ရှမ်းမြောက်ဒေသ ကချင်စစ်ရှောင်များ ခရစ္စမတ် အပြီး နေရပ်ပြန်မည်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်စစ်ဘေး ရှောင်များ ခရစ္စမတ်ပွဲ ကျင်းပပြီးနောက် နေရပ်ပြန်မည်ဟု ကချင်ဒေသ စစ်ဘေးရှောင်များအား ကူညီစောင့် ရှောက်ရေး ကော်မတီ KHCC က ပြောသည်။

ကချင်ဒေသ စစ်ဘေးရှောင်များအား ကူညီစောင့် ရှောက်ရေး ကော်မတီ KHCC အနေဖြင့် ကချင်ပြည်နယ် ရှိ စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကို လုပ်ဆောင်သကဲ့သို့ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင် စစ်ဘေး ရှောင်များ နေရပ်ပြန်ရေးကိုလည်း တစ်ပြိုင်တည်း လုပ်ဆောင်သွားမည်ဟု ဥက္ကဋ္ဌ ဒေါက်တာ ခါလမ်ဆမ်ဆွမ်က ပြောသည်။

“အခုတစ်ခါတည်း။ တစ်ပြိုင်တည်းလုပ်မှာ တစ်ခုစီတစ်ခုစီမဟုတ်ဘူး ဟိုဖက်ဆိုရင် အခု ကျနော်တို့ ခရစ်စ မတ်ပြီး တာနဲ့ သူတို့ပြန်တော့မယ်” ဟု ဒေါက်တာ ခါလမ်ဆမ်ဆွန် က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ နမ္မတူ စသည့် မြို့နယ် ၅ မြို့နယ်မှ စစ် ဘေးရှောင် စခန်း ၂၀ ကျော် ရှိသည့်အနက် နမ့်ခမ်းမြို့နယ်ရှိ စစ်ရှောင် စခန်း ၅ ခုက စစ်ဘေးရှောင်များ ခရစ်မတ်ပွဲပြီးနောက် နေရပ်ပြန်မည်ဟု KHCC က ဆိုသည်။

ဒေါက်တာ ခါလမ်ဆမ်ဆွန်က “Camp ကတော့ ၂၀ ကျော် ပတ်ဝန်းကျင်မှာ ရှိမယ်။ ဆိုတော့ အခုပြန်မယ့် ကမ့်တွေကတော့ နမ့်ခမ်းမြို့မှာရှိတဲ့ Camp တွေဖြစ်တယ်။ Camp ၅ ခု က စစ်ရှောင်တွေပြန်မှာ ဖြစ်တယ်။ လူဦးရေကတော့ အိမ်ထောင်စုကတော့ ၂၀၀ ကျော်တယ်။ ၂၅၀ လောက်ရှိပါတယ်” ဟုပြောသည်။

KHCC နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တို့ စစ်ဘေးရှောင်များ နေရပ် ပြန်ရေး မူဝါဒရေးဆွဲစဉ်က ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကို အစိုးရက မူဝါဒ ထဲတွင် ထည့်သွင်းခြင်း မပြုပဲ ကချင်ပြည်နယ် တစ်ခုတည်းကိုသာ ထည့်သွင်းရေးဆွဲလာသည့် အ တွက် ကချင်ပြည်နယ်အစား ကချင်ဒေသစစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်ရေး ကော်မတီဟု မြန် မာလို အမည်နာမကို သုံးနှုန်းခဲ့သည်ဟု ဒေါက်တာခါလမ်ဆမ်ဆွမ်က ဆိုသည်။

ထို့စကားလုံး အသုံးအနှုန်းအတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်ရေးအ တွက် NRPC ကနေတစ်ဆင့် ရှမ်းပြည်နယ်အစိုးရနှင့်လည်း ပြောဆိုဆွေးနွေးသွားရန်ရှိသည်ဟု KHCC ဥက္ကဋ္ဌ က ပြောသည်။

ဒေါက်တာခါလမ်ဆမ်ဆွန် က “ကချင်ဒေသဆိုတာ ရှမ်းမြောက်လည်း ပါတယ်။ နောက်ပြီး ကျနော်တို့ အသင်းတော် အနေနဲ့ ကြည့်ရတာ ဆိုတော့ ရှမ်းမြောက်မှာရှိတဲ့ ကျနော်တို့ အသင်းတော်တွေ တော်တော် များများ ရှိတယ်။ ဆိုတော့ အခုကျနော်တို့ နေရပ်ပြန်ရေးမှာ သူတို့အတွက် လည်း ကျနော်တို့က အမြဲတမ်း ထည့်ပါ တယ်။ သူတို့အတွက်လည်း ကျနော်တို့ဖြစ်လာတဲ့ ပြဿနာတွေကို ကျနော် တို့ NRPC ကနေတစ် ဆင့် ရှမ်း ပြည်နယ် အစိုးရနဲ့လည်း ကျနော်တို့ ပြောဖို့အစီစဉ်တွေ ရှိပါတယ်။ ဆိုတော့ အခု သူတို့ မန်ဝိန်း ကို ၅ ရွာပြန်မယ့် ကိစ္စတွေ အခု ကျနော်တို့ တင်ပြမှာ ဖြစ်တယ်။ ဆိုတော့ ရှမ်းမြောက်မှာ ရှိတဲ့ ကျနော်တို့ ကချင် ကျနော် တို့ရဲ့ လူထု တွေကလည်း ကျနော်တို့ KHCC ရဲ့ နေရပ်ပြန်ရေးမှာ ကျနော်တို့ ထည့်ထား ပါတယ်ဆိုတာ ပြောချင်ပါတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနည်းတူ ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ အစရှိသည့် မြို့နယ်များရှိ စစ်ဘေးရှောင်များမှာလည်း လာမည့်နှစ်အတွင်း နေရပ်ပြန်နိုင်အောင် KHCC ၊ အစိုးရ၊ တပ်မ တော်တို့ လုပ်ဆောင်လျက်ရှိသည်။

လက်ရှိတွင် ဝိုင်းမော်မြို့နယ် စစ်ရှောင်စခန်းများသို့ ရောက်ရှိနေသည့် ဒဘတ်ယာန်ကျေးရွာမှ စစ်ရှောင် များ နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များက အိမ်ထောင်စု စာရင်းကောက်ယူခြင်း၊ မြေနေရာ စီစစ်ခြင်းများ လုပ်ဆောင်ထားသကဲ့သို့ တပ်မတော်မှလည်း အဆိုပါကျေးရွာအား မိုင်းရှင်း လင်းရေး လုပ်ငန်း များကို လုပ်ဆောင်ပေးထားသည်ဟု သိရသည်။

ထို့အပြင် အိမ်ဆောက်လုပ်ရေးလုပ်ငန်းများကို လာမည့်နှစ်ဆန်းပိုင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းများ ပြီးမြောက်ပါက မတ်လအတွင်း စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်မည်ဟု KHCC က ဆိုသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင်များမှာ ၂၀၁၁ ခုနှစ်မှ စတင်ကာ တပ်မ တော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲ များကြောင့် မြို့နယ်အသီးသီးမှ ပြည်သူများမှာ နီးစပ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေး ရှောင်စခန်းတွင် စစ်ဘေးရှောင်များအဖြစ် နေထိုင်နေရ သည်မှာ ယနေ့ အချိန်အထိဖြစ်သည်။

*** ZAWGYI ***
ရွမ္းေျမာက္ေဒသ ကခ်င္စစ္ေရွာင္မ်ား ခရစၥမတ္ အၿပီး ေနရပ္ျပန္မည္

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၂၅ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ ကခ်င္စစ္ေဘး ေရွာင္မ်ား ခရစၥမတ္ပြဲ က်င္းပၿပီးေနာက္ ေနရပ္ျပန္မည္ဟု ကခ်င္ေဒသ စစ္ေဘးေရွာင္မ်ားအား ကူညီေစာင့္ ေရွာက္ေရး ေကာ္မတီ KHCC က ေျပာသည္။

ကခ်င္ေဒသ စစ္ေဘးေရွာင္မ်ားအား ကူညီေစာင့္ ေရွာက္ေရး ေကာ္မတီ KHCC အေနျဖင့္ ကခ်င္ျပည္နယ္ ရွိ စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ေရးကို လုပ္ေဆာင္သကဲ့သို႔ ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ ကခ်င္ စစ္ေဘး ေရွာင္မ်ား ေနရပ္ျပန္ေရးကိုလည္း တစ္ၿပိဳင္တည္း လုပ္ေဆာင္သြားမည္ဟု ဥကၠ႒ ေဒါက္တာ ခါလမ္ဆမ္ဆြမ္က ေျပာသည္။

“အခုတစ္ခါတည္း။ တစ္ၿပိဳင္တည္းလုပ္မွာ တစ္ခုစီတစ္ခုစီမဟုတ္ဘူး ဟိုဖက္ဆိုရင္ အခု က်ေနာ္တို႔ ခရစ္စ မတ္ၿပီး တာနဲ႔ သူတို႔ျပန္ေတာ့မယ္” ဟု ေဒါက္တာ ခါလမ္ဆမ္ဆြန္ က ေျပာသည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ ကြတ္ခိုင္၊ မူဆယ္၊ နမ့္ခမ္း၊ လားရႈိး၊ နမၼတူ စသည့္ ၿမိဳ႕နယ္ ၅ ၿမိဳ႕နယ္မွ စစ္ ေဘးေရွာင္ စခန္း ၂၀ ေက်ာ္ ရွိသည့္အနက္ နမ့္ခမ္းၿမိဳ႕နယ္ရွိ စစ္ေရွာင္ စခန္း ၅ ခုက စစ္ေဘးေရွာင္မ်ား ခရစ္မတ္ပြဲၿပီးေနာက္ ေနရပ္ျပန္မည္ဟု KHCC က ဆိုသည္။

ေဒါက္တာ ခါလမ္ဆမ္ဆြန္က “Camp ကေတာ့ ၂၀ ေက်ာ္ ပတ္၀န္းက်င္မွာ ရွိမယ္။ ဆိုေတာ့ အခုျပန္မယ့္ ကမ့္ေတြကေတာ့ နမ့္ခမ္းၿမိဳ႕မွာရွိတဲ့ Camp ေတြျဖစ္တယ္။ Camp ၅ ခု က စစ္ေရွာင္ေတြျပန္မွာ ျဖစ္တယ္။ လူဦးေရကေတာ့ အိမ္ေထာင္စုကေတာ့ ၂၀၀ ေက်ာ္တယ္။ ၂၅၀ ေလာက္ရွိပါတယ္” ဟုေျပာသည္။

KHCC ႏွင့္ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရး ၿငိမ္းခ်မ္းေရး ဗဟိုဌာန NRPC တို႔ စစ္ေဘးေရွာင္မ်ား ေနရပ္ ျပန္ေရး မူဝါဒေရးဆြဲစဥ္က ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ ကခ်င္စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ေရးကို အစိုးရက မူဝါဒ ထဲတြင္ ထည့္သြင္းျခင္း မျပဳပဲ ကခ်င္ျပည္နယ္ တစ္ခုတည္းကိုသာ ထည့္သြင္းေရးဆြဲလာသည့္ အ တြက္ ကခ်င္ျပည္နယ္အစား ကခ်င္ေဒသစစ္ေဘးေရွာင္မ်ားအား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီဟု ျမန္ မာလို အမည္နာမကို သံုးနႈန္းခဲ့သည္ဟု ေဒါက္တာခါလမ္ဆမ္ဆြမ္က ဆိုသည္။

ထို႔စကားလံုး အသံုးအႏႈန္းအတိုင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ကခ်င္စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ေရးအ တြက္ NRPC ကေနတစ္ဆင့္ ရွမ္းျပည္နယ္အစိုးရႏွင့္လည္း ေျပာဆိုေဆြးေႏြးသြားရန္ရွိသည္ဟု KHCC ဥကၠ႒ က ေျပာသည္။

ေဒါက္တာခါလမ္ဆမ္ဆြန္ က “ကခ်င္ေဒသဆိုတာ ရွမ္းေျမာက္လည္း ပါတယ္။ ေနာက္ၿပီး က်ေနာ္တို႔ အသင္းေတာ္ အေနနဲ႔ ၾကည့္ရတာ ဆိုေတာ့ ရွမ္းေျမာက္မွာရွိတဲ့ က်ေနာ္တို႔ အသင္းေတာ္ေတြ ေတာ္ေတာ္ မ်ားမ်ား ရွိတယ္။ ဆိုေတာ့ အခုက်ေနာ္တို႔ ေနရပ္ျပန္ေရးမွာ သူတို႔အတြက္ လည္း က်ေနာ္တို႔က အၿမဲတမ္း ထည့္ပါ တယ္။ သူတို႔အတြက္လည္း က်ေနာ္တို႔ျဖစ္လာတဲ့ ျပႆနာေတြကို က်ေနာ္ တို႔ NRPC ကေနတစ္ ဆင့္ ရွမ္း ျပည္နယ္ အစိုးရနဲ႔လည္း က်ေနာ္တို႔ ေျပာဖို႔အစီစဥ္ေတြ ရွိပါတယ္။ ဆိုေတာ့ အခု သူတို႔ မန္ဝိန္း ကို ၅ ရြာျပန္မယ့္ ကိစၥေတြ အခု က်ေနာ္တို႔ တင္ျပမွာ ျဖစ္တယ္။ ဆိုေတာ့ ရွမ္းေျမာက္မွာ ရွိတဲ့ က်ေနာ္တို႔ ကခ်င္ က်ေနာ္ တို႔ရဲ႕ လူထု ေတြကလည္း က်ေနာ္တို႔ KHCC ရဲ႕ ေနရပ္ျပန္ေရးမွာ က်ေနာ္တို႔ ထည့္ထား ပါတယ္ဆိုတာ ေျပာခ်င္ပါတယ္” ဟု ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းနည္းတူ ကခ်င္ျပည္နယ္ရွိ ျမစ္ႀကီးနား၊ ဝိုင္းေမာ္၊ ဗန္းေမာ္၊ မိုးေမာက္၊ အစရွိသည့္ ၿမိဳ႕နယ္မ်ားရွိ စစ္ေဘးေရွာင္မ်ားမွာလည္း လာမည့္ႏွစ္အတြင္း ေနရပ္ျပန္ႏိုင္ေအာင္ KHCC ၊ အစိုးရ၊ တပ္မ ေတာ္တို႔ လုပ္ေဆာင္လ်က္ရွိသည္။

လက္ရွိတြင္ ဝိုင္းေမာ္ၿမိဳ႕နယ္ စစ္ေရွာင္စခန္းမ်ားသို႔ ေရာက္ရွိေနသည့္ ဒဘတ္ယာန္ေက်းရြာမွ စစ္ေရွာင္ မ်ား ေနရပ္ျပန္ႏိုင္ေရးအတြက္ သက္ဆိုင္ရာ အာဏာပိုင္မ်ားက အိမ္ေထာင္စု စာရင္းေကာက္ယူျခင္း၊ ေျမေနရာ စီစစ္ျခင္းမ်ား လုပ္ေဆာင္ထားသကဲ့သို႔ တပ္မေတာ္မွလည္း အဆိုပါေက်းရြာအား မိုင္းရွင္း လင္းေရး လုပ္ငန္း မ်ားကို လုပ္ေဆာင္ေပးထားသည္ဟု သိရသည္။

ထို႔အျပင္ အိမ္ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို လာမည့္ႏွစ္ဆန္းပိုင္းတြင္ လုပ္ေဆာင္သြားမည္ျဖစ္ၿပီး ေဆာက္လုပ္ေရး လုပ္ငန္းမ်ား ၿပီးေျမာက္ပါက မတ္လအတြင္း စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ႏိုင္မည္ဟု KHCC က ဆိုသည္။

ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ စစ္ေဘးေရွာင္မ်ားမွာ ၂၀၁၁ ခုႏွစ္မွ စတင္ကာ တပ္မ ေတာ္ႏွင့္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA တို႔ တစ္ေက်ာ့ျပန္ ျပန္လည္ျဖစ္ပြားလာခဲ့သည့္ တိုက္ပြဲ မ်ားေၾကာင့္ ၿမိဳ႕နယ္အသီးသီးမွ ျပည္သူမ်ားမွာ နီးစပ္ရာ ေဒသမ်ားသို႔ ထြက္ေျပးတိမ္းေရွာင္ကာ စစ္ေဘး ေရွာင္စခန္းတြင္ စစ္ေဘးေရွာင္မ်ားအျဖစ္ ေနထိုင္ေနရ သည္မွာ ယေန႔ အခ်ိန္အထိျဖစ္သည္။