တိုင်းရင်းသား ပါတီများနှင့်တွေ့ရန် NLD အဖွဲ့ဖွဲ့

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်။

တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တွေ့ဆုံဆွေးနွေးရေး အဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု NLD ပါတီက ပြောသည်။

အဆိုပါ အဖွဲ့တွင် အဖွဲ့ဝင် ၃ ဦးပါဝင်ကြောင်း ရွေးကောက်ပြီးနောက် ဒီဇင်ဘာလ ၁၂ ရက်နေ့က ပထမဆုံး အကြိမ် ပြုလုပ်သည့် NLD ပါတီ၏ ဗဟိုအလုပ် အမှုှဆောင် အစည်းအဝေးအပြီးတွင် သတင်း မီဒီယာ များ ၏ မေးမြန်းမှုကို NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုးညွှန့်က ပြောဆိုခဲ့ ခြင်းဖြစ်သည်။

“အားလုံး သိချင်နေတဲ့ ကိစ္စကတော့ တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးဖို့အတွက် ကျနော်တို့ ခေါင်းဆောင် ၃ ဦး ရွေးလိုက်ပါတယ်။ တစ်က ဒေါက်တာ အောင်မိုးညိုပါ။ နှစ်က ဒေါ်နန်းခင်ထွေးမြင့်ပါ။ သုံးက ဦးအင်ထုံခမ်းနော်ဆန်ပါ။ သူတို့ သုံးဦး ကနေပြီးတော့ တိုင်းရင်းသား နိုင်ငံရေး ပါတီများနဲ့ ဦးဆောင်ပြီး တော့ ဆွေးနွေးမှာပါ” ဟု ပြောသည်။

ယခုဖွဲ့စည်းလိုက်သည့် အဖွဲ့အနေဖြင့် တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုကို အမြန်ဆုံး စတင် လုပ်ဆောင်သွားမည်ဟု ဒေါက်တာ မျိုးညွှန့်က ဆက်ပြောသည်။

“အမြန်ဆုံး ကျနော်တို့ လုပ်ငန်းစပါမယ်။ အဓိကက ဘာလုပ်မလဲဆိုရင် ဒီတိုင်းရင်းသား ဒီ နိုင်ငံရေး ပါတီတွေရဲ့ သူတို့ရဲ့ လိုချင်တဲ့ သဘောထားကို ကျနော်တို့ အရင်နားထောင်မယ်။ နောက်ပြီးတော့ ညှိနှိုင်း လို့ရတဲ့ နေရာတွေမှာ သူတို့ ညှိနှိုင်းပြီးတော့ ဘုံသဘောထား ရရှိအောင်လုပ်မယ်။ ပြီးရင် ကျနော်တို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှှုဆောင်မှာ ပြန်လည် ဆွေးနွေးပြီး အတည်ပြုမှာပေါ့” ဟု ဒေါက်တာမျိုးညွှန့်က ပြောသည်။

NLD ပါတီ၏ တိုင်းရင်းသားများနှင့် ပတ်သက်သည့် မူဝါဒမှာ ဒီမိုကရေစီ ဖက်ရယ်တည်ဆောက်ရေး ဖြစ်ကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်လား ဖက်ဒရယ် ဒီမိုကရေစီလားဆိုသည့် နေရာတွင် ကွဲလွဲမှုများ ရှိနေ ကြောင်းနှင့် ၎င်းတို့ရည်ရွယ်သည့် ပြည်ထောင်စု ဆိုသည်မှာ ဒီမိုကရေစီအခွင့်အရေး များရရှိရန်နှင့် ဖက်ဒ ရယ်အရ တန်းတူညီမျှမှု ရှိရေးတို့ဖြစ်ပြီး ရှေ့နောက်စကားလုံး ကွဲလွဲသည်ထက် အရည်အသွေးပြည့်စုံရန် သာ အရေးကြီးသည်ဟု မြင်ကြောင်း ဒေါက်တာမျိုးညွှန့်က ဆိုသည်။

ယခုဖွဲ့စည်းလိုက်သည့် တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့် အဖွဲ့အနေဖြင့် အစိုးရဖွဲ့စည်း ရေး ထက် အနာဂတ် ပြည်ထောင်စုသစ် တည်ဆောက်ရေး ပုံသဏ္ဍာန်အား ဘုံသဘောထား ရယူရန် ဆွေးနွေး သွားမည်ဖြစ် သည်ဟု NLD က ဆိုသည်။

သို့သော် အစိုးရအဖွဲ့ ဖွဲ့ရေးနှင့် ပတ်သက်၍ တိုင်းရင်းသား ပါတီများဖက်မှ တင်ပြလာပါက ထည့်သွင်း စဉ်းစား သွားမည်ဟု ဒေါက်တာမျိုးညွှန့် က ပြောသည်။

“သို့သော် တိုင်းရင်းသား နိုင်ငံရေးပါတီတွေက တင်ပြလာတဲ့ ပြည်ထောင်စု အစိုးရ ပြည်နယ်အစိုးရ မှာ ပါ ဝင်သင့်တဲ့ သူတွေ သူတို့တင်ပြလာမယ်ဆိုရင်လည်း ဒါကျနော်တို့ ထည့်သွင်းစဉ်းစားရမယ်။ ပြည်လည် ညှိ နှိုင်းရမယ်။ ဒါကတော့ ရှိပါတယ်။ တစ်ခါတည်းတော့ ပယ်ချမှာ မဟုတ်ပါဘူး”

ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့သည့် လေးရက်အကြာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့က NLD ပါတီက တိုင်းရင်းသား နိုင်ငံရေး ပါတီ ၄၈ ခုထံသို့ စာပေးပို့ခဲ့ပြီး အဆိုပါစာထဲတွင် တိုင်းရင်းသား လူမျိုးစု များ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဟု NLD က ဆိုသည်။

ထို့အပြင် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီသည် ဖြစ် ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင် ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားပါတီများ အနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီ ပြည် ထောင်စု အရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်ဟု ပါတီများ ကို ပေးပို့ ထားသည့် NLD ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

အဆိုပါ စာပေးပို့ထားပြီး တစ်လအကြာတွင် NLD ပါတီက တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် အဖွဲ့ဝင် ၃ ဦးပါသည့် တွေ့ဆုံဆွေးနွေးရေး အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အစိုးရဖွဲ့နိုင်သည့်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးနီးပါးတွင် လွှတ် တော်နေရာ တော်တော် များများကို အနိုင်ရရှိထားသည်။

*** ZAWGYI ***
တိုင္းရင္းသား ပါတီမ်ားႏွင့္ေတြ႔ရန္ NLD အဖြဲ႔ဖြဲ႔

သတင္းႏွင့္ မီဒီယာ ကြန္ရက္
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၁၄ ရက္။

တိုင္းရင္းသား ႏိုင္ငံေရး ပါတီမ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးရန္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီက ေတြ႕ဆံုေဆြးေႏြးေရး အဖြဲ႔ကို ဖြဲ႔စည္းလိုက္သည္ဟု NLD ပါတီက ေျပာသည္။

အဆိုပါ အဖြဲ႔တြင္ အဖြဲ႔၀င္ ၃ ဦးပါ၀င္ေၾကာင္း ေရြးေကာက္ၿပီးေနာက္ ဒီဇင္ဘာလ ၁၂ ရက္ေန႔က ပထမဆံုး အႀကိမ္ ျပဳလုပ္သည့္ NLD ပါတီ၏ ဗဟိုအလုပ္ အမႈွေဆာင္ အစည္းအေ၀းအၿပီးတြင္ သတင္း မီဒီယာ မ်ား ၏ ေမးျမန္းမႈကို NLD ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ဗဟိုအလုပ္အမႈ ေဆာင္ အဖြဲ႔၀င္ ေဒါက္တာ မ်ိဳးၫႊန္႔က ေျပာဆိုခဲ့ ျခင္းျဖစ္သည္။

“အားလံုး သိခ်င္ေနတဲ့ ကိစၥကေတာ့ တိုင္းရင္းသားအဖြဲ႔မ်ားႏွင့္ ေဆြးေႏြးဖို႔အတြက္ က်ေနာ္တို႔ ေခါင္းေဆာင္ ၃ ဦး ေရြးလိုက္ပါတယ္။ တစ္က ေဒါက္တာ ေအာင္မိုးညိဳပါ။ ႏွစ္က ေဒၚနန္းခင္ေထြးျမင့္ပါ။ သံုးက ဦးအင္ထံုခမ္းေနာ္ဆန္ပါ။ သူတို႔ သံုးဦး ကေနၿပီးေတာ့ တိုင္းရင္းသား ႏိုင္ငံေရး ပါတီမ်ားနဲ႔ ဦးေဆာင္ၿပီး ေတာ့ ေဆြးေႏြးမွာပါ” ဟု ေျပာသည္။

ယခုဖြဲ႔စည္းလိုက္သည့္ အဖြဲ႔အေနျဖင့္ တိုင္းရင္းသား ပါတီမ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးမႈကို အျမန္ဆံုး စတင္ လုပ္ေဆာင္သြားမည္ဟု ေဒါက္တာ မ်ိဳးၫႊန္႔က ဆက္ေျပာသည္။

“အျမန္ဆံုး က်ေနာ္တို႔ လုပ္ငန္းစပါမယ္။ အဓိကက ဘာလုပ္မလဲဆိုရင္ ဒီတိုင္းရင္းသား ဒီ ႏိုင္ငံေရး ပါတီေတြရဲ႕ သူတို႔ရဲ႕ လိုခ်င္တဲ့ သေဘာထားကို က်ေနာ္တို႔ အရင္နားေထာင္မယ္။ ေနာက္ၿပီးေတာ့ ညွိနႈိင္း လို႔ရတဲ့ ေနရာေတြမွာ သူတို႔ ညွိႏႈိင္းၿပီးေတာ့ ဘံုသေဘာထား ရရွိေအာင္လုပ္မယ္။ ၿပီးရင္ က်ေနာ္တို႔ အဖြဲ႔ခ်ဳပ္ ဗဟိုအလုပ္အမွႈေဆာင္မွာ ျပန္လည္ ေဆြးေႏြးၿပီး အတည္ျပဳမွာေပါ့” ဟု ေဒါက္တာမ်ိဳးၫႊန္႔က ေျပာသည္။

NLD ပါတီ၏ တိုင္းရင္းသားမ်ားႏွင့္ ပတ္သက္သည့္ မူဝါဒမွာ ဒီမိုကေရစီ ဖက္ရယ္တည္ေဆာက္ေရး ျဖစ္ေၾကာင္း၊ ဒီမိုကေရစီ ဖက္ဒရယ္လား ဖက္ဒရယ္ ဒီမိုကေရစီလားဆိုသည့္ ေနရာတြင္ ကြဲလြဲမႈမ်ား ရွိေန ေၾကာင္းႏွင့္ ၎တို႔ရည္ရြယ္သည့္ ျပည္ေထာင္စု ဆိုသည္မွာ ဒီမိုကေရစီအခြင့္အေရး မ်ားရရွိရန္ႏွင့္ ဖက္ဒ ရယ္အရ တန္းတူညီမွ်မႈ ရွိေရးတို႔ျဖစ္ၿပီး ေရွ႕ေနာက္စကားလံုး ကြဲလြဲသည္ထက္ အရည္အေသြးျပည့္စံုရန္ သာ အေရးႀကီးသည္ဟု ျမင္ေၾကာင္း ေဒါက္တာမ်ိဳးၫႊန္႔က ဆိုသည္။

ယခုဖြဲ႔စည္းလိုက္သည့္ တိုင္းရင္းသား ပါတီမ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးမည့္ အဖြဲ႔အေနျဖင့္ အစိုးရဖြဲ႔စည္း ေရး ထက္ အနာဂတ္ ျပည္ေထာင္စုသစ္ တည္ေဆာက္ေရး ပံုသ႑ာန္အား ဘံုသေဘာထား ရယူရန္ ေဆြးေႏြး သြားမည္ျဖစ္ သည္ဟု NLD က ဆိုသည္။

သို႔ေသာ္ အစိုးရအဖြဲ႔ ဖြဲ႔ေရးႏွင့္ ပတ္သက္၍ တိုင္းရင္းသား ပါတီမ်ားဖက္မွ တင္ျပလာပါက ထည့္သြင္း စဥ္းစား သြားမည္ဟု ေဒါက္တာမ်ိဳးၫႊန္႔ က ေျပာသည္။

“သို႔ေသာ္ တိုင္းရင္းသား ႏိုင္ငံေရးပါတီေတြက တင္ျပလာတဲ့ ျပည္ေထာင္စု အစိုးရ ျပည္နယ္အစိုးရ မွာ ပါ ၀င္သင့္တဲ့ သူေတြ သူတို႔တင္ျပလာမယ္ဆိုရင္လည္း ဒါက်ေနာ္တို႔ ထည့္သြင္းစဥ္းစားရမယ္။ ျပည္လည္ ညွိ ႏႈိင္းရမယ္။ ဒါကေတာ့ ရွိပါတယ္။ တစ္ခါတည္းေတာ့ ပယ္ခ်မွာ မဟုတ္ပါဘူး”

ေရြးေကာက္ပြဲ က်င္းပၿပီးစီးခဲ့သည့္ ေလးရက္အၾကာ ၿပီးခဲ့သည့္ ႏို၀င္ဘာလ ၁၂ ရက္ေန႔က NLD ပါတီက တိုင္းရင္းသား ႏိုင္ငံေရး ပါတီ ၄၈ ခုထံသို႔ စာေပးပို႔ခဲ့ၿပီး အဆိုပါစာထဲတြင္ တိုင္းရင္းသား လူမ်ိဳးစု မ်ား၏ ဆႏၵမ်ားကို အေလးထား ေဆာင္ရြက္သြားမည္ဟု NLD က ဆိုသည္။

ထို႔အျပင္ တိုင္းရင္းသားပါတီမ်ား၏ ရည္မွန္းခ်က္မ်ားသည္ အဖြဲ႔ခ်ဳပ္၏ ရည္မွန္းခ်က္မ်ားႏွင့္ တူညီသည္ ျဖစ္ ရာ အဖြဲ႔ခ်ဳပ္အေနျဖင့္ ေနာင္အနာဂတ္တြင္ တိုင္းရင္းသား လူမ်ိဳးစုမ်ား၏ ဆႏၵမ်ားကို အေလးထား ေဆာင္ ရြက္သြားမည္ျဖစ္ၿပီး တိုင္းရင္းသားပါတီမ်ား အေနျဖင့္လည္း အဖြဲ႔ခ်ဳပ္က ေဖာ္ေဆာင္မည့္ ဒီမိုကေရစီ ျပည္ ေထာင္စု အေရးကို တက္တက္ႂကြႂကြ ပူးေပါင္းပါ၀င္ၾကလိမ့္မည္ဟု ေမွ်ာ္လင့္ပါသည္ဟု ပါတီမ်ား ကို ေပးပို႔ ထားသည့္ NLD ၏ ထုတ္ျပန္ခ်က္ထဲတြင္ ေတြ႕ရသည္။

အဆိုပါ စာေပးပို႔ထားၿပီး တစ္လအၾကာတြင္ NLD ပါတီက တိုင္းရင္းသားပါတီမ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးရန္ အဖြဲ႔၀င္ ၃ ဦးပါသည့္ ေတြ႕ဆံုေဆြးေႏြးေရး အဖြဲ႔ကို ဖြဲ႔စည္းလိုက္ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၈ ရက္ေန႔က က်င္းပၿပီးစီးခဲ့သည့္ အေထြေထြ ေ႐ြးေကာက္ပြဲႀကီးတြင္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီက အစိုးရဖြဲ႕ႏိုင္သည့္အထိ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး အားလုံးနီးပါးတြင္ လႊတ္ ေတာ္ေနရာ ေတာ္ေတာ္ မ်ားမ်ားကို အႏိုင္ရရွိထားသည္။