မွန်ပြည်နယ် COVID-19 ကူးစက်မှု ဆက်လက် မြင့်မားဆဲ၊ အစိုးရ လုပ်ဆောင်မှု လွှတ်တော် အားမရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။

မွန်ပြည်နယ်အတွင်း ဒီဇင်ဘာလအတွင်း COVID-19 ရောဂါကူးစက်မှု မြင့်တက်နေပြီး ပြည်နယ် လွှတ်တော်က ကန့်သတ်မှုများ တင်းတင်းကြပ်ကြပ် လုပ်စေလိုကြောင်း ပြောဆိုခဲ့သည်။

ပြည်နယ်အတွင်း နိုဝင်ဘာလမှစပြီး COVID-19 ကူးစက်မှုနှုန်း သိသိသာသာ မြင့်တက်လာခဲ့ပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာ နှစ်လနီးပါးအတွင်း၌ပင် ရောဂါကူးစက်ခံရသူ တစ်ထောင်နီးပါးအထိ ရှိလာခဲ့သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနစာရင်းများ အရသိရသည်။

COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရ၏ လုပ်ဆောင်ချက်တွေအပေါ် အားနည်း သည်ဆို ကာ ဝေဖန်မှုများရှိနေသည်။

မွန်ပြည်နယ်လွှတ်တော်ကလည်း ပြည်နယ်အစိုးရ၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အားနည်း သည့် အပေါ် စိစစ်ပြီး အစီရင်ခံစာ တင်သွင်းသွားရန်ရှိ နေသည်။

COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး စည်းကမ်းမလိုက်နာသူတွေကို ထိထိရောက်ရောက် အရေးယူ သင့်သည်ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ က ပြောသည်။

“အခု ၈ လ ၉ လရှိပြီ ကိုဗစ်အသက်ရှုလမ်းကြောင်းကူးစက်မှုဖြစ်နေတယ်။ ဘာကြောင့် ထိထိရောက်ရောက် အရေးမယူတာလဲ ပြည်သူကို သက်ညှာသလား ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြည်သူကို မသက်ညှာသင့်ဘူး။ ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ ကူးစက်ရောဂါဥပဒေလည်းရှိတယ်။ ဘေးအန္တရာယ်ဥပဒေလည်း ရှိတယ်။ ဒီဥပဒေအတိုင်းအရေးယူစေချင်တယ်” ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ က ပြောသည်။

လက်ရှိတွင် ပိုးတွေ့လူနာအများစုသည် ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာနှင့်ထိတွေ့မှုမရှိပဲ အနံ့ပျောက် လက္ခ ဏာပြရာမှတဆင့် ပိုးတွေ့ရှိမှု နေ့စဉ် တိုးလာနေသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနနှင့် ကိုဗစ်ကူးသ ရေးစင်တာမှ တာဝန်ရှိသူတို့က ပြောသည်။

“အုပ်ချုပ်ရေးပိုင်းရော ကျန်းမာရေးပိုင်းရော ဒီလောက် ကိုင်တွယ်နေပေမယ့်လည်း သိသိသာသာ လျော့ကျ သွားတာ မရှိဘူးပေါ့။ ကျနော် မြင်တာကတော့ နှစ်ပိုင်းပေါ့။ မွန်ပြည်နယ်ထဲကို ဝင်လာတဲ့လူရဲ့ ပြဿနာပေါ့ အဓိ က ရန်ကုန်ပြန် ရန်ကုန်ပြန်တော်တော်များများက ပိုးပြန်တွေ့တယ်၊ ဝင်လာတဲ့သူတွေက တချို့က စစ်တောင်း ဂိတ် မှာ ရောဂါစစ်ပြီး quarantine ဝင်တဲ့လူရှိတယ်။ နည်းလမ်းပေါင်းစုံနဲ့ ခိုးဝင်လာတဲ့လူတွေရှိတယ်။ အဲဒါ တစ်ပိုင်းပေါ့။ နောက်တစ်ပိုင်းက Stay at home ဘာညာ လုပ်ထားတယ် stay at home က မပီပြင်ဘူး။ လူ တွေက ဒီလိုပဲ သွားနေကြတယ်။ အပြင်ထွက်ရင်လည်း mask မတပ်တဲ့ ပြဿနာက ရှိနေတယ်” ဟု မော်လ မြိုင်မြို့ က Isolative Ward-3 တာဝန်ခံ ဒေါက်တာကျော်သက်စိုး က ပြောသည်။

ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ များပြားလာသည့်နောက် အတည်ပြုလူနာများကို ကုသပေးသည့် နေ ရာကို မော်လမြိုင်အပြင် သထုံမြို့တွင်လည်း ထပ်မံတိုးချဲ့ထားရသည့်အပြင် ထိတွေ့သူများကိုလည်း Quarantine center တွင် မထားရှိတော့ပဲ နေအိမ်တွင်သာ ထားရှိစောင့်ကြည့်မှု အစီအစဉ်ကိုလည်း လုပ် ဆောင်ထား ရသည်။

မွန်ပြည်နယ်တွင် ဒီဇင်ဘာ ၂၃ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၂၂၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၂ ဦးအထိ ရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

*** ZAWGYI
မြန္ျပည္နယ္ COVID-19 ကူးစက္မႈ ဆက္လက္ ျမင့္မားဆဲ၊ အစိုးရ လုပ္ေဆာင္မႈ လႊတ္ေတာ္ အားမရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၂၅ ရက္။

မြန္ျပည္နယ္အတြင္း ဒီဇင္ဘာလအတြင္း COVID-19 ေရာဂါကူးစက္မႈ ျမင့္တက္ေနၿပီး ျပည္နယ္ လႊတ္ေတာ္က ကန္႔သတ္မႈမ်ား တင္းတင္းၾကပ္ၾကပ္ လုပ္ေစလိုေၾကာင္း ေျပာဆိုခဲ့သည္။

ျပည္နယ္အတြင္း ႏိုဝင္ဘာလမွစၿပီး COVID-19 ကူးစက္မႈႏႈန္း သိသိသာသာ ျမင့္တက္လာခဲ့ၿပီး ႏိုဝင္ဘာႏွင့္ ဒီဇင္ဘာ ႏွစ္လနီးပါးအတြင္း၌ပင္ ေရာဂါကူးစက္ခံရသူ တစ္ေထာင္နီးပါးအထိ ရွိလာခဲ့သည္ဟု ျပည္နယ္ ျပည္သူ႔က်န္းမာေရးဌာနစာရင္းမ်ား အရသိရသည္။

COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ ပတ္သက္ၿပီး ျပည္နယ္အစိုးရ၏ လုပ္ေဆာင္ခ်က္ေတြအေပၚ အားနည္း သည္ဆို ကာ ေဝဖန္မႈမ်ားရွိေနသည္။

မြန္ျပည္နယ္လႊတ္ေတာ္ကလည္း ျပည္နယ္အစိုးရ၏ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္း အားနည္း သည့္ အေပၚ စိစစ္ၿပီး အစီရင္ခံစာ တင္သြင္းသြားရန္ရွိ ေနသည္။

COVID-19 ကူးစက္ေရာဂါႏွင့္ ပတ္သက္ၿပီး စည္းကမ္းမလိုက္နာသူေတြကို ထိထိေရာက္ေရာက္ အေရးယူ သင့္သည္ဟု မြန္ျပည္နယ္လႊတ္ေတာ္ဥကၠ႒ က ေျပာသည္။

“အခု ၈ လ ၉ လရွိၿပီ ကိုဗစ္အသက္ရႈလမ္းေၾကာင္းကူးစက္မႈျဖစ္ေနတယ္။ ဘာေၾကာင့္ ထိထိေရာက္ေရာက္ အေရးမယူတာလဲ ျပည္သူကို သက္ညႇာသလား က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ျပည္သူကို မသက္ညႇာသင့္ဘူး။ ထိထိေရာက္ေရာက္ အေရးယူသင့္ပါတယ္။ ကူးစက္ေရာဂါဥပေဒလည္းရွိတယ္။ ေဘးအႏၲရာယ္ဥပေဒလည္း ရွိတယ္။ ဒီဥပေဒအတိုင္းအေရးယူေစခ်င္တယ္” ဟု မြန္ျပည္နယ္လႊတ္ေတာ္ဥကၠဌ ေဒၚတင္အိ က ေျပာသည္။

လက္ရွိတြင္ ပိုးေတြ႕လူနာအမ်ားစုသည္ ခရီးသြားရာဇဝင္မရွိ၊ ပိုးေတြ႕လူနာႏွင့္ထိေတြ႕မႈမရွိပဲ အနံ႔ေပ်ာက္ လကၡ ဏာျပရာမွတဆင့္ ပိုးေတြ႕ရွိမႈ ေန႔စဥ္ တိုးလာေနသည္ဟု ျပည္နယ္ ျပည္သူ႔က်န္းမာေရးဌာနႏွင့္ ကိုဗစ္ကူးသ ေရးစင္တာမွ တာဝန္ရွိသူတို႔က ေျပာသည္။

“အုပ္ခ်ဳပ္ေရးပိုင္းေရာ က်န္းမာေရးပိုင္းေရာ ဒီေလာက္ ကိုင္တြယ္ေနေပမယ့္လည္း သိသိသာသာ ေလ်ာ့က် သြားတာ မရွိဘူးေပါ့။ က်ေနာ္ ျမင္တာကေတာ့ ႏွစ္ပိုင္းေပါ့။ မြန္ျပည္နယ္ထဲကို ဝင္လာတဲ့လူရဲ႕ ျပႆနာေပါ့ အဓိ က ရန္ကုန္ျပန္ ရန္ကုန္ျပန္ေတာ္ေတာ္မ်ားမ်ားက ပိုးျပန္ေတြ႕တယ္၊ ဝင္လာတဲ့သူေတြက တခ်ိဳ႕က စစ္ေတာင္း ဂိတ္ မွာ ေရာဂါစစ္ၿပီး quarantine ဝင္တဲ့လူရွိတယ္။ နည္းလမ္းေပါင္းစုံနဲ႔ ခိုးဝင္လာတဲ့လူေတြရွိတယ္။ အဲဒါ တစ္ပိုင္းေပါ့။ ေနာက္တစ္ပိုင္းက Stay at home ဘာညာ လုပ္ထားတယ္ stay at home က မပီျပင္ဘူး။ လူ ေတြက ဒီလိုပဲ သြားေနၾကတယ္။ အျပင္ထြက္ရင္လည္း mask မတပ္တဲ့ ျပႆနာက ရွိေနတယ္” ဟု ေမာ္လ ၿမိဳင္ၿမိဳ႕ က Isolative Ward-3 တာဝန္ခံ ေဒါက္တာေက်ာ္သက္စိုး က ေျပာသည္။

ျပည္နယ္အတြင္း ကိုဗစ္အတည္ျပဳလူနာ မ်ားျပားလာသည့္ေနာက္ အတည္ျပဳလူနာမ်ားကို ကုသေပးသည့္ ေန ရာကို ေမာ္လၿမိဳင္အျပင္ သထုံၿမိဳ႕တြင္လည္း ထပ္မံတိုးခ်ဲ႕ထားရသည့္အျပင္ ထိေတြ႕သူမ်ားကိုလည္း Quarantine center တြင္ မထားရွိေတာ့ပဲ ေနအိမ္တြင္သာ ထားရွိေစာင့္ၾကည့္မႈ အစီအစဥ္ကိုလည္း လုပ္ ေဆာင္ထား ရသည္။

မြန္ျပည္နယ္တြင္ ဒီဇင္ဘာ ၂၃ ရက္ေန႔အထိ ကိုဗစ္ကူးစက္ခံရသူ ၂၂၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူ ၂၂ ဦးအထိ ရွိသည္ဟု ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနထံမွ သိရသည္။