မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ ကုန်ကျစားရိတ်မတင်သွင်းသည့် ကိုယ်စားလှယ်လောင်း ၇ ဦးရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်။

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းသည့် ကိုယ်စားလှယ်လောင်း ၇ ဦးရှိသည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း ၂၅၇ ဦး ဝင်ပြိုင်ခဲ့ပြီး သတ်မှတ်ရက်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခဲ့သည့် ကိုယ်စားလှယ်လောင်း ၂၅၀ ဦး ရှိသည်။

“ကုန်ကျစရိတ်တွေကို ကိုယ်စားလှယ်လောင်း အမည်စာရင်းစိစစ်တဲ့ နေရာတွေမှာ ခရိုင်နှစ်ခုရှိမယ်။ ပြည်နယ် မှာတော့ တိုင်းရင်းသားကိုယ်စားလှယ်တွေ မွန်ပြည်နယ်မှာ သတ်မှတ်ထားတဲ့ရက်အတွင်း တင်သွင်းရမှာ ဖြစ်ပါ တယ်။ အဲ့ဒီအပြင် ကျနော်တို့ စိစစ်တဲ့ပုံစံတွေရှိသလို ကျနော်တို့ ဒီဘက်က သတ်မှတ်ထားတဲ့ ရက် မဟုတ်ဘူး ဆိုရင်လည်း ကျနော်တို့ ပြည်ထောင်စုကို ဆက်လက်တင်သွင်းသွားမှာဖြစ်ပါတယ်။ အရည်အချင်း ပျက်ယွင်းတဲ့ ကိစ္စကတော့ ပြည်ထောင်စုကနေ ဆုံးဖြတ်တာပေါ့နော်။ ကျနော်တို့ ဒီကနေ ဘယ်နှစ်ယောက်ကတော့ သတ် မှတ်ရက်မှာ တင်သွင်းတယ်။ ဘယ်နှစ်ယောက်ကတော့ သတ်မှတ်ရက်မသွင်းဘူး ပြည်ထောင်စုက ဆက်လက် ဆောင်ရွက်နိုင်ဖို့ အစီရင်ခံစာ တင်သွင်းရတာပါ” ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

မွန်ပြည်နယ်အတွင်း ဝင်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကုန်ကျစရိတ်ကို နိုဝင်ဘာလ ၁၀ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ရက်ပေါင်း ၃၀ အတွင်း တင်သွင်းရမည်ဖြစ်သည်။

ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းသည့် ကိုယ်စားလှယ် ၇ ဦးတွင် ပါတီကိုယ်စားပြု ဝင်ပြိုင်ခဲ့သည့် ကိုယ် စားလှယ်လောင်းများပါဝင်သလို တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းလည်း ပါဝင်သည်ဟု ပြည်နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ကုန်ကျစရိတ် တင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းများစာရင်းတွင် သတ်မှတ်ငွေကြေးပမာဏ ကျပ်သိန်း ၁၀၀ ထက် ပိုမိုသုံးစွဲထားသည့် ကိုယ်စားလှယ်လောင်း မရှိဟုလည်း သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူများက ပြောသည်။

“ကျနော်တို့ မွန်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်အမည် ကြေညာခဲ့တာက နိုဝင်ဘာ ၁၀ ရက်နေ့ အဲ့ဒီ ကနေ ရက်ပေါင်း ၃၀ ဆိုတော့ ဒီဇင်ဘာ ၁၀ ရက်နေ့ နောက်ဆုံး တင်သွင်းရတယ်၊ ရွေးကောက်ပွဲ ကုန်ကျ စရိတ် တင်သွင်းတဲ့အထဲမှာ သတ်မှတ်တဲ့နှုန်းအတိုင်းပဲ တင်ကြပါတယ် ဘယ်သူမှ မကျော်ကြပါဘူး” ဟု သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်နိုင်ဦးက ပြောသည်။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တစ်ဦးသည် မဲဆွယ်စည်းရုံးခွင့်ပြုသည့်နေ့မှစ၍ အသုံးပြုထားသည့် အသုံး စရိတ်များအပါအဝင် စုစုပေါင်းငွေကျပ်သိန်း ၁၀၀ ထက် ပိုမိုသုံးစွဲခြင်း မပြုရဟု ရွေးကောက်ပွဲနည်းဥပဒေတွင် ဖော်ပြပါရှိသည်။

ရွေးကောက်ပွဲကုန်ကျစရိတ်ကို သတ်မှတ်ရက်အတွင်း မတင်သွင်းသည့် ကိုယ်စားလှယ်လောင်းများသည် အရည်အချင်းပျက်ယွင်းသူများအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

အရည်အချင်းပျက်ယွင်းသူများအဖြစ် သတ်မှတ်ခံရသူများသည် မိမိအား အရည်အချင်းပျက်ယွင်းသူဟု မသတ်မှတ်သင့်ကြောင်းကို ကြေညာသည့်နေ့မှ ၁၅ ရက်အတွင်း လျှောက်ထားနိုင်သည်။

ရွေးကောက်ပွဲကုန်ကျစရိတ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲရုံးမှ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်ကို ကြေညာသည့်ရက်မှ ရက် ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်တို့ထံ တင်သွင်းရခြင်း ဖြစ်သည်။

*** ZAWGYI ***
မြန္ျပည္နယ္တြင္ ေရြးေကာက္ပြဲ ကုန္က်စားရိတ္မတင္သြင္းသည့္ ကိုယ္စားလွယ္ေလာင္း ၇ ဦးရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုနွစ္၊ ဒီဇင္ဘာလ ၁၇ ရက္။

မြန္ျပည္နယ္အတြင္း ေ႐ြးေကာက္ပြဲကုန္က်စရိတ္ မတင္သြင္းသည့္ ကိုယ္စားလွယ္ေလာင္း ၇ ဦးရွိသည္ဟု ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲထံမွ သိရသည္။

ႏိုဝင္ဘာ ၈ ရက္ေန႔က က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ မြန္ျပည္နယ္အတြင္း ကိုယ္စားလွယ္ေလာင္း ၂၅၇ ဦး ဝင္ၿပိဳင္ခဲ့ၿပီး သတ္မွတ္ရက္အတြင္း ေ႐ြးေကာက္ပြဲကုန္က်စရိတ္ တင္သြင္းခဲ့သည့္ ကိုယ္စားလွယ္ေလာင္း ၂၅၀ ဦး ရွိသည္။

“ကုန္က်စရိတ္ေတြကို ကိုယ္စားလွယ္ေလာင္း အမည္စာရင္းစိစစ္တဲ့ ေနရာေတြမွာ ခ႐ိုင္ႏွစ္ခုရွိမယ္။ ျပည္နယ္ မွာေတာ့ တိုင္းရင္းသားကိုယ္စားလွယ္ေတြ မြန္ျပည္နယ္မွာ သတ္မွတ္ထားတဲ့ရက္အတြင္း တင္သြင္းရမွာ ျဖစ္ပါ တယ္။ အဲ့ဒီအျပင္ က်ေနာ္တို႔ စိစစ္တဲ့ပုံစံေတြရွိသလို က်ေနာ္တို႔ ဒီဘက္က သတ္မွတ္ထားတဲ့ ရက္ မဟုတ္ဘူး ဆိုရင္လည္း က်ေနာ္တို႔ ျပည္ေထာင္စုကို ဆက္လက္တင္သြင္းသြားမွာျဖစ္ပါတယ္။ အရည္အခ်င္း ပ်က္ယြင္းတဲ့ ကိစၥကေတာ့ ျပည္ေထာင္စုကေန ဆုံးျဖတ္တာေပါ့ေနာ္။ က်ေနာ္တို႔ ဒီကေန ဘယ္ႏွစ္ေယာက္ကေတာ့ သတ္ မွတ္ရက္မွာ တင္သြင္းတယ္။ ဘယ္ႏွစ္ေယာက္ကေတာ့ သတ္မွတ္ရက္မသြင္းဘူး ျပည္ေထာင္စုက ဆက္လက္ ေဆာင္႐ြက္ႏိုင္ဖို႔ အစီရင္ခံစာ တင္သြင္းရတာပါ” ဟု ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမႉး ဦးဟိဏ္းလင္းထက္က ေျပာသည္။

မြန္ျပည္နယ္အတြင္း ဝင္ၿပိဳင္ခဲ့ၾကသည့္ ကိုယ္စားလွယ္ေလာင္းမ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲကုန္က်စရိတ္ကို ႏိုဝင္ဘာလ ၁၀ ရက္ေန႔မွ ဒီဇင္ဘာလ ၁၀ ရက္ေန႔အထိ ရက္ေပါင္း ၃၀ အတြင္း တင္သြင္းရမည္ျဖစ္သည္။

ေ႐ြးေကာက္ပြဲကုန္က်စရိတ္ မတင္သြင္းသည့္ ကိုယ္စားလွယ္ ၇ ဦးတြင္ ပါတီကိုယ္စားျပဳ ဝင္ၿပိဳင္ခဲ့သည့္ ကိုယ္ စားလွယ္ေလာင္းမ်ားပါဝင္သလို တသီးပုဂၢလ ကိုယ္စားလွယ္ေလာင္းလည္း ပါဝင္သည္ဟု ျပည္နယ္ ေ႐ြး ေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲထံမွ သိရသည္။

ကုန္က်စရိတ္ တင္သြင္းထားသည့္ ကိုယ္စားလွယ္ေလာင္းမ်ားစာရင္းတြင္ သတ္မွတ္ေငြေၾကးပမာဏ က်ပ္သိန္း ၁၀၀ ထက္ ပိုမိုသုံးစြဲထားသည့္ ကိုယ္စားလွယ္ေလာင္း မရွိဟုလည္း သက္ဆိုင္ရာ ခ႐ိုင္ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲ တာဝန္ရွိသူမ်ားက ေျပာသည္။

“က်ေနာ္တို႔ မြန္ျပည္နယ္က လႊတ္ေတာ္ကိုယ္စားလွယ္အမည္ ေၾကညာခဲ့တာက ႏိုဝင္ဘာ ၁၀ ရက္ေန႔ အဲ့ဒီ ကေန ရက္ေပါင္း ၃၀ ဆိုေတာ့ ဒီဇင္ဘာ ၁၀ ရက္ေန႔ ေနာက္ဆုံး တင္သြင္းရတယ္၊ ေ႐ြးေကာက္ပြဲ ကုန္က် စရိတ္ တင္သြင္းတဲ့အထဲမွာ သတ္မွတ္တဲ့ႏႈန္းအတိုင္းပဲ တင္ၾကပါတယ္ ဘယ္သူမွ မေက်ာ္ၾကပါဘူး” ဟု သထုံခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမႉး ဦးသက္ႏိုင္ဦးက ေျပာသည္။

ေ႐ြးေကာက္ပြဲဝင္ ကိုယ္စားလွယ္တစ္ဦးသည္ မဲဆြယ္စည္း႐ုံးခြင့္ျပဳသည့္ေန႔မွစ၍ အသုံးျပဳထားသည့္ အသုံး စရိတ္မ်ားအပါအဝင္ စုစုေပါင္းေငြက်ပ္သိန္း ၁၀၀ ထက္ ပိုမိုသုံးစြဲျခင္း မျပဳရဟု ေ႐ြးေကာက္ပြဲနည္းဥပေဒတြင္ ေဖာ္ျပပါရွိသည္။

ေ႐ြးေကာက္ပြဲကုန္က်စရိတ္ကို သတ္မွတ္ရက္အတြင္း မတင္သြင္းသည့္ ကိုယ္စားလွယ္ေလာင္းမ်ားသည္ အရည္အခ်င္းပ်က္ယြင္းသူမ်ားအျဖစ္ သတ္မွတ္ခံရမည္ျဖစ္သည္။

အရည္အခ်င္းပ်က္ယြင္းသူမ်ားအျဖစ္ သတ္မွတ္ခံရသူမ်ားသည္ မိမိအား အရည္အခ်င္းပ်က္ယြင္းသူဟု မသတ္မွတ္သင့္ေၾကာင္းကို ေၾကညာသည့္ေန႔မွ ၁၅ ရက္အတြင္း ေလွ်ာက္ထားႏိုင္သည္။

ေ႐ြးေကာက္ပြဲကုန္က်စရိတ္ကို သက္ဆိုင္ရာ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ ခြဲရံုးမွ ေ႐ြးေကာက္တင္ေျမႇာက္ခံရသည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ အမည္ကို ေၾကညာသည့္ရက္မွ ရက္ ေပါင္း ၃၀ အတြင္း သက္ဆိုင္ရာ ျပည္နယ္၊ ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္တို႔ထံ တင္သြင္းရျခင္း ျဖစ္သည္။