“အမှောင်ကမ္ဘာထဲက လွှတ်မြောက်ချင်ပြီ”

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။

“မြန်မာပြည် အစွန်ဆုံးမြို့လေးမှာ အင်တာနက် မရဘူးဗျို့”

“အမိနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုကို သိခွင့်ပြုပါ” ဟု ဆိုလာသူများကတော့ မြန်မာနိုင်ငံမြောက်ဖျားပိုင်း၊ ရေခဲ တောင်များ ရှိရာ နောင်မွန်းမြို့က ဒေသခံများ ဖြစ်သည်။

နောင်မွန်းမြို့သည် ပူတာအိုမြို့နယ်ထဲရှိ မြန်မာနိုင်ငံ၏ မြောက်ဖက်အစွန်ဆုံးမြို့ဖြစ်သည်။

“ကျနော်တို့ နောင်မွန်းမြို့မှာဆိုရင် တာဝါတိုင်တစ်တိုင်ပဲ ရှိပါ တယ်။ ဒီတိုင်ကနေ မြို့ အနီးက သုံးလေးရွာလောက်ကိုပဲ လိုင်းရတာပါ။ ကျနော်တို့ ဒေသသည် အင်တာနက် ဖြတ် တောက်ခံထားရတာမဟုတ်ဘူး။ ဒီနေ့အချိန်အထိ မပေးသေးတာပါ။” ဟု နောင်မွန်းဒေသခံ ကိုဘီဆက်ဂျောင်လင်း က ပြောသည်။

သူကပဲ ဆက်ပြီး “အခုအချိန်ထိ ဟိုးအရင်က သုံး တဲ့ CDMA ကိုပဲ သုံးနေရတုန်းပဲ ဟုတ်တယ်။ ကျနော်တို့ တိုင်းပြည်တိုးတက်တာတွေ၊ ပြောင်းလဲတာ တွေ လည်း မမြင်ခဲ့ရဘူး။ အထီးကျန်အမှောင်ကမ္ဘာထဲကနေ ရုန်းထွက်ချင်နေပြီ” ဟု ပြောသည်။

ကမ္ဘာကြီးအကြောင်း သိနိုင်မယ့်အခွင့်အလမ်းများ၊ မိမိဒေသအကြောင်း ဖလှယ်နိုင်မည့် အခြေအနေများ၊ အသိ ဗဟုသုတနှင့်ယှဉ်သည့် ဆုံးဖြတ်ချက်များ ချနိုင်ရေး တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ကာ သတင်းအချက်အလက် ရယူနိုင်ရန်နှင့် အပြန်လှန်ဖလှယ်နိုင်ရေး လမ်းကြောင်းက မြန်မာနိုင်ငံရဲ့ မြောက်ဖျားစွန်းက ဒေသခံတွေအတွက် တော့ အတော်လေးကို အလှမ်းဝေးနေသည်ဟု ပြောသည်။

ကချင်ပြည်နယ်၊ နောင်မွန်းမြို့ က မဆန်နိုင်းနန်ဆိုင်း က လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ဆက်သွယ်ရေးက အရေးကြီးသည်ဟု ပြောပြသည်။

“လူနေမှု အဆင့်အတန်းတစ်ခုမှာဆိုရင် အဓိကက ဆက်သွယ်မှုက အရေးကြီးတာပေါ့နော်။ ဆက်သွယ်မှု မရလို့ရှိရင်တော့ ကျမတို့က သီးသန့်နေထိုင်ရသလို ဖြစ် တယ်လေ။ ဘာနဲ့မှလည်း အဆက်အသွယ်မရှိဘူး။ သတင်း ရော ဘာမှမကြားရ၊ မသိရဘူးဆိုတော့ တကယ့် အမှောင်ချ ထားတဲ့နေရာမှာ နေရသလို ခံစားရတာပေါ့နော်”

စာတိုလေး တစ်ကြောင်း နှစ်ကြောင်း ပို့ဖို့ပင် အချိန် အတော်ယူရသည်ဟုလည်း သူက ပြောသည်။

“2G ပဲ ရတာဆိုတော့ messenger ကနေ စာတစ်လုံးပို့ဖို့အရေးတောင်မှ တော်တော်လေးစောင့်ရတယ်။ ဘာမှ ပို့ မရဘူး။ FB ဖွင့်ရင်လည်း အဖြူအကွက်ပဲ မြင်ရတယ်။ ပြီးရင် လည်တယ်လေ သိတယ်မဟုတ်လား။ စာပို့ရင် လည်း မထွက်ဘူးလေ။ ဘေးကအဝိုင်းလေးက စာထွက်သွားရင် အမှန်ခြစ်လေးပေါ်တယ်ဟုတ်မဟုတ်လား။ အခုက အဲ့လိုမျိုးကို မပေါ်တာ။ တခါခါ အဲ့လိုမျိုးကိုယ်ပို့တဲ့စာတစ်ကြောင်းထွက်သွားရင် အရမ်းပျော်တာ။ Voice တွေဘာတွေ တစ်ခါမှ မဖွင့်ဖူးဘူး။ ပုံဆိုရင် မြင်တောင် မမြင်ရဘူး။”

ကချင်ပြည်နယ်အတွင်း မြို့ကြီးမြို့ငယ်ပေါင်း ၃၀ ရှိသည့်အနက် နောင်မွန်းမြို့ကတော့ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကစတင်ပြီး 2G အင်တာနက်လိုင်းနှင့် MPT ဖုန်းလိုင်းများ ရရှိခဲ့သည်ဟု သိရသည်။

နောင်မွန်းမြို့တွင် သုံးနေရသည့် အင်တာနက်လိုင်းများမှာ အသုံးမဝင်သည့် လိုင်းများသာဖြစ်သည်ဟု မဆန်နိုင်း နန်ဆိုင်း က ဆက်ပြောသည်။

“နောင်မွန်းမှာနေရင် post တစ်ခုတောင်မှ မတင်ဖူးဘူး။ ပြောဖို့ တောင် ရှက်တယ်။ post တင်ဖို့ဆိုတာ လုံးဝမလွယ်ဘူး။ မက်ဆင်ဂျာတစ်ခုတွေ့ဖို့တောင်မှ အရမ်းခက်တယ်လို့။ အင်တာနက်ရတယ်ဆိုတာပဲ သိနေပေမယ့် လုံးဝမသုံးဖြစ်ဘူး။”

ရရှိသည့် အင်တာနက်မှာ 2G စနစ်သာ ဖြစ်သည့်အတွက် သုံးလို့ အဆင်မပြေဘူးဟု မဆန်နိုင်းနန်ဆိုင်က ဆက်ပြောသည်။ “အမည် ခံပုံစံပဲ ဖြစ်သွားတာပေါ့။ ရတော့ရတယ် အသုံးမဝင်ဘူး။” ဖုန်းခေါ်ဆိုရန်ပင် ခက်ခဲသည်ဟု သူက ဆက်ပြောသည်။ “အရမ်းစိတ်ရှည်ရတာပေါ့” ဟု ပြောသည်။

နောင်မွန်းမြို့သည် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ မရသည့်အပြင် လမ်းပန်းဆက် သွယ်ရေးလည်း ခက်ခဲ သည့်အတွက် ကုန်ဈေးနှုန်းလည်း အလွန်ကြီးပြီး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများနှင့် စီးပွားရေးကဏ္ဍများတွင် လည်း အလွန်နောက်ကျသည်ဟု ဒေသခံများက ပြောသည်။

နောင်မွန်းဒေသခံများအနေဖြင့် ၎င်းတို့အား ခွဲခြားဆက်ဆံခံထားရသည်ဟု ခါကာဘူလူငယ်အဖွဲ့ က ကိုအားဖုန် က ပြောသည်။

“နိုင်ငံသားတိုင်း သတင်းအချက်အလက်ရရှိခွင့်ဆိုတာ အခြေခံလူ့အခွင့်အရေးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အင် တာနက်ကွန်ရက် ဆက်သွယ်မှု ရရှိခြင်းဟာ လူ့အခွင့်ရေးကို ကာကွယ်မြှင့်တင်ပေးပြီးတော့ ဒီမိုကရေစီကို ခိုင် မာအားကောင်းစေပါတယ်နော်။ မြန်မာနိုင်ငံရဲ့ အောက်ပိုင်းမှာရှိတဲ့ မြေပြန့်ဒေသမှာကျတော့ ကောင်းမွန်တဲ့ တယ်လီဖုန်းလိုင်းနဲ့ မြန်နှုန်းမြင့်ကွန်ရက် အင်တာနက် ဆက်သွယ်မှုကို ရရှိကြတာဖြစ်ပါတယ်။ သို့သော် ကျနော် တို့ ဒီနောင်မွန်းမြို့နယ်မှာရှိတဲ့ ကျနော်တို့လို လူနည်းစုအဖွဲ့ ဝင်တွေကျတော့ ကျေးရွာတိုင်းလိုလိုဖုန်းလိုင်း မရပါ ဘူး။ အင်တာနက်ဆိုရင် ဝေလာဝေးဖြစ်ပါတယ်။ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ၊ ခွဲခြားဖိနှိပ်ခံရတာ၊ ဖယ်ကျဉ်ခံရတာ၊ ပစ်ပယ်ခံရတာ ဖြစ်ပါတယ်။”

(Rights to Information) သတင်းအချက်အလက် ရယူပိုင်ခွင့်ကို အစိုးရက ဖော်ဆောင်ပေးရန် တာဝန်ရှိ သော်လည်း ပျက်ကွက်နေသည်ဟု ဆက်ပြောသည်။

“နိုင်ငံသားတိုင်း သတင်းအချက်အလက်ရရှိဖို့အတွက် အင်တာနက်ကွန်ရက် ချိတ်ဆက် ဆက်သွယ်ပေးဖို့ အစိုး ရမှာ တာဝန်ရှိတယ်ဆိုကို နိုင်ငံတကာမှာ အသိအမှတ်ပြုထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ဖို့နဲ့ တန်းတူညီမျှရေးအတွက် ကျနော်တို့ ဒီနောင်မွန်းမှာရှိတဲ့ လူနည်းစုအဖွဲ့ ဝင်တွေအားလုံး၊ ကျေးရွာတွေအားလုံး အင်တာနက်ကွန်ရက်ရရှိရေးဟာ အစိုးရအပေါ်မှာ အပြည့်အဝတာဝန်ရှိပါတယ်” ဟု ခါကာဘူ လူငယ်အဖွဲ့ က ကိုအားဖုန် က ဆက်ပြောသည်။

သတင်းအချက်အလက် ရယူပိုင်ခွင့်ဆုံးရှုံးနေသလို သတင်းအချက်အလက် ဖြန့်ဝေပိုင်ခွင့်၊ ပေးပိုင်ခွင့်များလည်း ဆုံးရှုံးနေရသည်ဟု မဆန်နိုင်းနန်ဆိုင်း က ဆက်ပြောသည်။

“ကျမတို့ဘက်က သတင်းတွေ အကြောင်းအရာတွေ မြို့ကိုပို့ရမယ်ဆိုရင်လည်း လနဲ့ချီပြီးကြာတာမျိုးပေါ့။ ဆို တော့ ဘာပြဿနာဖြစ်ဖြစ် အကျိုးမရှိသလိုမျိုးဖြစ်နေရတယ်။ အဲ့တော့ ကြာလာတော့ ဒီအတိုင်းပဲ ကျော်သွား တာ များတယ်။ အစိုးရဘက်က လုပ်တဲ့စီမံကိန်းတွေဆိုရင်လည်း သူတို့တော့ လုပ်သွားတယ်။ ဒါပေမယ့် ကျမတို့ဘက်က မကျေနပ်တဲ့ဟာတွေ၊ မနစ်မြို့တာမျိုးတွေဆိုရင် ဘယ်သူ့ကိုပြောရမလဲမသိဘူး။ ဘယ်သူ့ကိုပို့ရ မယ်ဆိုတာမျိုးတွေမသိဘူးလေနော်။”

မြန်မာအစိုးရက သဘောတူထားသည့် ကုလသမဂ္ဂအဖွဲ့ (UN)၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်ရေးပန်းတိုင် SDGs ပစ်မှတ် ၁၆.၁၀ အရ ပြည်တွင်းဥပဒေပြဌာန်းချက်နှင့် နိုင်ငံတကာသဘောတူညီချက်များနှင့်အညီ လူထုအား သတင်းအချက်အလက်များ လက်လှမ်းမှီရရှိစေရန်နှင့် အခြေခံကျသော လွတ်လပ်မှုများကို ကာ ကွယ်ပေးရန် ဖြစ်ပေါ်သေချာစေရမည် ဆိုသည့် အချက်ကို နိုင်ငံတော်က အကောင်အထည်ဖော်ရန် သဘော တူထားသော်လည်း လွန်စွာအားနည်းနေဟု ဆိုရမည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တုန်းက ရေးထိုးခဲ့သည့် နိုင်ငံတကာ ဥပဒေများထဲက စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) စာချုပ်ပါ ပုဒ်မ (၉) ၏ လူမှုဖူလုံရေးဆိုင်ရာ လူ့အခွင့်အရေးအပေါ် ထုတ်ပြန် ထားသည့် “လူမှုဖူလုံရေး အကျိုးခံစားခွင့်များ အကြောင်း သတင်းအချက်အလက်အားလုံးကို လူတိုင်း (သို့) အဖွဲ့အစည်းတိုင်းက ရှင်းရှင်းလင်းလင်းနှင့် ပွင့် လင်းမြင်သာစွာ ရှာဖွေ၊ ရယူ၊ ဖြန့်ဖြူးနိုင်ရေး နိုင်ငံအတွင်း ဥပဒေများတွင် မူဘောင်စနစ်တစ်ခုကို ထည့်သွင်း ရေးဆွဲရမည်” ဆိုသည့် အချက်ကိုလည်း ဆန့်ကျင်နေသည်။

နိုင်ငံတော်၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအပေါ် မူတည်၍ အင်တာနက်လိုင်း ပိတ်ခြင်း၊ အင်တာနက် မြန်နှှုန်းကို အဆင့်လျော့ထားခြင်း၊ 2G အဆင့်ခန့်သာ ဖွင့်ထားပေးခြင်းမျိုးများ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား စစ်ရေးတင်းမာနေသည့် မြို့နယ်များတွင် ၂၀၁၉ ဒီဇင်ဘာလ ဆန်းပိုင်းမှ စတင်ခဲ့သည်။

ထို့အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် မြန်မာနိုင်ငံမြောက်ဖျားပိုင်းက ဒေသများတွင်လည်း ဖုန်းနှင့် အင် တာနက်လိုင်းများမှာ မြန်နှုန်းမြင့် လိုင်းများ မရှိသေးသလို ဖုန်းလိုင်းများပင် လုံးဝမရရှိသေးသည့် မြို့ ရွာများ ရှိနေသည်ဟု ဒေသခံများ က ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းက အင်တာနက်လိုင်းများပိတ်ထားခြင်း၊ 2G အဆင့်သာသုံးစွဲခွင့်ရနေ သည့် အခြေအနေများကို နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကြောင့် အများစုက သိရှိထားသော်လည်း နောင်မွန်းမြို့အပါအဝင် မြန်မာနိုင်ငံမြောက်ဖျားပိုင်းဒေသက အခြေအနေများ ကို အများစုက မသိရှိကြပဲ၊ သတိလည်း မထားမိကြပေ။

မြန်မာနိုင်ငံမြောက်ဖျားပိုင်းဒေသဖြစ်သည့် ကချင်ပြည်နယ်အတွင်း မြို့ပေါင်း ၃၀ ရှိသည့်အနက် နောင်မွန်း၊ ခေါင် လန်ဖူး၊ ပန်နန်းဒင်၊ ပူတာအို၊ ဆွမ်ပရာဘွမ်၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ တနိုင်းနှင့် အင်ဂျန်းယန်မြို့ များအတွင်းက ကျေးရွာအတော်များများတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ မရရှိသေးဟု ဒေသခံများ က ပြောသည်။

နောင်မွန်းမြို့တွင် လူဦးရေ ၇၈၄၅ ဦး၊ ချီဖွေမြို့ တွင် လူဦးရေ ၂၀၃၂၀၊ ပန်ဝါမြို့တွင် ၁၁၂၀၊ တနိုင်းတွင် ၃၉ ၂၂၉ ဦး၊ အင်ဂျန်းယန်မြို့တွင် ၈၄၈၅ ဦး၊ ဆော့လော်မြို့ တွင် ၇၄၉၉ ဦး၊ ခေါင်လန်ဖူးမြို့ တွင် ၁၄၃၀၄ ဦးနှင့် ဆွမ်ပရာ ဘွမ်မြို့ တွင် ၉၇၁၆ ဦး ရှိသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ဝက်ဆိုက်အင်တာနက်စာမျက်နှာတွင် ဖော်ပြထား သည့် စာရင်းများအရ သိရသည်။

“တခြားမြို့တွေကိုလည်း လူငယ်ခရီးစဉ်အနေနဲ့သွားဖူူးတယ်လေ။ အဲ့ထဲမှာ နောင်မွန်းတို့၊ ဆွမ်ပရာဘွမ်တို့က မြို့ ထဲလောက်ပဲရတယ်။ ချီဖွေလည်း မြို့ထဲလောက်ပဲရတယ်။ တခြားနေရာဆို မရဘူး။ ဆော့လော်လည်းမရဘူး။ ပန်ဝါတော့ တရုတ်ဖုန်းပဲသုံးတယ်။ မြန်မာက လိုင်းမကောင်းဘူး။ ပူတာအိုလည်း မြို့ ပတ်ဝန်းကျင်ပဲ ပြောရမှာပဲ သူကတော့ 4G, 3G ရတယ်။ မြို့နဲ့ နည်းနည်းဝေးတဲ့ ရွာတွေရောက်ရင်တော့ ဖုန်းလိုင်းတောင်မရတော့ဘူး၊ သူကတော့ တခြားနောင်မွန်းတို့ လောက်တော့မဆိုးဘူး။ ပန်နန်းဒင်လည်း မရဘူး” ဟု လူငယ် ခရစ်ယာန် ဓမ္မ အမှုတော်ဆောင် ဆရာမနူးနူးက ပြောသည်။

ထို့အပြင် ၂၀၁၁ ခုနှစ်က တစ်ကျော့ပြန် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြားက တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ပဋိပက္ခဇုန်ဟု သတ်မှတ်နိုင်သည့် ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက် မြို့များအတွင်း က ကျေးရွာအချို့ နှင့် ဝိုင်းမော်-ဗန်းမော်-မိုးမောက်-လွယ်ဂျယ် လမ်းတစ်လျှောက်တွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ မရရှိဟုလည်း ဆရာမနူးနူး က ဆက်ပြောသည်။

“နောက်ပြီး ဗန်းမော်တို့၊ မိုးမောက်၊ ဝိုင်းမော် အဲ့ဒီလမ်းတလျှောက်မှာလည်း မရတဲ့ရွာတွေရှိတယ်။ မန်ဝိန်းတို့ ဘက်တွေလည်း မရတဲ့နေရာတွေ အများကြီးပါပဲ။ ဖုန်းလိုင်း တောင်မှ မရတာပေါ့နော်။ ဝိုင်းမော်မြို့ ထွက်တာနဲ့ မရတော့တာ အဲ့လိုမျိုး။ CDMA တော့ ရတယ်။ အရင်က ဆိုရင် လွယ်ဂျယ်လည်း လုံးဝမရဘူး။ အခုတော့ လွယ်ဂျယ်က တယ်လီနော ရတယ်။ ရတာ တစ်နှစ် မပြည့် သေးဘူး။ အရမ်းကြီး လိုင်းက ကောင်းတာတော့ မဟုတ်ဘူး။ ရတော့ ရတယ်။ အဲ့မှာ တချို့နေရာတွေဆိုရင် တရုတ်ဖုန်းသုံးကြတယ်။ တချို့တော့ ဘာလိုင်းမှ မရဘူး။”

ချီဖွေမြို့က အခြေအနေနှင့် ပတ်သက်၍ ဒေသခံ ကိုထွန်းရှိန်ဇုန်းကီ က “ကျနော်တို့ ချီဖွေက မြို့ပေါ်ပဲရ တယ်။ မြို့ရဲ့ ရပ်ကွက်လေးခုပဲရတယ်။ ကျန်တဲ့ ဒီရွာပေါင်း ၇၀ ကျော် ၈၀ ရှိတဲ့ အထဲမှာ တစ်နေရာမှ ဖုန်းလိုင်း မရဘူးပေါ့။ ချီဖွေမြို့ထဲမှာ ပန်ဝါမြို့ထဲမှာဆိုရင် မြို့ထဲပဲရတယ်။ ကျန်တဲ့နေရာတွေ မရဘူး။ လမ်းပန်းဆက်သွယ် ရေးလည်း လုံးဝမကောင်းဘူး။ ဆိုတော့ ကျနော်တို့ ဒေသက အစားအသောက်က အစ တရုတ်ဘက်က ဝင်လာ တာကို စားရတာ။ မိုးတွင်းဆိုရင် ပိုဆိုးတယ်။ ဖုန်းလိုင်းလည်း မရတော့ သီးသန့်လို ဖြစ်နေတယ်” ဟု ပြော သည်။

“မြို့ ပြကလူတွေနဲ့ ကျမတို့ ဒေသကလူတွေက ပညာရေးမှာ အတော်နောက်ကျနေတယ်။ အချက်အလက် တစ် ခုခုလိုချင်ရင်လည်း ကိုယ့်ဟာကိုယ်ပဲ ကြိုးစားရတယ်။ အင်တာနက်မှာ ရှာဖို့ဆိုတာ မလွယ်ဘူး။ သင်ရိုး ညွန်း တန်းစာအုပ်က လွဲပြီး တခြားဘာမှ အပိုမရဘူး။ ဆရာ/မ ကိုယ်ထူကိုယ်ထပဲ ကြိုးစားရတယ်။ သိသင့် သ လောက် မရဘူးပေါ့နော်။ လိုင်းပေါ်ကနေ စာရှာဖတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ နာရေးကိစ္စတွေ ဖြစ်ရင်လည်း ဖုန်းလိုင်းမရတော့ နှစ်ရက်သုံးရက်မှ သတင်းရတယ်။ မမှီတာက များတယ်။ ငွေလွှဲရင်တော့ အနည်းဆုံး တပတ် ကြာတယ်။ ဘဏ်လည်းမရှိဘူး။ အစိုးရဘဏ်ပဲရှိတယ်လေ။ အဲ့တော့ အနည်းဆုံးတပတ်ပဲ၊ တခါခါ တစ်လ လည်းကြာတယ်” ဟု မဆန်နိုင်းနန်ဆိုင်း က ဆက်ပြောသည်။

ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ မရရှိသည့်အတွက် ဒေသခံဌာနေတိုင်းရင်းသားများ အနေဖြင့် COVID-19 ကပ်ရောဂါနှင့် ပတ်သက်သည့် သတင်းအချက်အလက်ရရှိမှု၊ အင်တာနက်အခြေပြု စာသင်ကြားရေးနှင့် အခြား သောသတင်းအချက်အလက်ရရှိရေးနှင့် ဆက်သွယ်ရေးတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်ဟု ဒေသခံ များက ပြောသည်။

ထို့အပြင် ကျန်းမာရေးနှင့် ပတ်သက်၍လည်း မဆန်နိုင်းနန်ဆိုင်း က “ကျန်းမာရေးကဏ္ဍမှာရော အဲ့လိုပဲဟုတ် တယ်လို့။ ဖုန်းဆက်သွယ်ရေးအပြင် လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းဘူး။ ဒီလိုအနေအထားမှာ တော်တော်လေးခက်ခဲတယ်။ မသေသင့်ပဲသေသွားတာတွေလည်း အများကြီးပဲ။ ကျန်းမာရေးနဲ့ဆိုင်တဲ့ သတင်း အချက်အလက်တွေလည်း မရဘူး။ ဆိုတော့ကိုယ့်ဘက်က ကျန်းမာရေး အသိပညာတိုးလာဖို့ဆိုတာလည်း မရှိ တော့ဘူးလေ။ ဘယ်လိုဆင်ခြင်ရမလဲ၊ ဘယ်လိုနေထိုင်ရမလဲ၊ ဘယ်လို ဂရုစိုက်ရမလဲ၊ မဖတ်ရ၊ မကြားရ၊ မသိ ရတော့ ဆင်ခြင်တုံတရားမဲ့သွားတာပေါ့နော်။ အခု ဒီ COVID-19 နဲ့ ပတ် သက်ပြီးလည်း မြို့နယ်က စာကပ်ထား တာကိုပဲ သွားကြည့်ရတယ်။ သတင်းအချက်အလက် အချိန်မှီမရဘူး။ လူထုကလည်း ဘယ်လောက်ကြောက် စရာကောင်းတဲ့ ရောဂါလည်း နားမလည်ဘူး” ဟု ပြောသည်။

သတင်းအချက်အလက်ရရှိရေးနှင့် အင်တာနက်လိုင်း ဆက်သွယ်မှုများ ရရှိရေးသည် အခြေခံလူ့အခွင့်အရေးပင် ဖြစ်ကြောင်း၊ နိုင်ငံသားများ သတင်းအချက်အလက်ရရှိရေးအတွက် အင်တာနက်ဆက်သွယ်မှု တည်ဆောက် ပေးရေးမှာ အစိုးရတွင်တာဝန်ရှိကြောင်းကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုထားသော်လည်း နောင်မွန်မြို့နေ ပြည်သူများ တယ်လီဖုန်းနှင့် အင်တာနက်မရရှိခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပြီး၊ ဖယ်ကျဉ်ခံထားရမှု၊ ခွဲခြားဖိနှိပ်ခံရမှုပင် ဖြစ်ပါသည်ဟု ဆိုကြသည်။

ထို့ကြောင့် ၎င်းတို့၏ ဒေသများတွင် ဖုန်းနှင့် အင်တာနက်လိုင်း ဆက်သွယ်ရေးများ မြန်ဆုံး တပ်ဆင်ပေးရန် Khakabo Youth Organization ခါကာဘူလူငယ် နှင့် နောင်မွန်မြို့ရှိ လူငယ်များက ဒီဇင်ဘာလ ၈ ရက် နေ့က တောင်းဆိုထားကြသည်။

ဒေသခံလူငယ်များ တောင်းဆိုနေသည့် နောင်မွန်မြို့အတွင်း ဖုန်းလိုင်းနှင့် မြန်နှုန်းမြှင့်အင်တာနက်လိုင်း များ ရရှိရေးနှင့် အစိုးရ၏ လုပ်ဆောင်နေမှုများ သိရှိနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ဆက်သွယ်မေး မြန်းနိုင်ရေး အကြိမ်ကြိမ်ကြိုးစား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ ထို့အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အင်တာနက်ဝက်ဆိုက်စာမျက်နှာတွင်လည်း ဖော်ပြထားခြင်းမရှိပေ။

“နားနဲ့ပဲ ကြားနေရတဲ့ တိုးတက်မှု ပြောင်းလဲမှုကိုလည်း မလိုချင်တော့ဘူး။ ဆိုတော့ ပြည်သူတွေကို အမှန် တကယ်ချစ်တယ်ဆိုရင် အလုပ်နဲ့ သက်သေပြပေးပါ။ ကျနော်တို့ ခါကာဘိုရာဇီတောင်ခြေမှာရှိတဲ့ နောင်မွန်မြို့ မှာလည်း လူတွေရှိပါတယ်။ ကျနော်တို့ ပြည်သူတွေကလည်း လူပါ။ ဒါ့ကြောင့် ပြည်သူတွေကို အမှန်တကယ် ချစ်ရင် NLD အစိုးရဖြစ်တဲ့နည်းတူ၊ ပြည်သူ့ဘက်က ရပ်တည်တဲ့ အစိုးရဖြစ်တဲ့နည်းတူ ကျနော်တို့ နောင်မွန်မြို့ နယ်ကို အင်တာနက်လိုင်း ဖုန်းလိုင်း အမြန်ဆုံးပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ကိုဘီဆက်ဂျောင်လင်း က ပြောသည်။

*** ZAWGYI ***
“အေမွာင္ကမၻာထဲက လႊတ္ေျမာက္ခ်င္ၿပီ”

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၃၀ ရက္။

“ျမန္မာျပည္ အစြန္ဆံုးၿမိဳ႕ေလးမွာ အင္တာနက္ မရဘူးဗ်ိဳ႕”

“အမိႏုိင္ငံရဲ႕ တိုးတက္ေျပာင္းလဲမႈကို သိခြင့္ျပဳပါ” ဟု ဆိုလာသူမ်ားကေတာ့ ျမန္မာႏုိင္ငံေျမာက္ဖ်ားပိုင္း၊ ေရခဲ ေတာင္မ်ား ရွိရာ ေနာင္မြန္းၿမိဳ႕က ေဒသခံမ်ား ျဖစ္သည္။

ေနာင္မြန္းၿမိဳ႔သည္ ပူတာအိုၿမိဳ႔နယ္ထဲရွိ ျမန္မာႏိုင္ငံ၏ ေျမာက္ဖက္အစြန္ဆံုးၿမိဳ႔ျဖစ္သည္။

“က်ေနာ္တုိ႔ ေနာင္မြန္းၿမိဳ႕မွာဆုိရင္ တာဝါတုိင္တစ္တုိင္ပဲ ရွိပါ တယ္။ ဒီတုိင္ကေန ၿမိဳ႕ အနီးက သံုးေလးရြာေလာက္ကိုပဲ လိုင္းရတာပါ။ က်ေနာ္တုိ႔ ေဒသသည္ အင္တာနက္ ျဖတ္ ေတာက္ခံထားရတာမဟုတ္ဘူး။ ဒီေန႔အခ်ိန္အထိ မေပးေသးတာပါ။” ဟု ေနာင္မြန္းေဒသခံ ကိုဘီဆက္ေဂ်ာင္လင္း က ေျပာသည္။

သူကပဲ ဆက္ၿပီး “အခုအခ်ိန္ထိ ဟိုးအရင္က သံုး တဲ့ CDMA ကိုပဲ သံုးေနရတုန္းပဲ ဟုတ္တယ္။ က်ေနာ္တုိ႔ တုိင္းျပည္တိုးတက္တာေတြ၊ ေျပာင္းလဲတာ ေတြ လည္း မျမင္ခဲ့ရဘူး။ အထီးက်န္အေမွာင္ကမၻာထဲကေန ရုန္းထြက္ခ်င္ေနၿပီ” ဟု ေျပာသည္။

ကမၻာႀကီးအေၾကာင္း သိႏုိင္မယ့္အခြင့္အလမ္းမ်ား၊ မိမိေဒသအေၾကာင္း ဖလွယ္ႏုိင္မည့္ အေျခအေနမ်ား၊ အသိ ဗဟုသုတႏွင့္ယွဥ္သည့္ ဆံုးျဖတ္ခ်က္မ်ား ခ်ႏုိင္ေရး တစ္ဦးႏွင့္တစ္ဦး ဆက္သြယ္ကာ သတင္းအခ်က္အလက္ ရယူႏုိင္ရန္ႏွင့္ အျပန္လွန္ဖလွယ္ႏုိင္ေရး လမ္းေၾကာင္းက ျမန္မာႏုိင္ငံရဲ႕ ေျမာက္ဖ်ားစြန္းက ေဒသခံေတြအတြက္ ေတာ့ အေတာ္ေလးကို အလွမ္းေဝးေနသည္ဟု ေျပာသည္။

ကခ်င္ျပည္နယ္၊ ေနာင္မြန္းၿမိဳ႕ က မဆန္ႏုိင္းနန္ဆိုင္း က လူေနမႈ အဆင့္အတန္း တိုးတက္ျမင့္မားေရးအတြက္ ဆက္သြယ္ေရးက အေရးႀကီးသည္ဟု ေျပာျပသည္။

“လူေနမႈ အဆင့္အတန္းတစ္ခုမွာဆုိရင္ အဓိကက ဆက္သြယ္မႈက အေရးႀကီးတာေပါ့ေနာ္။ ဆက္သြယ္မႈ မရလို႔ရွိရင္ေတာ့ က်မတုိ႔က သီးသန္႔ေနထုိင္ရသလို ျဖစ္ တယ္ေလ။ ဘာနဲ႔မွလည္း အဆက္အသြယ္မရွိဘူး။ သတင္း ေရာ ဘာမွမၾကားရ၊ မသိရဘူးဆိုေတာ့ တကယ့္ အေမွာင္ခ် ထားတဲ့ေနရာမွာ ေနရသလို ခံစားရတာေပါ့ေနာ္”

စာတိုေလး တစ္ေၾကာင္း ႏွစ္ေၾကာင္း ပို႔ဖို႔ပင္ အခ်ိန္ အေတာ္ယူရသည္ဟုလည္း သူက ေျပာသည္။

“2G ပဲ ရတာဆုိေတာ့ messenger ကေန စာတစ္လံုးပို႔ဖုိ႔အေရးေတာင္မွ ေတာ္ေတာ္ေလးေစာင့္ရတယ္။ ဘာမွ ပို႔ မရဘူး။ FB ဖြင့္ရင္လည္း အျဖဴအကြက္ပဲ ျမင္ရတယ္။ ၿပီးရင္ လည္တယ္ေလ သိတယ္မဟုတ္လား။ စာပို႔ရင္ လည္း မထြက္ဘူးေလ။ ေဘးကအဝိုင္းေလးက စာထြက္သြားရင္ အမွန္ျခစ္ေလးေပၚတယ္ဟုတ္မဟုတ္လား။ အခုက အဲ့လိုမ်ိဳးကို မေပၚတာ။ တခါခါ အဲ့လိုမ်ိဳးကိုယ္ပို႔တဲ့စာတစ္ေၾကာင္းထြက္သြားရင္ အရမ္းေပ်ာ္တာ။ Voice ေတြဘာေတြ တစ္ခါမွ မဖြင့္ဖူးဘူး။ ပံုဆုိရင္ ျမင္ေတာင္ မျမင္ရဘူး။”

ကခ်င္ျပည္နယ္အတြင္း ၿမိဳ႔ႀကီးၿမိဳ႔ငယ္ေပါင္း ၃၀ ရွိသည့္အနက္ ေနာင္မြန္းၿမိဳ႕ကေတာ့ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ကစတင္ၿပီး 2G အင္တာနက္လိုင္းႏွင့္ MPT ဖုန္းလိုင္းမ်ား ရရွိခဲ့သည္ဟု သိရသည္။

ေနာင္မြန္းၿမိဳ႕တြင္ သံုးေနရသည့္ အင္တာနက္လိုင္းမ်ားမွာ အသံုးမဝင္သည့္ လိုင္းမ်ားသာျဖစ္သည္ဟု မဆန္ႏိုင္း နန္ဆိုင္း က ဆက္ေျပာသည္။

“ေနာင္မြန္းမွာေနရင္ post တစ္ခုေတာင္မွ မတင္ဖူးဘူး။ ေျပာဖို႔ ေတာင္ ရွက္တယ္။ post တင္ဖို႔ဆုိတာ လံုးဝမလြယ္ဘူး။ မက္ဆင္ဂ်ာတစ္ခုေတြ႕ဖို႔ေတာင္မွ အရမ္းခက္တယ္လို႔။ အင္တာနက္ရတယ္ဆိုတာပဲ သိေနေပမယ့္ လံုးဝမသံုးျဖစ္ဘူး။”

ရရွိသည့္ အင္တာနက္မွာ 2G စနစ္သာ ျဖစ္သည့္အတြက္ သံုးလို႔ အဆင္မေျပဘူးဟု မဆန္နိုင္းနန္ဆိုင္က ဆက္ေျပာသည္။ “အမည္ ခံပံုစံပဲ ျဖစ္သြားတာေပါ့။ ရေတာ့ရတယ္ အသံုးမဝင္ဘူး။” ဖုန္းေခၚဆိုရန္ပင္ ခက္ခဲသည္ဟု သူက ဆက္ေျပာသည္။ “အရမ္းစိတ္ရွည္ရတာေပါ့” ဟု ေျပာသည္။

ေနာင္မြန္းၿမိဳ႕သည္ ဖုန္းလိုင္း၊ အင္တာနက္လိုင္းမ်ား မရသည့္အျပင္ လမ္းပန္းဆက္သြယ္ေရးလည္း ခက္ခဲ သည့္အတြက္ ကုန္ေစ်းႏႈန္းလည္း အလြန္ႀကီးၿပီး၊ ပညာေရး၊ က်န္းမာေရးက႑မ်ားႏွင့္ စီးပြားေရးက႑မ်ားတြင္ လည္း အလြန္ေနာက္က်သည္ဟု ေဒသခံမ်ားက ေျပာသည္။

ေနာင္မြန္းေဒသခံမ်ားအေနျဖင့္ ၎တုိ႔အား ခြဲျခားဆက္ဆံခံထားရသည္ဟု ခါကာဘူလူငယ္အဖြဲ႕ က ကိုအားဖုန္ က ေျပာသည္။

“ႏုိင္ငံသားတိုင္း သတင္းအခ်က္အလက္ရရွိခြင့္ဆုိတာ အေျခခံလူ႔အခြင့္အေရးျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ အင္ တာနက္ကြန္ရက္ ဆက္သြယ္မႈ ရရွိျခင္းဟာ လူ႔အခြင့္ေရးကို ကာကြယ္ျမွင့္တင္ေပးၿပီးေတာ့ ဒီမိုကေရစီကို ခိုင္ မာအားေကာင္းေစပါတယ္ေနာ္။ ျမန္မာႏိုင္ငံရဲ႕ ေအာက္ပိုင္းမွာရွိတဲ့ ေျမျပန္႔ေဒသမွာက်ေတာ့ ေကာင္းမြန္တဲ့ တယ္လီဖုန္းလိုင္းနဲ႔ ျမန္ႏႈန္းျမင့္ကြန္ရက္ အင္တာနက္ ဆက္သြယ္မႈကို ရရွိၾကတာျဖစ္ပါတယ္။ သို႔ေသာ္ က်ေနာ္ တို႔ ဒီေနာင္မြန္းၿမိဳ႕နယ္မွာရွိတဲ့ က်ေနာ္တုိ႔လို လူနည္းစုအဖြဲ႕ ဝင္ေတြက်ေတာ့ ေက်းရြာတုိင္းလိုလိုဖုန္းလို္င္း မရပါ ဘူး။ အင္တာနက္ဆုိရင္ ေဝလာေဝးျဖစ္ပါတယ္။ ဒါဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရတာ၊ ခြဲျခားဖိႏွိပ္ခံရတာ၊ ဖယ္က်ဥ္ခံရတာ၊ ပစ္ပယ္ခံရတာ ျဖစ္ပါတယ္။”

(Rights to Information) သတင္းအခ်က္အလက္ ရယူပိုင္ခြင့္ကို အစိုးရက ေဖာ္ေဆာင္ေပးရန္ တာဝန္ရွိ ေသာ္လည္း ပ်က္ကြက္ေနသည္ဟု ဆက္ေျပာသည္။

“ႏုိင္ငံသားတိုင္း သတင္းအခ်က္အလက္ရရွိဖုိ႔အတြက္ အင္တာနက္ကြန္ရက္ ခ်ိတ္ဆက္ ဆက္သြယ္ေပးဖို႔ အစိုး ရမွာ တာဝန္ရွိတယ္ဆုိကို ႏုိင္ငံတကာမွာ အသိအမွတ္ျပဳထားတာျဖစ္ပါတယ္။ ဒါေၾကာင့္မုိ႔လို႔ လူ႔အခြင့္အေရးကို ကာကြယ္ျမွင့္တင္ဖုိ႔နဲ႔ တန္းတူညီမ်ွေရးအတြက္ က်ေနာ္တုိ႔ ဒီေနာင္မြန္းမွာရွွိတဲ့ လူနည္းစုအဖြဲ႕ ဝင္ေတြအားလံုး၊ ေက်းရြာေတြအားလံုး အင္တာနက္ကြန္ရက္ရရွိေရးဟာ အစိုးရအေပၚမွာ အျပည့္အဝတာဝန္ရွိပါတယ္” ဟု ခါကာဘူ လူငယ္အဖြဲ႕ က ကိုအားဖုန္ က ဆက္ေျပာသည္။

သတင္းအခ်က္အလက္ ရယူပိုင္ခြင့္ဆံုးရံႈးေနသလို သတင္းအခ်က္အလက္ ျဖန္႔ေဝပိုင္ခြင့္၊ ေပးပိုင္ခြင့္မ်ားလည္း ဆံုးရံႈးေနရသည္ဟု မဆန္ႏုိင္းနန္ဆိုင္း က ဆက္ေျပာသည္။

“က်မတို႔ဘက္က သတင္းေတြ အေၾကာင္းအရာေတြ ၿမိဳ႕ကိုပို႔ရမယ္ဆုိရင္လည္း လနဲ႔ခ်ီၿပီးၾကာတာမ်ိဳးေပါ့။ ဆို ေတာ့ ဘာျပႆနာျဖစ္ျဖစ္ အက်ိဳးမရွိသလိုမ်ိဳးျဖစ္ေနရတယ္။ အဲ့ေတာ့ ၾကာလာေတာ့ ဒီအတုိင္းပဲ ေက်ာ္သြား တာ မ်ားတယ္။ အစိုးရဘက္က လုပ္တဲ့စီမံကိန္းေတြဆုိရင္လည္း သူတို႔ေတာ့ လုပ္သြားတယ္။ ဒါေပမယ့္ က်မတုိ႔ဘက္က မေက်နပ္တဲ့ဟာေတြ၊ မနစ္ၿမိဳ႕တာမ်ိဳးေတြဆိုရင္ ဘယ္သူ႔ကိုေျပာရမလဲမသိဘူး။ ဘယ္သူ႔ကိုပို႔ရ မယ္ဆုိတာမ်ိဳးေတြမသိဘူးေလေနာ္။”

ျမန္မာအစိုးရက သေဘာတူထားသည့္ ကုလသမဂၢအဖြဲ႕ (UN)၏ စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးတိုး တက္ေရးပန္းတိုင္ SDGs ပစ္မွတ္ ၁၆.၁၀ အရ ျပည္တြင္းဥပေဒျပဌာန္းခ်က္ႏွင့္ ႏုိင္ငံတကာသေဘာတူညီခ်က္မ်ားႏွင့္အညီ လူထုအား သတင္းအခ်က္အလက္မ်ား လက္လွမ္းမွီရရွိေစရန္ႏွင့္ အေျခခံက်ေသာ လြတ္လပ္မႈမ်ားကို ကာ ကြယ္ေပးရန္ ျဖစ္ေပၚေသခ်ာေစရမည္ ဆိုသည့္ အခ်က္ကို ႏိုင္ငံေတာ္က အေကာင္အထည္ေဖာ္ရန္ သေဘာ တူထားေသာ္လည္း လြန္စြာအားနည္းေနဟု ဆုိရမည္။

ထို႔အျပင္ ျမန္မာႏုိင္ငံအေနျဖင့္ ၂၀၁၅ ခုႏွစ္တုန္းက ေရးထိုးခဲ့သည့္ ႏုိင္ငံတကာ ဥပေဒမ်ားထဲက စီးပြားေရး၊ လူမႈေရးႏွင့္ ယဥ္ေက်းမႈ အခြင့္အေရးမ်ားဆုိင္ရာ အျပည္ျပည္ဆုိင္ရာ သေဘာတူစာခ်ဳပ္ (ICESCR) စာခ်ဳပ္ပါ ပုဒ္မ (၉) ၏ လူမႈဖူလံုေရးဆုိင္ရာ လူ႔အခြင့္အေရးအေပၚ ထုတ္ျပန္ ထားသည့္ “လူမႈဖူလံုေရး အက်ိဳးခံစားခြင့္မ်ား အေၾကာင္း သတင္းအခ်က္အလက္အားလံုးကို လူတုိင္း (သို႔) အဖြဲ႔အစည္းတိုင္းက ရွင္းရွင္းလင္းလင္းႏွင့္ ပြင့္ လင္းျမင္သာစြာ ရွာေဖြ၊ ရယူ၊ ျဖန္႔ျဖဴးႏုိင္ေရး ႏုိင္ငံအတြင္း ဥပေဒမ်ားတြင္ မူေဘာင္စနစ္တစ္ခုကို ထည့္သြင္း ေရးဆြဲရမည္” ဆိုသည့္ အခ်က္ကိုလည္း ဆန္႔က်င္ေနသည္။

ႏုိင္ငံေတာ္၏ လံုၿခံဳေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးအေပၚ မူတည္၍ အင္တာနက္လုိင္း ပိတ္ျခင္း၊ အင္တာနက္ ျမန္ႏွႈန္းကို အဆင့္ေလ်ာ့ထားျခင္း၊ 2G အဆင့္ခန္႔သာ ဖြင့္ထားေပးျခင္းမ်ိဳးမ်ား ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္ အတြင္းက တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ ULA/AA တို႔အၾကား စစ္ေရးတင္းမာေနသည့္ ၿမိဳ႕နယ္မ်ားတြင္ ၂၀၁၉ ဒီဇင္ဘာလ ဆန္းပိုင္းမွ စတင္ခဲ့သည္။

ထို႔အျပင္ လမ္းပန္းဆက္သြယ္ေရးခက္ခဲသည့္ ျမန္မာႏုိင္ငံေျမာက္ဖ်ားပိုင္းက ေဒသမ်ားတြင္လည္း ဖုန္းႏွင့္ အင္ တာနက္လုိင္းမ်ားမွာ ျမန္ႏႈန္းျမင့္ လိုင္းမ်ား မရွိေသးသလို ဖုန္းလိုင္းမ်ားပင္ လံုးဝမရရွိေသးသည့္ ၿမိဳ႕ ရြာမ်ား ရွိေနသည္ဟု ေဒသခံမ်ား က ေျပာသည္။

ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္အတြင္းက အင္တာနက္လိုင္းမ်ားပိတ္ထားျခင္း၊ 2G အဆင့္သာသံုးစြဲခြင့္ရေန သည့္ အေျခအေနမ်ားကို ႏုိင္ငံတကာအဖြဲ႕အစည္းမ်ား၊ အရပ္ဘက္အဖြဲ႕အစည္းမ်ား၏ ေတာင္းဆိုမႈမ်ားေၾကာင့္ အမ်ားစုက သိရွိထားေသာ္လည္း ေနာင္မြန္းၿမိဳ႕အပါအဝင္ ျမန္မာႏုိင္ငံေျမာက္ဖ်ားပိုင္းေဒသက အေျခအေနမ်ား ကို အမ်ားစုက မသိရွိၾကပဲ၊ သတိလည္း မထားမိၾကေပ။

ျမန္မာႏုိင္ငံေျမာက္ဖ်ားပိုင္းေဒသျဖစ္သည့္ ကခ်င္ျပည္နယ္အတြင္း ၿမိဳ႕ေပါင္း ၃၀ ရွိသည့္အနက္ ေနာင္မြန္း၊ ေခါင္ လန္ဖူး၊ ပန္နန္းဒင္၊ ပူတာအို၊ ဆြမ္ပရာဘြမ္၊ ခ်ီေဖြ၊ ေဆာ့ေလာ္၊ ပန္ဝါ၊ တႏိုင္းႏွင့္ အင္ဂ်န္းယန္ၿမိဳ႕ မ်ားအတြင္းက ေက်းရြာအေတာ္မ်ားမ်ားတြင္ ဖုန္းလိုင္းႏွင့္ အင္တာနက္လိုင္းမ်ား မရရွိေသးဟု ေဒသခံမ်ား က ေျပာသည္။

ေနာင္မြန္းၿမိဳ႕တြင္ လူဦးေရ ၇၈၄၅ ဦး၊ ခ်ီေဖြၿမိဳ႕ တြင္ လူဦးေရ ၂၀၃၂၀၊ ပန္ဝါၿမိဳ႕တြင္ ၁၁၂၀၊ တႏုိင္းတြင္ ၃၉ ၂၂၉ ဦး၊ အင္ဂ်န္းယန္ၿမိဳ႕တြင္ ၈၄၈၅ ဦး၊ ေဆာ့ေလာ္ၿမိဳ႕ တြင္ ၇၄၉၉ ဦး၊ ေခါင္လန္ဖူးၿမိဳ႕ တြင္ ၁၄၃၀၄ ဦးႏွင့္ ဆြမ္ပရာ ဘြမ္ၿမိဳ႕ တြင္ ၉၇၁၆ ဦး ရွိသည္ဟု ျပန္ၾကားေရးဝန္ႀကီးဌာန၏ ဝက္ဆုိက္အင္တာနက္စာမ်က္ႏွာတြင္ ေဖာ္ျပထား သည့္ စာရင္းမ်ားအရ သိရသည္။

“တျခားၿမိဳ႕ေတြကိုလည္း လူငယ္ခရီးစဥ္အေနနဲ႔သြားဖူူးတယ္ေလ။ အဲ့ထဲမွာ ေနာင္မြန္းတို႔၊ ဆြမ္ပရာဘြမ္တို႔က ၿမိဳ႕ ထဲေလာက္ပဲရတယ္။ ခ်ီေဖြလည္း ၿမိဳ႕ထဲေလာက္ပဲရတယ္။ တျခားေနရာဆုိ မရဘူး။ ေဆာ့ေလာ္လည္းမရဘူး။ ပန္ဝါေတာ့ တရုတ္ဖုန္းပဲသံုးတယ္။ ျမန္မာက လိုင္းမေကာင္းဘူး။ ပူတာအိုလည္း ၿမဳိ႕ ပတ္ဝန္းက်င္ပဲ ေျပာရမွာပဲ သူကေတာ့ 4G, 3G ရတယ္။ ၿမိဳ႕နဲ႔ နည္းနည္းေဝးတဲ့ ရြာေတြေရာက္ရင္ေတာ့ ဖုန္းလိုင္းေတာင္မရေတာ့ဘူး၊ သူကေတာ့ တျခားေနာင္မြန္းတို႔ ေလာက္ေတာ့မဆိုးဘူး။ ပန္နန္းဒင္လည္း မရဘူး” ဟု လူငယ္ ခရစ္ယာန္ ဓမၼ အမႈေတာ္ေဆာင္ ဆရာမႏူးႏူးက ေျပာသည္။

ထုိ႔အျပင္ ၂၀၁၁ ခုႏွစ္က တစ္ေက်ာ့ျပန္ တပ္မေတာ္ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တုိ႔အၾကားက တုိ္က္ပြဲမ်ား ျဖစ္ပြားခဲ့သည့္ ပဋိပကၡဇုန္ဟု သတ္မွတ္ႏုိင္သည့္ ဝိုင္းေမာ္၊ ဗန္းေမာ္၊ မိုးေမာက္ ၿမိဳ႕မ်ားအတြင္း က ေက်းရြာအခ်ိဳ႕ ႏွင့္ ဝိုင္းေမာ္-ဗန္းေမာ္-မိုးေမာက္-လြယ္ဂ်ယ္ လမ္းတစ္ေလ်ွာက္တြင္လည္း ဖုန္းလိုင္းႏွင့္ အင္တာနက္လိုင္းမ်ား မရရွိဟုလည္း ဆရာမႏူးႏူး က ဆက္ေျပာသည္။

“ေနာက္ၿပီး ဗန္းေမာ္တုိ႔၊ မိုးေမာက္၊ ဝိုင္းေမာ္ အဲ့ဒီလမ္းတေလ်ွာက္မွာလည္း မရတဲ့ရြာေတြရွိတယ္။ မန္ဝိန္းတို႔ ဘက္ေတြလည္း မရတဲ့ေနရာေတြ အမ်ားႀကီးပါပဲ။ ဖုန္းလိုင္း ေတာင္မွ မရတာေပါ့ေနာ္။ ဝိုင္းေမာ္ၿမိဳ႕ ထြက္တာနဲ႔ မရေတာ့တာ အဲ့လိုမ်ိဳး။ CDMA ေတာ့ ရတယ္။ အရင္က ဆုိရင္ လြယ္ဂ်ယ္လည္း လံုးဝမရဘူး။ အခုေတာ့ လြယ္ဂ်ယ္က တယ္လီေနာ ရတယ္။ ရတာ တစ္ႏွစ္ မျပည့္ ေသးဘူး။ အရမ္းႀကီး လိုင္းက ေကာင္းတာေတာ့ မဟုတ္ဘူး။ ရေတာ့ ရတယ္။ အဲ့မွာ တခ်ိဳ႕ေနရာေတြဆုိရင္ တရုတ္ဖုန္းသံုးၾကတယ္။ တခ်ိဳ႕ေတာ့ ဘာလိုင္းမွ မရဘူး။”

ခ်ီေဖြၿမိဳ႕က အေျခအေနႏွင့္ ပတ္သက္၍ ေဒသခံ ကိုထြန္းရွိန္ဇုန္းကီ က “က်ေနာ္တုိ႔ ခ်ီေဖြက ၿမိဳ႕ေပၚပဲရ တယ္။ ၿမိဳ႕ရဲ႕ ရပ္ကြက္ေလးခုပဲရတယ္။ က်န္တဲ့ ဒီရြာေပါင္း ၇၀ ေက်ာ္ ၈၀ ရွိတဲ့ အထဲမွာ တစ္ေနရာမွ ဖုန္းလိုင္း မရဘူးေပါ့။ ခ်ီေဖြၿမိဳ႕ထဲမွာ ပန္ဝါၿမိဳ႕ထဲမွာဆိုရင္ ၿမိဳ႕ထဲပဲရတယ္။ က်န္တဲ့ေနရာေတြ မရဘူး။ လမ္းပန္းဆက္သြယ္ ေရးလည္း လံုးဝမေကာင္းဘူး။ ဆိုေတာ့ က်ေနာ္တုိ႔ ေဒသက အစားအေသာက္က အစ တရုတ္ဘက္က ဝင္လာ တာကို စားရတာ။ မိုးတြင္းဆိုရင္ ပိုဆိုးတယ္။ ဖုန္းလိုင္းလည္း မရေတာ့ သီးသန္႔လို ျဖစ္ေနတယ္” ဟု ေျပာ သည္။

“ၿမိဳ႕ ျပကလူေတြနဲ႔ က်မတို႔ ေဒသကလူေတြက ပညာေရးမွာ အေတာ္ေနာက္က်ေနတယ္။ အခ်က္အလက္ တစ္ ခုခုလိုခ်င္ရင္လည္း ကိုယ့္ဟာကိုယ္ပဲ ႀကိဳးစားရတယ္။ အင္တာနက္မွာ ရွာဖို႔ဆိုတာ မလြယ္ဘူး။ သင္ရိုး ညြန္း တန္းစာအုပ္က လြဲၿပီး တျခားဘာမွ အပိုမရဘူး။ ဆရာ/မ ကိုယ္ထူကိုယ္ထပဲ ႀကိဳးစားရတယ္။ သိသင့္ သ ေလာက္ မရဘူးေပါ့ေနာ္။ လိုင္းေပၚကေန စာရွာဖတ္ဖို႔ဆုိတာ လံုးဝမျဖစ္ႏုိင္ဘူး။ နာေရးကိစၥေတြ ျဖစ္ရင္လည္း ဖုန္းလိုင္းမရေတာ့ ႏွစ္ရက္သံုးရက္မွ သတင္းရတယ္။ မမွီတာက မ်ားတယ္။ ေငြလႊဲရင္ေတာ့ အနည္းဆံုး တပတ္ ၾကာတယ္။ ဘဏ္လည္းမရွိဘူး။ အစိုးရဘဏ္ပဲရွိတယ္ေလ။ အ့ဲ့ေတာ့ အနည္းဆံုးတပတ္ပဲ၊ တခါခါ တစ္လ လည္းၾကာတယ္” ဟု မဆန္ႏုိင္းနန္ဆိုင္း က ဆက္ေျပာသည္။

ဖုန္းလိုင္းႏွင့္ အင္တာနက္လုိင္းမ်ား မရရွိသည့္အတြက္ ေဒသခံဌာေနတိုင္းရင္းသားမ်ား အေနျဖင့္ COVID-19 ကပ္ေရာဂါႏွင့္ ပတ္သက္သည့္ သတင္းအခ်က္အလက္ရရွိမႈ၊ အင္တာနက္အေျချပဳ စာသင္ၾကားေရးႏွင့္ အျခား ေသာသတင္းအခ်က္အလက္ရရွိေရးႏွင့္ ဆက္သြယ္ေရးတြင္ စိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ေနၾကရသည္ဟု ေဒသခံ မ်ားက ေျပာသည္။

ထို႔အျပင္ က်န္းမာေရးႏွင့္ ပတ္သက္၍လည္း မဆန္ႏိုင္းနန္ဆိုင္း က “က်န္းမာေရးက႑မွာေရာ အဲ့လိုပဲဟုတ္ တယ္လို႔။ ဖုန္းဆက္သြယ္ေရးအျပင္ လမ္းပန္းဆက္သြယ္ေရးကလည္း မေကာင္းဘူး။ ဒီလိုအေနအထားမွာ ေတာ္ေတာ္ေလးခက္ခဲတယ္။ မေသသင့္ပဲေသသြားတာေတြလည္း အမ်ားႀကီးပဲ။ က်န္းမာေရးနဲ႔ဆုိင္တဲ့ သတင္း အခ်က္အလက္ေတြလည္း မရဘူး။ ဆိုေတာ့ကုိယ့္ဘက္က က်န္းမာေရး အသိပညာတိုးလာဖုိ႔ဆုိတာလည္း မရွိ ေတာ့ဘူးေလ။ ဘယ္လိုဆင္ျခင္ရမလဲ၊ ဘယ္လိုေနထုိင္ရမလဲ၊ ဘယ္လို ဂရုစိုက္ရမလဲ၊ မဖတ္ရ၊ မၾကားရ၊ မသိ ရေတာ့ ဆင္ျခင္တံုတရားမဲ့သြားတာေပါ့ေနာ္။ အခု ဒီ COVID-19 နဲ႔ ပတ္ သက္ၿပီးလည္း ၿမိဳ႕နယ္က စာကပ္ထား တာကိုပဲ သြားၾကည့္ရတယ္။ သတင္းအခ်က္အလက္ အခ်ိန္မွီမရဘူး။ လူထုကလည္း ဘယ္ေလာက္ေၾကာက္ စရာေကာင္းတဲ့ ေရာဂါလည္း နားမလည္ဘူး” ဟု ေျပာသည္။

သတင္းအခ်က္အလက္ရရွိေရးႏွင့္ အင္တာနက္လိုင္း ဆက္သြယ္မႈမ်ား ရရွိေရးသည္ အေျခခံလူ႔အခြင့္အေရးပင္ ျဖစ္ေၾကာင္း၊ ႏိုင္ငံသားမ်ား သတင္းအခ်က္အလက္ရရွိေရးအတြက္ အင္တာနက္ဆက္သြယ္မႈ တည္ေဆာက္ ေပးေရးမွာ အစိုးရတြင္တာဝန္ရွိေၾကာင္းကို ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအသိုက္အဝန္းက အသိအမွတ္ျပဳထားေသာ္လည္း ေနာင္မြန္ၿမိဳ႕နယ္ေန ျပည္သူမ်ား တယ္လီဖုန္းႏွင့္ အင္တာနက္မရရွိျခင္းသည္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ျဖစ္ၿပီး၊ ဖယ္က်ဥ္ခံထားရမႈ၊ ခြဲျခားဖိႏွိပ္ခံရမႈပင္ ျဖစ္ပါသည္ဟု ဆုိၾကသည္။

ထို႔ေၾကာင့္ ၎တို႔၏ ေဒသမ်ားတြင္ ဖုန္းႏွင့္ အင္တာနက္လိုင္း ဆက္သြယ္ေရးမ်ား ျမန္ဆုံး တပ္ဆင္ေပးရန္ Khakabo Youth Organization ခါကာဘူလူငယ္ ႏွင့္ ေနာင္မြန္ၿမိဳ႕ရွိ လူငယ္မ်ားက ဒီဇင္ဘာလ ၈ ရက္ ေန႔က ေတာင္းဆုိထားၾကသည္။

ေဒသခံလူငယ္မ်ား ေတာင္းဆိုေနသည့္ ေနာင္မြန္ၿမိဳ႕အတြင္း ဖုန္းလိုင္းႏွင့္ ျမန္ႏႈန္းျမွင့္အင္တာနက္လိုင္း မ်ား ရရွိေရးႏွင့္ အစိုးရ၏ လုပ္ေဆာင္ေနမႈမ်ား သိရွိႏုိင္ေရးအတြက္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ကို ဆက္သြယ္ေမး ျမန္းႏုိုင္ေရး အႀကိမ္ႀကိမ္ႀကိဳးစား ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။ ထို႔အျပင္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၏ အင္တာနက္ဝက္ဆုိက္စာမ်က္ႏွာတြင္လည္း ေဖာ္ျပထားျခင္းမရွိေပ။

“နားန႔ဲပဲ ၾကားေနရတဲ့ တိုးတက္မႈ ေျပာင္းလဲမႈကိုလည္း မလိုခ်င္ေတာ့ဘူး။ ဆိုေတာ့ ျပည္သူေတြကို အမွန္ တကယ္ခ်စ္တယ္ဆုိရင္ အလုပ္နဲ႔ သက္ေသျပေပးပါ။ က်ေနာ္တုိ႔ ခါကာဘိုရာဇီေတာင္ေျခမွာရွိတဲ့ ေနာင္မြန္ၿမိဳ႕ မွာလည္း လူေတြရွိပါတယ္။ က်ေနာ္တုိ႔ ျပည္သူေတြကလည္း လူပါ။ ဒါ့ေၾကာင့္ ျပည္သူေတြကို အမွန္တကယ္ ခ်စ္ရင္ NLD အစိုးရျဖစ္တဲ့နည္းတူ၊ ျပည္သူ႔ဘက္က ရပ္တည္တဲ့ အစိုးရျဖစ္တဲ့နည္းတူ က်ေနာ္တုိ႔ ေနာင္မြန္ၿမိဳ႕ နယ္ကို အင္တာနက္လိုင္း ဖုန္းလိုင္း အျမန္ဆံုးေပးပါလို႔ ေမတၱာရပ္ခံခ်င္ပါတယ္” ဟု ကိုဘီဆက္ေဂ်ာင္လင္း က ေျပာသည္။