တစ်သျူးငှက်ပျော ကုမ္ပဏီအချို့လုပ်အားခ မပေးပဲတိမ်းရှောင်၊

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ တစ်သျှူးငှက်ပျောကုမ္ပဏီအချို့ လုပ်ခမပေးပဲ တိမ်းရှောင်နေ သည့် အတွက် ငှက်ပျောခြံလုပ်သားများ အခက်အခဲဖြစ်နေသည်ဟု ပြောသည်။

ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာအုပ်စု၊ မိုင်းမောကျေးရွာ အတွင်းက တစ်သျူးငှက်ပျောခြံလုပ်သား ၅၀ ကျော် ယနေ့အချိန်ထိ လုပ်ခများမရပဲ အခက်အခဲဖြစ်နေရသည်ဟု ငှက်ပျောခြံအလုပ်သမား ဦးခင်မောင်ဝင်း က ပြော သည်။

“မိသားစုလူဦးရေအားဖြင့် ၅၂ ယောက် လူဦးရေ ၅၀ မှီခို ငှက်ပျောခြံမှာကျင်းစားလုပ်နေတာ ကျင်စားလုပ်ခ ငွေ မရဘူး။ တရုတ်ကငွေလဲမပေးဘဲနဲ့ထွက်ပြေးနေတယ်။ ဦးလေးတို့ ဆင်းထားတဲ့ နှစ်နာကြေး လုပ်ခ လစာ ရဖို့ အတွက် တောင်းဆိုနေတာဖြစ်ပါတယ်။ ဦးလေးတို့ရဲ့ စီးပွားရေး၊ လူမူရေး၊ ကျန်မာရေးကအစ ဒီငှက်ပျော ခြံမှာ ဘဲ အားလုံးနစ်မြုပ်ထားရတာလေ။ တစ်နှစ်ပတ်လုံး နစ်မြုပ်ထားရတာကို ဦးလေးတို့က ဘာမှအကျိုးမရှိဘဲနဲ့ အကျိုးခံစားခွင့်မရှိဘဲနဲ့ ဦးလေးတို့လက်လွှတ်ဆုံးရူံးရသလိုဖြစ်နေတယ်”

အချို့အလုပ်သမားများမှာ ၉ လ ၁၀ လ စာ လစာများ မရပဲ ဖြစ်နေကြသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်များအတွင်းရှိ ငှက် ပျောခြံ များတွင် အလုပ်လုပ်ကြသည့် အလုပ်သမားအများစုမှာ ကျင်စား အလုပ်သမားများဖြစ်ကြသည်။ ကျင်စား အပြင်၊ လခစား၊ နေ့စား အလုပ်သမားများလည်း ရှိသည်။

ကျင်စား ဆိုသည်မှာ “တစ်ကျင်အလေးချိန် ၃၄ ကျပ်သားခန့်ကို တရုတ်ယွမ်ငွေ သုံးဂျော့၊ မြန်မာငွေ ကျပ် ၆၀၀၀ နှုန်း” ဖြင့် တွက်ပေးသည် ဟု အလုပ်သမားများက ပြောသည်။

ကုမ္ပဏီဘက် ငှက်ပျောကား ၂၅ စီးစာခုတ်ယူပြီးသွားပြီ ဖြစ်သော်လည်း အလုပ်သမားများအား ယနေ့အချိန်ထိ လုပ်ခမပေးသေးသည့်အတွက် ယခုကဲ့သို့ အခက်အခဲဖြစ်နေရသည်ဟု ငှက်ပျောခြံအလုပ်သမားများက ပြော သည်။

“ဦးလေးတို့ အလုပ်စဝင်တာ ၂၀၂၀၊ ၂ လ ပိုင်းကနေ စလုပ်ဝင်တာခဲ့တယ်။ အဲ့ဒီအချိန်ကနေစပြီး ဦးလေးတို့က တောက်လျှောက် အလုပ်လုပ်ခဲ့တာ တာဝန်ကျေခဲ့ပြီး လုပ်လာခဲ့ပြီးတော့လည်း တရုတ်က ရသင့်ရထိုက်တဲ့ ငှက်ပျော၂၅ စီးကိုခုတ်ယူသွားတယ်။ ၂၅ စီး ခုတ်ယူပြီးနောက်မှာတော့ ကျန်တဲ့ ငှက်ပျောတွေကို ခုတ်ယူခြင်း၊ သယ် ယူခြင်းမရှိတော့ဘဲ ဦးလေးတို့ကိုပေးရမယ့် ပိုက်ဆံတွေကိုလည်း မပေးတော့ဘဲနဲ့ ရှောင်ထွက်ပြေးသွား တယ်။ တစ်ပြားမှကိုမရသေးတာ။ ဒီနှစ်အတွက်။ ဦးလေးတို့ ၂ လပိုင်းကနေစပြီး ခု ၁၀ လပိုင်း ၁၁ လပိုင်း အထိပေါ့လေ အဲ့ဒါ တစ်ပြားမှမရဘူး” ဟု ဦးခင်မောင်ဝင်း က ပြောသည်။

ဦးခင်မောင်ဝင်းအပါအဝင် ငှက်ပျောခြံလုပ်သား ၅၀ ကျော်အလုပ်လုပ်သည့် ငှက်ပျောကုမ္ပဏီမှာ စဉ်ကြိုင် ကုမ္ပဏီဖြစ်ပြီး အလုပ်သမားများအနေဖြင့်လည်း ဝိုင်းမော်မြို့နယ်အဆင့်ထိ တိုင်ကြားထားသည်ဟု ငှက်ပျောခြံ အလုပ်သမားများက ပြောသည်။

“စဉ်ကြိုင်ကုမ္ပဏီနဲ့ဦးလေးတို့ စာချုပ်ချုပ်ဆိုထားတာကလေး ဦးလေးတို့က “က” နဲ့ “ခ” ဆိုပြီးခွဲထားတယ်။ “က” စဉ်ကြိုင် ကုမ္ပဏီဘက်၊ “ခ” ကြတော့ ဦးလေးတို့ဘက်က။ “က” ဘက်ကခိုင်းတဲ့ အလုပ်ကို “ခ” ဘက်က တာဝန်ကျေ လုပ်ဆောင်ရမယ်။ ပထမဦးဆုံးတော့ ကုမ္ပဏီကို ပထမဦးဆုံးဝင်ငြိတယ်။ ငြိတော့ နင်တို့တရုတ်ရှာ ပေးမယ်။ နင်တို့တရုတ်တွေ့ရင်ပြေလည်တယ် ဒါမျိုးဖြစ်တယ်။ ကျနော်တို့လည်း ယုံတယ်လေ။ ယုံတော့ထား လိုက်တယ်။ တစ်ပတ်နေတယ်မရဘူး။ မရတာနဲ့ စန်းကားအုပ်စုကိုတက်လိုက်တော့ပေါ့။ စန်းကားအုပ်စုမှာ တစ် ပတ် စောင့်တယ် မရဘူး။ ကျနော်တို့ ဝိုင်းမော်ရောက်တယ်။ အဲ့ဝိုင်းမော်မှာလည်း ဒီလိုဘဲ သွားလိုက်လာလိုက် ဆွေးနွေးလိုက် တိုင်ပင်လိုက်နဲ့ ကုမ္ပဏီကတာဝန်ရှိသူ တစ်ဦးတစ်ယောက်နဲ့မှ ထိပ်တိုက်လဲမတွေ့ဆုံခဲ့ရဘူး အဲ့လိုဖြစ်နေတာ။”

ထို့အပြင် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဘော်လာကုမ္ပဏီပိုင်၊ တာလောကြီးတိုက်နယ်အတွင်းရှိ နန့်ခွင်ချောင်း စိုက်ကွင်းအမှတ် (၃) မှ ငှက်ပျောခြံအလုပ်သမား ၂၉ ဦးအတွက်လည်း ကုမ္ပဏီမှ လုပ်ခတစ်စုံတစ်ရာ မပေးပဲ ထွက်ပြေးတိမ်းရှောင်နေသည်ဟု ဦးတင်ဝင်း က ပြောသည်။

ငှက်ပျောခြံအလုပ်သမား ဦးတင်ဝင်း “မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းဆီကို ဖြေရှင်းပေးဖို့ ညွှန် ကြားခဲ့ ပါတယ်။ ဦးသန်းဝင်းက ခေါ်ယူညှိနှိုင်းပြီးတော့မှ ဖြေရှင်းပေးတဲ့အခါမှာ ဘော်လာကုမ္ပဏီဥက္ကဋ္ဌ မန်နေ ဂျင်း ဒါရိုက်တာ ဦးဂွါဆီးကနေပြီးတော့မှ ၈ သိန်းနှုန်းနဲ့ ပေးပါ့မယ်။ ၂ ရက်စောင့်ပေးပါလို့ အာမခံပေးခဲ့ ပါတယ်။ အဲ့ဒီ ၈ သိန်းနှုန်းကို ကျနော်တို့ တာလောကြီးတိုက်နယ် ဥက္ကဋ္ဌ ဆီကို ရှင်းပေးဖို့ဆိုပြီးတော့၊ အဲ့မှာတင်ရှင်းပေးဖို့ ပေါ့လေ။ ကျနော်တို့နဲ့နီးအောင် အဲ့လိုတာဝန်ပေးခဲ့တဲ့အခါမှာ ကျနော်တို့ ၂ ရက် ၃ ရက် ၄ ရက် အဲ့လို စောင့်ခဲ့ ပေမယ့် မလာခဲ့ပါဘူး။ မန်းနေဂျင်းဒါရိုက်တာ ဦးဂွါဆီးက။ အဲ့ကမှ အဲ့ဒီ တာလောကြီး တိုက်နယ် ဥက္ကဋ္ဌက နေ ပြီးတော့မှ ဖုန်းဆက်ပြီးတော့ မေးတဲ့အခါမှာ မပေးနိုင်တော့ဘူးလို့ သူက ပြောခဲ့တဲ့အတွက် တိုက်နယ်ဥက္ကဋ္ဌ ကနေပြီးတော့မှ မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြန်တင်ပြပါဆိုလို့ ကျနော်တို့က ပြန်တင်ပြခဲ့ပါတယ်” ဟု ပြောသည်။

နန့်ခွင်ချောင်း စိုက်ကွင်းအမှတ် (၃) မှ ငှက်ပျောခြံအလုပ်သမား ၂၉ ဦး တို့မှာ ဝန်ကြီးချုပ်ဒေါက်တာခက်အောင် ထံစာတင်ခဲ့ပြီးနောက်၊ ထိုမှတဆင့် ဝန်ကြီးချုပ်၏ ညွန်ကြားချက်ဖြင့် အလုပ်သမားရုံး၊ အလုပ်သမားရုံးမှ တဆင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(ကချင်) ဝန်ကြီး ဦးဇော်ဝင်း ထံ စာ တင်ပြီး နောက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းထံ အဆင့်ဆင့်တိုင်ကြားခဲ့သည့်အမှုဖြစ်သည်ဟု အလုပ်သမားများက ပြောသည်။

ထိုကဲ့သို့ စာတင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းမှ နှစ်ဘက်သဘောတူညီမှုအရ အလုပ် သမားတစ်ဦးအား ၈ သိန်းပေးရန် ညွန်ကြားခဲ့သော်လည်း ကုမ္ပဏီဘက်က လုပ်ခပေးခြင်းမရှိပဲ ထွက်ပြေးသွား သည့်အတွက် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များ အခက်အခဲဖြစ်နေရသည်ဟု ဦးတင်ဝင်း ဆက် ပြောသည်။

“အဲ့လိုပြန်တင်ပြပြီးတဲ့အခါမှာ ၂၉ ရက်နေ့ ၁၂ လပိုင်းပေါ့လေ ၂၉ ရက်နေ့ ၁၂ လပိုင်းမှာ ဦးသန်း ဝင်းကနေပြီး တော့မှ ကုမ္ပဏီကို ဖြေရှင်းပေးဖို့ ညွှန်ကြားထားပြီးပြီလို့ ပြောခဲ့ပါတယ်။ အဲ့ဒါနဲ့ ကျနော်တို့က စောင့်နေရင်းနဲ့ ဖုန်းဆက်လို့လဲမရဘူး၊ လူကိုယ်၌လဲမလာဘူး။ အဲ့အတွက် ၁ လပိုင်း ၈ ရက်နေ့မှာ အုပ်ချုပ် ရေးမှူးထံကို သွား ရောက်မေးမြန်းခဲ့ပါတယ်။ အဲ့အခါမှာ အုပ်ချုပ်ရေးမှူးကနေပြီးတော့ ဦးလေးတို့ လောပန်းလဲ မရှိတော့ဘူး ပြေး ပြီ။ ကုမ္ပဏီကလည်း တာဝန်ယူ မရှင်းနိုင်တော့ဘူး။ တရားစွဲမှရပါမယ်လို့ ဦးလေးတို့ကို အဲ့လိုပဲပြောခဲ့ပါတယ်။”

ကချင်ပြည်နယ်အတွင်း တစ်သျှူးငှက်ပျောစိုက်ခင်းလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု များ ရှိလာခြင်း၊ မြေယာပြဿနာများ ပေါ်ပေါက်လာခြင်း၊ တရုတ်ကုမ္ပဏီများ လက်အောက်သို့ မြေဧက ထောင် ချီ၍ ကျရောက်သွားသည့် ပြဿနာများ၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြားပြဿနာများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်ဟု ဒေသခံများ၊ ငှက်ပျောခြံအလုပ်သများနှင့် ဒေသအတွင်းက အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

သို့သော် ထိုသိ့ုအလုပ်သမားများ ပြဿနာ ဖြစ်ပွားပါက ထိရောက်စွာ တာဝန်ခံ တာဝန်ယူပြီး မျှတစွာ ဖြေရှင်း ပေးမည့် အဖွဲ့အစည်းများ မရှိခြင်း၊ အလုပ်သမားများအတွက်လည်း အာမခံချက်များ မရှိ ဖြစ်နေရသည်ဟု အလုပ်သမားများက ဆိုသည်။

***ZAWGYI ***

တစ္သ်ဴးငွက္ေပ်ာ ကုမၸဏီအခ်ဳိ႕လုပ္အားခ မေပးပဲတိမ္းေရွာင္၊

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၁၃ ရက္။

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းရွိ တစ္သ်ွဴးငွက္ေပ်ာကုမၸဏီအခ်ိဳ႕ လုပ္ခမေပးပဲ တိမ္းေရွာင္ေန သည့္ အတြက္ ငွက္ေပ်ာၿခံလုပ္သားမ်ား အခက္အခဲျဖစ္ေနသည္ဟု ေျပာသည္။

ဝိုင္းေမာ္ၿမဳိ႕နယ္၊ စန္းကားေက်းရြာအုပ္စု၊ မိုင္းေမာေက်းရြာ အတြင္းက တစ္သ်ဴးငွက္ေပ်ာၿခံလုပ္သား ၅၀ ေက်ာ္ ယေန႔အခ်ိန္ထိ လုပ္ခမ်ားမရပဲ အခက္အခဲျဖစ္ေနရသည္ဟု ငွက္ေပ်ာၿခံအလုပ္သမား ဦးခင္ေမာင္ဝင္း က ေျပာ သည္။

“မိသားစုလူဦးေရအားျဖင့္ ၅၂ ေယာက္ လူဦးေရ ၅၀ မွီခို ငွက္ေပ်ာၿခံမွာက်င္းစားလုပ္ေနတာ က်င္စားလုပ္ခ ေငြ မရဘူး။ တ႐ုတ္ကေငြလဲမေပးဘဲနဲ႔ထြက္ေျပးေနတယ္။ ဦးေလးတို႔ ဆင္းထားတဲ့ ႏွစ္နာေၾကး လုပ္ခ လစာ ရဖို႔ အတြက္ ေတာင္းဆိုေနတာျဖစ္ပါတယ္။ ဦးေလးတို႔ရဲ႕ စီးပြားေရး၊ လူမူေရး၊ က်န္မာေရးကအစ ဒီငွက္ေပ်ာ ၿခံမွာ ဘဲ အားလုံးနစ္ျမဳပ္ထားရတာေလ။ တစ္ႏွစ္ပတ္လုံး နစ္ျမဳပ္ထားရတာကို ဦးေလးတို႔က ဘာမွအက်ိဳးမရွိဘဲနဲ႔ အက်ိဳးခံစားခြင့္မရွိဘဲနဲ႔ ဦးေလးတို႔လက္လႊတ္ဆုံး႐ူံးရသလိုျဖစ္ေနတယ္”

အခ်ဳိ႕အလုပ္သမားမ်ားမွာ ၉ လ ၁၀ လ စာ လစာမ်ား မရပဲ ျဖစ္ေနၾကသည္။

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ဗန္းေမာ္ၿမိဳ႕နယ္၊ မိုးေမာက္ၿမိဳ႕နယ္မ်ားအတြင္းရွိ ငွက္ ေပ်ာၿခံ မ်ားတြင္ အလုပ္လုပ္ၾကသည့္ အလုပ္သမားအမ်ားစုမွာ က်င္စား အလုပ္သမားမ်ားျဖစ္ၾကသည္။ က်င္စား အျပင္၊ လခစား၊ ေန႔စား အလုပ္သမားမ်ားလည္း ရွိသည္။

က်င္စား ဆိုသည္မွာ “တစ္က်င္အေလးခ်ိန္ ၃၄ က်ပ္သားခန႔္ကို တ႐ုတ္ယြမ္ေငြ သုံးေဂ်ာ့၊ ျမန္မာေငြ က်ပ္ ၆၀၀၀ ႏႈန္း” ျဖင့္ တြက္ေပးသည္ ဟု အလုပ္သမားမ်ားက ေျပာသည္။

ကုမၸဏီဘက္ ငွက္ေပ်ာကား ၂၅ စီးစာခုတ္ယူၿပီးသြားၿပီ ျဖစ္ေသာ္လည္း အလုပ္သမားမ်ားအား ယေန႔အခ်ိန္ထိ လုပ္ခမေပးေသးသည့္အတြက္ ယခုကဲ့သို႔ အခက္အခဲျဖစ္ေနရသည္ဟု ငွက္ေပ်ာၿခံအလုပ္သမားမ်ားက ေျပာ သည္။

“ဦးေလးတို႔ အလုပ္စဝင္တာ ၂၀၂၀၊ ၂ လ ပိုင္းကေန စလုပ္ဝင္တာခဲ့တယ္။ အဲ့ဒီအခ်ိန္ကေနစၿပီး ဦးေလးတို႔က ေတာက္ေလွ်ာက္ အလုပ္လုပ္ခဲ့တာ တာဝန္ေက်ခဲ့ၿပီး လုပ္လာခဲ့ၿပီးေတာ့လည္း တ႐ုတ္က ရသင့္ရထိုက္တဲ့ ငွက္ေပ်ာ၂၅ စီးကိုခုတ္ယူသြားတယ္။ ၂၅ စီး ခုတ္ယူၿပီးေနာက္မွာေတာ့ က်န္တဲ့ ငွက္ေပ်ာေတြကို ခုတ္ယူျခင္း၊ သယ္ ယူျခင္းမရွိေတာ့ဘဲ ဦးေလးတို႔ကိုေပးရမယ့္ ပိုက္ဆံေတြကိုလည္း မေပးေတာ့ဘဲနဲ႔ ေရွာင္ထြက္ေျပးသြား တယ္။ တစ္ျပားမွကိုမရေသးတာ။ ဒီႏွစ္အတြက္။ ဦးေလးတို႔ ၂ လပိုင္းကေနစၿပီး ခု ၁၀ လပိုင္း ၁၁ လပိုင္း အထိေပါ့ေလ အဲ့ဒါ တစ္ျပားမွမရဘူး” ဟု ဦးခင္ေမာင္ဝင္း က ေျပာသည္။

ဦးခင္ေမာင္ဝင္းအပါအဝင္ ငွက္ေပ်ာၿခံလုပ္သား ၅၀ ေက်ာ္အလုပ္လုပ္သည့္ ငွက္ေပ်ာကုမၸဏီမွာ စဥ္ႀကိဳင္ ကုမၸဏီျဖစ္ၿပီး အလုပ္သမားမ်ားအေနျဖင့္လည္း ဝိုင္းေမာ္ၿမိဳ႕နယ္အဆင့္ထိ တိုင္ၾကားထားသည္ဟု ငွက္ေပ်ာၿခံ အလုပ္သမားမ်ားက ေျပာသည္။

“စဥ္ႀကိဳင္ကုမၸဏီနဲ႔ဦးေလးတို႔ စာခ်ဳပ္ခ်ဳပ္ဆိုထားတာကေလး ဦးေလးတို႔က “က” နဲ႔ “ခ” ဆိုၿပီးခြဲထားတယ္။ “က” စဥ္ႀကိဳင္ ကုမၸဏီဘက္၊ “ခ” ၾကေတာ့ ဦးေလးတို႔ဘက္က။ “က” ဘက္ကခိုင္းတဲ့ အလုပ္ကို “ခ” ဘက္က တာဝန္ေက် လုပ္ေဆာင္ရမယ္။ ပထမဦးဆုံးေတာ့ ကုမၸဏီကို ပထမဦးဆုံးဝင္ၿငိတယ္။ ၿငိေတာ့ နင္တို႔တ႐ုတ္ရွာ ေပးမယ္။ နင္တို႔တ႐ုတ္ေတြ႕ရင္ေျပလည္တယ္ ဒါမ်ိဳးျဖစ္တယ္။ က်ေနာ္တို႔လည္း ယုံတယ္ေလ။ ယုံေတာ့ထား လိုက္တယ္။ တစ္ပတ္ေနတယ္မရဘူး။ မရတာနဲ႔ စန္းကားအုပ္စုကိုတက္လိုက္ေတာ့ေပါ့။ စန္းကားအုပ္စုမွာ တစ္ ပတ္ ေစာင့္တယ္ မရဘူး။ က်ေနာ္တို႔ ဝိုင္းေမာ္ေရာက္တယ္။ အဲ့ဝိုင္းေမာ္မွာလည္း ဒီလိုဘဲ သြားလိုက္လာလိုက္ ေဆြးေႏြးလိုက္ တိုင္ပင္လိုက္နဲ႔ ကုမၸဏီကတာဝန္ရွိသူ တစ္ဦးတစ္ေယာက္နဲ႔မွ ထိပ္တိုက္လဲမေတြ႕ဆုံခဲ့ရဘူး အဲ့လိုျဖစ္ေနတာ။”

ထို႔အျပင္ ဝို္င္းေမာ္ၿမိဳ႕နယ္အတြင္းရွိ ေဘာ္လာကုမၸဏီပိုင္၊ တာေလာႀကီးတိုက္နယ္အတြင္းရွိ နန္႔ခြင္ေခ်ာင္း စိုက္ကြင္းအမွတ္ (၃) မွ ငွက္ေပ်ာၿခံအလုပ္သမား ၂၉ ဦးအတြက္လည္း ကုမၸဏီမွ လုပ္ခတစ္စံုတစ္ရာ မေပးပဲ ထြက္ေျပးတိမ္းေရွာင္ေနသည္ဟု ဦးတင္ဝင္း က ေျပာသည္။

ငွက္ေပ်ာၿခံအလုပ္သမား ဦးတင္ဝင္း “ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးသန္းဝင္းဆီကို ေျဖရွင္းေပးဖို႔ ၫႊန္ ၾကားခဲ့ ပါတယ္။ ဦးသန္းဝင္းက ေခၚယူညႇိႏႈိင္းၿပီးေတာ့မွ ေျဖရွင္းေပးတဲ့အခါမွာ ေဘာ္လာကုမၸဏီဥကၠ႒ မန္ေန ဂ်င္း ဒါ႐ိုက္တာ ဦးဂြါဆီးကေနၿပီးေတာ့မွ ၈ သိန္းႏႈန္းနဲ႔ ေပးပါ့မယ္။ ၂ ရက္ေစာင့္ေပးပါလို႔ အာမခံေပးခဲ့ ပါတယ္။ အဲ့ဒီ ၈ သိန္းႏႈန္းကို က်ေနာ္တို႔ တာေလာႀကီးတိုက္နယ္ ဥကၠ႒ ဆီကို ရွင္းေပးဖို႔ဆိုၿပီးေတာ့၊ အဲ့မွာတင္ရွင္းေပးဖို႔ ေပါ့ေလ။ က်ေနာ္တို႔နဲ႔နီးေအာင္ အဲ့လိုတာဝန္ေပးခဲ့တဲ့အခါမွာ က်ေနာ္တို႔ ၂ ရက္ ၃ ရက္ ၄ ရက္ အဲ့လို ေစာင့္ခဲ့ ေပမယ့္ မလာခဲ့ပါဘူး။ မန္းေနဂ်င္းဒါ႐ိုက္တာ ဦးဂြါဆီးက။ အဲ့ကမွ အဲ့ဒီ တာေလာႀကီး တိုက္နယ္ ဥကၠ႒က ေန ၿပီးေတာ့မွ ဖုန္းဆက္ၿပီးေတာ့ ေမးတဲ့အခါမွာ မေပးႏိုင္ေတာ့ဘူးလို႔ သူက ေျပာခဲ့တဲ့အတြက္ တိုက္နယ္ဥကၠ႒ ကေနၿပီးေတာ့မွ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကို ျပန္တင္ျပပါဆိုလို႔ က်ေနာ္တို႔က ျပန္တင္ျပခဲ့ပါတယ္” ဟု ေျပာသည္။

နန္႔ခြင္ေခ်ာင္း စိုက္ကြင္းအမွတ္ (၃) မွ ငွက္ေပ်ာၿခံအလုပ္သမား ၂၉ ဦး တို႔မွာ ဝန္ႀကီးခ်ဳပ္ေဒါက္တာခက္ေအာင္ ထံစာတင္ခဲ့ၿပီးေနာက္၊ ထိုမွတဆင့္ ဝန္ႀကီးခ်ဳပ္၏ ညြန္ၾကားခ်က္ျဖင့္ အလုပ္သမား႐ုံး၊ အလုပ္သမား႐ုံးမွ တဆင့္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန(ကခ်င္) ဝန္ႀကီး ဦးေဇာ္ဝင္း ထံ စာ တင္ၿပီး ေနာက္၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးသန္းဝင္းထံ အဆင့္ဆင့္တုိင္ၾကားခဲ့သည့္အမႈျဖစ္သည္ဟု အလုပ္သမားမ်ားက ေျပာသည္။

ထိုကဲ့သို႔ စာတင္ကာ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးသန္းဝင္းမွ ႏွစ္ဘက္သေဘာတူညီမႈအရ အလုပ္ သမားတစ္ဦးအား ၈ သိန္းေပးရန္ ညြန္ၾကားခဲ့ေသာ္လည္း ကုမၸဏီဘက္က လုပ္ခေပးျခင္းမရွိပဲ ထြက္ေျပးသြား သည့္အတြက္ အလုပ္သမားမ်ားႏွင့္ ၎တို႔၏ မိသားစုဝင္မ်ား အခက္အခဲျဖစ္ေနရသည္ဟု ဦးတင္ဝင္း ဆက္ ေျပာသည္။

“အဲ့လိုျပန္တင္ျပၿပီးတဲ့အခါမွာ ၂၉ ရက္ေန႔ ၁၂ လပိုင္းေပါ့ေလ ၂၉ ရက္ေန႔ ၁၂ လပိုင္းမွာ ဦးသန္း ဝင္းကေနၿပီး ေတာ့မွ ကုမၸဏီကို ေျဖရွင္းေပးဖို႔ ၫႊန္ၾကားထားၿပီးၿပီလို႔ ေျပာခဲ့ပါတယ္။ အဲ့ဒါနဲ႔ က်ေနာ္တို႔က ေစာင့္ေနရင္းနဲ႔ ဖုန္းဆက္လို႔လဲမရဘူး၊ လူကိုယ္၌လဲမလာဘူး။ အဲ့အတြက္ ၁ လပိုင္း ၈ ရက္ေန႔မွာ အုပ္ခ်ဳပ္ ေရးမႉးထံကို သြား ေရာက္ေမးျမန္းခဲ့ပါတယ္။ အဲ့အခါမွာ အုပ္ခ်ဳပ္ေရးမႉးကေနၿပီးေတာ့ ဦးေလးတို႔ ေလာပန္းလဲ မရွိေတာ့ဘူး ေျပး ၿပီ။ ကုမၸဏီကလည္း တာဝန္ယူ မရွင္းႏိုင္ေတာ့ဘူး။ တရားစြဲမွရပါမယ္လို႔ ဦးေလးတို႔ကို အဲ့လိုပဲေျပာခဲ့ပါတယ္။”

ကခ်င္ျပည္နယ္အတြင္း တစ္သ်ွဴးငွက္ေပ်ာစိုက္ခင္းလုပ္ငန္းမ်ားေၾကာင့္ သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးမႈ မ်ား ရွိလာျခင္း၊ ေျမယာျပႆနာမ်ား ေပၚေပါက္လာျခင္း၊ တ႐ုတ္ကုမၸဏီမ်ား လက္ေအာက္သို႔ ေျမဧက ေထာင္ ခ်ီ၍ က်ေရာက္သြားသည့္ ျပႆနာမ်ား၊ အလုပ္ရွင္ႏွင့္ အလုပ္သမားမ်ားအၾကားျပႆနာမ်ား ေန႔စဥ္ႏွင့္အမ်ွ ျဖစ္ပြားေနသည္ဟု ေဒသခံမ်ား၊ ငွက္ေပ်ာၿခံအလုပ္သမ်ားႏွင့္ ေဒသအတြင္းက အရပ္ဘက္အဖြဲ႕အစည္းမ်ားက ေျပာသည္။

သို႔ေသာ္ ထိုသိ႔ုအလုပ္သမားမ်ား ျပႆနာ ျဖစ္ပြားပါက ထိေရာက္စြာ တာဝန္ခံ တာဝန္ယူၿပီး မွ်တစြာ ေျဖရွင္း ေပးမည့္ အဖြဲ႕အစည္းမ်ား မရွိျခင္း၊ အလုပ္သမားမ်ားအတြက္လည္း အာမခံခ်က္မ်ား မရွိ ျဖစ္ေနရသည္ဟု အလုပ္သမားမ်ားက ဆိုသည္။