အစိုးရနှင့်တွေ့ရန် အပစ်ရပ် အဖွဲ့များ အဆင်သင့်မဖြစ်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။

NCA အပစ်ရပ်အဖွဲ့များ အစိုးရ နှင့် တွေ့ဆုံရန် ရှိသော်လည်း အပစ်ရပ်အဖွဲ့များဘက်မှ အဆင်သင့်မဖြစ် သေးကြောင်း အပစ်ရပ် ၁၀ ဖွဲ့တွင် ပါဝင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF က ပြောသည်။

လက်ရှိတွင် အစိုးရဖက်မှ တွေ့ဆုံဆွေးနွေးရန် အဆင်သင့် အနေအထားတွင် ရှိနေပြီး အပစ်ရပ်အဖွဲ့များက အဖွဲ့ ဆယ်ဖွဲ့အတွင်း သဘောထား တစ်ခုတည်း ရရှိအောင် ညှိနှိုင်းနေရသည့် အခြေအနေတွင် ရှိ နေသည် ဟု ABSDF ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောသည်။

ဦးမျိုးဝင်းက “ရွေးကောက်ပွဲ ပြီးပြီ ဆိုတာနဲ့ နှစ်ဖက် အလွတ်သဘော တွေ့ဆုံဖို့ဆိုတာတော့ အစိုးရဖက်မှာ သဘော ထားရှိတယ်။ PPST ကလည်းပဲ သဘောတူတယ်။ အစိုးရဖက်ကတော့ ဒီ informal (တရားမဝင်) တွေ့ဖို့ အ တွက်ကတော့ သူတို့ ဖက်မှာတော့ အဆင်သင့်ဖြစ်နေပြီ။ ဒါပေမယ့် EAOs ဖက်မှာတော့ ညှိနှိုင်းနေရတဲ့ အခြေအနေမှာ ရှိတာပေါ့နော်။ အဓိကကတော့ ညှိနှိုင်းရမယ့် ဆောင်ရွက်ရမယ့် ကိစ္စတွေကလည်း အဆင် သင့် ဖြစ်ဖို့အတွက် လိုသေးတာပေါ့နော်။ တွေ့ဆုံတယ်ဆိုတာကလည်း အဆင်သင့်ဖြစ်မှုအပေါ်မှာ မူတည် တာ ပေါ့နော။ တစ်ဖွဲ့ချင်းစီ ညှိနှိုင်းရတဲ့ အနေအထားမျိုး မဟုတ်တာကိုး။ ဆယ်ဖွဲ့ရှိရင် ဆယ်ဖွဲ့ အတွင်း မှာ အမြင်တူအောင် ညှိနှိုင်းရတာကိုး” ဟု ပြောသည်။

အပစ်ရပ် အဖွဲ့ များမှ လက်ရှိ ကြုံတွေ့နေရသည့် ခက်ခဲမှုများနှင့် ပတ်သက်၍လည်း ဦးမျိုးဝင်းက ယခုကဲ့သို့ ဆက်ပြော သည်။

၎င်းက “ပထမ အခက်အခဲကျတော့ ရောဂါ အခြေအနေ အကန့်အသတ်ပေါ့။ အဖွဲ့တွေ ဆုံပြီးတော့ လူတွေ ဆုံပြီးတော့ မထိုင်နိုင်ဘူးလေ။ မထိုင်နိုင်တဲ့အတွက် အွန်လိုင်းပေါ်ကနေ ညှိရတယ်။ အွန်လိုင်းပေါ်က ညှိရ တဲ့ ဆိုတဲ့ အနေအထား အပေါ်မှာ မူတည်ပြီးတော့ နည်းနည်းတော့ အခက်အခဲရှိတာပေါ့။ စီမံခန့်ခွဲမှုကိစ္စ မ ဟုတ်ပဲနဲ့ နိုင်ငံရေးကိစ္စတွေ အွန်လိုင်းပေါ်ကနေ ညှိရတာတော့ နည်းနည်း အချိန်ယူရတယ်လေ။” ဟု ပြောသည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD ပါတီက အစိုးရသစ် မဖွဲ့စည်းနိုင်မီအချိန်တွင် ငြိမ်းချမ်းရေး လုပ် ငန်းစဉ်များကို အလွတ်သဘော ဆွေးနွေးညှိနှိုင်း နိုင်ရန်အတွက် NCA အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များက ယာယီတွေ့ဆုံဆွေးနွေးညှိနှိုင်းရေး အဖွဲ့တစ်ခုကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ အတွင်းက ပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအ ဝေးတွင် ဖွဲ့စည်းထားသည်။

PPST ၏ ထို ယာယီ တွေ့ဆုံညှိနှိုင်းရေးအဖွဲ့ကို RCSS မှ ဗိုလ်မှူးကြီးစိုင်းငင်း က ဦးဆောင်မည်ဖြစ်ပြီး အပစ် ရပ် ၁၀ ဖွဲ့က ကိုယ်စားလှယ် တစ်ယောက်စီ ပါဝင်မည်ဟု သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

*** ZAWGYI ***
အစိုးရႏွင့္ေတြ႔ရန္ အပစ္ရပ္ အဖြဲ႔မ်ား အဆင္သင့္မျဖစ္ေသး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၇ ရက္။

NCA အပစ္ရပ္အဖြဲ႔မ်ား အစိုးရ ႏွင့္ ေတြ႔ဆုံရန္ ရွိေသာ္လည္း အပစ္ရပ္အဖြဲ႔မ်ားဘက္မွ အဆင္သင့္မျဖစ္ ေသးေၾကာင္း အပစ္ရပ္ ၁၀ ဖြဲ႔တြင္ ပါ၀င္သည့္ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္ တပ္ဦး ABSDF က ေျပာသည္။

လက္ရွိတြင္ အစိုးရဖက္မွ ေတြ႕ဆံုေဆြးေႏြးရန္ အဆင္သင့္ အေနအထားတြင္ ရွိေနၿပီး အပစ္ရပ္အဖြဲ႔မ်ားက အဖြဲ႔ ဆယ္ဖြဲ႕အတြင္း သေဘာထား တစ္ခုတည္း ရရွိေအာင္ ညွိႏႈိင္းေနရသည့္ အေျခအေနတြင္ ရွိ ေနသည္ ဟု ABSDF ဒု-ဥကၠ႒ ဦးမ်ိဳး၀င္းက ေျပာသည္။

ဦးမ်ိဳး၀င္းက “ေရြးေကာက္ပြဲ ၿပီးၿပီ ဆိုတာနဲ႔ ႏွစ္ဖက္ အလြတ္သေဘာ ေတြ႕ဆံုဖို႔ဆိုတာေတာ့ အစိုးရဖက္မွာ သေဘာ ထားရွိတယ္။ PPST ကလည္းပဲ သေဘာတူတယ္။ အစိုးရဖက္ကေတာ့ ဒီ informal (တရားမဝင္) ေတြ႕ဖို႔ အ တြက္ကေတာ့ သူတို႔ ဖက္မွာေတာ့ အဆင္သင့္ျဖစ္ေနၿပီ။ ဒါေပမယ့္ EAOs ဖက္မွာေတာ့ ညွိႏႈိင္းေနရတဲ့ အေျခအေနမွာ ရွိတာေပါ့ေနာ္။ အဓိကကေတာ့ ညွိႏႈိင္းရမယ့္ ေဆာင္ရြက္ရမယ့္ ကိစၥေတြကလည္း အဆင္ သင့္ ျဖစ္ဖို႔အတြက္ လိုေသးတာေပါ့ေနာ္။ ေတြ႕ဆံုတယ္ဆိုတာကလည္း အဆင္သင့္ျဖစ္မႈအေပၚမွာ မူတည္ တာ ေပါ့ေနာ။ တစ္ဖြဲ႔ခ်င္းစီ ညွိႏိႈင္းရတဲ့ အေနအထားမ်ိဳး မဟုတ္တာကိုး။ ဆယ္ဖြဲ႔ရွိရင္ ဆယ္ဖြဲ႔ အတြင္း မွာ အျမင္တူေအာင္ ညွိႏႈိင္းရတာကိုး” ဟု ေျပာသည္။

အပစ္ရပ္ အဖြဲ႔ မ်ားမွ လက္ရွိ ႀကံဳေတြ႕ေနရသည့္ ခက္ခဲမႈမ်ားႏွင့္ ပတ္သက္၍လည္း ဦးမ်ိဳး၀င္းက ယခုကဲ့သို႔ ဆက္ေျပာ သည္။

၎က “ပထမ အခက္အခဲက်ေတာ့ ေရာဂါ အေျခအေန အကန္႔အသတ္ေပါ့။ အဖြဲ႔ေတြ ဆံုၿပီးေတာ့ လူေတြ ဆံုၿပီးေတာ့ မထိုင္ႏိုင္ဘူးေလ။ မထိုင္ႏိုင္တဲ့အတြက္ အြန္လိုင္းေပၚကေန ညွိရတယ္။ အြန္လိုင္းေပၚက ညွိရ တဲ့ ဆိုတဲ့ အေနအထား အေပၚမွာ မူတည္ၿပီးေတာ့ နည္းနည္းေတာ့ အခက္အခဲရွိတာေပါ့။ စီမံခန္႔ခြဲမႈကိစၥ မ ဟုတ္ပဲနဲ႔ ႏိုင္ငံေရးကိစၥေတြ အြန္လိုင္းေပၚကေန ညွိရတာေတာ့ နည္းနည္း အခ်ိန္ယူရတယ္ေလ။” ဟု ေျပာသည္။

ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့သည့္ NLD ပါတီက အစိုးရသစ္ မဖြဲ႔စည္းႏိုင္မီအခ်ိန္တြင္ ၿငိမ္းခ်မ္းေရး လုပ္ ငန္းစဥ္မ်ားကို အလြတ္သေဘာ ေဆြးေႏြးညွိႏႈိင္း ႏိုင္ရန္အတြက္ NCA အပစ္ရပ္ထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔မ်ားက ယာယီေတြ႕ဆံုေဆြးေႏြးညွိႏႈိင္းေရး အဖြဲ႔တစ္ခုကို ျပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္ ႏို၀င္ဘာလ အတြင္းက ျပဳလုပ္သည့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST အစည္းအ ေ၀းတြင္ ဖြဲ႔စည္းထားသည္။

PPST ၏ ထို ယာယီ ေတြ႕ဆံုညွိႏႈိင္းေရးအဖြဲ႔ကို RCSS မွ ဗိုလ္မွဴးႀကီးစိုင္းငင္း က ဦးေဆာင္မည္ျဖစ္ၿပီး အပစ္ ရပ္ ၁၀ ဖြဲ႔က ကိုယ္စားလွယ္ တစ္ေယာက္စီ ပါ၀င္မည္ဟု သိရသည္။

တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူ စာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္း သား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားမွာ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP ၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS ၊ ကရင္အမ်ိဳးသား ဒီမိုေရစီအက်ိဳးျပဳတပ္မေတာ္ DKBA ၊ မြန္ျပည္သစ္ ပါတီ NMSP ႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ျဖစ္သည္။