စစ်ရှောင် COVID-19 လူနာနှင့် ထိစပ်သူများတွင် ရောဂါပိုးမတွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်။

ကချင်ပြည်နယ် စစ်ရှောင်စခန်းမှ COVID-19 ပိုးတွေ့လူနာနှင့် ဆက်စပ်ခဲ့သူ ၄၄ ဦးအား ပထမအကြိမ် အာခေါင်တို့ဖတ်နမူနာ စစ်ဆေးခဲ့ရာ အားလုံးတွင် ပိုးတွေ့ရှိခဲ့ခြင်း မရှိပါ။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပလန နယ်မြေအတွင်း က စိန့်ဂျိုးဇက် (St. Joseph) စစ်ရှောင်စခန်းမှ COVID-19 ပိုးတွေ့လူနာနှင့် ဆက်စပ်ခဲ့သူ ၄၄ ဦးအား ဇန္နဝါရီလ ၁၇ ရက်နေ့တွင် ဒုတိယအကြိမ် အာခေါင်တို့ဖတ်နမူနာ စစ်ဆေးမှုများ ထပ်မံပြုလုပ်မည်ဟု စခန်းတာဝန်ခံက ပြောသည်။

စစ်ရှောင်စခန်းတာဝန်ခံ ဦးခွန်အောင် “ပြောမယ်ဆိုရင်တော့ နောက်ထပ် ၁၇ ရက်နေ့မှာ အဲ့ဒီ ၄၄ ဦးကို ထပ်ပြီး ရောဂါစစ်ဆေးရအုံးမှာပေါ့နော်။ အဲ့လို ထပ်စစ်ရမှာဆိုတော့ အဲ့လူတွေ positive မဖြစ်ဖို့လည်း ဆုတောင်းနေ ရတယ်။ အခုက ပထမ တစ်ခေါက်ပဲ စစ် ထားရသေးတာကိုးနော်။ ဒုတိယတစ်ခေါက်ကို ဒီလ ၁၇ ရက်နေ့မှာ ထပ်စစ်ရမှာပေါ့နော်။ အဲ့မှာ တစ်ယောက် ယောက်များ positive ဖြစ်ပေါ်လာမယ်ဆိုရင်လည်း ဒီ့ထက် အခက် အခဲတွေ ပိုများလာနိုင်တာပေါ့” ဟု ပြောသည်။

ဇန္နဝါရီလ ၁၀ ရက်နေ့က စခန်းအတွင်း အသက် ၁၅ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦး COVID-19 ပိုးတွေ့ ရှိ ပြီးနောက် ၎င်းနှင့် ဆက်စပ်သူများအား ဆေးစစ်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

“သူတို့ ၄၄ ယောက်ကို အခုက ကျနော်တို့ Camp မှာပဲ သူတိုရဲ့ အိမ်မှာပဲ ပြောရမယ်ဆိုရင် ကိုယ့်အခန်းမှာပဲ မိ သားစုလိုက် နေခိုင်းထားတယ်။ ကျန်းမာရေးနဲ့အညီ Mask တပ်၊ လက်ဆေး၊ အပြင်မထွက်ခိုင်းပဲ ကောင်း ကောင်းမွန်မွန် အဲ့လိုပဲ နေခိုင်းထားတယ်။”

COVID-19 ပို့တွေ့ ရှိထားသည့် ပလနနယ်မြေအတွင်း က စိန့်ဂျိုးဇက် (St. Joseph) စစ်ရှောင်စခန်းအား

ယခုခါ LOCK DOWN ချထားရပြီး စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန် လမ်းညွန်ချက်များ ထုတ်ထား ရသည်ဟု ဦးခွန်အောင် က ဆက်ပြောသည်။

“ကျနော်တို့ စစ်ရှောင်စခန်းတွေက လမ်းညွန်ချက်အတိုင်းနေနိုင်ရင်တော့ အကောင်းဆုံးပါပဲ၊ ကျနော်တို့က ခြံ တစ်ခြံထဲတင်မကပဲ အိမ်တန်းလျားတစ်ခုမှ အခန်းကန့်ပြီးတော့ နေတဲ့အတွက်ကြောင့်မို့လို့ ဖြစ်ပြီဟေ့ဆိုရင် တခြားအပြင်မှာ ရွာမှာ နေတဲ့လူတွေနဲ့စာရင် ကူးစက်မှုက မြန်နိုင်တယ်လေနော်။ ဆိုးဆိုးရွားရွား ဖြစ်နိုင်တယ် လေ။ ဒါကြောင့် တော်တော်လေး သတိထားဖို့ လိုအပ်တာပေါ့။”

ယခုအခါ စစ်ရှောင်စခန်းအား LOCK DOWN ချထားသည့်အတွက် စစ်ရှောင်များ စားနပ်ရိက္ခာအခက်အခဲများ လည်း ရှိနေသည်ဟု စစ်ရှောင်စခန်းတာဝန်ခံ က ပြောသည်။

“ကျနော်တို့ ဆီမှာက အခက်အခဲတွေက အများကြီးပေါ့နော်။ ဝမ်းစာရေးအဆင်မပြေတာရော တင်ပြလာတွေ ရှိတယ်။ COVID-19 ကာလဆိုတော့ ပိုဆိုးတာပေါ့။ လောလောဆယ်ဆယ်ဆိုရင်လည်း Camp တွေ အများ ကြီးရှိတဲ့အထဲမှာ ကျနော်တို့ စခန်းက ပထမဆုံး ပိုးကူးခံထားရ တော့ စိတ်လည်းမကောင်းဘူး။ စိတ်မပျော်ဘူး။ နောက်ထပ်ရော ဘာတွေများ ဖြစ်လာမလဲဆိုတဲ့ စိုးရိမ်စိတ်တွေ လည်း အများကြီးရှိတယ်” ဟု ဦးခွန်အောင် က ပြောသည်။

COVID-19 ရောဂါ ကူးစက်ခြင်းခံထားရသည့် စစ်ရှောင်အမျိုးသားအား လက်ရှိတွင် မြစ်ကြီးနားပြည်သူ့ ဆေးရုံ တွင် ဆေးကုသမှုခံနေရပြီး ၎င်း၏ မိသားစုဝင် ၄ ဦးအား Quarantine Center တွင် သီးသန့်ထား ထားသည်ဟု သိရသည်။

ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးဌာန၏ ဇန္နဝါရီလ ၁၃ ရက်နေ့ ညနေ ၅ နာရီအထိထုတ်ပြန် ထားသည့် စာရင်းအရ ကချင်ပြည်နယ်အတွင်း COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၇၁၀ ဦး ရှိပြီဖြစ်သည်။

ပလန နယ်မြေအတွင်းရှိ စိန့်ဂျိုးဇက် (St. Joseph) တွင် အင်ဂျန်းယန်မြို့နယ်ထဲကစစ်ရှောင်အများဆုံးဖြစ်ပြီး ဆွမ်ပရာဘွမ်၊ တနိုင်း၊ ဝိုင်းမော်မြို့နယ်တို့မှ စစ်ဘေးတိန်းရှောင်ထွက်ပြေးလာသည့် ဒေသခံများဖြစ်ပြီး၊ စခန်း အတွင်း စစ်ရှောင် အိမ်ထောင်မိသားစုပေါင်း ၃၉၈ စု၊ လူဦးအားဖြင့် ၂၀၀၀ ကျော် ရှိသည်။

*** ZAWGYI ***
စစ္ေရွာင္ COVID-19 လူနာႏွင့္ ထိစပ္သူမ်ားတြင္ ေရာဂါပိုးမေတြ႕

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၁၄ ရက္။

ကခ်င္ျပည္နယ္ စစ္ေရွာင္စခန္းမွ COVID-19 ပိုးေတြ႕လူနာႏွင့္ ဆက္စပ္ခဲ့သူ ၄၄ ဦးအား ပထမအႀကိမ္ အာေခါင္တို႔ဖတ္နမူနာ စစ္ေဆးခဲ့ရာ အားလုံးတြင္ ပိုးေတြ႕ရွိခဲ့ျခင္း မရွိပါ။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ ပလန နယ္ေျမအတြင္း က စိန႔္ဂ်ိဳးဇက္ (St. Joseph) စစ္ေရွာင္စခန္းမွ COVID-19 ပိုးေတြ႕လူနာႏွင့္ ဆက္စပ္ခဲ့သူ ၄၄ ဦးအား ဇႏၷဝါရီလ ၁၇ ရက္ေန႔တြင္ ဒုတိယအႀကိမ္ အာေခါင္တို႔ဖတ္နမူနာ စစ္ေဆးမႈမ်ား ထပ္မံျပဳလုပ္မည္ဟု စခန္းတာဝန္ခံက ေျပာသည္။

စစ္ေရွာင္စခန္းတာဝန္ခံ ဦးခြန္ေအာင္ “ေျပာမယ္ဆိုရင္ေတာ့ ေနာက္ထပ္ ၁၇ ရက္ေန႔မွာ အဲ့ဒီ ၄၄ ဦးကို ထပ္ၿပီး ေရာဂါစစ္ေဆးရအုံးမွာေပါ့ေနာ္။ အဲ့လို ထပ္စစ္ရမွာဆိုေတာ့ အဲ့လူေတြ positive မျဖစ္ဖို႔လည္း ဆုေတာင္းေန ရတယ္။ အခုက ပထမ တစ္ေခါက္ပဲ စစ္ ထားရေသးတာကိုးေနာ္။ ဒုတိယတစ္ေခါက္ကို ဒီလ ၁၇ ရက္ေန႔မွာ ထပ္စစ္ရမွာေပါ့ေနာ္။ အဲ့မွာ တစ္ေယာက္ ေယာက္မ်ား positive ျဖစ္ေပၚလာမယ္ဆိုရင္လည္း ဒီ့ထက္ အခက္ အခဲေတြ ပိုမ်ားလာႏိုင္တာေပါ့” ဟု ေျပာသည္။

ဇႏၷဝါရီလ ၁၀ ရက္ေန႔က စခန္းအတြင္း အသက္ ၁၅ ႏွစ္အ႐ြယ္ လူငယ္အမ်ိဳးသားတစ္ဦး COVID-19 ပိုးေတြ႕ ရွိ ၿပီးေနာက္ ၎ႏွင့္ ဆက္စပ္သူမ်ားအား ေဆးစစ္မႈမ်ား ျပဳလုပ္ေနျခင္းျဖစ္သည္။

“သူတို႔ ၄၄ ေယာက္ကို အခုက က်ေနာ္တို႔ Camp မွာပဲ သူတိုရဲ႕ အိမ္မွာပဲ ေျပာရမယ္ဆိုရင္ ကိုယ့္အခန္းမွာပဲ မိ သားစုလိုက္ ေနခိုင္းထားတယ္။ က်န္းမာေရးနဲ႔အညီ Mask တပ္၊ လက္ေဆး၊ အျပင္မထြက္ခိုင္းပဲ ေကာင္း ေကာင္းမြန္မြန္ အဲ့လိုပဲ ေနခိုင္းထားတယ္။”

COVID-19 ပို႔ေတြ႕ ရွိထားသည့္ ပလနနယ္ေျမအတြင္း က စိန႔္ဂ်ိဳးဇက္ (St. Joseph) စစ္ေရွာင္စခန္းအား

ယခုခါ LOCK DOWN ခ်ထားရၿပီး စည္းကမ္းခ်က္မ်ားႏွင့္အညီ ေနထိုင္ၾကရန္ လမ္းၫြန္ခ်က္မ်ား ထုတ္ထား ရသည္ဟု ဦးခြန္ေအာင္ က ဆက္ေျပာသည္။

“က်ေနာ္တို႔ စစ္ေရွာင္စခန္းေတြက လမ္းၫြန္ခ်က္အတိုင္းေနႏိုင္ရင္ေတာ့ အေကာင္းဆုံးပါပဲ၊ က်ေနာ္တို႔က ၿခံ တစ္ၿခံထဲတင္မကပဲ အိမ္တန္းလ်ားတစ္ခုမွ အခန္းကန႔္ၿပီးေတာ့ ေနတဲ့အတြက္ေၾကာင့္မို႔လို႔ ျဖစ္ၿပီေဟ့ဆိုရင္ တျခားအျပင္မွာ ႐ြာမွာ ေနတဲ့လူေတြနဲ႔စာရင္ ကူးစက္မႈက ျမန္ႏိုင္တယ္ေလေနာ္။ ဆိုးဆိုး႐ြား႐ြား ျဖစ္ႏိုင္တယ္ ေလ။ ဒါေၾကာင့္ ေတာ္ေတာ္ေလး သတိထားဖို႔ လိုအပ္တာေပါ့။”

ယခုအခါ စစ္ေရွာင္စခန္းအား LOCK DOWN ခ်ထားသည့္အတြက္ စစ္ေရွာင္မ်ား စားနပ္ရိကၡာအခက္အခဲမ်ား လည္း ရွိေနသည္ဟု စစ္ေရွာင္စခန္းတာဝန္ခံ က ေျပာသည္။

“က်ေနာ္တို႔ ဆီမွာက အခက္အခဲေတြက အမ်ားႀကီးေပါ့ေနာ္။ ဝမ္းစာေရးအဆင္မေျပတာေရာ တင္ျပလာေတြ ရွိတယ္။ COVID-19 ကာလဆိုေတာ့ ပိုဆိုးတာေပါ့။ ေလာေလာဆယ္ဆယ္ဆိုရင္လည္း Camp ေတြ အမ်ား ႀကီးရွိတဲ့အထဲမွာ က်ေနာ္တို႔ စခန္းက ပထမဆုံး ပိုးကူးခံထားရ ေတာ့ စိတ္လည္းမေကာင္းဘူး။ စိတ္မေပ်ာ္ဘူး။ ေနာက္ထပ္ေရာ ဘာေတြမ်ား ျဖစ္လာမလဲဆိုတဲ့ စိုးရိမ္စိတ္ေတြ လည္း အမ်ားႀကီးရွိတယ္” ဟု ဦးခြန္ေအာင္ က ေျပာသည္။

COVID-19 ေရာဂါ ကူးစက္ျခင္းခံထားရသည့္ စစ္ေရွာင္အမ်ိဳးသားအား လက္ရွိတြင္ ျမစ္ႀကီးနားျပည္သူ႔ ေဆး႐ုံ တြင္ ေဆးကုသမႈခံေနရၿပီး ၎၏ မိသားစုဝင္ ၄ ဦးအား Quarantine Center တြင္ သီးသန႔္ထား ထားသည္ဟု သိရသည္။

ကခ်င္ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဦးစီးဌာန၏ ဇႏၷဝါရီလ ၁၃ ရက္ေန႔ ညေန ၅ နာရီအထိထုတ္ျပန္ ထားသည့္ စာရင္းအရ ကခ်င္ျပည္နယ္အတြင္း COVID-19 ပိုးေတြ႕ အတည္ျပဳလူနာ ၇၁၀ ဦး ရွိၿပီျဖစ္သည္။

ပလန နယ္ေျမအတြင္းရွိ စိန႔္ဂ်ိဳးဇက္ (St. Joseph) တြင္ အင္ဂ်န္းယန္ၿမိဳ႕နယ္ထဲကစစ္ေရွာင္အမ်ားဆုံးျဖစ္ၿပီး ဆြမ္ပရာဘြမ္၊ တႏိုင္း၊ ဝိုင္းေမာ္ၿမိဳ႕နယ္တို႔မွ စစ္ေဘးတိန္းေရွာင္ထြက္ေျပးလာသည့္ ေဒသခံမ်ားျဖစ္ၿပီး၊ စခန္း အတြင္း စစ္ေရွာင္ အိမ္ေထာင္မိသားစုေပါင္း ၃၉၈ စု၊ လူဦးအားျဖင့္ ၂၀၀၀ ေက်ာ္ ရွိသည္။