နောင်မွန်း ဒေသခံများ အင်တာနက် ကောင်းအောင် လုပ်ပေးရန် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ် ဒေသခံများက မကြာမှီ ဖွဲ့စည်း တော့မည့် အစိုးရသစ်မှ ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများကို ကောင်းမွန်စွာ ရရှိအောင် လုပ်ဆောင်ပေးရန် တောင်းဆိုလိုက် သည်။

နောင်မွန်းဒေသခံ ကိုဘီဆက်ဂျောင်လင်း က “ပြည်သူတွေကို အမှန် တကယ်ချစ်တယ်ဆိုရင် အလုပ်နဲ့ သက်သေပြပေးပါ။ ကျနော်တို့ ခါကာဘိုရာဇီတောင်ခြေမှာရှိတဲ့ နောင်မွန်မြို့ မှာလည်း လူတွေရှိပါတယ်။ ကျနော်တို့ ပြည်သူ တွေကလည်း လူပါ။ ဒါ့ကြောင့် ပြည်သူတွေကို အမှန်တကယ် ချစ်ရင် NLD အစိုးရဖြစ်တဲ့နည်းတူ၊ ပြည်သူ့ ဘက်က ရပ်တည်တဲ့ အစိုးရဖြစ်တဲ့နည်းတူ ကျနော်တို့ နောင်မွန်မြို့ နယ်ကို အင်တာနက်လိုင်း ဖုန်းလိုင်း အမြန်ဆုံးပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောသည်။

လက်တလောအနေအထားအရ နောင်မွန်းမြို့ထဲတွင် ဖုန်းပြော၍ရသော်လည်း လိုင်းမကောင်းကြောင်း၊ အင်တာနက် အသုံးပြုရာတွင်လည်း 2G သာ ရသည့်အတွက် သတင်းအချက်အလက်များကို လိုင်းပေါ်ကနေ သိရှိနိုင်ရန် မလွယ်ကူသည့်အတွက် အစိုးရသစ်ကို တောင်းဆိုရခြင်းဖြစ်သည်ဟု ဆိုသည်။

နောင်မွန်းမြို့ထဲတွင် ဖုန်းလိုင်းနှင့် 2G အင်တာနက် အသုံးပြု၍ ရသော်လည်း မြို့နှင့်အနီးတစ်ဝိုက်ကျေး ရွာ များနှင့် လမ်းပန်းဆက်သွယ်ရေး ဝေးလံခေါင်ဖျားသည့် ကျေးရွာများတွင်မူ ဖုန်းလိုင်းရော အင်တာနက်ပါ လုံးဝမရရှိသည့် နေရာများစွာ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ခါကာဘူလူငယ်အဖွဲ့က ကိုအားဖုန် က “မြန်မာနိုင်ငံရဲ့ အောက်ပိုင်းမှာရှိတဲ့ မြေပြန့်ဒေသမှာကျတော့ ကောင်းမွန်တဲ့ တယ်လီဖုန်းလိုင်းနဲ့ မြန်နှုန်းမြင့်ကွန်ရက် အင်တာနက် ဆက်သွယ်မှုကို ရရှိကြတာဖြစ်ပါ တယ်။ သို့သော် ကျနော် တို့ ဒီနောင်မွန်းမြို့နယ်မှာရှိတဲ့ ကျနော်တို့လို လူနည်းစုအဖွဲ့ ဝင်တွေကျတော့ ကျေးရွာ တိုင်းလိုလိုဖုန်းလိုင်း မရပါ ဘူး။ အင်တာနက်ဆိုရင် ဝေလာဝေးဖြစ်ပါတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း မြို့ ၃၀ ရှိသည့်အနက် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကစတင်ပြီး နောင်မွန်းမြို့မှာ 2G အင်တာနက်လိုင်းနှင့် MPT ဖုန်းလိုင်းများ ရရှိခဲ့သည်ဟု သိရသည်။

သို့သော် နောင်မွန်မြို့တွင် သုံးနေရသည့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများမှာ အသုံးမဝင်သည့် လိုင်းများ သာဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

နောင်မွန်းဒေသခံ မဆန်နိုင်းနန်ဆိုင်း က“အင်တာနက်လိုင်းရတာ တစ်နှစ်နီးပါးရှိလာပြီ။ နောင်မွန်းမှာနေရင် post တစ်ခုတောင်မှ မတင်ဖူးဘူး။ ပြောဖို့ တောင် ရှက်တယ်။ post တင်ဖို့ဆိုတာ လုံးဝမလွယ်ဘူး။ မက် ဆင်ဂျာတစ်ခုတွေ့ဖို့တောင်မှ အရမ်းခက်တယ်လို့။ အင်တာနက်ရတယ်ဆိုတာပဲ သိနေပေမယ့် လုံးဝမသုံး ဖြစ်ဘူး။ 2G ဆိုတာ့ အသုံးမဝင်ဘူးဖြစ်နေတယ်။ အမည်ခံ ပုံစံပဲ ဖြစ်သွားပေါ့။ ရတော့ရတယ် အသုံးမဝင် ဘူး။ ဒီအတိုင်းပဲ လည်နေတာ။ 2G ပဲ ရတာ၊ 2G ပဲရတော့ တခါတလေ ဖုန်းခေါ်ဖို့လည်း တော်တော်လေး စောင့်ရတယ်။ အရေးကြီးပြီဆိုရင်တော့ တစ်ခါနှစ်ခါ ခေါ်တာနဲ့ မရဘူး။ အနည်းဆုံး သုံးလေးငါးဆယ်ခါ အဲ့ လောက်တောင်မှ ခေါ်ရတယ်။ အရမ်းစိတ်ရှည်ရတာပေါ့” ဟု ပြောသည်။

နောင်မွန်းမြို့နယ်သည် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ကောင်းမွန်စွာ မရသည့်အပြင် လမ်းပန်းဆက် သွယ်ရေးလည်း ခက်ခဲသည့်အတွက် ကုန်ဈေးနှုန်းလည်း အလွန်ကြီးပြီး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍ များနှင့် စီးပွားရေးကဏ္ဍများတွင်လည်း အလွန်နောက်ကျသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့လိုင်းကောင်းမွန်စွာ မရရှိသောကြောင့် ကျန်းမာရေးကြောင့်သော်လည်းကောင်း၊ အသက်အန္တရာယ် ကြောင့်သော်လည်းကောင်း စသည့် အရေးပေါ် အခြေအနေများနှင့် ကြုံရသည့်အချိန်များတွင် တစ်နေရာ နှင့် တစ်နေရာ သတင်းအချက်အလက် ဖလှယ်ရန် ခက်ခဲသည့်အတွက် တစ်ခါတစ်ရံ လနှင့် ချီကြာပြီးမှသာ ဖြစ်ပွားခဲ့သည့် အကြောင်းအရာများကို သိရသည်ဟု ဒေသခံများက ဆိုသည်။

ထိုအခြေအနေများကြောင့် သတင်းအချက်အလက်များ လွတ်လပ်စွာ စီးဆင်းနိုင်ရန်နှင့် လူ့အခွင့်အရေး ကို ကာကွယ်မြှင့်တင်ပေးရန် အစိုးရမှ ဖုန်းလိုင်းနှင့် မြန်နှုန်းမြှင့်အင်တာနက်လိုင်းများကို ရရှိအောင် လုပ်ဆောင် ပေးရန် တာဝန်ရှိသည်ဟု ခါကာဘူ လူငယ်အဖွဲ့မှ ကိုအားဖုန် က ဆိုသည်။

“နိုင်ငံသားတိုင်း သတင်းအချက်အလက်ရရှိဖို့အတွက် အင်တာနက်ကွန်ရက် ချိတ်ဆက် ဆက်သွယ်ပေးဖို့ အစိုး ရမှာ တာဝန်ရှိတယ်ဆိုကို နိုင်ငံတကာမှာ အသိအမှတ်ပြုထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လူ့ အခွင့်အရေးကို ကာကွယ်မြှင့်တင်ဖို့နဲ့ တန်းတူညီမျှရေးအတွက် ကျနော်တို့ ဒီနောင်မွန်းမှာရှိတဲ့ လူနည်း စုအဖွဲ့ ဝင်တွေအားလုံး၊ ကျေးရွာတွေအားလုံး အင်တာနက်ကွန်ရက်ရရှိရေးဟာ အစိုးရအပေါ်မှာ အပြည့် အဝတာဝန် ရှိပါတယ်။”

မဆန်နိုင်းနန်ဆိုင်း ကလည်း “ကျမတို့ဘက်က သတင်းတွေ အကြောင်းအရာတွေ မြို့ကိုပို့ရမယ်ဆိုရင်လည်း လနဲ့ချီပြီးကြာတာမျိုးပေါ့။ ဆို တော့ ဘာပြဿနာဖြစ်ဖြစ် အကျိုးမရှိသလိုမျိုးဖြစ်နေရတယ်။ အဲ့တော့ ကြာ လာတော့ ဒီအတိုင်းပဲ ကျော်သွားတာ များတယ်။ အစိုးရဘက်က လုပ်တဲ့စီမံကိန်းတွေဆိုရင်လည်း သူတို့ တော့ လုပ်သွားတယ်။ ဒါပေမယ့် ကျမတို့ဘက်က မကျေနပ်တဲ့ဟာတွေ၊ မနစ်မြို့တာမျိုးတွေဆိုရင် ဘယ်သူ့ ကို ပြောရမလဲမသိဘူး။ ဘယ်သူ့ကိုပို့ရ မယ်ဆိုတာမျိုးတွေမသိဘူးလေနော်” ဟု ပြောသည်။

အဆိုပါ အနေအထားများကြောင့် လက်ရှိ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် NLD အနေဖြင့် အစိုးရ သစ်ဖွဲ့စည်းပြီးနောက် ဖော်ဆောင်မည့် ဒေသအကျိုးပြု လုပ်ငန်းများတွင် ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ နောင်မွန်းမြို့နယ်အား ဖုန်းလိုင်းနှင့် မြန်နှုန်းမြှင့် အင်တာနက်များကို ရရှိအောင် လုပ်ဆောင်ပေးရန် မေတ္တာ ရပ်ခံ တောင်းဆိုရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
ေနာင္မြန္း ေဒသခံမ်ား အင္တာနက္ ေကာင္းေအာင္ လုပ္ေပးရန္ ေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္။

ကခ်င္ျပည္နယ္ ပူတာအိုခရိုင္ ေနာင္မြန္းၿမိဳ့နယ္ ေဒသခံမ်ားက မၾကာမွီ ဖြဲ႔စည္း ေတာ့မည့္ အစိုးရသစ္မွ ဖုန္းလိုင္းႏွင့္ အင္တာနက္ လိုင္းမ်ားကို ေကာင္းမြန္စြာ ရရွိေအာင္ လုပ္ေဆာင္ေပးရန္ ေတာင္းဆိုလိုက္ သည္။

ေနာင္မြန္းေဒသခံ ကိုဘီဆက္ေဂ်ာင္လင္း က “ျပည္သူေတြကို အမွန္ တကယ္ခ်စ္တယ္ဆုိရင္ အလုပ္နဲ႔ သက္ေသျပေပးပါ။ က်ေနာ္တုိ႔ ခါကာဘိုရာဇီေတာင္ေျခမွာရွိတဲ့ ေနာင္မြန္ၿမိဳ႕ မွာလည္း လူေတြရွိပါတယ္။ က်ေနာ္တုိ႔ ျပည္သူ ေတြကလည္း လူပါ။ ဒါ့ေၾကာင့္ ျပည္သူေတြကို အမွန္တကယ္ ခ်စ္ရင္ NLD အစိုးရျဖစ္တဲ့နည္းတူ၊ ျပည္သူ႔ ဘက္က ရပ္တည္တဲ့ အစိုးရျဖစ္တဲ့နည္းတူ က်ေနာ္တုိ႔ ေနာင္မြန္ၿမိဳ႕ နယ္ကို အင္တာနက္လိုင္း ဖုန္းလိုင္း အျမန္ဆံုးေပးပါလို႔ ေမတၱာရပ္ခံခ်င္ပါတယ္” ဟု ေျပာသည္။

လက္တေလာအေနအထားအရ ေနာင္မြန္းၿမိဳ႕ထဲတြင္ ဖုန္းေျပာ၍ရေသာ္လည္း လိုင္းမေကာင္းေၾကာင္း၊ အင္တာနက္ အသံုးျပဳရာတြင္လည္း 2G သာ ရသည့္အတြက္ သတင္းအခ်က္အလက္မ်ားကို လိုင္းေပၚကေန သိရွိႏိုင္ရန္ မလြယ္ကူသည့္အတြက္ အစိုးရသစ္ကို ေတာင္းဆိုရျခင္းျဖစ္သည္ဟု ဆိုသည္။

ေနာင္မြန္းၿမိဳ႕ထဲတြင္ ဖုန္းလိုင္းႏွင့္ 2G အင္တာနက္ အသံုးျပဳ၍ ရေသာ္လည္း ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္ေက်း ရြာ မ်ားႏွင့္ လမ္းပန္းဆက္သြယ္ေရး ေ၀းလံေခါင္ဖ်ားသည့္ ေက်းရြာမ်ားတြင္မူ ဖုန္းလိုင္းေရာ အင္တာနက္ပါ လံုး၀မရရွိသည့္ ေနရာမ်ားစြာ ရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ခါကာဘူလူငယ္အဖြဲ႕က ကိုအားဖုန္ က “ျမန္မာႏိုင္ငံရဲ႕ ေအာက္ပိုင္းမွာရွိတဲ့ ေျမျပန္႔ေဒသမွာက်ေတာ့ ေကာင္းမြန္တဲ့ တယ္လီဖုန္းလိုင္းနဲ႔ ျမန္ႏႈန္းျမင့္ကြန္ရက္ အင္တာနက္ ဆက္သြယ္မႈကို ရရွိၾကတာျဖစ္ပါ တယ္။ သို႔ေသာ္ က်ေနာ္ တို႔ ဒီေနာင္မြန္းၿမိဳ႕နယ္မွာရွိတဲ့ က်ေနာ္တုိ႔လို လူနည္းစုအဖြဲ႕ ဝင္ေတြက်ေတာ့ ေက်းရြာ တုိင္းလိုလိုဖုန္းလို္င္း မရပါ ဘူး။ အင္တာနက္ဆုိရင္ ေဝလာေဝးျဖစ္ပါတယ္” ဟု ေျပာသည္။

ကခ်င္ျပည္နယ္အတြင္း ၿမိဳ႕ ၃၀ ရွိသည့္အနက္ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ကစတင္ၿပီး ေနာင္မြန္းၿမိဳ႕မွာ 2G အင္တာနက္လိုင္းႏွင့္ MPT ဖုန္းလိုင္းမ်ား ရရွိခဲ့သည္ဟု သိရသည္။

သို႔ေသာ္ ေနာင္မြန္ၿမိဳ႕တြင္ သံုးေနရသည့္ ဖုန္းလိုင္းႏွင့္ အင္တာနက္လိုင္းမ်ားမွာ အသံုးမဝင္သည့္ လိုင္းမ်ား သာျဖစ္သည္ဟု ေဒသခံမ်ားက ဆိုသည္။

ေနာင္မြန္းေဒသခံ မဆန္ႏုိင္းနန္ဆိုင္း က“အင္တာနက္လုိင္းရတာ တစ္ႏွစ္နီးပါးရွိလာၿပီ။ ေနာင္မြန္းမွာေနရင္ post တစ္ခုေတာင္မွ မတင္ဖူးဘူး။ ေျပာဖို႔ ေတာင္ ရွက္တယ္။ post တင္ဖို႔ဆုိတာ လံုးဝမလြယ္ဘူး။ မက္ ဆင္ဂ်ာတစ္ခုေတြ႕ဖို႔ေတာင္မွ အရမ္းခက္တယ္လို႔။ အင္တာနက္ရတယ္ဆိုတာပဲ သိေနေပမယ့္ လံုးဝမသံုး ျဖစ္ဘူး။ 2G ဆိုတာ့ အသံုးမဝင္ဘူးျဖစ္ေနတယ္။ အမည္ခံ ပံုစံပဲ ျဖစ္သြားေပါ့။ ရေတာ့ရတယ္ အသံုးမဝင္ ဘူး။ ဒီအတုိင္းပဲ လည္ေနတာ။ 2G ပဲ ရတာ၊ 2G ပဲရေတာ့ တခါတေလ ဖုန္းေခၚဖို႔လည္း ေတာ္ေတာ္ေလး ေစာင့္ရတယ္။ အေရးႀကီးၿပီဆုိရင္ေတာ့ တစ္ခါႏွစ္ခါ ေခၚတာနဲ႔ မရဘူး။ အနည္းဆံုး သံုးေလးငါးဆယ္ခါ အဲ့ ေလာက္ေတာင္မွ ေခၚရတယ္။ အရမ္းစိတ္ရွည္ရတာေပါ့” ဟု ေျပာသည္။

ေနာင္မြန္းၿမိဳ႕နယ္သည္ ဖုန္းလိုင္း၊ အင္တာနက္လိုင္းမ်ား ေကာင္းမြန္စြာ မရသည့္အျပင္ လမ္းပန္းဆက္ သြယ္ေရးလည္း ခက္ခဲသည့္အတြက္ ကုန္ေစ်းႏႈန္းလည္း အလြန္ႀကီးၿပီး၊ ပညာေရး၊ က်န္းမာေရးက႑ မ်ားႏွင့္ စီးပြားေရးက႑မ်ားတြင္လည္း အလြန္ေနာက္က်သည္ဟု ေဒသခံမ်ားက ေျပာသည္။

ထိုသို႔လိုင္းေကာင္းမြန္စြာ မရရွိေသာေၾကာင့္ က်န္းမာေရးေၾကာင့္ေသာ္လည္းေကာင္း၊ အသက္အႏၲရာယ္ ေၾကာင့္ေသာ္လည္းေကာင္း စသည့္ အေရးေပၚ အေျခအေနမ်ားႏွင့္ ႀကံဳရသည့္အခ်ိန္မ်ားတြင္ တစ္ေနရာ ႏွင့္ တစ္ေနရာ သတင္းအခ်က္အလက္ ဖလွယ္ရန္ ခက္ခဲသည့္အတြက္ တစ္ခါတစ္ရံ လႏွင့္ ခ်ီၾကာၿပီးမွသာ ျဖစ္ပြားခဲ့သည့္ အေၾကာင္းအရာမ်ားကို သိရသည္ဟု ေဒသခံမ်ားက ဆိုသည္။

ထိုအေျခအေနမ်ားေၾကာင့္ သတင္းအခ်က္အလက္မ်ား လြတ္လပ္စြာ စီးဆင္းႏိုင္ရန္ႏွင့္ လူ႔အခြင့္အေရး ကို ကာကြယ္ႁမွင့္တင္ေပးရန္ အစိုးရမွ ဖုန္းလိုင္းႏွင့္ ျမန္ႏႈန္းႁမွင့္အင္တာနက္လိုင္းမ်ားကို ရရွိေအာင္ လုပ္ေဆာင္ ေပးရန္ တာ၀န္ရွိသည္ဟု ခါကာဘူ လူငယ္အဖြဲ႕မွ ကိုအားဖုန္ က ဆိုသည္။

“ႏုိင္ငံသားတိုင္း သတင္းအခ်က္အလက္ရရွိဖုိ႔အတြက္ အင္တာနက္ကြန္ရက္ ခ်ိတ္ဆက္ ဆက္သြယ္ေပးဖို႔ အစိုး ရမွာ တာဝန္ရွိတယ္ဆုိကို ႏုိင္ငံတကာမွာ အသိအမွတ္ျပဳထားတာျဖစ္ပါတယ္။ ဒါေၾကာင့္မုိ႔လို႔ လူ႔ အခြင့္အေရးကို ကာကြယ္ျမွင့္တင္ဖုိ႔နဲ႔ တန္းတူညီမ်ွေရးအတြက္ က်ေနာ္တုိ႔ ဒီေနာင္မြန္းမွာရွွိတဲ့ လူနည္း စုအဖြဲ႕ ဝင္ေတြအားလံုး၊ ေက်းရြာေတြအားလံုး အင္တာနက္ကြန္ရက္ရရွိေရးဟာ အစိုးရအေပၚမွာ အျပည့္ အဝတာဝန္ ရွိပါတယ္။”

မဆန္ႏုိင္းနန္ဆိုင္း ကလည္း “က်မတို႔ဘက္က သတင္းေတြ အေၾကာင္းအရာေတြ ၿမိဳ႕ကိုပို႔ရမယ္ဆုိရင္လည္း လနဲ႔ခ်ီၿပီးၾကာတာမ်ိဳးေပါ့။ ဆို ေတာ့ ဘာျပႆနာျဖစ္ျဖစ္ အက်ိဳးမရွိသလိုမ်ိဳးျဖစ္ေနရတယ္။ အဲ့ေတာ့ ၾကာ လာေတာ့ ဒီအတုိင္းပဲ ေက်ာ္သြားတာ မ်ားတယ္။ အစိုးရဘက္က လုပ္တဲ့စီမံကိန္းေတြဆုိရင္လည္း သူတို႔ ေတာ့ လုပ္သြားတယ္။ ဒါေပမယ့္ က်မတုိ႔ဘက္က မေက်နပ္တဲ့ဟာေတြ၊ မနစ္ၿမိဳ႕တာမ်ိဳးေတြဆိုရင္ ဘယ္သူ႔ ကို ေျပာရမလဲမသိဘူး။ ဘယ္သူ႔ကိုပို႔ရ မယ္ဆုိတာမ်ိဳးေတြမသိဘူးေလေနာ္” ဟု ေျပာသည္။

အဆိုပါ အေနအထားမ်ားေၾကာင့္ လက္ရွိ ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိထားသည့္ NLD အေနျဖင့္ အစိုးရ သစ္ဖြဲ႔စည္းၿပီးေနာက္ ေဖာ္ေဆာင္မည့္ ေဒသအက်ိဳးျပဳ လုပ္ငန္းမ်ားတြင္ ကခ်င္ျပည္နယ္ ပူတာအိုခ႐ိုင္ရွိ ေနာင္မြန္းၿမိဳ႕နယ္အား ဖုန္းလိုင္းႏွင့္ ျမန္နႈန္းႁမွင့္ အင္တာနက္မ်ားကို ရရွိေအာင္ လုပ္ေဆာင္ေပးရန္ ေမတၱာ ရပ္ခံ ေတာင္းဆိုရျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။