ရခိုင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး သမ္မတ ပန်ကြား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။

ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိသည့် ရခိုင်ပြည်နယ်က ဒေသများတွင် ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပ နိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် သမ္မတ ဦးဝင်းမြင့် က မေတ္တာရပ်ခံ တောင်းဆိုလိုက်သည်။

ဒီဇင်ဘာလ ၁၅ ရက် (ယနေ့) တွင် ကျရောက်သည့် ၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သမ္မတ၏ သဝဏ်လွှာထဲတွင် အဆိုပါ အချက်ကို ထည့်သွင်းတောင်းဆိုထားခြင်းဖြစ်သည်။

သမ္မတ ဦးဝင်းမြင့်က “ယင်းနယ်မြေဒေသများ တည်ငြိမ်အေးချမ်းပြီး လွတ်လပ်၍ တရားမျှတသည့် ရွေး ကောက်ပွဲများ အမြန်ဆုံးကျင်းပနိုင်သည့် အခြေအနေရောက်ရှိအောင် သက်ဆိုင်သည့် ပုဂ္ဂိုလ်များ အဖွဲ့အ စည်းများ အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လည်း အထူးမေတ္တာ ရပ်ခံအပ်ပါသည်” ဟု သဝဏ်လွှာထဲတွင် ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် ရခိုင် ပြည်နယ်ရှိ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး စသည့် မြို့နယ် ၉ မြို့နယ်တွင် မြို့နယ်တစ်ခုလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပ နိုင်ခဲ့ခြင်း မရှိသကဲ့သို့ အခြားမြို့နယ်မှ နေရာဒေသအချို့တွင်လည်း ရွေး ကောက်ပွဲ ကျင်းပနိုင် ခဲ့ခြင်း မရှိပေ။

အဆိုပါ နေရာများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိသည့်အပေါ် သမ္မတ ဦးဝင်းမြင့်က “လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်သည့် လုံခြုံရေး အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲ ရွှေ့ ဆိုင်းခဲ့ရသော ရခိုင်ပြည်နယ်ရှိ နယ်မြေဒေသများ ယင်းနယ်မြေဒေသများရှိ ပြည်သူ များအလုံး အတွက် လည်း အထူးပင် စိတ်မကောင်းဖြစ်ရပါသည်” ဟု ၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့ သည့် သမ္မတ၏ သဝဏ်လွှာထဲတွင် ပါရှိသည်။

ထို့အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပြီး အဆိုပါ သဝဏ်လွှာထဲတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ် အ တွင်းရှိ နယ်မြေအချို့တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက် မတိုင်မီ ရွေးကောက်ပွဲ ကျင်းပစေလိုသည့် ULA/AA အဖွဲ့ရဲ့ ကြေညာချက်အပေါ် မိမိတို့ တပ်မတော်အနေဖြင့် ကြိုဆိုပါကြောင်းနှင့် လိုအပ်သည့် ဆောင် ရွက်မှုများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်ဟု သဝဏ်လွှာထဲတွင် ထည့်သွင်းပြောဆိုထားသည်။

၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သဝဏ် လွှာထဲတွင် ရက္ခိုင့်တပ်တော် ULA/AA ကို အကြမ်းဖက် အဖွဲ့အစည်းဟု သုံးနှုန်းထားခြင်း မရှိပဲ ULA/AA ဟု သုံးနှုန်းထားသည်ကို တွေ့ရသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပပြီးစီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် ရခိုင်ပြည်နယ် တစ်ခုလုံး မဲပေးခွင့်ရှိသူ စုစုပေါင်း ၁၆၄၉၇၅၃ ဦး ရှိသည့်အနက် ၄၄၈၈၅၂ ဦးသာ မဲပေးခွင့်ရရှိခဲ့ပြီး ၁၂၀၀၉၀၁ ဦးမှာ မဲပေးခွင့်ဆုံးရှုံးခဲ့သည် ဟု သိရသည်။

*** ZAWGYI ***
ရခိုင္ ေရြးေကာက္ပြဲမ်ား က်င္းပႏိုင္ေရး သမၼတ ပန္ၾကား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္။

ေရြးေကာက္ပြဲ က်င္းပႏိုင္ခဲ့ျခင္း မရွိသည့္ ရခိုင္ျပည္နယ္က ေဒသမ်ားတြင္ ေရြးေကာက္ပြဲ အျမန္ဆံုး က်င္းပ ႏိုင္ရန္အတြက္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားအေနျဖင့္ ဝိုင္း၀န္းကူညီေဆာင္ရြက္ေပးရန္ သမၼတ ဦး၀င္းျမင့္ က ေမတၱာရပ္ခံ ေတာင္းဆိုလိုက္သည္။

ဒီဇင္ဘာလ ၁၅ ရက္ (ယေန႔) တြင္ က်ေရာက္သည့္ ၄၆ ႀကိမ္ေျမာက္ ရခိုင္ျပည္နယ္ေန႔ အခမ္းအနားသို႔ ေပးပို႔သည့္ သမၼတ၏ သ၀ဏ္လႊာထဲတြင္ အဆိုပါ အခ်က္ကို ထည့္သြင္းေတာင္းဆိုထားျခင္းျဖစ္သည္။

သမၼတ ဦး၀င္းျမင့္က “ယင္းနယ္ေျမေဒသမ်ား တည္ၿငိမ္ေအးခ်မ္းၿပီး လြတ္လပ္၍ တရားမွ်တသည့္ ေရြး ေကာက္ပြဲမ်ား အျမန္ဆံုးက်င္းပႏိုင္သည့္ အေျခအေနေရာက္ရွိေအာင္ သက္ဆိုင္သည့္ ပုဂၢိဳလ္မ်ား အဖြဲ႔အ စည္းမ်ား အားလံုးက ဝိုင္း၀န္းကူညီေဆာင္ရြက္ေပးၾကရန္လည္း အထူးေမတၱာ ရပ္ခံအပ္ပါသည္” ဟု သ၀ဏ္လႊာထဲတြင္ ေျပာဆိုထားသည္။

ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္ ႏို၀င္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့သည့္ အေထြေထြ ေရြးေကာက္ပြဲႀကီးတြင္ ရခိုင္ ျပည္နယ္ရွိ ေပါက္ေတာ၊ ပုဏၰားကြ်န္း၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ေက်ာက္ေတာ္၊ မင္းျပား၊ ေျမပံု၊ ေျမာက္ဦး စသည့္ ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္တြင္ ၿမိဳ႕နယ္တစ္ခုလံုး အတိုင္းအတာျဖင့္ ေရြးေကာက္ပြဲ က်င္းပ ႏိုင္ခဲ့ျခင္း မရွိသကဲ့သို႔ အျခားၿမိဳ႕နယ္မွ ေနရာေဒသအခ်ိဳ႕တြင္လည္း ေရြး ေကာက္ပြဲ က်င္းပႏိုင္ ခဲ့ျခင္း မရွိေပ။

အဆိုပါ ေနရာမ်ားတြင္ ေရြးေကာက္ပြဲ က်င္းပႏိုင္ခ့ဲျခင္း မရွိသည့္အေပၚ သမၼတ ဦး၀င္းျမင့္က “လြတ္လပ္၍ တရားမွ်တသည့္ ေရြးေကာက္ပြဲမ်ား က်င္းပႏိုင္သည့္ လံုၿခံဳေရး အေျခအေနမရွိသျဖင့္ ေရြးေကာက္ပြဲ ေရႊ႕ ဆိုင္းခဲ့ရေသာ ရခိုင္ျပည္နယ္ရွိ နယ္ေျမေဒသမ်ား ယင္းနယ္ေျမေဒသမ်ားရွိ ျပည္သူ မ်ားအလံုး အတြက္ လည္း အထူးပင္ စိတ္မေကာင္းျဖစ္ရပါသည္” ဟု ၄၆ ႀကိမ္ေျမာက္ ရခိုင္ျပည္နယ္ေန႔ အခမ္းအနားသို႔ ေပးပို႔ သည့္ သမၼတ၏ သ၀ဏ္လႊာထဲတြင္ ပါရွိသည္။

ထို႔အတူ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ကလည္း ၄၆ ႀကိမ္ေျမာက္ ရခိုင္ျပည္နယ္ေန႔ အခမ္းအနားသို႔ သ၀ဏ္လႊာေပးပို႔ခဲ့ၿပီး အဆိုပါ သ၀ဏ္လႊာထဲတြင္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစံု ဒီမိုကေရစီ အေထြေထြ ေရြးေကာက္ပြဲကာလအတြင္း ေရြးေကာက္ပြဲ မက်င္းပႏိုင္ခဲ့သည့္ ရခိုင္ျပည္နယ္ အ တြင္းရွိ နယ္ေျမအခ်ိဳ႕တြင္ ၂၀၂၀ ျပည့္ႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ မတိုင္မီ ေရြးေကာက္ပြဲ က်င္းပေစလိုသည့္ ULA/AA အဖြဲ႔ရဲ႕ ေၾကညာခ်က္အေပၚ မိမိတို႔ တပ္မေတာ္အေနျဖင့္ ႀကိဳဆိုပါေၾကာင္းႏွင့္ လိုအပ္သည့္ ေဆာင္ ရြက္မႈမ်ားကိုလည္း ပူးေပါင္းေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ၿပီး ျဖစ္ပါသည္ဟု သ၀ဏ္လႊာထဲတြင္ ထည့္သြင္းေျပာဆိုထားသည္။

၄၆ ႀကိမ္ေျမာက္ ရခိုင္ျပည္နယ္ေန႔ အခမ္းအနားသို႔ ေပးပို႔သည့္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္၏ သ၀ဏ္ လႊာထဲတြင္ ရကၡိဳင့္တပ္ေတာ္ ULA/AA ကို အၾကမ္းဖက္ အဖြဲ႔အစည္းဟု သံုးႏႈန္းထားျခင္း မရွိပဲ ULA/AA ဟု သံုးႏႈန္းထားသည္ကို ေတြ႕ရသည္။

၂၀၂၀ ခုႏွစ္ ႏို၀င္ဘာလ ၈ ရက္ေန႔ က်င္းပၿပီးစီးခဲ့သည့္ အေထြေထြ ေရြးေကာက္ပြဲႀကီးတြင္ ရခိုင္ျပည္နယ္ တစ္ခုလုံး မဲေပးခြင့္ရွိသူ စုစုေပါင္း ၁၆၄၉၇၅၃ ဦး ရွိသည့္အနက္ ၄၄၈၈၅၂ ဦးသာ မဲေပးခြင့္ရရွိခဲ့ၿပီး ၁၂၀၀၉၀၁ ဦးမွာ မဲေပးခြင့္ဆုံးရႈံးခဲ့သည္ ဟု သိရသည္။