ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၈၄)

၂၁ ရာစုပင်လုံညီလာခံ စတုတ္တအစည်းအဝေးမှာ ၂၀၂၀ အလွန်ကာလမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ဘယ်လိုခိုင်မာအောင် တည်ဆောက်သွားမလဲဆိုတဲ့ လမ်းညွှန်အခြေခံမူတွေကို သဘောတူညီခဲ့ကြပေမယ့် ပြည်နယ်ဖွဲ့စည်းပုံနဲ့ ပြည်နယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပ‌ဒေလို့ဆိုတဲ့ စကားရပ် အသုံးအနှုန်းအပိုင်းမှာ တော့ နှစ်ဘက်သဘောတူညီမှု မရခဲ့တဲ့အတွက် ချန်ထားခဲ့ ရပါတယ်။ တိုင်းရင်းသားခေါင်းဆောင် တချို့ကတော့ ဖက်ဒရယ်ရဲ့ အဓိကအသက်ဖြစ်တဲ့ ပြည်နယ်တွေရဲ့ ဖွဲ့စည်းပုံ အခြေခံရေးဆွဲခွင့်ကို အမြန်ဆုံးဆွေးနွေး အတည်ပြုကြဖို့ လိုလားနေကြပါတယ်။ ဒီအကြောင်းအရာတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ရး၅၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို စနေနေ့ မနက်ပိုင်း-၈း၁၅ နာရီတို့မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။

*** ZAWGYI ***


