထားသည္။

ကန႔္ကြက္လႊာ တင္သြင္းသူတိုင္း သည္ မိမိ၏ ကန႔္ကြက္လႊာႏွင့္အတူ ႏိုင္ငံေတာ္က ကုန္က်မည့္ အမႈစရိတ္ အတြက္ ေငြက်ပ္ ၅ သိန္းကို ေကာ္မရွင္သို႔ သတ္မွတ္ေပးသြင္းရမည္ျဖစ္ၿပီး ကန႔္ကြက္လႊာတစ္ေစာင္၌ ကန႔္ ကြက္သူ တစ္ဦးထက္ပို၍ ပါရွိလွ်င္ ကန႔္ကြက္သူ တစ္ဦးခ်င္းအလိုက္ ေငြက်ပ္ ၅ သိန္းေပးသြင္းရမည္ဟု ေ႐ြးေကာက္ပြဲနည္းဥပေဒတြင္ ေဖာ္ျပပါရွိသည္။

အဆိုပါ တင္သြင္းထားေသာ အမႈစရိတ္ ေငြက်ပ္ ၅ သိန္းကို မည္သည့္အေၾကာင္းေၾကာင့္မွ် ျပန္လည္ထုတ္ ယူခြင့္ မရွိေစရဟုလည္း ေဖာ္ျပပါရွိသည္။

မြန္ျပည္နယ္တြင္ ႏိုဝင္ဘာ ၈ ရက္ေန႔က က်င္းပခဲ့သည့္ေ႐ြးေကာက္ပြဲ၌ ႏိုင္ငံေရးပါတီ ၁၆ ပါတီတို႔ႏွင့္ တစ္သီး ပုဂၢလကိုယ္စားလွယ္ေလာင္း စုစုေပါင္း ၂၅၇ ဦး ဝင္ၿပိဳင္ခဲ့ၾကၿပီး ကိုယ္စားလွယ္ ၄၅ ဦး ေ႐ြးေကာက္တင္ ေျမႇာက္ခံထားရသည္။

ေ႐ြးေကာက္ တင္ေျမႇာက္ခံထားရသည့္ ကိုယ္စားလွယ္ ၄၅ ဦးတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီမွ ၃၄ ဦးႏွင့္ မြန္ညီၫြတ္ေရး ပါတီ (MUP) မွ ၁၁ ဦးတို႔ ျဖစ္သည္။