ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၇၉)

“သားသမီးဆုံးတဲ့မိခင်တွေ ဖခင်ပျောက်သွားတဲ့ သားသမီးတွေ အခုအချိန်ထိ ဖြေမဆည်နိုင်သေးဘူး။ အများ ကြီး ငိုကြွေးနေရတုန်းရှိသေးတယ်။ ဒီလိုငိုကြွေးနေတဲ့သူတွေကိုမှ လောဘသားတွေလို့ ပြောသွားတဲ့ နိုင်ငံတော် အကြီးအကဲတွေ နိုင်ငံတော်ကို ဦးဆောင်နေတဲ့ ထမ်းရွက်နေတဲ့သူတွေကိုယ်တိုင် ဒီလိုမျိုး ပြော ရက်တာကိုတော့ ဘယ်လိုမျိုးစိတ်နဲ့မှ ဖြေမဖျောက်နိုင်ဘူး။ ဒါကြောင့် ကျမတို့တွေ ငိုကြွေးနေသလို ငိုကြွေးရသလို သူတို့ လည်း ငိုကြွေးလာပါလိမ့်မယ်။ ဝဋ်ရှိတယ်လို့ပဲ ကျမအဲ့စကားပဲ ပြောချင်ပါတယ်။” လထော်ကိုင်ရိန် ဒေသခံ(ဖားကန့်မြို့ ) ကချင်အမျိုးသားလူမှုဘဝ ဖွံ့ ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း

ဒေသအတွင်း မြေပြိုမှု၊ ကမ်းပါးပြိုကျမှု၊ နွံကန်ပေါက်ကျမှုများ လျော့နည်းပြီး လူအသေအပျောက် လျော့ နည်းအောင် ဆောင်ရွက်နိုင်ဖို့အတွက် ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်းက လုပ်ကွက်ဟောင်းတွေကို လုံးဝရပ်နားလိုက်ဖို့လည်း ဒေသခံတွေနဲ့ ပြည်နယ်အတွင်း က သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက် နေသူ တွေက ဆိုကြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအပြင် လက်ရှိဆွေးနွေးနေကြတဲ့ ဖက်ဒရယ်စနစ်ဖြစ်တဲ့ ပြည်နယ်အလိုက် အုပ်ချုပ် ခွင့်၊ သယံဇာတ စီမံပိုင်ခွင့်၊ ခွဲဝေပိုင်ခွင့်ရရှိတဲ့ စနစ်တို့ကိုလည်း ဖော်ထုတ် ပြောင်းလဲကျင့်သုံးဖို့ လိုအပ်

တယ်လို့ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုတဲ့အကြောင်းတွေကို တင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၈း၁၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို သောကြာနေ့ မွန်းလွှဲပိုင်း-၂း၄၅ နာရီတို့မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။

*** ZAWGYI ***

ၿငိမ္းခ်မ္းေရးအတြက္ ဖက္ဒရယ္ အပိုင္း (၇၉)

“သားသမီးဆုံးတဲ့မိခင္ေတြ ဖခင္ေပ်ာက္သြားတဲ့ သားသမီးေတြ အခုအခ်ိန္ထိ ေျဖမဆည္ႏိုင္ေသးဘူး။ အမ်ား ႀကီး ငိုေႂကြးေနရတုန္းရွိေသးတယ္။ ဒီလိုငိုေႂကြးေနတဲ့သူေတြကိုမွ ေလာဘသားေတြလို႔ ေျပာသြားတဲ့ ႏိုင္ငံေတာ္ အႀကီးအကဲေတြ ႏိုင္ငံေတာ္ကို ဦးေဆာင္ေနတဲ့ ထမ္း႐ြက္ေနတဲ့သူေတြကိုယ္တိုင္ ဒီလိုမ်ိဳး ေျပာ ရက္တာကိုေတာ့ ဘယ္လိုမ်ိဳးစိတ္နဲ႔မွ ေျဖမေဖ်ာက္ႏိုင္ဘူး။ ဒါေၾကာင့္ က်မတို႔ေတြ ငိုေႂကြးေနသလို ငိုေႂကြးရသလို သူတို႔ လည္း ငိုေႂကြးလာပါလိမ့္မယ္။ ဝဋ္ရွိတယ္လို႔ပဲ က်မအဲ့စကားပဲ ေျပာခ်င္ပါတယ္။” လေထာ္ကိုင္ရိန္ ေဒသခံ(ဖားကန႔္ၿမိဳ႕ ) ကခ်င္အမ်ိဳးသားလူမႈဘဝ ဖြံ႕ ၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္း

ေဒသအတြင္း ေျမၿပိဳမႈ၊ ကမ္းပါးၿပိဳက်မႈ၊ ႏြံကန္ေပါက္က်မႈမ်ား ေလ်ာ့နည္းၿပီး လူအေသအေပ်ာက္ ေလ်ာ့ နည္းေအာင္ ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ ကခ်င္ျပည္နယ္ ဖားကန႔္ေဒသအတြင္းက လုပ္ကြက္ေဟာင္းေတြကို လုံးဝရပ္နားလိုက္ဖို႔လည္း ေဒသခံေတြနဲ႔ ျပည္နယ္အတြင္း က သဘာဝပတ္ဝန္းက်င္အေရး ေဆာင္႐ြက္ ေနသူ ေတြက ဆိုၾကပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒအျပင္ လက္ရွိေဆြးေႏြးေနၾကတဲ့ ဖက္ဒရယ္စနစ္ျဖစ္တဲ့ ျပည္နယ္အလိုက္ အုပ္ခ်ဳပ္ ခြင့္၊ သယံဇာတ စီမံပိုင္ခြင့္၊ ခြဲေဝပိုင္ခြင့္ရရွိတဲ့ စနစ္တို႔ကိုလည္း ေဖာ္ထုတ္ ေျပာင္းလဲက်င့္သုံးဖို႔ လိုအပ္

တယ္လို႔ ကခ်င္အရပ္ဘက္အဖြဲ႕အစည္းေတြက ေျပာဆိုတဲ့အေၾကာင္းေတြကို တင္ဆက္ေပးထားပါတယ္။

ဒီအစီအစဥ္ကို Network Media Group ႏွင့္ Mizzima Media Group တို႔ ပူးေပါင္းစီစဥ္ တင္ဆက္ထားတာ ျဖစ္ၿပီး အပတ္စဥ္ တနဂၤေႏြေန႔ည ၈း၁၀ နာရီ တြင္ အစီအစဥ္အသစ္ကို Mizzima TV ကေန ထုတ္လႊင့္ ေပးေနၿပီ ျဖစ္ပါတယ္။ တနဂၤေႏြေန႔မွာ ထုတ္လႊင့္ေပးခဲ့တဲ့ အစီအစဥ္ကို ေသာၾကာေန႔ မြန္းလႊဲပိုင္း-၂း၄၅ နာရီတို႔မွာ Mizzima TV ကေန ျပန္လည္ထုတ္လႊင့္ ျပသေပးသြားမွာ ျဖစ္ပါတယ္။