နမ္မတူ စစ်ရှောင်များ အခုအိမ်ပြန် အခုထွက်ပြေး ဖြစ်နေကြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်၊ မန်စံတိုက်နယ်အတွင်းက ယမန်နေ့က နေရပ်ပြန်သွားကြသည့် စစ်ရှောင် ဒေသခံ ၁၈၀ ကျော်သည် ထပ်မံဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် စစ်ဘေးလွှတ်ရာသို့ ထပ်မံထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ ည က စတင်ပြီး ပြန်လည်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ယခုခါ မန်စံတိုက်နယ်ထဲက စကားဝါ ရှမ်းဘုန်းတော်ကြီးကျောင်းကို ထပ်မံထွက်ပြေးလာရသည်ဟု အမည်မဖော်လိုသူ စစ်ရှောင်တစ်ဦး က ပြောသည်။

“ကျနော်တို့က မနေ့ပြန်တာ။ တချို့က ဟိုနေ့က ပြန်တယ်။ ကျနော်တို့ မနေ့ညနေက ရွာရောက်တယ်။ ညကျ တော့ တိုက်ပွဲပြန်ဖြစ်တဲ့အသံတွေ ကြားတယ်၊ သေနတ်သံတွေပြန်ကြားလာတယ်။ အဲ့ဒါ အခုပြန်ထွက်ပြေး ရတယ်။ တချို့က ညတွင်းပဲ ပြေးကြတယ်။ အိတ်တွေတောင်မှ မဖွင့်ရသေးဘူးလေနော်။ အားလုံးကြောက်ပြီး ပြန်ပြေးရတာပါ။”

အဆိုပါ စစ်ရှောင်များမှာ ယခုလ ၇ ရက်နေ့၊ ၉ ရက်နေ့ နှင့် ၁၀ ရက်နေ့တို့က ဖြစ်ပွားခဲ့သည့် တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောက်စီ RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား က တိုက်ပွဲများကြောင့် ၁၀ ရက်နီးပါး စစ်ဘေး ရှောင်ခဲ့ကြရာမှ ယမန်နေ့က နေရပ်သို့ ပြန်သွားခဲ့ကြခြင်းဖြစ်သည်။

ထို့သို့ ပြန်သွားသည့် ညတွင်ပင် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာသည့်အတွက် မန်စံကျေးရွာရှိ စကားဝါ ဘုန်း တော်ကြီးကျောင်းသို့ ပြန်လည်ထွက်ပြေးတိန်းရှောင်လာကြရခြင်းဖြစ်သည်။

နမ္မတူမြို့နယ်၊ မန်စံတိုက်နယ်အတွင်းက နမ့်တောင်းကုန်းအုပ်စုထဲက နားကျဲကျေးရွာအနီး RCSS နှင့် TNLA တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလသည့်အတွက် ပိန်းလုံ၊ နားကျဲ၊ နားကျိုင်း၊ ကွန်ကျောင်း ရွာသား ၁၈၀ ကျော် ဒီဇင်ဘာ လ ၁၈ ရက်နေ့ (ယနေ့)တွင် စကားဝါရှမ်းဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေသည်ဟု နမ္မတူမြို့နယ် ပြည် နယ်လွှတ်တော်အမတ် နန်းခမ်းအေးက ဆက်ပြောသည်။

“မနေ့ညကတည်းပြန်ပြေးလာကြတာ။ အခု ၁၈၀ ကျော်ပြီး ပြန်ပြေးလာတာ။ တိုက်ပွဲတွေပြန်ဖြစ်လာလို့ပါ။ ဒီ မန်စံ ရွှေစကားဝါကျောင်းမှာပဲ။ လက်ရှိတော့ ကျေးရွာမှာရှိတဲ့ မန်စံကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်ကော်မတီက ပဲ ကူညီပေးနေရတာပေါ့။ လိုအပ်တာတွေ ဆောင်ရွက်ပေးနေတယ်။ သူတို့အတွက် အကယ်၍ ကူညီပေးမယ် ဆိုရင်တော့ အနွေးထည်တွေ၊ စောင်တွေ လိုအပ်တာပေါ့နော်။ ကျမတို့ နမ္မတူမှာက ၂၀၁၇ ခုနှစ်ကနေ အခုချိန် အထိက ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပြီနော်။”

ယခုတိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသများသည် ၂၀၁၇-၂၀၁၈ ခုနှစ်ကတည်းက စစ်ရေးတင်းမာမှုများ၊ တိုက်ပွဲ များ ဖြစ်ပွားနေခဲ့ရာ ယနေ့အချိန်ထိ တစ်စုံတစ်ရာ ဖြေရှင်းနိုင်ခြင်း မရှိသေးသည့်အပေါ် ဒေသခံများက စိုးရိမ်နေ ကြပြီး မျော်လင့်ချက်မဲ့လာနေသကဲ့သို့ ခံစားရသည်ဟု ဒေသခံများက ပြောသည်။

“အဲ့ဒီအတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး သူများပြောသလို ငြိမ်းချမ်းစေချင်တယ်၊ နှစ်ဖက်ဆွေးနွေးစေချင်တယ်ဆို တာတွေထက် ခံရတဲ့သူတွေအတွက် ပိုပြီး စဉ်းစားပေးစေချင်တယ်။ အဲ့ဒါက မဖြစ်နိုင်တဲ့အတွက် တခြားတော့ ဘာမှ သိပ်ပြောစရာမရှိဘူး” ဟု နန်းခမ်းအေး က ဆက်ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောက်စီ RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က နှစ်ဖက်ကိုယ်စားလှယ်များက ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ လျော့ချနိုင်ရေးအတွက် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။

ထိုဆက်သွယ်ဆွေးနွေးမှုနှင့် ပတ်သက်၍ “အဲ့ဒါက မပြောတတ်ဘူး။ တကယ်တော့ ကျမတို့ဒေသမှာက အဲ့ဒီ နှစ်ဖွဲ့ ပဲရှိတာမဟုတ်ဘူး။ တခြားလက်နက်ကိုင်အဖွဲ့တွေလည်း အများကြီးရှိတယ်။ အဖွဲ့အစည်းတွေက အရမ်း များနေတယ်။ သူတို့နှစ်ဖွဲ့ပဲ ရှိတာမဟုတ်ဘူးလေနော်” ဟု နန်းခမ်းအေး က ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ နှစ်ဖက်တပ်တာဝန်ရှိသူများအား ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက် သွယ်၍ မရခဲ့ပေ။

သို့သော် ယမန်နေ့ညက ပြန်လည်ဖြစ်ပွားလာသည့် တိုက်ပွဲနှင့်ပတ်သက်၍ “နမ္မတူမြို့နယ်၊ ညောင်ဆွယ် ကျေး ရွာ၌ ယနေ့ ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် RCSS တပ်ဖွဲ့က တအာင်းတပ်မတော်အား ထပ်မံ ကျူးကျော် တိုက် ခိုက်ခဲ့သည်။ ဒီဇင်ဘာလအတွင်း RCSS တပ်ဖွဲ့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် တအာင်းတပ်မတော်နှင့် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပီးဖြစ်သည်” ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။

နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများကြောင့် ဒီဇင်ဘာလ ၁၀ ရက်နေ့က နမ္မတူမြို့နယ် နမ့်ပိုင် ကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး အပါ အဝင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြပြီး စစ်ရှောင် ၂၄၀ ကျော် စစ်ဘေးတိန်းရှောင် ခဲ့ကြရသည်။

*** ZAWGYI ***
နမၼတူ စစ္ေရွာင္မ်ား အခုအိမ္ျပန္ အခုထြက္ေျပး ျဖစ္ေနၾက

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၁၈ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း နမၼတူၿမိဳ႕နယ္၊ မန္စံတုိက္နယ္အတြင္းက ယမန္ေန႔က ေနရပ္ျပန္သြားၾကသည့္ စစ္ေရွာင္ ေဒသခံ ၁၈၀ ေက်ာ္သည္ ထပ္မံျဖစ္ပြားလာသည့္ တုိက္ပြဲမ်ားေၾကာင့္ စစ္ေဘးလႊတ္ရာသို႔ ထပ္မံထြက္ေျပးေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။

ယမန္ေန႔ ည က စတင္ၿပီး ျပန္လည္ျဖစ္ပြားလာသည့္ တုိက္ပြဲမ်ားေၾကာင့္ ယခုခါ မန္စံတုိက္နယ္ထဲက စကားဝါ ရွမ္းဘုန္းေတာ္ႀကီးေက်ာင္းကို ထပ္မံထြက္ေျပးလာရသည္ဟု အမည္မေဖာ္လိုသူ စစ္ေရွာင္တစ္ဦး က ေျပာသည္။

“က်ေနာ္တုိ႔က မေန႔ျပန္တာ။ တခ်ိဳ႕က ဟိုေန႔က ျပန္တယ္။ က်ေနာ္တုိ႔ မေန႔ညေနက ရြာေရာက္တယ္။ ညက် ေတာ့ တုိက္ပြဲျပန္ျဖစ္တဲ့အသံေတြ ၾကားတယ္၊ ေသနတ္သံေတြျပန္ၾကားလာတယ္။ အဲ့ဒါ အခုျပန္ထြက္ေျပး ရတယ္။ တခ်ိဳ႕က ညတြင္းပဲ ေျပးၾကတယ္။ အိတ္ေတြေတာင္မွ မဖြင့္ရေသးဘူးေလေနာ္။ အားလံုးေၾကာက္ၿပီး ျပန္ေျပးရတာပါ။”

အဆိုပါ စစ္ေရွာင္မ်ားမွာ ယခုလ ၇ ရက္ေန႔၊ ၉ ရက္ေန႔ ႏွင့္ ၁၀ ရက္ေန႔တုိ႔က ျဖစ္ပြားခဲ့သည့္ တပ္မေတာ္၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာက္စီ RCSS ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP၊ တအန္း (ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA တို႔အၾကား က တိုက္ပြဲမ်ားေၾကာင့္ ၁၀ ရက္နီးပါး စစ္ေဘး ေရွာင္ခဲ့ၾကရာမွ ယမန္ေန႔က ေနရပ္သို႔ ျပန္သြားခဲ့ၾကျခင္းျဖစ္သည္။

ထို႔သို႔ ျပန္သြားသည့္ ညတြင္ပင္ တိုက္ပြဲမ်ား ထပ္မံျဖစ္ပြားလာသည့္အတြက္ မန္စံေက်းရြာရွိ စကားဝါ ဘုန္း ေတာ္ႀကီးေက်ာင္းသို႔ ျပန္လည္ထြက္ေျပးတိန္းေရွာင္လာၾကရျခင္းျဖစ္သည္။

နမၼတူၿမိဳ႕နယ္၊ မန္စံတိုက္နယ္အတြင္းက နမ့္ေတာင္းကုန္းအုပ္စုထဲက နားက်ဲေက်းရြာအနီး RCSS ႏွင့္ TNLA တုိ႔အၾကား တုိက္ပြဲမ်ား ျပန္လည္ျဖစ္ပြားလသည့္အတြက္ ပိန္းလုံ၊ နားက်ဲ၊ နားက်ိဳင္း၊ ကြန္ေက်ာင္း ႐ြာသား ၁၈၀ ေက်ာ္ ဒီဇင္ဘာ လ ၁၈ ရက္ေန႔ (ယေန႔)တြင္ စကားဝါရွမ္းဘုန္းေတာ္ႀကီးေက်ာင္းတြင္ ေရာက္ရွိေနသည္ဟု နမၼတူၿမိဳ႕နယ္ ျပည္ နယ္လႊတ္ေတာ္အမတ္ နန္းခမ္းေအးက ဆက္ေျပာသည္။

“မေန႔ညကတည္းျပန္ေျပးလာၾကတာ။ အခု ၁၈၀ ေက်ာ္ၿပီး ျပန္ေျပးလာတာ။ တိုက္ပြဲေတြျပန္ျဖစ္လာလို႔ပါ။ ဒီ မန္စံ ေရႊစကားဝါေက်ာင္းမွာပဲ။ လက္ရွိေတာ့ ေက်းရြာမွာရွိတဲ့ မန္စံေက်းရြာမွာရွိတဲ့ စစ္ေဘးေရွာင္ေကာ္မတီက ပဲ ကူညီေပးေနရတာေပါ့။ လိုအပ္တာေတြ ေဆာင္ရြက္ေပးေနတယ္။ သူတို႔အတြက္ အကယ္၍ ကူညီေပးမယ္ ဆုိရင္ေတာ့ အေႏြးထည္ေတြ၊ ေစာင္ေတြ လိုအပ္တာေပါ့ေနာ္။ က်မတို႔ နမၼတူမွာက ၂၀၁၇ ခုႏွစ္ကေန အခုခ်ိန္ အထိက ျဖစ္ရိုးျဖစ္စဥ္လို ျဖစ္ေနၿပီေနာ္။”

ယခုတုိ္က္ပြဲမ်ား ျဖစ္ပြားေနသည့္ ေဒသမ်ားသည္ ၂၀၁၇-၂၀၁၈ ခုႏွစ္ကတည္းက စစ္ေရးတင္းမာမႈမ်ား၊ တုိက္ပြဲ မ်ား ျဖစ္ပြားေနခဲ့ရာ ယေန႔အခ်ိန္ထိ တစ္စံုတစ္ရာ ေျဖရွင္းႏုိင္ျခင္း မရွိေသးသည့္အေပၚ ေဒသခံမ်ားက စိုးရိမ္ေန ၾကၿပီး ေမ်ာ္လင့္ခ်က္မဲ့လာေနသကဲ့သို႔ ခံစားရသည္ဟု ေဒသခံမ်ားက ေျပာသည္။

“အဲ့ဒီအတြက္ ဒီကိစၥနဲ႔ ပတ္သက္ၿပီး သူမ်ားေျပာသလို ၿငိမ္းခ်မ္းေစခ်င္တယ္၊ ႏွစ္ဖက္ေဆြးေႏြးေစခ်င္တယ္ဆို တာေတြထက္ ခံရတဲ့သူေတြအတြက္ ပိုၿပီး စဥ္းစားေပးေစခ်င္တယ္။ အဲ့ဒါက မျဖစ္ႏိုင္တဲ့အတြက္ တျခားေတာ့ ဘာမွ သိပ္ေျပာစရာမရွိဘူး” ဟု နန္းခမ္းေအး က ဆက္ေျပာသည္။

ဒီဇင္ဘာလ ၁၀ ရက္ေန႔က ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာက္စီ RCSS ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP က ႏွစ္ဖက္ကိုယ္စားလွယ္မ်ားက ျဖစ္ပြားေနသည့္ စစ္ေရးပဋိပကၡမ်ား ေလ်ာ့ခ်ႏုိင္ေရးအတြက္ ဖုန္းျဖင့္ ဆက္သြယ္ေဆြးေႏြးခဲ့ၾကသည္။

ထိုဆက္သြယ္ေဆြးေႏြးမႈႏွင့္ ပတ္သက္၍ “အဲ့ဒါက မေျပာတတ္ဘူး။ တကယ္ေတာ့ က်မတို႔ေဒသမွာက အဲ့ဒီ ႏွစ္ဖြဲ႕ ပဲရွိတာမဟုတ္ဘူး။ တျခားလက္နက္ကိုင္အဖြဲ႕ေတြလည္း အမ်ားႀကီးရွိတယ္။ အဖြဲ႕အစည္းေတြက အရမ္း မ်ားေနတယ္။ သူတို႔ႏွစ္ဖြဲ႕ပဲ ရွိတာမဟုတ္ဘူးေလေနာ္” ဟု နန္းခမ္းေအး က ဆက္ေျပာသည္။

အဆိုပါ တုိက္ပြဲမ်ားႏွင့္ ပတ္သက္၍ ႏွစ္ဖက္တပ္တာဝန္ရွိသူမ်ားအား ဖုန္းျဖင့္ ဆက္သြယ္ခဲ့ေသာ္လည္း ဆက္ သြယ္၍ မရခဲ့ေပ။

သို႔ေသာ္ ယမန္ေန႔ညက ျပန္လည္ျဖစ္ပြားလာသည့္ တုိက္ပြဲႏွင့္ပတ္သက္၍ “နမၼတူၿမိဳ႕နယ္၊ ေညာင္ဆြယ္ ေက်း ရြာ၌ ယေန႔ ဒီဇင္ဘာလ (၁၇)ရက္ေန႔တြင္ RCSS တပ္ဖြဲ႔က တအာင္းတပ္မေတာ္အား ထပ္မံ က်ဴးေက်ာ္ တိုက္ ခိုက္ခဲ့သည္။ ဒီဇင္ဘာလအတြင္း RCSS တပ္ဖြဲ႔၏ က်ဴးေက်ာ္တိုက္ခိုက္မႈေၾကာင့္ တအာင္းတပ္မေတာ္ႏွင့္ တိုက္ပြဲ ၄ ႀကိမ္ျဖစ္ပြားခ့ဲပီးျဖစ္သည္” ဟု PSLF/TNLA က ထုတ္ျပန္ထားသည္။

နမၼတူၿမိဳ႕နယ္အတြင္း တိုက္ပြဲမ်ား၊ စစ္ေရးတင္းမာမႈမ်ားေၾကာင့္ ဒီဇင္ဘာလ ၁၀ ရက္ေန႔က နမၼတူၿမိဳ႕နယ္ နမ့္ပိုင္ ေက်း႐ြာထဲ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲခဲ့သည့္အတြက္ ကိုယ္ဝန္သည္ အမ်ိဳးသမီးတစ္ဦး အပါ အဝင္ အမ်ိဳးသမီး ၃ ဦးႏွင့္ အမ်ိဳးသား ၁ ဦး တို႔ ထိခိုက္ ဒဏ္ရာရရွိခဲ့ၾကၿပီး စစ္ေရွာင္ ၂၄၀ ေက်ာ္ စစ္ေဘးတိန္းေရွာင္ ခဲ့ၾကရသည္။