NLD ကိုယ်စားလှယ်အဖွဲ့ နှင့် မွန်ညီညွတ်ရေး ပါတီ တွေ့ဆုံရေး အဆင်မပြေ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်။

တွေ့ဆုံကြမည့်နေရာ ညိုနှိုင်း၍ အဆင်မပြေခြင်းကြောင့် မွန်ညီညွတ်ရေးပါတီ MUP နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်အဖွဲ့တို့ နှစ်ဖက်တွေ့ဆုံကြမည့်အစီအစဉ် ပျက်သွားကြောင်း နှစ်ဖက်ပါတီခေါင်းဆောင်များက ပြောသည်။

နှစ်ဖက်ပါတီတွေ့ဆုံရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘက်က ဇန်နဝါရီ ၄ ရက်နေ့ (ယနေ့) နံနက် ၉ နာရီတွင် မော်လမြိုင်မြို့ရှိ NLD ပါတီ ပြည်နယ် အလုပ်အမှုဆောင်ရုံးနေရာတွင် တွေ့ဆုံကြရန် မွန်ညီညွတ် ရေးပါတီ(MUP) ကို ကမ်းလှမ်းခဲ့သည်။

MUP နေဖြင့် NLD ၏ ကမ်းလှမ်းလာမှုအပေါ် လက်ခံကြိုဆိုသော်လည်း တွေ့ဆုံမည့် နေရာကို NLD ရုံးတွင် မဟုတ်ပဲ ကြားနေရာတစ်ခုတွင် တွေ့ဆုံနိုင်ရေး မေတ္တာရပ်ခံခဲ့သည်။

မွန်ညီညွတ်ရေးပါတီ၏ မေတ္တာရပ်ခံမှုအပေါ် NLD ပါတီဘက်က တွေ့ဆုံကြရန် ချိန်းဆိုထားသည့်အချိန် ကျော် လွန်လာသည်အထိ တရားဝင် အကြောင်းပြန်လာခြင်းမရှိသည့်အတွက် နှစ်ပါတီတွေ့ဆုံနိုင်ခြင်းမရှိခဲ့ ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။

“ကျနော်တို့က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာကို အပြုသဘောနဲ့ လက်ခံကြိုဆိုပါတယ်၊ တွေ့ဖို့ ၄ ရက်နေ့ မနက် ၉ နာရီ အချိန်နဲ့ နေ့ရက်ကိုတော့ သဘောတူခဲ့တယ်၊ တစ်ခု ကျနော်တို့ မေတ္တာရပ်ခံခဲ့တာက နှစ်ဖက် ပါတီအနေနဲ့ အပြန်အလှန်လေးစား အသိအမှတ်ပြုမှု တန်းတူသဘောထားရှိမှု ရှိအောင် တွေ့ဆုံမယ့်နေရာ ကို တော့ တတိယနေရာ တစ်နေရာမှာ စီစဉ်ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်၊ သုံးကြိမ်အထိ မေတ္တာရပ်ခံခဲ့တာပေါ့လေ အဲအပေါ်မှာ တွေ့ဆုံဖို့ လုပ်ထားတဲ့ အချိန် ကျော်လွန်လာတဲ့အထိ တတိယနေရာမှာ တွေ့မလား မတွေ့တော့ ဘူးလားဆိုတာ NLD ဘက်က အကြောင်းပြန်လာခြင်းမရှိပါဘူး။”

NLD ပါတီကတော့ ပြည်နယ်များရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် သွားရောက် တွေ့ဆုံကြသည့်အခါ ပြည်နယ်များတွင် ရှိသည့် NLD ပါတီ ပြည်နယ်ရုံးတို့တွင်သာ တွေ့ဆုံကြဖို့ ညွှန်ကြားချက်ရှိသည်ဟု ပါတီဗဟို အလုပ် အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုက ပြောသည်။

မွန်ညီညွတ်ရေးပါတီနှင့်တွေ့ဆုံရန် ၎င်းတို့ ပြည်နယ် NLD ရုံးတွင် ၁၀ နာရီအထိ စောင့်နေခဲ့သော်လည်း မွန် ညီညွတ်ရေးပါတီဘက်က ရောက်မလာသည့်အတွက် တွေ့ဆုံမှု အစီအစဉ် ပျက်သွားခြင်းဖြစ်သည်ဟု ပြော သည်။

“ကျနော်တို့ ပြည်နယ်တွေမှာသွားပြီးတော့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့တဲ့အချိန်မှာ ကျနော်တို့ ပြည်နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်ရုံးမှာပဲ တွေ့ဖို့ ညွှန်ကြားချက်ရှိတယ်။ ဒီမှာလည်းပဲ တွေ့မယ်ဆိုတော့က သူတို့က ပြည်နယ်အလုပ်အမှုဆောင်ရုံးမှာ လာမတွေ့နိုင်ပါဘူးတဲ့ ကြားတစ်နေရာမှာ တွေ့ရအောင်ပါလို့ ကျနော်တို့ကို ပြောတယ်။ ကျနော်တို့က ဒီ (ပြည်နယ်အလုပ်အမှုဆောင်ရုံး) မှာပဲ တွေ့ဖို့ ဆုံးဖြတ်ထားတယ် အထက်ကလည်း ဒီမှာပဲ တွေ့ဖို့ ညွှန်ကြားတယ် အဲဒါကြောင့် ဒီမှာပဲ စောင့်နေတယ် ၉ နာရီတွေ့မယ်လို့ ပြောထားတယ်။ ကျနော်တို့က ၁၀ နာရီအထိ စောင့်တယ်။ စောင့်လို့ မလာလို့ ကျနော်တို့က တော့ စောင့်တယ် MUP က မလာပါဘူးဆိုတဲ့ အကြောင်းကို ဗဟိုအလုပ်အမှုဆောင်ကို အစီရင်ခံရမှာပဲ” ဟု ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုက ပြောသည်။

NLD ပါတီသည် တိုင်းရင်းသားပါတီတို့နှင့် တွေ့ဆုံဆွေးနွေးသွားရန် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေး မြင့်နှင့် ဦးအင်ထုံးခါးနော်ဆန်တို့ ဦးဆောင်သည့်အဖွဲ့ ဖွဲ့စည်းထားပြီး ပထမဦးဆုံးအနေနှင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများနှင့် ဇန်နဝါရီလ ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယအနေနှင့် မွန်ညီညွတ်ရေး ပါတီနှင့် တွေ့ဆုံခြင်းဖြစ်သည်။

NLD ပါတီသည် နောင်အနာဂတ်မှာ တိုင်းရင်းသားလူမျိုးတို့၏ ဆန္ဒကို အလေးထားဆောင်ရွက်သွားမည် ဖြစ် ကြောင်း တိုင်းရင်းသားပါတီများအနေနှင့်လည်း NLD က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု အရေးတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ရွေးကောက်ပွဲအပြီး ရက်ပိုင်း အတွင်းမှာ တိုင်းရင်းသားပါတီများထံ စာပေးပို့ထားခဲ့သည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှာ မွန်ပြည်နယ်တွင် မွန်ညီညွတ်ရေးပါတီက ၁၁ နေရာ၊ NLD ပါတီက ၃၄ နေရာနှင့် တစ်ပြည်နယ်လုံးတွင် မွန်ညီညွတ်ရေးပါတီနှင့် NLD ပါတီတို့ကသာ အနိုင်ရရှိထားသည်။

ZAWGYI
NLD ကိုယ္စားလွယ္အဖြဲ႔ ႏွင့္ မြန္ညီညြတ္ေရး ပါတီ ေတြ႔ဆံုေရး အဆင္မေျပ

သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၄ ရက္။

ေတြ႕ဆုံၾကမည့္ေနရာ ညိဳႏႈိင္း၍ အဆင္မေျပျခင္းေၾကာင့္ မြန္ညီၫြတ္ေရးပါတီ MUP ႏွင့္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ကိုယ္စားလွယ္အဖြဲ႕တို႔ ႏွစ္ဖက္ေတြ႕ဆုံၾကမည့္အစီအစဥ္ ပ်က္သြားေၾကာင္း ႏွစ္ဖက္ပါတီေခါင္းေဆာင္မ်ားက ေျပာသည္။

ႏွစ္ဖက္ပါတီေတြ႕ဆုံရန္အတြက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဘက္က ဇန္နဝါရီ ၄ ရက္ေန႔ (ယေန႔) နံနက္ ၉ နာရီတြင္ ေမာ္လၿမိဳင္ၿမိဳ႕ရွိ NLD ပါတီ ျပည္နယ္ အလုပ္အမႈေဆာင္႐ုံးေနရာတြင္ ေတြ႕ဆုံၾကရန္ မြန္ညီၫြတ္ ေရးပါတီ(MUP) ကို ကမ္းလွမ္းခဲ့သည္။

MUP ေနျဖင့္ NLD ၏ ကမ္းလွမ္းလာမႈအေပၚ လက္ခံႀကိဳဆိုေသာ္လည္း ေတြ႕ဆုံမည့္ ေနရာကို NLD ႐ုံးတြင္ မဟုတ္ပဲ ၾကားေနရာတစ္ခုတြင္ ေတြ႕ဆုံႏိုင္ေရး ေမတၱာရပ္ခံခဲ့သည္။

မြန္ညီၫြတ္ေရးပါတီ၏ ေမတၱာရပ္ခံမႈအေပၚ NLD ပါတီဘက္က ေတြ႕ဆုံၾကရန္ ခ်ိန္းဆိုထားသည့္အခ်ိန္ ေက်ာ္ လြန္လာသည္အထိ တရားဝင္ အေၾကာင္းျပန္လာျခင္းမရွိသည့္အတြက္ ႏွစ္ပါတီေတြ႕ဆုံႏိုင္ျခင္းမရွိခဲ့ ဟု မြန္ညီၫြတ္ေရးပါတီ တြဲဖက္အတြင္းေရးမႉး (၁) ႏိုင္လယိတမက ေျပာသည္။

“က်ေနာ္တို႔က ေတြ႕ဆုံေဆြးေႏြးဖို႔ ကမ္းလွမ္းတာကို အျပဳသေဘာနဲ႔ လက္ခံႀကိဳဆိုပါတယ္၊ ေတြ႕ဖို႔ ၄ ရက္ေန႔ မနက္ ၉ နာရီ အခ်ိန္နဲ႔ ေန႔ရက္ကိုေတာ့ သေဘာတူခဲ့တယ္၊ တစ္ခု က်ေနာ္တို႔ ေမတၱာရပ္ခံခဲ့တာက ႏွစ္ဖက္ ပါတီအေနနဲ႔ အျပန္အလွန္ေလးစား အသိအမွတ္ျပဳမႈ တန္းတူသေဘာထားရွိမႈ ရွိေအာင္ ေတြ႕ဆုံမယ့္ေနရာ ကို ေတာ့ တတိယေနရာ တစ္ေနရာမွာ စီစဥ္ေပးဖို႔ ေမတၱာရပ္ခံခဲ့တယ္၊ သုံးႀကိမ္အထိ ေမတၱာရပ္ခံခဲ့တာေပါ့ေလ အဲအေပၚမွာ ေတြ႕ဆုံဖို႔ လုပ္ထားတဲ့ အခ်ိန္ ေက်ာ္လြန္လာတဲ့အထိ တတိယေနရာမွာ ေတြ႕မလား မေတြ႕ေတာ့ ဘူးလားဆိုတာ NLD ဘက္က အေၾကာင္းျပန္လာျခင္းမရွိပါဘူး။”

NLD ပါတီကေတာ့ ျပည္နယ္မ်ားရွိ တိုင္းရင္းသားႏိုင္ငံေရးပါတီမ်ားႏွင့္ သြားေရာက္ ေတြ႕ဆုံၾကသည့္အခါ ျပည္နယ္မ်ားတြင္ ရွိသည့္ NLD ပါတီ ျပည္နယ္ရံုးတို႔တြင္သာ ေတြ႕ဆုံၾကဖို႔ ၫႊန္ၾကားခ်က္ရွိသည္ဟု ပါတီဗဟို အလုပ္ အမႈေဆာင္ အတြင္းေရးမႉးအဖြဲ႕ဝင္ ေဒါက္တာေအာင္မိုးညိဳက ေျပာသည္။

မြန္ညီၫြတ္ေရးပါတီႏွင့္ေတြ႕ဆုံရန္ ၎တို႔ ျပည္နယ္ NLD ႐ုံးတြင္ ၁၀ နာရီအထိ ေစာင့္ေနခဲ့ေသာ္လည္း မြန္ ညီၫြတ္ေရးပါတီဘက္က ေရာက္မလာသည့္အတြက္ ေတြ႕ဆုံမႈ အစီအစဥ္ ပ်က္သြားျခင္းျဖစ္သည္ဟု ေျပာ သည္။

“က်ေနာ္တို႔ ျပည္နယ္ေတြမွာသြားၿပီးေတာ့ တိုင္းရင္းသားႏိုင္ငံေရးပါတီေတြနဲ႔ ေတြ႕တဲ့အခ်ိန္မွာ က်ေနာ္တို႔ ျပည္နယ္မွာရွိတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ျပည္နယ္႐ုံးမွာပဲ ေတြ႕ဖို႔ ၫႊန္ၾကားခ်က္ရွိတယ္။ ဒီမွာလည္းပဲ ေတြ႕မယ္ဆိုေတာ့က သူတို႔က ျပည္နယ္အလုပ္အမႈေဆာင္႐ုံးမွာ လာမေတြ႕ႏိုင္ပါဘူးတဲ့ ၾကားတစ္ေနရာမွာ ေတြ႕ရေအာင္ပါလို႔ က်ေနာ္တို႔ကို ေျပာတယ္။ က်ေနာ္တို႔က ဒီ (ျပည္နယ္အလုပ္အမႈေဆာင္႐ုံး) မွာပဲ ေတြ႕ဖို႔ ဆုံးျဖတ္ထားတယ္ အထက္ကလည္း ဒီမွာပဲ ေတြ႕ဖို႔ ၫႊန္ၾကားတယ္ အဲဒါေၾကာင့္ ဒီမွာပဲ ေစာင့္ေနတယ္ ၉ နာရီေတြ႕မယ္လို႔ ေျပာထားတယ္။ က်ေနာ္တို႔က ၁၀ နာရီအထိ ေစာင့္တယ္။ ေစာင့္လို႔ မလာလို႔ က်ေနာ္တို႔က ေတာ့ ေစာင့္တယ္ MUP က မလာပါဘူးဆိုတဲ့ အေၾကာင္းကို ဗဟိုအလုပ္အမႈေဆာင္ကို အစီရင္ခံရမွာပဲ” ဟု ဗဟိုအလုပ္အမႈေဆာင္ အတြင္းေရးမႉးအဖြဲ႕ဝင္ ေဒါက္တာေအာင္မိုးညိဳက ေျပာသည္။

NLD ပါတီသည္ တိုင္းရင္းသားပါတီတို႔ႏွင့္ ေတြ႕ဆုံေဆြးေႏြးသြားရန္ ေဒါက္တာေအာင္မိုးညိဳ၊ ေဒၚနန္းခင္ေထြး ျမင့္ႏွင့္ ဦးအင္ထုံးခါးေနာ္ဆန္တို႔ ဦးေဆာင္သည့္အဖြဲ႕ ဖြဲ႕စည္းထားၿပီး ပထမဦးဆုံးအေနႏွင့္ ကခ်င္ျပည္နယ္ရွိ တိုင္းရင္းသားပါတီမ်ားႏွင့္ ဇန္နဝါရီလ ၁ ရက္ေန႔က ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ဒုတိယအေနႏွင့္ မြန္ညီၫြတ္ေရး ပါတီႏွင့္ ေတြ႕ဆုံျခင္းျဖစ္သည္။

NLD ပါတီသည္ ေနာင္အနာဂတ္မွာ တိုင္းရင္းသားလူမ်ိဳးတို႔၏ ဆႏၵကို အေလးထားေဆာင္႐ြက္သြားမည္ ျဖစ္ ေၾကာင္း တိုင္းရင္းသားပါတီမ်ားအေနႏွင့္လည္း NLD က ေဖာ္ေဆာင္မည့္ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စု အေရးတြင္ တက္တက္ႂကြႂကြ ပူးေပါင္းပါဝင္ၾကလိမ့္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ေ႐ြးေကာက္ပြဲအၿပီး ရက္ပိုင္း အတြင္းမွာ တိုင္းရင္းသားပါတီမ်ားထံ စာေပးပို႔ထားခဲ့သည္။

၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာ ၈ ရက္ေန႔က က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲမွာ မြန္ျပည္နယ္တြင္ မြန္ညီၫြတ္ေရးပါတီက ၁၁ ေနရာ၊ NLD ပါတီက ၃၄ ေနရာႏွင့္ တစ္ျပည္နယ္လုံးတြင္ မြန္ညီၫြတ္ေရးပါတီႏွင့္ NLD ပါတီတို႔ကသာ အႏိုင္ရရွိထားသည္။