ရှမ်းတပ်နှင့် တအန်း တပ်တို့ ခရစ္စမတ်နေ့တွင် တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းကျောက်မဲမြို့နယ်တွင် ရှမ်းပြည် တပ်မတော် RCSS/SSA နှင့် တအာန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား ယနေ့ ဒီဇင်ဘာ ၂၅ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ လွယ်အံကျေးရွာအုပ်စု လွယ်အံကျေးရွာနှင့် ကောင်းခါးကျေးရွာကြားတွင် နှစ်ဘက်လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကောင်းခါးဒေသခံတစ်ဦးက ပြော သည်။

“ဒါက ဒီက လွယ်အံကျေးရွာမှာ မဟုတ်ဘူး ကောင်းခါးမှာလေ အဖွဲ့ပြောက်ကျားတွေက များနေတာ အခုမှ ရွာမှာ နောက်ပြန်လှည့်နေတာ အဲဒီရွာမှာလည်း ဖြစ်နေတုန်းအခု။”

ထို့အပြင် လက်နက်ကြီးသံများကိုလည်း ကောင်းခါးကျေးရွာကနေ ကြားနေရသည်ဟု အဆိုပါဒေသခံ က ဆိုသည်။ ကောင်းခါးကျေးရွာမှ လွယ်အံကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားပါက ၁၅ မိနစ်သာ ကြာသည် ဟု သိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းအုပ်ခေး က လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ကို အတည်ပြုသည်။

“လွယ်အံတောင် ကုန်းခါးရွာဖက်နားပေါ့လေ။ မိုင်းတင်းအနောက်ဖက်ကပေါ့နော။ TNLA တပ်ဖွဲ့ ကနေပြီး တော့ RCSS တပ်ဖွဲ့ရှိတဲ့နေရာကို အလစ်ဝင်တိုက်တယ်။ မနက် ၅ နာရီထိုးဖို့ ၁၀ မိနစ်အလိုလောက်မှာ စ ဖြစ်တယ်။ နေ့လည် ၁၁ နာရီလောက်မှ အသံငြိမ်သွားတယ်” ဟု ဒု-ဗိုလ်မှူးကြီး စိုင်းအုပ်ခေး က ပြောသည်။

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသည့် အခြေအနေများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မသိရသေး ဟု ဒု-ဗိုလ်မှူး ကြီး စိုင်းအုပ်ခေး က ဆိုသည်။

ပန်မခမ်းကျေးရွာမှ ဒေသခံတစ်ဦးကလည်း လက်နက်ငယ် လက်နက်ကြီးသံများကို ကျေးရွာကနေ ကြား နေရသော်လည်း နှစ်ဖက် အဖွဲ့အစည်းများအကြား တိုက်ပွဲဖြစ်ပွားခြင်းမျိုး မဟုတ်ပဲ တစ်ဖက်သတ် ပစ်ခတ် ခြင်းမျိုးလည်း ဖြစ်နိုင်သည် ဟု ပြောသည်။

“ဒီနေ့မနက် ၆ နာရီမတိုင်ခင် ၅ နာရီ ခွဲကျော် ၆ နာရီလောက်ပေါ့။ သူတို့ ၂ ဦးတွေ့လို့ပဲ အဲလို ၂ ဖက် တွေ့ လို့ပဲ တိုက်တာလား ဒါမှမဟုတ် သူတို့ဟာသူတို့ လမ်းဖွင့်ပြီး တက်လာတာလားတော့ မပြောတတ်ဘူး။ သူ တို့ လက်နက်ကြီးသံတော့ ဆူညံပွက်နေတာပဲ အကုန်လုံး လန့်ပြီး ထွက်ပြေးကုန်ကြတာ။”

ပစ်ခတ်သံများကို နံနက် ၅ နာရီခွဲမှ ၈ နာရီကျော်အထိ တစ်နာရီကျော်ကြာ ကြားရသည်ဟု ဆိုသည်။

လက်ရှိတွင် RCSS တပ်ဖွဲ့ဝင်များမှာ ၎င်းတို့ရွာထဲတွင် ရောက်ရှိနေသည်ဟု အဆိုပါ ပန်မခမ် ကျေးရွာမှ ဒေသခံ က ဆက်ပြောသည်။

“အခု ရွာထဲမှာ ရောက်နေလို့ သူတို့ဟာသူတို့တက်လာတာ RC တွေကလေ အခုလောလောဆယ် ရွာထဲ မှာ ပြည့်နေတယ် အများကြီးပဲ အင်အားတွေက။”

ယနေ့နံနက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ PSLF/TLA ဖက်မှ သဘောထားကို သိရှိနိုင်ရန် PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရသကဲ့သို့ ၎င်းတို့အဖွဲ့အစည်း အနေနှင့်လည်း တစ်စုံတစ်ရာ ထုတ်ပြန်ထား ခြင်း မရှိသေးပေ။

လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်တန့်နိုင်ရန်အတွက် RCSS/SSA အနေဖြင့် PSLF/TNLA နှင့် တွေ့ ဆုံဆွေးနွေးရန် လမ်းဖွင့်ထားသကဲ့သို့ PSLF/TNLA ကလည်း တွေ့ဆုံဆွေးနွေးရန် အသင့်ရှိသည်ဟု နှစ်ဖက် ပြောရေးဆိုခွင့်ရှိသူများက ပြောဆိုထားကြသည်။ သို့သော် တွေ့ဆုံဆွေးနွေးမှုများမှာ ဖြစ်ပေါ် လာခြင်း မရှိသေးပေ။

ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပေါ် ဒု-ဗိုလ်မှူးကြီး စိုင်းအုပ်ခေးက “ဒီလို နေ့ထူးနေ့မြတ် တကမ္ဘာလုံးကနေ မင်္ဂလာယူနေတဲ့ နေ့မျိုးမှာ မဖြစ်သင့်တဲ့ တိုက်ပွဲကြီးပေါ့လေ အဲဒီခါ ကျ တော့ အဲလိုမျိုးဆိုတော့ စိတ်တော့မကောင်းဘူးပေါ့။ ဒါပေမယ့် ဘယ်လိုပဲဖြစ်နေနေ TNLA ကနေပြီး တော့ စပြီးတော့ လာလာ တိုက်နေရင်တော့ မလွဲသာ မရှောင်သာ ပြန်ခုခံရတယ်။ အဲလိုမျိုး ပြီးတော့ TNLA က တော့ သူတို့ အဆင်ပြေရင် ပြေသလို အားရင်အားသလို RCSS တပ်ဖွဲ့ရှိတဲ့နေရာ သူတို့ သတင်းရတိုင်း အလစ်ဝင်တိုက်တယ် အဲလိုမျိုးဖြစ်နေတော့ တိုက်ပွဲက ဆက်ဖြစ်မလား ငြိမ်သွားမလား ဆိုတာကတော့ TNLA ဖက်ပဲ မူတည်တယ်နော်” ဟု ပြောသည်။

PSLF/TNLA ကလည်း RCSS/SSA သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် အခြေစိုက်သည့် တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းဖြစ်ပြီး ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးပြီးနောက် ရှမ်းပြည် နယ် မြောက်ပိုင်းသို့ ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်းနှင့် RCSS/SSA က ၎င်းတို့ တည်ရှိရာ တောင်ပိုင်းသို့ပြန်သွားမည်ဆိုပါက တိုက်ပွဲမှာလည်း ရပ်တန့်သွားမည်ဟု PSLF/TNLA က ပြောဆို ထားသည်။

ယခုလအစောပိုင်း ဒီဇင်ဘလာ ၅ ရက်က RCSS နှင့် SSPP တို့ ရှမ်းပြည် နယ် မြောက်ပိုင်းရှိ သီပေါမြို့နယ် လွယ်လမ်ကျေးရွာ အနားတွင် တိုက်ပွဲဖြစ်ပွားခဲ့သကဲ့သသို့ ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း RCSS နှင့် SSPP ၊ TNLA ပါဝင်သည့် မြောက်ပိုင်း မဟာမိတ်တို့ နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စုအတွင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။

ထို့အပြင် ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း နမ္မတူမြို့နယ် နားကဲကျေးရွာအနီးတွင်လည်း မြောက်ပိုင်း မဟာ မိတ် အဖွဲ့ဝင်များနှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့သကဲ့သို့ တပ်မတော်နှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို တိုက်ပွဲများကြောင့် ဒေသခံရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု စစ်ဘေးရှောင်များကို အကူအညီ ပေး နေသူများက ဆိုသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA သည် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်း ကိုးဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေး ထိုးထားသည့် အဖွဲ့ဖြစ်ပြီး တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA မှာ အပစ်ရပ်စာ ချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။

သို့သော် PSLF/TNLA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် ULA/AA၊ KIO/KIA၊ MNTJP/MNDAA (ကိုးကန့်) တို့ ၄ ဖွဲ့မှာ ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးနိုင်ရန် အတွက် အစိုးရ၊ တပ်မတော်နှင့် ညှိနှိုင်းနေဆဲဖြစ်သည့် အဖွဲ့အစည်းများဖြစ်သည်။

*** ZAWGYI ***
ရွမ္းတပ္ႏွင့္ တအန္း တပ္တို႔ ခရစၥမတ္ေန႔တြင္ တိုက္ပြဲျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၂၅ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းေက်ာက္မဲၿမိဳ့နယ္တြင္ ရွမ္းျပည္ တပ္မေတာ္ RCSS/SSA ႏွင့္ တအာန္း အမ်ဳိးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA တို႔အၾကား ယေန႔ ဒီဇင္ဘာ ၂၅ ရက္တြင္ တိုက္ပြဲျဖစ္ပြားခဲ့သည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ လြယ္အံေက်းရြာအုပ္စု လြယ္အံေက်းရြာႏွင့္ ေကာင္းခါးေက်းရြာၾကားတြင္ ႏွစ္ဘက္လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားအၾကား တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း ေကာင္းခါးေဒသခံတစ္ဦးက ေျပာ သည္။

“ဒါက ဒီက လြယ္အံေက်းရြာမွာ မဟုတ္ဘူး ေကာင္းခါးမွာေလ အဖြဲ႔ေျပာက္က်ားေတြက မ်ားေနတာ အခုမွ ရြာမွာ ေနာက္ျပန္လွည့္ေနတာ အဲဒီရြာမွာလည္း ျဖစ္ေနတုန္းအခု။”

ထို႔အျပင္ လက္နက္ႀကီးသံမ်ားကိုလည္း ေကာင္းခါးေက်းရြာကေန ၾကားေနရသည္ဟု အဆိုပါေဒသခံ က ဆိုသည္။ ေကာင္းခါးေက်းရြာမွ လြယ္အံေက်းရြာသို႔ ဆိုင္ကယ္ျဖင့္ သြားပါက ၁၅ မိနစ္သာ ၾကာသည္ ဟု သိရသည္။

ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS/SSA ေျပာေရးဆိုခြင့္ရွိသူ ဒု-ဗိုလ္မႉးႀကီး စိုင္းအုပ္ေခး က လည္း တိုက္ပြဲျဖစ္ပြားခဲ့သည္ကို အတည္ျပဳသည္။

“လြယ္အံေတာင္ ကုန္းခါးရြာဖက္နားေပါ့ေလ။ မိုင္းတင္းအေနာက္ဖက္ကေပါ့ေနာ။ TNLA တပ္ဖြဲ႔ ကေနၿပီး ေတာ့ RCSS တပ္ဖြဲ႔ရွိတဲ့ေနရာကို အလစ္၀င္တိုက္တယ္။ မနက္ ၅ နာရီထိုးဖို႔ ၁၀ မိနစ္အလိုေလာက္မွာ စ ျဖစ္တယ္။ ေန႔လည္ ၁၁ နာရီေလာက္မွ အသံၿငိမ္သြားတယ္” ဟု ဒု-ဗိုလ္မႉးႀကီး စိုင္းအုပ္ေခး က ေျပာသည္။

တိုက္ပြဲအတြင္း ထိခိုက္ဒဏ္ရာရသည့္ အေျခအေနမ်ားႏွင့္ပတ္သက္၍ တစ္စံုတစ္ရာ မသိရေသး ဟု ဒု-ဗိုလ္မႉး ႀကီး စိုင္းအုပ္ေခး က ဆိုသည္။

ပန္မခမ္းေက်းရြာမွ ေဒသခံတစ္ဦးကလည္း လက္နက္ငယ္ လက္နက္ႀကီးသံမ်ားကို ေက်းရြာကေန ၾကား ေနရေသာ္လည္း ႏွစ္ဖက္ အဖြဲ႔အစည္းမ်ားအၾကား တိုက္ပြဲျဖစ္ပြားျခင္းမ်ိဳး မဟုတ္ပဲ တစ္ဖက္သတ္ ပစ္ခတ္ ျခင္းမ်ိဳးလည္း ျဖစ္ႏိုင္သည္ ဟု ေျပာသည္။

“ဒီေန႔မနက္ ၆ နာရီမတိုင္ခင္ ၅ နာရီ ခြဲေက်ာ္ ၆ နာရီေလာက္ေပါ့။ သူတို႔ ၂ ဦးေတြ႕လို႔ပဲ အဲလို ၂ ဖက္ ေတြ႕ လို႔ပဲ တိုက္တာလား ဒါမွမဟုတ္ သူတို႔ဟာသူတို႔ လမ္းဖြင့္ၿပီး တက္လာတာလားေတာ့ မေျပာတတ္ဘူး။ သူ တို႔ လက္နက္ႀကီးသံေတာ့ ဆူညံပြက္ေနတာပဲ အကုန္လံုး လန္႔ၿပီး ထြက္ေျပးကုန္ၾကတာ။”

ပစ္ခတ္သံမ်ားကို နံနက္ ၅ နာရီခြဲမွ ၈ နာရီေက်ာ္အထိ တစ္နာရီေက်ာ္ၾကာ ၾကားရသည္ဟု ဆိုသည္။

လက္ရွိတြင္ RCSS တပ္ဖြဲ႔၀င္မ်ားမွာ ၎တို႔ရြာထဲတြင္ ေရာက္ရွိေနသည္ဟု အဆိုပါ ပန္မခမ္ ေက်းရြာမွ ေဒသခံ က ဆက္ေျပာသည္။

“အခု ရြာထဲမွာ ေရာက္ေနလို႔ သူတို႔ဟာသူတို႔တက္လာတာ RC ေတြကေလ အခုေလာေလာဆယ္ ရြာထဲ မွာ ျပည့္ေနတယ္ အမ်ားႀကီးပဲ အင္အားေတြက။”

ယေန႔နံနက္တြင္ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲအေျခအေနႏွင့္ ပတ္သက္၍ PSLF/TLA ဖက္မွ သေဘာထားကို သိရွိႏိုင္ရန္ PSLF/TNLA ၏ သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မႉး မိုင္းအိုက္ေက်ာ္ကို ဆက္သြယ္ ေသာ္လည္း ဆက္သြယ္၍ မရသကဲ့သို႔ ၎တို႔အဖြဲ႔အစည္း အေနႏွင့္လည္း တစ္စံုတစ္ရာ ထုတ္ျပန္ထား ျခင္း မရွိေသးေပ။

လက္ရွိ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားကို ရပ္တန္႔ႏိုင္ရန္အတြက္ RCSS/SSA အေနျဖင့္ PSLF/TNLA ႏွင့္ ေတြ႕ ဆံုေဆြးေႏြးရန္ လမ္းဖြင့္ထားသကဲ့သို႔ PSLF/TNLA ကလည္း ေတြ႕ဆံုေဆြးေႏြးရန္ အသင့္ရွိသည္ဟု ႏွစ္ဖက္ ေျပာေရးဆိုခြင့္ရွိသူမ်ားက ေျပာဆိုထားၾကသည္။ သို႔ေသာ္ ေတြ႕ဆံုေဆြးေႏြးမႈမ်ားမွာ ျဖစ္ေပၚ လာျခင္း မရွိေသးေပ။

ဒီဇင္ဘာလ ၂၅ ရက္ေန႔ ခရစၥမတ္ေန႔တြင္ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲအေပၚ ဒု-ဗိုလ္မႉးႀကီး စိုင္းအုပ္ေခးက “ဒီလို ေန႔ထူးေန႔ျမတ္ တကမၻာလံုးကေန မဂၤလာယူေနတဲ့ ေန႔မ်ိဳးမွာ မျဖစ္သင့္တဲ့ တိုက္ပြဲႀကီးေပါ့ေလ အဲဒီခါ က် ေတာ့ အဲလိုမ်ိဳးဆိုေတာ့ စိတ္ေတာ့မေကာင္းဘူးေပါ့။ ဒါေပမယ့္ ဘယ္လိုပဲျဖစ္ေနေန TNLA ကေနၿပီး ေတာ့ စၿပီးေတာ့ လာလာ တိုက္ေနရင္ေတာ့ မလြဲသာ မေရွာင္သာ ျပန္ခုခံရတယ္။ အဲလိုမ်ိဳး ၿပီးေတာ့ TNLA က ေတာ့ သူတို႔ အဆင္ေျပရင္ ေျပသလို အားရင္အားသလို RCSS တပ္ဖြဲ႔ရွိတဲ့ေနရာ သူတို႔ သတင္းရတိုင္း အလစ္၀င္တိုက္တယ္ အဲလိုမ်ိဳးျဖစ္ေနေတာ့ တိုက္ပြဲက ဆက္ျဖစ္မလား ၿငိမ္သြားမလား ဆိုတာကေတာ့ TNLA ဖက္ပဲ မူတည္တယ္ေနာ္” ဟု ေျပာသည္။

PSLF/TNLA ကလည္း RCSS/SSA သည္ ရွမ္းျပည္နယ္ ေတာင္ပိုင္းတြင္ အေျခစိုက္သည့္ တိုင္းရင္း သား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔အစည္းျဖစ္ၿပီး ၂၀၁၅ ခုႏွစ္ NCA လက္မွတ္ေရးထိုးၿပီးေနာက္ ရွမ္းျပည္ နယ္ ေျမာက္ပိုင္းသို႔ ၀င္ေရာက္လာသည့္အတြက္ တိုက္ပြဲျဖစ္ပြားရျခင္းျဖစ္ေၾကာင္းႏွင့္ RCSS/SSA က ၎တို႔ တည္ရွိရာ ေတာင္ပိုင္းသို႔ျပန္သြားမည္ဆိုပါက တိုက္ပြဲမွာလည္း ရပ္တန္႔သြားမည္ဟု PSLF/TNLA က ေျပာဆို ထားသည္။

ယခုလအေစာပိုင္း ဒီဇင္ဘလာ ၅ ရက္က RCSS ႏွင့္ SSPP တို႔ ရွမ္းျပည္ နယ္ ေျမာက္ပိုင္းရွိ သီေပါၿမိဳ႕နယ္ လြယ္လမ္ေက်းရြာ အနားတြင္ တိုက္ပြဲျဖစ္ပြားခဲ့သကဲ့သသို႔ ဒီဇင္ဘာလ ၇ ရက္ေန႔ကလည္း RCSS ႏွင့္ SSPP ၊ TNLA ပါ၀င္သည့္ ေျမာက္ပိုင္း မဟာမိတ္တို႔ နမၼတူၿမိဳ႕နယ္ မန္စံေက်းရြာအုပ္စုအတြင္းတြင္ တိုက္ပြဲ ျဖစ္ပြားခဲ့ေသးသည္ဟု သိရသည္။

ထို႔အျပင္ ဒီဇင္ဘာလ ၉ ရက္ေန႔ကလည္း နမၼတူၿမိဳ႕နယ္ နားကဲေက်းရြာအနီးတြင္လည္း ေျမာက္ပိုင္း မဟာ မိတ္ အဖြဲ႔၀င္မ်ားႏွင့္ RCSS တို႔ တိုက္ပြဲျဖစ္ပြားခဲ့သကဲ့သို႔ တပ္မေတာ္ႏွင့္လည္း တိုက္ပြဲျဖစ္ပြားခဲ့သည္။ ထို တိုက္ပြဲမ်ားေၾကာင့္ ေဒသခံရာႏွင့္ခ်ီ ထြက္ေျပးတိမ္းေရွာင္ခဲ့ရသည္ဟု စစ္ေဘးေရွာင္မ်ားကို အကူအညီ ေပး ေနသူမ်ားက ဆိုသည္။

ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS/SSA သည္ အျခားတိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အ စည္း ကိုးဖြဲ႔ႏွင့္အတူ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို လက္မွတ္ေရး ထိုးထားသည့္ အဖြဲ႔ျဖစ္ၿပီး တအန္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ PSLF/TNLA မွာ အပစ္ရပ္စာ ခ်ဳပ္ လက္မွတ္ေရးထိုးထားျခင္း မရွိေသးေပ။

သို႔ေသာ္ PSLF/TNLA ပါ၀င္သည့္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔၀င္မ်ားျဖစ္သည့္ ULA/AA၊ KIO/KIA၊ MNTJP/MNDAA (ကိုးကန္႔) တို႔ ၄ ဖြဲ႔မွာ ပဏာမ အပစ္ရပ္စာခ်ဳပ္ Bilateral လက္မွတ္ေရးထိုးႏိုင္ရန္ အတြက္ အစိုးရ၊ တပ္မေတာ္ႏွင့္ ညွိႏႈိင္းေနဆဲျဖစ္သည့္ အဖြဲ႔အစည္းမ်ားျဖစ္သည္။