ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လျင်မြန်တိုးတက်လာရန် တိုင်းရင်းသား ခေါင်းဆောင်များ မျှော်လင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်ပါဝင်သည့် သက်ဆိုင်ရာ အဖွဲ့အစည်း များ အနေဖြင့် အစိုးရသစ် လက်ထက် တွင် ပိုမိုပူးပေါင်း လုပ်ဆောင်နိုင် ရန် မျှော်လင့်သည်ဟု တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်း အချို့က ပြောသည်။

ပအို့ဝ်အမျိုးသား အဖွဲ့ချုပ် PNLO ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပဋိပက္ခများ လျော့နည်း လာနိုင်သည်ဟု သုံးသပ်သည်။

“NLD ပါတီ အနေနဲ့ လည်း ပြည်သူတွေရဲ့ မန်းဒိတ်ကို အပြည့်အဝရတော့ လွတ်လွတ် ကျွတ်ကျွတ် ကိုယ်လိုချင်တဲ့ ပေါ်လစီကို အကောင်အထည် ဖော်နိုင်တယ်။ ကျနော်တို့ EAOs တွေကလည်း အပြည့်အ၀ ပံ့ပိုးပြီးတော့ ပူးပေါင်း ဆောင်ရွက်မယ်။ အဲဒီအချိန်မှာ တပ်မတော်ဖက်ကလည်း နားလည်မှု ရှိရှိနဲ့ ပူးပေါင်း ဆောင်ရွက်မယ်။ အခု လက်ရှိလည်း တပ်မတော်က ညှိနှိုင်းရေး အဖွဲ့တွေ ဖွဲ့ပြီးတော့ ရှေ့တစ်လှမ်းတိုးနေတဲ့ အခါကျတော့ အား လုံးက ကျနော်ထင်တယ် ပဋိပက္ခ အငြင်းပွားမှု နည်းနည်းနဲ့ ပူးပေါင်း ဆောင်ရွက်မှု များများနဲ့ လုပ်နိုင်မယ် နှစ် ၅ နှစ်တော့ ကျနော် အဲလိုတော့ ရည်မှန်းပါတယ်”

၂၀၁၅ မှ ၂၀၂၀ ခုနှစ် လက်ရှိ အစိုးရသက်တမ်းတွင် စစ်ဖက်အရပ်ဖက် ဆက်ဆံရေးသော်လည်းကောင်း၊ အစိုးရနှင့် တပ်မတော်တို့ ဆက်ဆံရေးသော်လည်းကောင်း၊ တပ်မတော်၊ အစိုးရနှင့် တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ဆက်ဆံရေးသော်လည်း အားမကောင်းခဲ့သည့်အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများတွင် တိုးတက်သင့်သလောက် တိုးတက်မှုကို မရရှိခဲ့ဘူး ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

လက်ရှိတွင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုအတွက် တပ်မတော်က ဒု-ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင် သည့် တွေ့ဆုံဆွေးနွေးရေး ကော်မတီကို ဖွဲ့စည်းထားသကဲ့သို့ အစိုးရကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ ဆက်နိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်လက် တွေ့ ဆုံ ဆွေးနွေးသွားရန် ရှိသည် ဟု ဆိုသည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဒု-ဥက္ကဋ္ဌ ခူးဦးရယ်က လုပ်ငန်းစဉ်များ ပိုမို လျင်မြန်လာရန် မျှော်လင့်ထားသည်။

“ကျနော် တစ်ယောက်အနေနဲ့ သုံးသပ် မိတာကတော့ လာမယ့် အစိုးရသစ် ဖွဲ့စည်းပြီးတဲ့ နောက်မှာကတော့ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ် သက်ပြီး အစိုးရရော တပ်မတော်ကပါ တပ်သုတ်ရိုက် လောလောပြီး သွားချင်လိုတဲ့ ဆန္ဒတွေပေါ်တယ်။ ကျနော် အဲ့သလို အမြင်ရှိတယ်။ ဘာကြောင့်လဲဆိုရင် အခုဖွဲ့စည်းလိုက်တဲ့ တပ်မတော်ကိုယ်စားလှယ်တွေ ပြန်လည်ဖွဲ့စည်းတယ်ဆိုပေမယ့်လည်း လူဟောင်းတွေပါပဲ အကုန်ပြောရင် တော့ အရင်တုန်းက ဖွဲ့စည်း လိုက်တဲ့ ကိုယ်စားလှယ်ဟောင်းတွေပါပဲ။ အစိုးရဖက်ကတော့ NRPC ကိုတော့ ပြန်လည်စုဖွဲ့မယ့် သဘော တော့ ရှိလိမ့်မယ်လို့ ကျနော်ကတော့ ဒီလိုမြင်တယ်”

ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်နေ့က “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ခမ်း (ပန်ဆန်း) တွင် ရက္ခိုင့်တပ်တော် AA နှင့် တပ်မတော်တို့အကြား တွေ့ဆုံမှု ရှိခဲ့ကြသကဲ့သို့ ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့် အစိုးရတို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့ကြသည်။

ခူးဦးရယ်က “ကျနော်တို့ တွေ့ဆုံတုန်းကလည်း သူတို့ ပြန်လည် Reform လုပ်မယ်ဆိုတာလည်း ပြောတာ တွေ ရှိပါတယ်။ ဆိုတော့ ကျနော်နားလည် ရသလောက်ဆိုရင် လူဟောင်းတချို့နဲ့ လူသစ်တချို့ ပေါင်း စပ် ပြီးတော့ နည်းနည်း အားကောင်းကောင်းနဲ့ သူတို့စုဖွဲ့လိမ့်မယ်လို့ ကျနော်ယုံကြည်တယ်ပေါ့နော။ ဒါမှ ပိုပြီး အလုပ်ဖြစ်မယ်ဆိုတဲ့ သဘောမျိုးလို့ ကျနော်နားလည်ပါတယ်။ အဲဒီတော့ ခုနပြောသလို့ပဲ အစိုးရ ကိုယ်စား လှယ်တွေရော တပ်မတော်ကပါ ပြန်လည်စတင်မယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အစောဆုံး ဖြစ်နိုင်အောင် သူတို့ အခုကတည်းပေါ့နော ပြင်ဆင်နေတယ်လို့ ကျနော်အဲလိုနားလည်တယ်” ဟု ဆက် ပြောသည်။

တစ်ချိန်တည်းတွင် NCA အပစ်ရပ် လက်မှတ်ထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများကလည်း အစိုးရ၊ တပ်မတော်တို့နှင့် အလွတ်သဘာ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် အဖွဲ့ဝင် ၁၀ ဦးပါသည့် တွေ့ဆုံညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်းထားသည်။

ထို့အပြင် ရွေးကောက်ပွဲကြောင့်သော်လည်းကောင်း၊ COVID-19 ကပ်ရောဂါကြောင့်သော်လည်းကောင်း ရပ်တန့်နေသည့် အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့တို့၏ တွေ့ဆုံမှုများမှာ အစိုးရနှင့် တပ်မတော်ဖက်မှ ဆက်သွယ်လာပါက အချိန်မရွေး ပြန်လည် စတင်နိုင်သည့် အနေအထားတွင်ရှိသည်ဟု PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောဆိုထားသည်။

ထိုအခြေအနေများအောက်တွင် လာမည့် ၅ နှစ်တာ ကာလအတွင်း နိုင်ငံတည်ငြိမ်အေးချမ်းမှု နှင့်ပတ် သက်၍ “ငြိမ်းချမ်းရေး လိုချင်တာ တပ်မတော်ဖက် အစိုးရဖက် လက်နက်ကိုင် အဖွဲ့အစည်းဖက် တစ်ပြေး ညီဖြစ်ရင်တော့ သူ့ဟာသူ ရသွားမှာ။ တစ်ပြေးညီ မဖြစ်ရင်တော့ ပျောက်ကြားပျောက်ကြား ကျန်ခဲ့မှာပဲ ဒါပေမယ့် တစ်ပြည်လုံး အတိုင်းအတာနဲ့ ပြောရင်တော့ တစ်ပြည်လုံး အတိုင်းအတာနဲ့ ပြောရင်တော့ ကျ နော်တို့ အပစ်အခတ်ရပ်စဲရေး တည်ငြိမ်မှုကတော့ ပိုပြီးတော့ ကောင်းလာမယ်လို့ ထင်တယ်။ ဒါပေမယ့် အားလုံး ရာခိုင်နှုန်းအပြည့်တော့ ကောင်း ဖို့မလွယ်ဘူး။ တစ်ကွက်တစ်လေ ကျန်မယ်။ တစ်နေရာ မဟုတ် ရင် တစ်နေရာကျန်မယ်။ သို့သော်လည်းပဲ ယေဘုယျအားဖြင့်တော့ ကျနော်တို့ တစ်ပြည်လုံး တည်ငြိမ်အေး ချမ်းမှုနဲ့ ဒီငြိမ်းချမ်းရေး သဘောမျိုးဆောင်တဲ့ အရွေ့တစ်ခုကို ရောက်မယ်လို့တော့ ထင်ပါတယ်။ ဒီလာမယ့် ၅ နှစ် မှာ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က သုံးသပ်ပြောဆိုသည်။

ထို့ကြောင့် လာမည့် အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်သည့် သက်ဆိုင် ရာ အဖွဲ့အစည်းများအ နေဖြင့် ပဋိပက္ခအသွင်ဆောင်သည့် အညင်းပွားစရာ ဆွေးနွေးညှိနှိုင်းမှုများထက် အပြုသဘောဆောင်သည့် ညှိနှိုင်းမှုများ လုပ်ဆောင်ရန် လိုသည်ဟု ဆိုသည်။

လက်ရှိ အစိုးရသက်တမ်းတွင် ရခိုင်ဒေသမှလွဲ၍ အခြား တိုင်းရင်းသား ဒေသများမှာ တပ်မတော်နှင့် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲဖြစ်ပွားမှု သိသိသာသာ လျော့ နည်းသွား သော် လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်မှုများမှာ ယခင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် က ထက် တိုးတက်မှုမရှိပဲ နှေးကွေးနေသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ၊ တက်ကြွ လှုပ် ရှားသူများနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများက ပြောသည်။

*** ZAWGYI ***
ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား လ်င္ျမန္တိုးတက္လာရန္ တိုင္းရင္းသား ေခါင္းေဆာင္မ်ား ေမွ်ာ္လင့္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၂၇ ရက္

ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္တြင္ပါ၀င္သည့္ သက္ဆိုင္ရာ အဖြဲ႔အစည္း မ်ား အေနျဖင့္ အစိုးရသစ္ လက္ထက္ တြင္ ပိုမိုပူးေပါင္း လုပ္ေဆာင္ႏိုင္ ရန္ ေမွ်ာ္လင့္သည္ဟု တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔ အစည္း အခ်ိဳ႕က ေျပာသည္။

ပအို႔၀္အမ်ိဳးသား အဖြဲ႔ခ်ဳပ္ PNLO ဦးေဆာင္ နာယက ဗိုလ္မႉးႀကီး ခြန္ဥကၠာက ပဋိပကၡမ်ား ေလ်ာ့နည္း လာႏိုင္သည္ဟု သံုးသပ္သည္။

“NLD ပါတီ အေနနဲ႔ လည္း ျပည္သူေတြရဲ႕ မန္းဒိတ္ကို အျပည့္အ၀ရေတာ့ လြတ္လြတ္ ကြ်တ္ကြ်တ္ ကိုယ္လိုခ်င္တဲ့ ေပၚလစီကို အေကာင္အထည္ ေဖာ္ႏိုင္တယ္။ က်ေနာ္တို႔ EAOs ေတြကလည္း အျပည့္အ၀ ပံ့ပိုးၿပီးေတာ့ ပူးေပါင္း ေဆာင္ရြက္မယ္။ အဲဒီအခ်ိန္မွာ တပ္မေတာ္ဖက္ကလည္း နားလည္မႈ ရွိရွိနဲ႔ ပူးေပါင္း ေဆာင္ရြက္မယ္။ အခု လက္ရွိလည္း တပ္မေတာ္က ညွိႏိႈင္းေရး အဖြဲ႔ေတြ ဖဲြ႕ၿပီးေတာ့ ေရွ႕တစ္လွမ္းတိုးေနတဲ့ အခါက်ေတာ့ အား လံုးက က်ေနာ္ထင္တယ္ ပဋိပကၡ အျငင္းပြားမႈ နည္းနည္းနဲ႔ ပူးေပါင္း ေဆာင္ရြက္မႈ မ်ားမ်ားနဲ႔ လုပ္ႏိုင္မယ္ ႏွစ္ ၅ ႏွစ္ေတာ့ က်ေနာ္ အဲလိုေတာ့ ရည္မွန္းပါတယ္”

၂၀၁၅ မွ ၂၀၂၀ ခုႏွစ္ လက္ရွိ အစိုးရသက္တမ္းတြင္ စစ္ဖက္အရပ္ဖက္ ဆက္ဆံေရးေသာ္လည္းေကာင္း၊ အစိုးရႏွင့္ တပ္မေတာ္တို႔ ဆက္ဆံေရးေသာ္လည္းေကာင္း၊ တပ္မေတာ္၊ အစိုးရႏွင့္ တိုင္းရင္းသား လက္ နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔အစည္းမ်ားအၾကား ဆက္ဆံေရးေသာ္လည္း အားမေကာင္းခဲ့သည့္အတြက္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈမ်ားတြင္ တိုးတက္သင့္သေလာက္ တိုးတက္မႈကို မရရွိခဲ့ဘူး ဟု ဗိုလ္မႉးႀကီး ခြန္ဥကၠာက ဆိုသည္။

လက္ရွိတြင္ ၿငိမ္းခ်မ္းေရး ေတြ႕ဆံုေဆြးေႏြးမႈအတြက္ တပ္မေတာ္က ဒု-ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ ဦးေဆာင္ သည့္ ေတြ႕ဆံုေဆြးေႏြးေရး ေကာ္မတီကို ဖြဲ႔စည္းထားသကဲ့သို႔ အစိုးရကလည္း ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ေရွ႕ ဆက္ႏိုင္ရန္အတြက္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔အစည္းမ်ားႏွင့္ ဆက္လက္ ေတြ႕ ဆံု ေဆြးေႏြးသြားရန္ ရွိသည္ ဟု ဆိုသည္။

ကရင္နီအမ်ိဳးသား တိုးတက္ေရးပါတီ KNPP ဒု-ဥကၠ႒ ခူးဦးရယ္က လုပ္ငန္းစဥ္မ်ား ပိုမို လ်င္ျမန္လာရန္ ေမွ်ာ္လင့္ထားသည္။

“က်ေနာ္ တစ္ေယာက္အေနနဲ႔ သံုးသပ္ မိတာကေတာ့ လာမယ့္ အစိုးရသစ္ ဖြဲ႔စည္းၿပီးတဲ့ ေနာက္မွာကေတာ့ က်ေနာ္တို႔ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္နဲ႔ ပတ္ သက္ၿပီး အစိုးရေရာ တပ္မေတာ္ကပါ တပ္သုတ္႐ိုက္ ေလာေလာၿပီး သြားခ်င္လိုတဲ့ ဆႏၵေတြေပၚတယ္။ က်ေနာ္ အဲ့သလို အျမင္ရွိတယ္။ ဘာေၾကာင့္လဲဆိုရင္ အခုဖြဲ႔စည္းလိုက္တဲ့ တပ္မေတာ္ကိုယ္စားလွယ္ေတြ ျပန္လည္ဖြဲ႔စည္းတယ္ဆိုေပမယ့္လည္း လူေဟာင္းေတြပါပဲ အကုန္ေျပာရင္ ေတာ့ အရင္တုန္းက ဖြဲ႔စည္း လိုက္တဲ့ ကိုယ္စားလွယ္ေဟာင္းေတြပါပဲ။ အစိုးရဖက္ကေတာ့ NRPC ကိုေတာ့ ျပန္လည္စုဖြဲ႔မယ့္ သေဘာ ေတာ့ ရွိလိမ့္မယ္လို႔ က်ေနာ္ကေတာ့ ဒီလိုျမင္တယ္”

ၿပီးခဲ့သည့္ ဒီဇင္ဘာ ၉ ရက္ေန႔က “ဝ” ျပည္ ေသြးစည္းညီညြတ္ေရးပါတီ UWSP ဌာနခ်ဳပ္ ပန္ခမ္း (ပန္ဆန္း) တြင္ ရကၡိဳင့္တပ္ေတာ္ AA ႏွင့္ တပ္မေတာ္တို႔အၾကား ေတြ႔ဆံုမႈ ရွိခဲ့ၾကသကဲ့သို႔ ဒီဇင္ဘာလ ၇ ရက္ေန႔ကလည္း ကရင္နီအမ်ဳိးသား တိုးတက္ေရး ပါတီ KNPP ႏွင့္ အစိုးရတို႔ အြန္လိုင္းမွတစ္ဆင့္ ေတြ႔ဆံုခဲ့ၾကသည္။

ခူးဦးရယ္က “က်ေနာ္တို႔ ေတြ႕ဆံုတုန္းကလည္း သူတို႔ ျပန္လည္ Reform လုပ္မယ္ဆိုတာလည္း ေျပာတာ ေတြ ရွိပါတယ္။ ဆိုေတာ့ က်ေနာ္နားလည္ ရသေလာက္ဆိုရင္ လူေဟာင္းတခ်ိဳ႕နဲ႔ လူသစ္တခ်ိဳ႕ ေပါင္း စပ္ ၿပီးေတာ့ နည္းနည္း အားေကာင္းေကာင္းနဲ႔ သူတို႔စုဖြဲ႔လိမ့္မယ္လို႔ က်ေနာ္ယံုၾကည္တယ္ေပါ့ေနာ။ ဒါမွ ပိုၿပီး အလုပ္ျဖစ္မယ္ဆိုတဲ့ သေဘာမ်ိဳးလို႔ က်ေနာ္နားလည္ပါတယ္။ အဲဒီေတာ့ ခုနေျပာသလို႔ပဲ အစိုးရ ကိုယ္စား လွယ္ေတြေရာ တပ္မေတာ္ကပါ ျပန္လည္စတင္မယ့္ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ကို အေစာဆံုး ျဖစ္ႏိုင္ေအာင္ သူတို႔ အခုကတည္းေပါ့ေနာ ျပင္ဆင္ေနတယ္လို႔ က်ေနာ္အဲလိုနားလည္တယ္” ဟု ဆက္ ေျပာသည္။

တစ္ခ်ိန္တည္းတြင္ NCA အပစ္ရပ္ လက္မွတ္ထိုးထားၾကသည့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔ အစည္းမ်ားကလည္း အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ အလြတ္သဘာ ေတြ႕ဆံုေဆြးေႏြးႏုိင္ရန္အတြက္ အဖြဲ႔၀င္ ၁၀ ဦးပါသည့္ ေတြ႕ဆံုညွိႏႈိင္းေရး အဖြဲ႔ကို ဖြဲ႔စည္းထားသည္။

ထို႔အျပင္ ေရြးေကာက္ပြဲေၾကာင့္ေသာ္လည္းေကာင္း၊ COVID-19 ကပ္ေရာဂါေၾကာင့္ေသာ္လည္းေကာင္း ရပ္တန္႔ေနသည့္ အစိုးရ၊ တပ္မေတာ္ႏွင့္ ေျမာက္ပိုင္းမဟာမိတ္ အဖြဲ႔တို႔၏ ေတြြ႕ဆံုမႈမ်ားမွာ အစိုးရႏွင့္ တပ္မေတာ္ဖက္မွ ဆက္သြယ္လာပါက အခ်ိန္မေရြး ျပန္လည္ စတင္ႏိုင္သည့္ အေနအထားတြင္ရွိသည္ဟု PCG မွ ဦးလမိုင္ဂြမ္ဂ်ာက ေျပာဆိုထားသည္။

ထိုအေျခအေနမ်ားေအာက္တြင္ လာမည့္ ၅ ႏွစ္တာ ကာလအတြင္း ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းမႈ ႏွင့္ပတ္ သက္၍ “ၿငိမ္းခ်မ္းေရး လိုခ်င္တာ တပ္မေတာ္ဖက္ အစိုးရဖက္ လက္နက္ကိုင္ အဖဲြ႕အစည္းဖက္ တစ္ေျပး ညီျဖစ္ရင္ေတာ့ သူ႔ဟာသူ ရသြားမွာ။ တစ္ေျပးညီ မျဖစ္ရင္ေတာ့ ေပ်ာက္ၾကားေပ်ာက္ၾကား က်န္ခဲ့မွာပဲ ဒါေပမယ့္ တစ္ျပည္လံုး အတိုင္းအတာနဲ႔ ေျပာရင္ေတာ့ တစ္ျပည္လံုး အတိုင္းအတာနဲ႔ ေျပာရင္ေတာ့ က် ေနာ္တို႔ အပစ္အခတ္ရပ္စဲေရး တည္ၿငိမ္မႈကေတာ့ ပိုၿပီးေတာ့ ေကာင္းလာမယ္လို႔ ထင္တယ္။ ဒါေပမယ့္ အားလံုး ရာခိုင္ႏႈန္းအျပည့္ေတာ့ ေကာင္း ဖို႔မလြယ္ဘူး။ တစ္ကြက္တစ္ေလ က်န္မယ္။ တစ္ေနရာ မဟုတ္ ရင္ တစ္ေနရာက်န္မယ္။ သို႔ေသာ္လည္းပဲ ေယဘုယ်အားျဖင့္ေတာ့ က်ေနာ္တို႔ တစ္ျပည္လံုး တည္ၿငိမ္ေအး ခ်မ္းမႈနဲ႔ ဒီၿငိမ္းခ်မ္းေရး သေဘာမ်ိဳးေဆာင္တဲ့ အေရြ႕တစ္ခုကို ေရာက္မယ္လို႔ေတာ့ ထင္ပါတယ္။ ဒီလာမယ့္ ၅ ႏွစ္ မွာ” ဟု ဗိုလ္မႉးႀကီး ခြန္ဥကၠာ က သံုးသပ္ေျပာဆိုသည္။

ထို႔ေၾကာင့္ လာမည့္ အစိုးရသစ္ လက္ထက္တြင္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားတြင္ ပါ၀င္သည့္ သက္ဆိုင္ ရာ အဖြဲ႔အစည္းမ်ားအ ေနျဖင့္ ပဋိပကၡအသြင္ေဆာင္သည့္ အညင္းပြားစရာ ေဆြးေႏြးညွိႏႈိင္းမႈမ်ားထက္ အျပဳသေဘာေဆာင္သည့္ ညွိႏႈိင္းမႈမ်ား လုပ္ေဆာင္ရန္ လိုသည္ဟု ဆိုသည္။

လက္ရွိ အစိုးရသက္တမ္းတြင္ ရခိုင္ေဒသမွလြဲ၍ အျခား တိုင္းရင္းသား ေဒသမ်ားမွာ တပ္မေတာ္ႏွင့္ တိုင္း ရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားအၾကား တိုက္ပြဲျဖစ္ပြားမႈ သိသိသာသာ ေလ်ာ့ နည္းသြား ေသာ္ လည္း ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ေဖာ္ေဆာင္မႈမ်ားမွာ ယခင္ သမၼတ ဦးသိန္းစိန္ အစိုးရ လက္ထက္ က ထက္ တိုးတက္မႈမရွိပဲ ေႏွးေကြးေနသည္ဟု ႏိုင္ငံေရး ေလ့လာသံုးသပ္သူ၊ တက္ႂကြ လႈပ္ ရွားသူမ်ားႏွင့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔အစည္းမ်ားက ေျပာသည္။