အစိုးရနှင့် မြောက်ပိုင်း ၄ ဖွဲ့ ဇန္နဝါရီလအတွင်း တွေ့ဆုံနိုင်ရန် ဆွေးနွေးနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်။

အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့တို့ ဇန္နဝါရီလအတွင်း တွေ့ဆုံဆွေးနွေးရန် ရှိသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) က ပြောသည်။

ဇန္နဝါရီလ ဒုတိယအပတ်တွင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် တွေ့ဆုံရန် အစိုးရဖက်မှ ပြောဆိုလာသည် ဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) က မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ဦးလမိုင်ဂွမ်ဂျာက “အစိုးရဖက်ကတော့ ဒီဇန္နဝါရီလ ဒုတိယအပတ်လောက်မှာတွေ့ဖို့ အတွက် ဆိုပြီးမှ စာပို့ ထားတာတော့ရှိတယ်။ အဲဒါကို မြောက်ပိုင်း ၄ ဖွဲ့ကနေပြီးတော့မှ သူတို့လည်းပဲ ဟိုကနေ အကြောင်း ပြန် လာ တာတော့ မရှိသေးဘူးဗျာ။ အခုလောလောဆယ်ကတော့” ဟု ပြောသည်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့မှ လက်ရှိအချိန်တွင် နှစ်သစ်ကူး အချိန်ဖြစ်သောကြောင့် သက်ဆိုင်ရာ အဖွဲ့ အစည်းများမှ လူကြီးများ မအားလပ်သည့်အတွက် အစိုးရဖက်မှ အဆိုပြုထားသည့် ဇန္နဝါရီလ ဒုတိယ အပတ်တွင် တွေ့ဆုံနိုင်ရန် မဖြစ်နိုင်ကြောင်း မြောက်ပိုင်း မဟာမိတ် အဖွဲ့၏ ပြောဆိုမှုကို ကိုးကား၍ ဦး လမိုင်ဂွမ်ဂျာ က ဆိုသည်။

သို့သော် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့မှ အစိုးရအား ဇန္နဝါရီလ မကုန်ခင် တွေ့ဆုံသွားမည်ဟု ပြောဆိုလာ ကြောင်း PCG က ပြောသည်။

ဦးလမိုင်ဂွမ်ဂျာက “ပြောလာတာတော့ ရှိတော့ ရှိတယ်။ သူတို့အခုက ဒီခရစ္စမတ်နဲ့ New Year (နှစ်သစ် ကူး) အချိန်မို့လို့ သူတို့ လူကြီးလည်း မစုံမလင်ဖြစ်နေတာနဲ့ နောက်ပြီး တစ်ဖွဲ့ပဲ မဟုတ်ဘူး သူတို့က ၄ ဖွဲ့ ဆိုတော့ အားလုံး စုံနိုင်ဖို့အတွက်လည်း အခက်အခဲလည်း နည်းနည်းရှိလို့ သူတို့အားလုံး တွေ့ဆုံနိုင်မှသာ လျှင် သူတို့က အကြောင်းပြန်လာတယ်လို့ ပြောတယ်။ အစိုးရဖက်ကတော့ ဇန္နဝါရီလ ဒုတိယအပတ်လို့ တော့ ပြောပေမယ့် သူတို့ဖက်ကတော့ ဇန္နဝါရီလ မကုန်ခင်တော့ တွေ့ဖြစ်အောင်တွေ့မယ်ဆိုတဲ့ သဘော ထားတော့ သူတို့ အနေနဲ့ စကားပါးတာတော့ ရှိတယ်ဗျာ” ဟု ပြောသည်။

တွေ့ဆုံမည့် နေရာကို အစိုးရဖက်မှ မြစ်ကြီးနားနှင့်ကျိုင်းတုံကို အဆိုပြုထားသော်လည်း မြောက်ပိုင်း မဟာ မိတ် အဖွဲ့ဝင်များ ပြန်တင်ပြလာသည့် အနေအထားအပေါ်မူတည်ပြီး တွေ့ဆုံမည့် နေရာနှင့် အချိန်ကို နောက်ပိုင်းမှ ဆက်လက်ညှိနှိုင်းသွားရန်ရှိသည်ဟု ဆိုသည်။

အစိုးရဖက်မှ အဆိုပြုထားသည့် နေရာများတွင် တွေ့ဆုံမည်ဆိုပါက တပ်မတော်လည်း အဆိုပါတွေ့ဆုံမှု တွင် ပါဝင်လာနိုင်သည်ဟု ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

“ပါမှာပါ သူတို့မှာ မြို့ပေါ်မှာ ဖြစ်ရင်ကတော့ သူတို့ အစိုးရအဖွဲ့ရော NRPC အဖွဲ့ဝင်ထဲမှာပါဝင်တဲ့ တပ်မ တော်ရော အစိုးရဖက်ကရော သူတို့အားလုံးပါနိုင်တဲ့ အခြေအနေလို့ သိရတယ်ခင်ဗျာ။”

အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံမည့် အခြေအနေနှင့် ပတ်သက်၍ မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များ၏ သဘောထားကို သိရှိနိုင် ဆက်သွယ်သော်လည်း မရသေးပေ။

အစိုးရ၊ တပ်မတော်တို့နှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိပြီး မြောက်ပိုင်း မဟာ မိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုက ရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။

ထို့အဖွဲ့များသည် ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံ ကူမင်မြို့တွင် အစိုးရနှင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ပြီးနောက် ထပ်မံတွေ့ဆုံရန် သဘောတူထားသော်လည်း တွေ့ဆုံမည့် နေရာ ညှိနှိုင်းရာတွင် အဆင်မပြေ ခြင်း၊ ကိုဗစ်ကပ်ရောဂါကြောင့် သွားလာရန် ခက်ခဲခြင်းများနှင့် ရွေးကောက်ပွဲ ရှိနေခြင်းများကြောင့် တွေ့ဆုံမှုများမှာ ဖြစ်မလာပဲ ရပ်တန့်နေခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

*** ZAWGYI ***
အစိုးရႏွင့္ ေျမာက္ပိုင္း ၄ ဖြဲ႔ ဇႏၷဝါရီလအတြင္း ေတြ႔ဆံုနိုင္ရန္ ေဆြးေႏြးေန

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၄ ရက္။

အစိုးရႏွင့္ ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔တို႔ ဇႏၷဝါရီလအတြင္း ေတြ႕ဆံုေဆြးေႏြးရန္ ရွိသည္ဟု ၿငိမ္းခ်မ္းေရး အက်ိဳးေဆာင္အဖြဲ႔ (PCG) က ေျပာသည္။

ဇႏၷဝါရီလ ဒုတိယအပတ္တြင္ ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔ႏွင့္ ေတြ႕ဆံုရန္ အစိုးရဖက္မွ ေျပာဆိုလာသည္ ဟု ၿငိမ္းခ်မ္းေရး အက်ိဳးေဆာင္အဖြဲ႔ (PCG) က မွ ဦးလမိုင္ဂြမ္ဂ်ာက ေျပာသည္။

ဦးလမိုင္ဂြမ္ဂ်ာက “အစိုးရဖက္ကေတာ့ ဒီဇႏၷဝါရီလ ဒုတိယအပတ္ေလာက္မွာေတြ႕ဖို႔ အတြက္ ဆိုၿပီးမွ စာပို႔ ထားတာေတာ့ရွိတယ္။ အဲဒါကို ေျမာက္ပိုင္း ၄ ဖြဲ႔ကေနၿပီးေတာ့မွ သူတို႔လည္းပဲ ဟိုကေန အေၾကာင္း ျပန္ လာ တာေတာ့ မရွိေသးဘူးဗ်ာ။ အခုေလာေလာဆယ္ကေတာ့” ဟု ေျပာသည္။

ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႕မွ လက္ရွိအခ်ိန္တြင္ ႏွစ္သစ္ကူး အခ်ိန္ျဖစ္ေသာေၾကာင့္ သက္ဆိုင္ရာ အဖြဲ႔ အစည္းမ်ားမွ လူႀကီးမ်ား မအားလပ္သည့္အတြက္ အစိုးရဖက္မွ အဆိုျပဳထားသည့္ ဇႏၷဝါရီလ ဒုတိယ အပတ္တြင္ ေတြ႕ဆံုႏိုင္ရန္ မျဖစ္ႏိုင္ေၾကာင္း ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႔၏ ေျပာဆိုမႈကို ကိုးကား၍ ဦး လမိုင္ဂြမ္ဂ်ာ က ဆိုသည္။

သို႔ေသာ္ ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႕မွ အစိုးရအား ဇႏၷဝါရီလ မကုန္ခင္ ေတြ႕ဆံုသြားမည္ဟု ေျပာဆိုလာ ေၾကာင္း PCG က ေျပာသည္။

ဦးလမိုင္ဂြမ္ဂ်ာက “ေျပာလာတာေတာ့ ရွိေတာ့ ရွိတယ္။ သူတို႔အခုက ဒီခရစၥမတ္နဲ႔ New Year (ႏွစ္သစ္ ကူး) အခ်ိန္မို႔လို႔ သူတို႔ လူႀကီးလည္း မစံုမလင္ျဖစ္ေနတာနဲ႔ ေနာက္ၿပီး တစ္ဖဲြ႕ပဲ မဟုတ္ဘူး သူတို႔က ၄ ဖြဲ႔ ဆိုေတာ့ အားလံုး စံုႏိုင္ဖို႔အတြက္လည္း အခက္အခဲလည္း နည္းနည္းရွိလို႔ သူတို႔အားလံုး ေတြ႕ဆံုႏိုင္မွသာ လွ်င္ သူတို႔က အေၾကာင္းျပန္လာတယ္လို႔ ေျပာတယ္။ အစိုးရဖက္ကေတာ့ ဇႏၷဝါရီလ ဒုတိယအပတ္လို႔ ေတာ့ ေျပာေပမယ့္ သူတို႔ဖက္ကေတာ့ ဇႏၷဝါရီလ မကုန္ခင္ေတာ့ ေတြ႕ျဖစ္ေအာင္ေတြ႕မယ္ဆိုတဲ့ သေဘာ ထားေတာ့ သူတို႔ အေနနဲ႔ စကားပါးတာေတာ့ ရွိတယ္ဗ်ာ” ဟု ေျပာသည္။

ေတြ႕ဆံုမည့္ ေနရာကို အစိုးရဖက္မွ ျမစ္ႀကီးနားႏွင့္က်ိဳင္းတံုကို အဆိုျပဳထားေသာ္လည္း ေျမာက္ပိုင္း မဟာ မိတ္ အဖြဲ႔၀င္မ်ား ျပန္တင္ျပလာသည့္ အေနအထားအေပၚမူတည္ၿပီး ေတြ႕ဆံုမည့္ ေနရာႏွင့္ အခ်ိန္ကို ေနာက္ပိုင္းမွ ဆက္လက္ညွိႏႈိင္းသြားရန္ရွိသည္ဟု ဆိုသည္။

အစိုးရဖက္မွ အဆိုျပဳထားသည့္ ေနရာမ်ားတြင္ ေတြ႕ဆံုမည္ဆိုပါက တပ္မေတာ္လည္း အဆိုပါေတြ႕ဆံုမႈ တြင္ ပါ၀င္လာႏိုင္သည္ဟု ဦးလမိုင္ဂြမ္ဂ်ာ က ေျပာသည္။

“ပါမွာပါ သူတို႔မွာ ၿမိဳ႕ေပၚမွာ ျဖစ္ရင္ကေတာ့ သူတို႔ အစိုးရအဖြဲ႔ေရာ NRPC အဖြဲ႔၀င္ထဲမွာပါ၀င္တဲ့ တပ္မ ေတာ္ေရာ အစိုးရဖက္ကေရာ သူတို႔အားလံုးပါႏိုင္တဲ့ အေျခအေနလို႔ သိရတယ္ခင္ဗ်ာ။”

အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ ေတြ႕ဆံုမည့္ အေျခအေနႏွင့္ ပတ္သက္၍ ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႔၀င္မ်ား၏ သေဘာထားကို သိရွိႏိုင္ ဆက္သြယ္ေသာ္လည္း မရေသးေပ။

အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ Bilateral အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ရန္ ညႇိႏႈိင္းလ်က္ရွိၿပီး ေျမာက္ပိုင္း မဟာ မိတ္ ၄ ဖြဲ႔မွာ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO/KIA၊ ရကၡိဳင့္တပ္ေတာ္ ULA/AA၊ ျမန္မာအမ်ိဳးသားမ်ား ဒီမိုက ရက္တစ္ တပ္ေပါင္းစု တပ္မေတာ္ (MNTJP/ MNDAA- ကိုးကန႔္အဖြဲ႕)၊ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ ေျမာက္ေရး တပ္မေတာ္ PSLF/ TNLA တို႔ ျဖစ္ၾကသည္။

ထို႔အဖြဲ႔မ်ားသည္ ၿပီးခဲ့သည့္ႏွစ္က တ႐ုတ္ႏိုင္ငံ ကူမင္ၿမိဳ႕တြင္ အစိုးရႏွင့္ အလြတ္သေဘာ ေတြ႕ဆံု ေဆြးေႏြး ခဲ့ၿပီးေနာက္ ထပ္မံေတြ႕ဆံုရန္ သေဘာတူထားေသာ္လည္း ေတြ႕ဆံုမည့္ ေနရာ ညွိႏႈိင္းရာတြင္ အဆင္မေျပ ျခင္း၊ ကိုဗစ္ကပ္ေရာဂါေၾကာင့္ သြားလာရန္ ခက္ခဲျခင္းမ်ားႏွင့္ ေရြးေကာက္ပြဲ ရွိေနျခင္းမ်ားေၾကာင့္ ေတြ႕ဆံုမႈမ်ားမွာ ျဖစ္မလာပဲ ရပ္တန္႔ေနခဲ့သည္မွာ ယေန႔အခ်ိန္ထိ ျဖစ္သည္။