ကချင်စစ်ရှောင် နေရပ်ပြန်ရေး ဘက်ပေါင်းစုံ စိန်ခေါ်မှု ရှိနေကြောင်း KHCC ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်။

ကချင်စစ်ရှောင်များ နေရပ်ပြန်ရေး အကောင်အထည်ဖော်မှုများတွင် စိန်ခေါ်မှုများ ရှိနေသည်ဟု ကချင်ဒေသရှိ စစ်ဘေးရှောင် ပြည်သူများအား ကူညီ စောင့်ရှောက်ရေး ကော်မတီ (KHCC) က ပြောသည်။

၂၀၂၁ နှစ်ဆန်းပိုင်းနေရပ်ပြန်နိုင်ရေး အကောင်အထည်ဖော်နေသော KHCC သည် အစိုးရအဖွဲ့မဟုတ်ပဲ ဘာသာရေးအဖွဲ့ အစည်းများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ ဖြစ်သည့်အလျောက် ဘက်ပေါင်းစုံ၏ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်နေသည်ဟု KHCC ဥက္ကဋ္ဌ ဒေါက်တာခါလမ်ဆမ်ဆွန် က ပြော သည်။

“ကျနော်တို့ကတော့ အဖွဲ့အစည်းတိုင်းနဲ့ စိန်ခေါ်မှုရှိတယ်။ ပထမဦးဆုံးကတော့ ကျနော်တို့ အစိုးရနဲ့ စိန်ခေါ်မှုရှိ တယ်။ ဘာကြောင့်လဲ အစိုးရက တရားဝင်ပြန်တဲ့အချိန်မှာ သူတို့ရဲ့ လုပ်ဆောင်မှု ပါဝင်မှုလည်း လိုတယ်။ ဒါပေ မယ့် ပါဝင်မှုအပိုင်းမှာ တစ်ခါတစ်လေ ရုံး လုပ်ထုံးလုပ်နည်းအရ မေးလားမြန်းလားတွေ သိပ်များလာတဲ့ အချိန် မှာ စစ်ရှောင်တွေက စိတ်မရှည်နိုင်ဘူး။ စာရင်းကလည်း ခနခန လာကောက်တယ်။ နောက်ပြီးမှ ဘာမှ အကောင်အထည်ဖော်မှု မရှိဘူးဆိုတော့ အဲဒီကိစ္စတွေမှာ ကျနော်တို့က အမြဲတမ်းပြောနေတာကတော့ စာရင်း ကောက်တဲ့ အချိန်မှာ အထူးသဖြင့်တော့ စာရင်းဆိုတဲ့ နေရာမှာ ကျနော်တို့နဲ့ ဒီမှတ်ပုံတင်ကိစ္စပေါ့ ဒီနေရာမှာ ကျနော်တို့က အမြဲတမ်းပြောတယ်။ အသက်ရှင်တဲ့ပုဂ္ဂိုလ်တွေ အားလုံးလုပ်ပေးပါ။ ဘယ်နေရာ သွားတယ် ဘာ လုပ်တယ် မမေးပါနဲ့ ဆိုရင် အားလုံးတစ်နေ့ပြန်လာမှာပါ။ ဆိုတော့ အဲဒါတွေကိုပြောတယ်။”

အဆိုပါ ကိစ္စရပ်များ အဆင်ပြေနိုင်ရေး KHCC အနေဖြင့် အစိုးရဌာနဆိုင်ရာများနှင့်လည်း ညှိနှိုင်းဆောင်ရွက်မှု များ လုပ်ဆောင်နေရသည်ဟု ဒေါက်တာခါလမ်ဆမ်ဆွန် က ပြောသည်။

“အစိုးရနဲ့လည်း အခုန ပြောတဲ့အတိုင်း စိန်ခေါ်မှု တွေ ဥပမာ ကျနော်တို့ Return အတွက် သစ်လုပ်ငန်း အတွက် အိမ်ဆောက်ဖို့ ပျဉ်တွေလိုတဲ့အချိန်တွေမှာ သစ်ကားတွေ ဖမ်းပေးတာမျိုးတို့ မတရား ပိုက်ဆံတောင်းတာတို့ အောက်ခြေကနေ အဲဒါမျိုး လုပ်လာတဲ့ အချိန် မှာ ကျနော်တို့ ညှိရတာတွေ ရှိတာပေါ့”

ကချင်ဒေသရှိ စစ်ရှောင်ပြည်သူများ နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင် ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းအန္တရာယ်ကာကွယ်ရေး အမြင်ဖွင့်ခြင်းများနှင့် မြေမြုပ် မိုင်းများ ရှင်းလင်းရေး လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်ဟု KHCC က ထုတ်ပြန် ထားသည်။

စစ်ဘေးရှောင်များ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရန်အတွက် မိုင်းရှင်းလင်းရေးကို မြောက်ပိုင်း စစ်ဌာန ချုပ်မှ လုပ်ဆောင်ပေးနေသည်။

“စစ်တပ်နဲ့ကျတော့ ကျနော်တို့ ခုနပြောတဲ့အတိုင်း ဒီ မိုင်းရှင်းလင်းရေး နေရာမှာ ကျနော်တို့က နိုင်ငံ တကာ အားလုံး ပါဝင်တဲ့ ဆန္ဒရှိတယ်။ ဒါပေမယ့် လုံခြုံရေးအရ သူကတော့ စစ်တပ်ပဲ လုပ်ပေးမယ်ဆိုတဲ့ သဘောတူညီချက်တွေ ကျနော်တို့ကိုပေးတယ်။ နောက်တစ်ခုကတော့ ကျနော်တို့ကတော့ KIO ဧရိယာက IDP တွေ လာတဲ့အချိန်မှာ စစ်တပ်ကို ဖြတ်ရတဲ့အချိန်မှာ စစ်လားမြန်းလားတွေ ကျနော်တို့နဲ့ ညှိနှိုင်းထားတာ တွေရှိတယ်” ဟု ဒေါက်တာ ခါလမ်ဆမ်ဆွန်က ပြောသည်။

ထို့ကြောင့် ကချင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်နေသည့် လုပ်ငန်းများအား အရှိန်အဟုန်တိုးမြင့် လုပ်ဆောင်နိုင်ရေး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့မှ ပံ့ပိုးကူညီပေးရန် ကချင်ဒေသရှိ စစ်ဘေးရှောင် ပြည်သူ များအား ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) က ဒီဇင်ဘာလ ၈ ရက်နေ့ က ထုတ်ပြန် တောင်းဆိုထား သည်။

KHCC အနေဖြင့် NRPC မှ ဖွဲ့စည်းပေးထားသည့် “ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ ရသူများ(IDPs) ပြန်လည် နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့” နှင့် ဆွေးနွေးညှိနှိုင်းကာ ကချင် ဒေ သရှိ စစ်ဘေးရှောင်ပြည်သူများ မူလနေရပ်ပြန်နိုင်ရေး လုပ်ငန်းများကို စတင်အကောင်အထည်ဖော်ဆောင် ရွက်လျှက်ရှိရာ ထိုလုပ်ငန်းများ အရှိန်အဟုန်တိုးမြင့်ဆောင်ရွက်နိုင်ရေး နိုင်ငံတော် အကြီးအကဲများ၏ ပံ့ပိုးလမ်း ညွန်မှုနှင့် တွန်းအားပေးမှုများ လိုအပ်နေသည်ဟု ဆိုသည်။

ဒေါက်တာခါလမ်ဆမ်ဆွန် က “နောက်ပြီးမှ IDP နဲ့ စိန်ခေါ်မှုကတော့ အခုနပြော တဲ့အတိုင်းပေါ့ ပြန်ချင်တဲ့ သူ တွေရှိတယ်။ နေရာအသစ်ရှာချင် တဲ့သူတွေရှိတယ်။ ပြန်ရမှာ စိုးရိမ်ပြီးမှ မပြန်ချင်တဲ့သူတွေရှိတယ်။ နောက်ပြီး မှ နိုင်ငံတကာနဲ့အရတော့ စံချိန် စံနှုန်းအရပဲ သူတို့က ကူညီချင်တယ်။ ပြီးရင်သူတို့က ဒီ IDP ကို သူတို့က လက်ရှိ Emergency assistance တွေကတော့ သူတို့မကူညီချင်တော့ဘူး။ သူတို့က ဒီ Return နဲ့ ဒီ Return မှာ Livelihood အတွက်ပဲ ပိုပြီးမှ ဦး စားပေးလာတယ်။ ဆိုတော့ ဒီအပိုင်းတွေပေါ့ သူတို့နဲ့ ကျနော်တို့ စိန်ခေါ်မှှု နောက် နိုင်ငံတကာ စံချိန်စံညွှန်းအရ ပဲ ကူညီမယ်ဆိုရင်တော့ သူတို့နဲ့တော့ ကျနော်တို့ တော်တော်ကို challenge ကတော့ တော်တော်များပါတယ်” ဟု ဆက်ပြောသည်။

နောက်ထပ် စိန်ခေါ်မှု တစ်ခုက KHCC နဲ့ အရပ်ဖက် လူထု အခြေပြု အဖွဲ့အစည်းတွေ အကြား နားလည်မှု မရှိတဲ့ ပြဿနာ ဖြစ်တယ်လို့ ဆက်ပြောသည်။

“နောက် ကျနော်တို့ KHCC နဲ့ CSO ကြားထဲမှာလည်း နားလည်မှုတွေ မရှိကြဘူး။ လွဲမှားမှုတွေရှိကြတာပေါ့ ကျနော်တို့က ကျနော်ပြောတယ် ကျနော်တို့ ဒီ KHCC က အသင်းတော် ဘာသာရေး ခေါင်းဆောင်တွေ ကျနော် တို့က ပရိတ်သတ်ရှိတယ်။ လူထုရှိတယ်။ လူထုရဲ့ အသံကျနော်တို့ အမြဲတမ်းကြားတယ်။ CSO က လူထု မရှိ ဘူး။ သူတို့က faction အတွက်ပဲ သူတို့က လုပ်တယ်ဆိုတော့ သူတို့က နားပူစရာ မရှိဘူး။ နားပူစရာ သူတို့ မခံရဘူးပေါ့။ ကျနော်တို့က နားပူစရာ ခံရတယ်။ ဆိုတော့ ဒီဟာမျိုးမှာ လုပ်ဆောင်မှု အပိုင်းမှာ နည်းနည်း ကွဲလွဲ မှုတွေ စိန်ခေါ်မှုတွေရှိတာပေါ့။ အဲဒါမျိုးတွေပေါ့ အဖက်ဖက်က ရှိနေပါတယ်။”

ဝိုင်းမော်မြို့နယ်၊ ဒဘတ်ယန်ကျေးရွာမှ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန်အတွက် နိုဝင်ဘာလ ၁၂ ရက်နေ့က ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဌာန နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကျေးရွာ အတွင်း ကွင်းဆင်းစစ်ဆေးမှုများကို လုပ်ဆောင်နေသည်သာမက နေရပ်ပြန်မည့်သူများ၏ စာရင်းများကိုလည်း ကောက်ယူခဲ့ကြသည်။

နေရပ်ပြန်ရေး နာမည်စာရင်းပေးထားကြသည့် စစ်ရှောင်များကလည်း လုံခြုံရေးအပြင် နေထိုင်စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ပြန်လည်ထူူထောင်ရေးလုပ်ငန်းများ အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများက အာမခံချက်ရှိရှိဖြင့် ကူညီလုပ်ဆောင်ပေး ရန် လိုအပ်ကြောင်း တောင်းဆိုထားသည်။

ကချင်စစ်ရှောင်များနေရပ်ပြန်နိုင်ရေး KHCC က လုပ်ဆောင်လျှက်ရှိရာ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျေးရွာ ပေါင်း ၁၈ ရွာက စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး စီစဉ်နေသည်ဟု KHCC က ပြောသည်။

*** ZAWGYI ***
ကခ်င္စစ္ေရွာင္ ေနရပ္ျပန္ေရး ဘက္ေပါင္းစံု စိန္ေခၚမႈ ရွိေနေၾကာင္း KHCC ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၁၈ ရက္။

ကခ်င္စစ္ေရွာင္မ်ား ေနရပ္ျပန္ေရး အေကာင္အထည္ေဖာ္မႈမ်ားတြင္ စိန္ေခၚမႈမ်ား ရွိေနသည္ဟု ကခ်င္ေဒသရွိ စစ္ေဘးေရွာင္ ျပည္သူမ်ားအား ကူညီ ေစာင့္ေရွာက္ေရး ေကာ္မတီ (KHCC) က ေျပာသည္။

၂၀၂၁ ႏွစ္ဆန္းပိုင္းေနရပ္ျပန္ႏိုင္ေရး အေကာင္အထည္ေဖာ္ေနေသာ KHCC သည္ အစိုးရအဖြဲ႕မဟုတ္ပဲ ဘာသာေရးအဖြဲ႕ အစည္းမ်ားျဖင့္ ဖြဲ႕စည္းထားသည့္ အဖြဲ႕ ျဖစ္သည့္အေလ်ာက္ ဘက္ေပါင္းစံု၏ ပူးေပါင္းေဆာင္ရြက္မႈမ်ား လိုအပ္ေနသည္ဟု KHCC ဥကၠ႒ ေဒါက္တာခါလမ္ဆမ္ဆြန္ က ေျပာ သည္။

“က်ေနာ္တို႔ကေတာ့ အဖြဲ႔အစည္းတိုင္းနဲ႔ စိန္ေခၚမႈရွိတယ္။ ပထမဦးဆံုးကေတာ့ က်ေနာ္တို႔ အစိုးရနဲ႔ စိန္ေခၚမႈရွိ တယ္။ ဘာေၾကာင့္လဲ အစိုးရက တရား၀င္ျပန္တဲ့အခ်ိန္မွာ သူတို႔ရဲ႕ လုပ္ေဆာင္မႈ ပါ၀င္မႈလည္း လိုတယ္။ ဒါေပ မယ့္ ပါ၀င္မႈအပိုင္းမွာ တစ္ခါတစ္ေလ ရံုး လုပ္ထံုးလုပ္နည္းအရ ေမးလားျမန္းလားေတြ သိပ္မ်ားလာတဲ့ အခ်ိန္ မွာ စစ္ေရွာင္ေတြက စိတ္မရွည္ႏိုင္ဘူး။ စာရင္းကလည္း ခနခန လာေကာက္တယ္။ ေနာက္ၿပီးမွ ဘာမွ အေကာင္အထည္ေဖာ္မႈ မရွိဘူးဆိုေတာ့ အဲဒီကိစၥေတြမွာ က်ေနာ္တို႔က အၿမဲတမ္းေျပာေနတာကေတာ့ စာရင္း ေကာက္တဲ့ အခ်ိန္မွာ အထူးသျဖင့္ေတာ့ စာရင္းဆိုတဲ့ ေနရာမွာ က်ေနာ္တို႔နဲ႔ ဒီမွတ္ပံုတင္ကိစၥေပါ့ ဒီေနရာမွာ က်ေနာ္တို႔က အၿမဲတမ္းေျပာတယ္။ အသက္ရွင္တဲ့ပုဂၢိဳလ္ေတြ အားလံုးလုပ္ေပးပါ။ ဘယ္ေနရာ သြားတယ္ ဘာ လုပ္တယ္ မေမးပါနဲ႔ ဆိုရင္ အားလံုးတစ္ေန႔ျပန္လာမွာပါ။ ဆိုေတာ့ အဲဒါေတြကိုေျပာတယ္။”

အဆိုပါ ကိစၥရပ္မ်ား အဆင္ေျပႏုိင္ေရး KHCC အေနျဖင့္ အစိုးရဌာနဆုိင္ရာမ်ားနွင့္လည္း ညွိႏိႈင္းေဆာင္ရြက္မႈ မ်ား လုပ္ေဆာင္ေနရသည္ဟု ေဒါက္တာခါလမ္ဆမ္ဆြန္ က ေျပာသည္။

“အစိုးရနဲ႔လည္း အခုန ေျပာတဲ့အတိုင္း စိန္ေခၚမႈ ေတြ ဥပမာ က်ေနာ္တို႔ Return အတြက္ သစ္လုပ္ငန္း အတြက္ အိမ္ေဆာက္ဖို႔ ပ်ဥ္ေတြလိုတဲ့အခ်ိန္ေတြမွာ သစ္ကားေတြ ဖမ္းေပးတာမ်ိဳးတို႔ မတရား ပိုက္ဆံေတာင္းတာတို႔ ေအာက္ေျခကေန အဲဒါမ်ိဳး လုပ္လာတဲ့ အခ်ိန္ မွာ က်ေနာ္တို႔ ညွိရတာေတြ ရွိတာေပါ့”

ကခ်င္ေဒသရွိ စစ္ေရွာင္ျပည္သူမ်ား ႏုိင္ငံတကာ စံခ်ိန္စံႏႈန္းမ်ားႏွင့္အညီ လံုၿခံဳစိတ္ခ်စြာ ေနရပ္ျပန္ႏိုင္ ေရးအတြက္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ မုိင္းအႏၱရာယ္ကာကြယ္ေရး အျမင္ဖြင့္ျခင္းမ်ားႏွင့္ ေျမျမဳပ္ မိုင္းမ်ား ရွင္းလင္းေရး လုပ္ငန္းမ်ားကိုလည္း ဆက္လက္ေဆာင္ရြက္ရန္ လိုအပ္သည္ဟု KHCC က ထုတ္ျပန္ ထားသည္။

စစ္ေဘးေရွာင္မ်ား လုံၿခဳံစိတ္ခ်စြာ ေနရပ္ျပန္ႏိုင္ရန္အတြက္ မိုင္းရွင္းလင္းေရးကို ေျမာက္ပိုင္း စစ္ဌာန ခ်ဳပ္မွ လုပ္ေဆာင္ေပးေနသည္။

“စစ္တပ္နဲ႔က်ေတာ့ က်ေနာ္တို႔ ခုနေျပာတဲ့အတိုင္း ဒီ မိုင္းရွင္းလင္းေရး ေနရာမွာ က်ေနာ္တို႔က ႏိုင္ငံ တကာ အားလံုး ပါ၀င္တဲ့ ဆႏၵရွိတယ္။ ဒါေပမယ့္ လံုၿခံဳေရးအရ သူကေတာ့ စစ္တပ္ပဲ လုပ္ေပးမယ္ဆိုတဲ့ သေဘာတူညီခ်က္ေတြ က်ေနာ္တို႔ကိုေပးတယ္။ ေနာက္တစ္ခုကေတာ့ က်ေနာ္တို႔ကေတာ့ KIO ဧရိယာက IDP ေတြ လာတဲ့အခ်ိန္မွာ စစ္တပ္ကို ျဖတ္ရတဲ့အခ်ိန္မွာ စစ္လားျမန္းလားေတြ က်ေနာ္တို႔နဲ႔ ညွိႏႈိင္းထားတာ ေတြရွိတယ္” ဟု ေဒါက္တာ ခါလမ္ဆမ္ဆြန္က ေျပာသည္။

ထို႔ေၾကာင့္ ကခ်င္စစ္ေရွာင္မ်ား ေနရပ္ျပန္ႏိုင္ေရး လုပ္ေဆာင္ေနသည့္ လုပ္ငန္းမ်ားအား အရွိန္အဟုန္တိုးျမင့္ လုပ္ေဆာင္ႏုိင္ေရး နုိင္ငံေတာ္အစိုးရ၊ တပ္မေတာ္တို႔မွ ပံ့ပိုးကူညီေပးရန္ ကခ်င္ေဒသရွိ စစ္ေဘးေရွာင္ ျပည္သူ မ်ားအား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီ (KHCC) က ဒီဇင္ဘာလ ၈ ရက္ေန႔ က ထုတ္ျပန္ ေတာင္းဆိုထား သည္။

KHCC အေနျဖင့္ NRPC မွ ဖြဲ႕စည္းေပးထားသည့္ “ကခ်င္ျပည္နယ္အတြင္းရိွ ေနရပ္စြန္႔ခြာ ရသူမ်ား(IDPs) ျပန္လည္ ေနရာခ်ထားမႈ အေကာင္အထည္ေဖာ္ေရးဆုိင္ရာ လုပ္ငန္းအဖြဲ႕” ႏွင့္ ေဆြးေႏြးညွိႏိႈင္းကာ ကခ်င္ ေဒ သရွိ စစ္ေဘးေရွာင္ျပည္သူမ်ား မူလေနရပ္ျပန္ႏုိင္ေရး လုပ္ငန္းမ်ားကို စတင္အေကာင္အထည္ေဖာ္ေဆာင္ ရြက္လ်ွက္ရွိရာ ထိုလုပ္ငန္းမ်ား အရွိန္အဟုန္တုိးျမင့္ေဆာင္ရြက္ႏုိင္ေရး ႏုိင္ငံေတာ္ အႀကီးအကဲမ်ား၏ ပံ့ပိုးလမ္း ညြန္မႈႏွင့္ တြန္းအားေပးမႈမ်ား လိုအပ္ေနသည္ဟု ဆိုသည္။

ေဒါက္တာခါလမ္ဆမ္ဆြန္ က “ေနာက္ၿပီးမွ IDP နဲ႔ စိန္ေခၚမႈကေတာ့ အခုနေျပာ တဲ့အတိုင္းေပါ့ ျပန္ခ်င္တဲ့ သူ ေတြရွိတယ္။ ေနရာအသစ္ရွာခ်င္ တဲ့သူေတြရွိတယ္။ ျပန္ရမွာ စိုးရိမ္ၿပီးမွ မျပန္ခ်င္တဲ့သူေတြရွိတယ္။ ေနာက္ၿပီး မွ ႏိုင္ငံတကာနဲ႔အရေတာ့ စံခ်ိန္ စံႏႈန္းအရပဲ သူတို႔က ကူညီခ်င္တယ္။ ၿပီးရင္သူတို႔က ဒီ IDP ကို သူတို႔က လက္ရွိ Emergency assistance ေတြကေတာ့ သူတို႔မကူညီခ်င္ေတာ့ဘူး။ သူတို႔က ဒီ Return နဲ႔ ဒီ Return မွာ Livelihood အတြက္ပဲ ပိုၿပီးမွ ဦး စားေပးလာတယ္။ ဆိုေတာ့ ဒီအပိုင္းေတြေပါ့ သူတို႔နဲ႔ က်ေနာ္တို႔ စိန္ေခၚမွႈ ေနာက္ ႏိုင္ငံတကာ စံခ်ိန္စံၫႊန္းအရ ပဲ ကူညီမယ္ဆိုရင္ေတာ့ သူတို႔နဲ႔ေတာ့ က်ေနာ္တို႔ ေတာ္ေတာ္ကို challenge ကေတာ့ ေတာ္ေတာ္မ်ားပါတယ္” ဟု ဆက္ေျပာသည္။

ေနာက္ထပ္ စိန္ေခၚမႈ တစ္ခုက KHCC နဲ႔ အရပ္ဖက္ လူထု အေျချပဳ အဖြဲ႔အစည္းေတြ အၾကား နားလည္မႈ မရွိတဲ့ ျပႆနာ ျဖစ္တယ္လို႔ ဆက္ေျပာသည္။

“ေနာက္ က်ေနာ္တို႔ KHCC နဲ႔ CSO ၾကားထဲမွာလည္း နားလည္မႈေတြ မရွိၾကဘူး။ လြဲမွားမႈေတြရွိၾကတာေပါ့ က်ေနာ္တို႔က က်ေနာ္ေျပာတယ္ က်ေနာ္တို႔ ဒီ KHCC က အသင္းေတာ္ ဘာသာေရး ေခါင္းေဆာင္ေတြ က်ေနာ္ တို႔က ပရိတ္သတ္ရွိတယ္။ လူထုရွိတယ္။ လူထုရဲ႕ အသံက်ေနာ္တို႔ အၿမဲတမ္းၾကားတယ္။ CSO က လူထု မရွိ ဘူး။ သူတို႔က faction အတြက္ပဲ သူတို႔က လုပ္တယ္ဆိုေတာ့ သူတို႔က နားပူစရာ မရွိဘူး။ နားပူစရာ သူတို႔ မခံရဘူးေပါ့။ က်ေနာ္တို႔က နားပူစရာ ခံရတယ္။ ဆိုေတာ့ ဒီဟာမ်ိဳးမွာ လုပ္ေဆာင္မႈ အပိုင္းမွာ နည္းနည္း ကြဲလြဲ မႈေတြ စိန္ေခၚမႈေတြရွိတာေပါ့။ အဲဒါမ်ိဳးေတြေပါ့ အဖက္ဖက္က ရွိေနပါတယ္။”

ဝိုင္းေမာ္ၿမိဳ႕နယ္၊ ဒဘတ္ယန္ေက်းရြာမွ စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ႏိုင္ရန္အတြက္ ႏိုဝင္ဘာလ ၁၂ ရက္ေန႔က ဝိုင္းေမာ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး၊ ေျမစာရင္းဌာန ႏွင့္ လူဝင္မႈႀကီးၾကပ္ေရးအဖြဲ႕မွ တာဝန္ရွိသူမ်ားက ေက်း႐ြာ အတြင္း ကြင္းဆင္းစစ္ေဆးမႈမ်ားကို လုပ္ေဆာင္ေနသည္သာမက ေနရပ္ျပန္မည့္သူမ်ား၏ စာရင္းမ်ားကိုလည္း ေကာက္ယူခဲ့ၾကသည္။

ေနရပ္ျပန္ေရး နာမည္စာရင္းေပးထားၾကသည့္ စစ္ေရွာင္မ်ားကလည္း လုံၿခံဳေရးအျပင္ ေနထိုင္စားေသာက္ေရး၊ ပညာေရး၊ က်န္းမာေရးႏွင့္ ျပန္လည္ထူူေထာင္ေရးလုပ္ငန္းမ်ား အတြက္ သက္ဆိုင္ရာ တာဝန္ရွိ သူမ်ားက အာမခံခ်က္ရွိရွိျဖင့္ ကူညီလုပ္ေဆာင္ေပး ရန္ လိုအပ္ေၾကာင္း ေတာင္းဆိုထားသည္။

ကခ်င္စစ္ေရွာင္မ်ားေနရပ္ျပန္ႏုိင္ေရး KHCC က လုပ္ေဆာင္လ်ွက္ရွိရာ ၂၀၂၁ ခုႏွစ္ ႏွစ္ဆန္းပိုင္းတြင္ ေက်းရြာ ေပါင္း ၁၈ ရြာက စစ္ေရွာင္မ်ား ေနရပ္ျပန္ႏိုုင္ေရး စီစဥ္ေနသည္ဟု KHCC က ေျပာသည္။