မွန်ပြည်နယ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ရွေးကောက်ပွဲ ကန့်ကွက်လွှာ ၂၀ ကျော်တင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။

မွန်ပြည်နယ်အတွင်း၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ရွေးကောက်ပွဲ ကန့်ကွက် လွှာတင်သွင်းထားမှု ၂၃ ခု ရှိသည်ဟု မွန်ပြည်နယ်(USDP) ပါတီ ၏ ပြောရေးဆိုခွင့် ရှိသူ က ပြော သည်။

ကန့်ကွက်လွှာ ၂၃ ခုတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှုမရှိကြောင်း အကြောင်းပြပြီး ကော်မရှင်ကို ကန့်ကွက်ထားမှု ၁၈ ခုနှင့် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ် စားလှယ်ကို ကန့်ကွက်ထားမှု ၅ ခုရှိသည်ဟု မွန်ပြည်နယ် ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေးပါတီ(USDP) ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦး က ပြောသည်။

“UEC ကို ကန့်ကွက်ထားတာရှိသလို ကိုယ်စားလှယ်ကို ကန့်ကွက်ထားတာလဲရှိတယ်၊ ကိုယ်စားလှယ်ကို ကန့် ကွက်ထားတာက ၅ ယောက်ပေါ့နော် UEC ကို ပါတီက ကန့်ကွက်တာကတော့ ၁၈ ခုရှိတယ်၊ ကိုယ်စားလှယ်ကို ကန့်ကွက်တာနဲ့ ပတ်သက်ပြီးတော့ ဥပမာ မော်လမြိုင်မှာဆိုရင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၅) က NLD လွှတ်တော်ကိုယ်စားလှယ်က မဲဆန္ဒနယ်မြေအတွင်းမှာ ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ရဲစခန်းမှာ အမှုဖွင့်ထားတာရှိတယ်လေ အဲဒီအချက်ကိုယူပြီးတော့ ကန့်ကွက်တာဖြစ်တယ်” ဟု ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦးက ပြောသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကန့်ကွက်မှုကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲရလဒ်များ ကြေညာတဲ့နေ့မှစ၍ ၄၅ ရက်အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းရမည် ဖြစ်သည်။

ရွေးကောက်ပွဲ နည်းဥပဒေအရ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်နှင့် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှုမရှိကြောင်း အကြောင်းပြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ သတ် မှတ်ရက်အတွင်း ကန့်ကွက်လွှာ တင်သွင်းနိုင်သည်။

မွန်ပြည်နယ်အနေနှင့် ရွေးကောက်ပွဲရလဒ်များကို နိုဝင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲက ပြောသည်။

“နိုဝင်ဘာ ၁၀ ရက်နေ့မှာ လွှတ်တော်အားလုံးအတွက် (ရွေးကောက်ပွဲရလဒ်) တရားဝင် ကြေညာချက် ထွက် ထားတာပါ။ ၁၀ ရက်ကနေ အပေါင်း ၄၅ ရက်ပေါ့နော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ ကန့်ကွက်နိုင် တယ်။ ကန့်ကွက်လွှာတင်သွင်းမယ်ဆိုရင် တစ်ဦးကို ကန့်ကွက်မယ်ဆိုရင် နိုင်ငံတော်အမှုစရိတ် ၅ သိန်းပေး သွင်းရမယ်။ အဲဒီ ၅ သိန်းနဲ့အတူ သတ်မှတ်ထားတဲ့ပုံစံအတိုင်း ကန့်ကွက်လွှာတင်သွင်းလို့ရပါတယ်” ဟု မွန် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ မွန်ပြည်နယ်တွင် ကန့်ကွက်လွှာတင်သွင်းသူမရှိခဲ့ဟုလည်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူက ပြောသည်။

မွန်ပြည်နယ်တွင် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ၁၆ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၅၇ ဦး ဝင်ပြိုင်ခဲ့ကြပြီး ကိုယ်စားလှယ် ၄၅ ဦး ရွေးကောက်တင်မြှောက်ခံ ထား ရသည်။

ရွေးကောက်တင်မြှောက်ခံထားရသည့် ကိုယ်စားလှယ် ၄၅ ဦးတွင် NLD ပါတီက ၃၄ ဦးနှင့် မွန်ညီညွတ်ရေးပါတီ က ၁၁ ဦးတို့ ဖြစ်သည်။

*** ZAWGYI ***
မြန္ျပည္နယ္တြင္ ၾကံ့ခိုင္ဖြံ႔ၿဖိဳးေရး ပါတီက ေရြးေကာက္ပြဲ ကန္႔ကြက္လႊာ ၂၀ ေက်ာ္တင္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၂၅ ရက္။

မြန္ျပည္နယ္အတြင္း၌ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ (USDP) က ေ႐ြးေကာက္ပြဲ ကန႔္ကြက္ လႊာတင္သြင္းထားမႈ ၂၃ ခု ရွိသည္ဟု မြန္ျပည္နယ္(USDP) ပါတီ ၏ ေျပာေရးဆိုခြင့္ရွိသူ က ေျပာ သည္။

ကန႔္ကြက္လႊာ ၂၃ ခုတြင္ က်င္းပခဲ့ေသာ ေ႐ြးေကာက္ပြဲသည္ တရားမွ်တမႈမရွိေၾကာင္း အေၾကာင္းျပၿပီး ေကာ္မရွင္ကို ကန႔္ကြက္ထားမႈ ၁၈ ခုႏွင့္ ေ႐ြးေကာက္တင္ေျမႇာက္ခံရသည့္ လႊတ္ေတာ္ကိုယ္ စားလွယ္ကို ကန႔္ကြက္ထားမႈ ၅ ခုရွိသည္ဟု မြန္ျပည္နယ္ ျပည္ေထာင္စုႀကံံ့ခုိင္ေရးႏွင့္ ဖြံံ႔ၿဖိဳးေရးပါတီ(USDP) ေျပာေရးဆိုခြင့္ရွိသူ ဦးဝင္းေမာ္ဦး က ေျပာသည္။

“UEC ကို ကန႔္ကြက္ထားတာရွိသလို ကိုယ္စားလွယ္ကို ကန႔္ကြက္ထားတာလဲရွိတယ္၊ ကိုယ္စားလွယ္ကို ကန႔္ ကြက္ထားတာက ၅ ေယာက္ေပါ့ေနာ္ UEC ကို ပါတီက ကန႔္ကြက္တာကေတာ့ ၁၈ ခုရွိတယ္၊ ကိုယ္စားလွယ္ကို ကန႔္ကြက္တာနဲ႔ ပတ္သက္ၿပီးေတာ့ ဥပမာ ေမာ္လၿမိဳင္မွာဆိုရင္ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္အမွတ္ (၅) က NLD လႊတ္ေတာ္ကိုယ္စားလွယ္က မဲဆႏၵနယ္ေျမအတြင္းမွာ ေဆာင္႐ြက္ခဲ့တာနဲ႔ ပတ္သက္ၿပီးေတာ့ ရဲစခန္းမွာ အမႈဖြင့္ထားတာရွိတယ္ေလ အဲဒီအခ်က္ကိုယူၿပီးေတာ့ ကန႔္ကြက္တာျဖစ္တယ္” ဟု ပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးဝင္းေမာ္ဦးက ေျပာသည္။

ေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္ၿပီး ကန႔္ကြက္မႈကို သက္ဆိုင္ရာ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲမွ ေ႐ြးေကာက္ပြဲရလဒ္မ်ား ေၾကညာတဲ့ေန႔မွစ၍ ၄၅ ရက္အတြင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ထံ ကန႔္ကြက္လႊာတင္သြင္းရမည္ ျဖစ္သည္။

ေ႐ြးေကာက္ပြဲ နည္းဥပေဒအရ ေ႐ြးေကာက္တင္ေျမႇာက္ခံရသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ က်င္းပခဲ့ေသာ ေ႐ြးေကာက္ပြဲသည္ တရားမွ်တမႈမရွိေၾကာင္း အေၾကာင္းျပၿပီး ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထံ သတ္ မွတ္ရက္အတြင္း ကန႔္ကြက္လႊာ တင္သြင္းႏိုင္သည္။

မြန္ျပည္နယ္အေနႏွင့္ ေ႐ြးေကာက္ပြဲရလဒ္မ်ားကို ႏိုဝင္ဘာ ၁၀ ရက္ေန႔က ထုတ္ျပန္ေၾကညာထားသည္ဟု မြန္ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲက ေျပာသည္။

“ႏိုဝင္ဘာ ၁၀ ရက္ေန႔မွာ လႊတ္ေတာ္အားလုံးအတြက္ (ေ႐ြးေကာက္ပြဲရလဒ္) တရားဝင္ ေၾကညာခ်က္ ထြက္ ထားတာပါ။ ၁၀ ရက္ကေန အေပါင္း ၄၅ ရက္ေပါ့ေနာ္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္မွာ ကန႔္ကြက္ႏိုင္ တယ္။ ကန႔္ကြက္လႊာတင္သြင္းမယ္ဆိုရင္ တစ္ဦးကို ကန႔္ကြက္မယ္ဆိုရင္ ႏိုင္ငံေတာ္အမႈစရိတ္ ၅ သိန္းေပး သြင္းရမယ္။ အဲဒီ ၅ သိန္းနဲ႔အတူ သတ္မွတ္ထားတဲ့ပုံစံအတိုင္း ကန႔္ကြက္လႊာတင္သြင္းလို႔ရပါတယ္” ဟု မြန္ ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲ အတြင္းေရးမႉး ဦးဟိဏ္းလင္းထက္က ေျပာသည္။

၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းကေတာ့ မြန္ျပည္နယ္တြင္ ကန႔္ကြက္လႊာတင္သြင္းသူမရွိခဲ့ဟုလည္း မြန္ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲတာဝန္ရွိသူက ေျပာသည္။

မြန္ျပည္နယ္တြင္ ႏိုဝင္ဘာ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ေ႐ြးေကာက္ပြဲ၌ ႏိုင္ငံေရးပါတီ ၁၆ ပါတီႏွင့္ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္း စုစုေပါင္း ၂၅၇ ဦး ဝင္ၿပိဳင္ခဲ့ၾကၿပီး ကိုယ္စားလွယ္ ၄၅ ဦး ေ႐ြးေကာက္တင္ေျမႇာက္ခံ ထား ရသည္။

ေ႐ြးေကာက္တင္ေျမႇာက္ခံထားရသည့္ ကိုယ္စားလွယ္ ၄၅ ဦးတြင္ NLD ပါတီက ၃၄ ဦးႏွင့္ မြန္ညီၫြတ္ေရးပါတီ က ၁၁ ဦးတို႔ ျဖစ္သည္။