အစိုးရသစ်လက်ထက်တွင် အလုပ်သမားများအား အကာအကွယ်ပိုပေးရန် လိုလား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်။

အစိုးရသစ် သက်တမ်းတွင် အလုပ်သမားများ၏ အခွင့်အရေးကို အကာ အကွယ်ပေးမည့် ဥပဒေများ၊ မူဝါဒများအား ရေးဆွဲပြဌာန်း အကောင်အထည်ဖော်ရန် ကချင်ပြည်နယ်ရှိ ရွှေ့ပြောင်းအလုပ်သမားများက တောင်းဆိုလိုက်သည်။

ကချင်ပြည်နယ်ရှိ ဝိုင်းမော်မြို့နယ် စင်ကြိုင်ကုမ္ပဏီ၏ တရုတ်တစ်သျှူး ငှက် ပျောခြံတွင် မကွေးတိုင်း ချောက်မြို့နယ်မှ လာရောက် အလုပ်လုပ်ကိုင်နေသည့် ဦးခင်မောင်ဝင်းက “ဒီအောက်ခြေက ဆင်းရဲသား အလုပ် သမား လူတန်းစား တကယ့် အခွင့်အရေး ရမယ့် ပုံစံမျိုးကိုပေါ့လေ ဒါလေးတွေကိုတော့ တိတိကျကျ မှန်မှန် ကန်ကန်လေးနဲ့ သူတို့ ဥပဒေလမ်း ကြောင်းလေး ဆွဲပြီးတော့မှ ဆောင်ရွက်ပေးမယ် ဆိုရင်တော့ ဒီ အောက် လက်က မရှိဆင်းရဲသား လုပ်စားတဲ့ လူတွေ အဆင်ပြေမယ်လို့ထင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ အရပ်ရပ်မှ ကချင်ပြည်နယ်သို့ ရောက်ရှိနေသည့် ရွှေ့ပြောင်း အလုပ်သမားများမှာ လုပ်ခ လစာ မရရှိရေးသော ပြဿနာများ ကြုံတွေ့နေရသည့်အပြင် အဖက်ဖက်မှ ၎င်းတို့၏ အခွင့်အရေးများ ဆုံးရှုံးနေရ သည့်အတွက် ဥပဒေများကို ရေးဆွဲပြဌာန်ပေးရန် အစိုးရသစ်အား တောင်ဆိုးရခြင်းဖြစ်သည် ဟု ပြော သည်။

“နို့မဟုတ်ရင် ကျနော်တို့ ပြောမယ်ဆိုရင်တော့ ဒီဥပဒေမှာ သူတို့ သတ်မှတ်ချက် ကောင်းကောင်း စည်းမျဉ်း စည်းကမ်းဆွဲမထားဘူးဆိုရင် ကျနော်တို့က ဒီဆင်းရဲသားတွေက ဒီဘဝက ဒီနွံ ထဲက ဘယ်လိုမှ မတက်နိုင်တော့ဘူး။ အဲတော့ ကျနော်တို့ ဒီမိုကရေစီဆိုတာ လူတန်းစား မခွဲခြားဘူး ဆင်း ရဲချမ်းသား တူတူ ဖြစ်ရမယ် ဒီပုံစံနဲ့ သွားနေကြတာလေ။ အဲလိုလေးဖြစ်အောင်တော့ ကျနော်တု့ိကို စွမ်း ဆောင်ပေး စေချင်တာပေါ့။ အခုအစိုးရအသစ်ကိုလည်းလေ ဒါလေးတွေတော့ ကျနော်တို့ တောင်းဆို ချင် တာပေါ့” ဟု ဦးခင်မောင်ဝင်းက ဆက်ပြောသည်။

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကချင်ပြည်နယ်ရှိ တရုတ်တစ်သျှူး ငှက်ပျောခြံတွင် အလုပ်လုပ်နေသည့် အလုပ်သမား အများစုကို အလုပ်ရှင်က လုပ်ခလစာ မပေးပဲ ထွက်ပြေးခြင်း၊ အလုပ် သမားများက သက်ဆိုင်ရာသို့ တိုင်ကြားထားသော်လည်း ပြေလည်မှု ရရှိအောင် တစ်စုံတစ်ရာ ဖြေရှင်းပေး နိုင်ခြင်း မရှိသည့်အတွက် အလုပ်သမားများမှာ အားကိုးရာမဲ့ဖြစ်နေသည်ဟု ရွှေ့ပြောင်း အလုပ်သမားများက ဆိုသည်။

ဝိုင်းမော်မြို့နယ်ရှိ ဘော်လာကုမ္ပဏီ၏ တရုတ် တစ်သျှူး ငှက်ပျော စိုက်ခင်းခြံတွင် အလုပ်လုပ်နေသည့် ဦးတင်ဝင်းကလည်း “တရုတ်က လာလုပ်တယ် အမြတ်ရရင် လုပ်မယ် အမြတ်မရရင် သူကထွက်ပြေးမယ်။ ကျနော်တို့က အာမခံချက် မရှိဘူးဖြစ်နေတယ်လေ။ အမှန်က အဲလို မလုပ်သင့်ဘူး မဖြစ်သင့်ဘူးလို့ ဘကြီး တို့က မြင်တယ်။ အဲတော့ အဲဒီဟာတွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ အစိုးရမျိုး ဖြစ်စေချင် ပါတယ်။ အလုပ်သမားတွေရဲ့ နစ်နာမှုကိုလေ အခုက မဖြစ်ဘူး ဖြစ်နေတယ်လို့ ဘကြီးမြင်ပါတယ်။ တောင်းဆိုချင် တာကတော့ အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ကာကွယ်ပေးတဲ့ အစိုးရ တစ်ရပ် ဖြစ်ပါ စေလို့ပဲ တောင်းဆိုချင်ပါတယ်” ဟု တောင်းဆိုသည်။

ထိုပြဿနာများကို ဖြေရှင်းရန်အတွက် အစိုးရသစ်အနေဖြင့် မူဝါဒတိတိကျကျ ချမှတ်ကာ ကြိုတင်ပြင်ဆင် လုပ်ဆောင်ထားရန် လိုသည်ဟု အစိမ်းရောင် အလင်းတန်များ အသင်း (KCWG) မှ Program Manager ဦးဘရန်အောင်က အကြံပြုတိုက်တွန်းသည်။

ဦးဘရန်အောင်က “အခု လာမယ့် အစိုးရသစ်ကလည်း ဘယ်လိုပြင်ဆင်မလဲပေါ့ ဘယ်လိုကိုင်တွယ် မလဲ ဘယ်လိုဖြေရှင်းမလဲ ဆို တဲ့အပိုင်းက အစိုးရဟာ ပြည်သူလူထုနဲ့ ဒီထက်ပိုပြီး နီးကပ်တဲ့ ချည်းကပ်မှုမျိုးနဲ့ ကုမ္ပဏီတွေအပေါ်ကို ဘယ်လိုထိန်းကြောင်းကြမလဲပေါ့။ ထိန်းကြောင်းတယ်ဆိုတာက ကျနော်တို့က ထိန်း ချုပ်တာ မဟုတ်ဘူး။ နည်းမှန်လမ်းမှန်နဲ့ စိုက်ပျိုးရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေကို အစိုးရကလည်း အကျိုး အမြတ်ရသလို အခွန်အခတွေ ပြည်သူလူထုတွေကလည်း သူတို့ရဲ့ အကျိုးအမြတ်ပိုင်း ဆိုင်ရာကို ရဖို့ အတွက် ရွေ့ပြောင်းလုပ်သားတွေကလည်း သူတို့ရဲ့ လုပ်အားခ လစာတွေကို အပြည့်အ၀ ရဖို့အတွက် လမ်း ကြောင်း တွေကို အကောင်အထည်ဖော် ပြင်ဆင်သင့်တယ်ပေါ့ လာမယ့် အစိုးရအသစ်မှာ” ဟု ပြောသည်။

မြန်မာနိုင်ငံ အရပ်ရပ်မှ ကချင်ပြည်နယ်သို့ လာရောက် အလုပ်လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းအလုပ်သမား ဦးရေမှာ သိန်းနှင့် ချီရှိနေပြီး ထိုရွှေ့ပြောင်းအလုပ်သမားများမှာ ကျောက်စိမ်းတူးဖော်ခြင်း၊ သတ္တု နှင့် ရွှေ တူးဖော်ခြင်းလုပ်ငန်းများအပြင် ငှက်ပျောစိုက်ခင်းများနှင့် ကြုံရာ ကျပန်းအလုပ်များတွင် အလုပ်လုပ်ကိုင် နေကြသည်။

ထို့ရွှေ့ပြောင်း အလုပ်သမားများအနက်မှ တရုတ် တစ်သျှူးငှက်ပျောခြံ အလုပ်သမား အများစုမှာ လုပ်ခ လစာ မရှိပဲ အလုပ်ရှင်များက ထွက်ပြေးတိမ်းရှောင်သွားသည့်အပြင် အခြားအခွင့်အရေးများလည်း ဆုံးရှုံး နေသည့်အတွက် မကြာမှီ ပြန်လည်ဖွဲ့စည်းတော့မည့် အစိုးရသစ်မှ ရွေ့ပြောင်း အလုပ်သမားများ ကြုံတွေ့ နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးရန်နှင့် အကာအကွယ်ပေးရန် တောင်းဆိုခြင်းဖြစ်သည် ဟု ရွှေ့ ပြောင်းအလုပ်သမားများက ဆိုသည်။

*** ZAWGYI ***
အစိုးရသစ္လက္ထက္တြင္ အလုပ္သမားမ်ားအား အကာအကြယ္ပိုေပးရန္ လိုလား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၁၆ ရက္။

အစိုးရသစ္ သက္တမ္းတြင္ အလုပ္သမားမ်ား၏ အခြင့္အေရးကို အကာ အကြယ္ေပးမည့္ ဥပေဒမ်ား၊ မူဝါဒမ်ားအား ေရးဆြဲျပဌာန္း အေကာင္အထည္ေဖာ္ရန္ ကခ်င္ျပည္နယ္ရွိ ေရႊ႕ေျပာင္းအလုပ္သမားမ်ားက ေတာင္းဆိုလိုက္သည္။

ကခ်င္ျပည္နယ္ရွိ ဝိုင္းေမာ္ၿမိဳ႕နယ္ စင္ႀကိဳင္ကုမၸဏီ၏ တ႐ုတ္တစ္သွ်ဴး ငွက္ ေပ်ာၿခံတြင္ မေကြးတိုင္း ေခ်ာက္ၿမိဳ႕နယ္မွ လာေရာက္ အလုပ္လုပ္ကိုင္ေနသည့္ ဦးခင္ေမာင္၀င္းက “ဒီေအာက္ေျခက ဆင္းရဲသား အလုပ္ သမား လူတန္းစား တကယ့္ အခြင့္အေရး ရမယ့္ ပံုစံမ်ိဳးကိုေပါ့ေလ ဒါေလးေတြကိုေတာ့ တိတိက်က် မွန္မွန္ ကန္ကန္ေလးနဲ႔ သူတို႔ ဥပေဒလမ္း ေၾကာင္းေလး ဆြဲၿပီးေတာ့မွ ေဆာင္ရြက္ေပးမယ္ ဆိုရင္ေတာ့ ဒီ ေအာက္ လက္က မရွိဆင္းရဲသား လုပ္စားတဲ့ လူေတြ အဆင္ေျပမယ္လို႔ထင္တယ္” ဟု ေျပာသည္။

ျမန္မာႏိုင္ငံ အရပ္ရပ္မွ ကခ်င္ျပည္နယ္သို႔ ေရာက္ရွိေနသည့္ ေရႊ႕ေျပာင္း အလုပ္သမားမ်ားမွာ လုပ္ခ လစာ မရရွိေရးေသာ ျပႆနာမ်ား ႀကံဳေတြ႕ေနရသည့္အျပင္ အဖက္ဖက္မွ ၎တို႔၏ အခြင့္အေရးမ်ား ဆံုးရႈံးေနရ သည့္အတြက္ ဥပေဒမ်ားကို ေရးဆြဲျပဌာန္ေပးရန္ အစိုးရသစ္အား ေတာင္ဆိုးရျခင္းျဖစ္သည္ ဟု ေျပာ သည္။

“ႏို႔မဟုတ္ရင္ က်ေနာ္တို႔ ေျပာမယ္ဆိုရင္ေတာ့ ဒီဥပေဒမွာ သူတို႔ သတ္မွတ္ခ်က္ ေကာင္းေကာင္း စည္းမ်ဥ္း စည္းကမ္းဆြဲမထားဘူးဆိုရင္ က်ေနာ္တို႔က ဒီဆင္းရဲသားေတြက ဒီဘ၀က ဒီႏြံ ထဲက ဘယ္လိုမွ မတက္ႏိုင္ေတာ့ဘူး။ အဲေတာ့ က်ေနာ္တို႔ ဒီမိုကေရစီဆိုတာ လူတန္းစား မခြဲျခားဘူး ဆင္း ရဲခ်မ္းသား တူတူ ျဖစ္ရမယ္ ဒီပံုစံနဲ႔ သြားေနၾကတာေလ။ အဲလိုေလးျဖစ္ေအာင္ေတာ့ က်ေနာ္တု႔ိကို စြမ္း ေဆာင္ေပး ေစခ်င္တာေပါ့။ အခုအစိုးရအသစ္ကိုလည္းေလ ဒါေလးေတြေတာ့ က်ေနာ္တို႔ ေတာင္းဆို ခ်င္ တာေပါ့” ဟု ဦးခင္ေမာင္၀င္းက ဆက္ေျပာသည္။

COVID-19 ကပ္ေရာဂါ ျဖစ္ပြားေနသည့္ ကာလအတြင္း ကခ်င္ျပည္နယ္ရွိ တ႐ုတ္တစ္သွ်ဴး ငွက္ေပ်ာၿခံတြင္ အလုပ္လုပ္ေနသည့္ အလုပ္သမား အမ်ားစုကို အလုပ္ရွင္က လုပ္ခလစာ မေပးပဲ ထြက္ေျပးျခင္း၊ အလုပ္ သမားမ်ားက သက္ဆိုင္ရာသို႔ တိုင္ၾကားထားေသာ္လည္း ေျပလည္မႈ ရရွိေအာင္ တစ္စံုတစ္ရာ ေျဖရွင္းေပး ႏိုင္ျခင္း မရွိသည့္အတြက္ အလုပ္သမားမ်ားမွာ အားကိုးရာမဲ့ျဖစ္ေနသည္ဟု ေရႊ႕ေျပာင္း အလုပ္သမားမ်ားက ဆိုသည္။

ဝိုင္းေမာ္ၿမိဳ႕နယ္ရွိ ေဘာ္လာကုမၸဏီ၏ တ႐ုတ္ တစ္သွ်ဴး ငွက္ေပ်ာ စိုက္ခင္းၿခံတြင္ အလုပ္လုပ္ေနသည့္ ဦးတင္၀င္းကလည္း “တ႐ုတ္က လာလုပ္တယ္ အျမတ္ရရင္ လုပ္မယ္ အျမတ္မရရင္ သူကထြက္ေျပးမယ္။ က်ေနာ္တို႔က အာမခံခ်က္ မရွိဘူးျဖစ္ေနတယ္ေလ။ အမွန္က အဲလို မလုပ္သင့္ဘူး မျဖစ္သင့္ဘူးလို႔ ဘႀကီး တို႔က ျမင္တယ္။ အဲေတာ့ အဲဒီဟာေတြကို တာ၀န္ယူမႈ တာ၀န္ခံမႈ ရွိတဲ့ အစိုးရမ်ိဳး ျဖစ္ေစခ်င္ ပါတယ္။ အလုပ္သမားေတြရဲ႕ နစ္နာမႈကိုေလ အခုက မျဖစ္ဘူး ျဖစ္ေနတယ္လို႔ ဘႀကီးျမင္ပါတယ္။ ေတာင္းဆိုခ်င္ တာကေတာ့ အလုပ္သမားေတြရဲ႕ ရသင့္ရထိုက္တဲ့ အခြင့္အေရးကို ကာကြယ္ေပးတဲ့ အစိုးရ တစ္ရပ္ ျဖစ္ပါ ေစလို႔ပဲ ေတာင္းဆိုခ်င္ပါတယ္” ဟု ေတာင္းဆိုသည္။

ထိုျပႆနာမ်ားကို ေျဖရွင္းရန္အတြက္ အစိုးရသစ္အေနျဖင့္ မူဝါဒတိတိက်က် ခ်မွတ္ကာ ႀကိဳတင္ျပင္ဆင္ လုပ္ေဆာင္ထားရန္ လိုသည္ဟု အစိမ္းေရာင္ အလင္းတန္မ်ား အသင္း (KCWG) မွ Program Manager ဦးဘရန္ေအာင္က အႀကံျပဳတိုက္တြန္းသည္။

ဦးဘရန္ေအာင္က “အခု လာမယ့္ အစိုးရသစ္ကလည္း ဘယ္လိုျပင္ဆင္မလဲေပါ့ ဘယ္လိုကိုင္တြယ္ မလဲ ဘယ္လိုေျဖရွင္းမလဲ ဆို တဲ့အပိုင္းက အစိုးရဟာ ျပည္သူလူထုနဲ႔ ဒီထက္ပိုၿပီး နီးကပ္တဲ့ ခ်ည္းကပ္မႈမ်ိဳးနဲ႔ ကုမၸဏီေတြအေပၚကို ဘယ္လိုထိန္းေၾကာင္းၾကမလဲေပါ့။ ထိန္းေၾကာင္းတယ္ဆိုတာက က်ေနာ္တို႔က ထိန္း ခ်ဳပ္တာ မဟုတ္ဘူး။ နည္းမွန္လမ္းမွန္နဲ႔ စိုက္ပ်ိဳးေရးဆိုင္ရာ ရင္းႏွီးျမဳပ္ႏွံမႈေတြကို အစိုးရကလည္း အက်ိဳး အျမတ္ရသလို အခြန္အခေတြ ျပည္သူလူထုေတြကလည္း သူတို႔ရဲ႕ အက်ိဳးအျမတ္ပိုင္း ဆိုင္ရာကို ရဖို႔ အတြက္ ေရြ႕ေျပာင္းလုပ္သားေတြကလည္း သူတို႔ရဲ႕ လုပ္အားခ လစာေတြကို အျပည့္အ၀ ရဖို႔အတြက္ လမ္း ေၾကာင္း ေတြကို အေကာင္အထည္ေဖာ္ ျပင္ဆင္သင့္တယ္ေပါ့ လာမယ့္ အစိုးရအသစ္မွာ” ဟု ေျပာသည္။

ျမန္မာႏိုင္ငံ အရပ္ရပ္မွ ကခ်င္ျပည္နယ္သို႔ လာေရာက္ အလုပ္လုပ္ကိုင္ၾကသည့္ ေရႊ႕ေျပာင္းအလုပ္သမား ဦးေရမွာ သိန္းႏွင့္ ခ်ီရွိေနၿပီး ထိုေရႊ႕ေျပာင္းအလုပ္သမားမ်ားမွာ ေက်ာက္စိမ္းတူးေဖာ္ျခင္း၊ သတၱဳ ႏွင့္ ေရႊ တူးေဖာ္ျခင္းလုပ္ငန္းမ်ားအျပင္ ငွက္ေပ်ာစိုက္ခင္းမ်ားႏွင့္ ႀကံဳရာ က်ပန္းအလုပ္မ်ားတြင္ အလုပ္လုပ္ကိုင္ ေနၾကသည္။

ထို႔ေရႊ႕ေျပာင္း အလုပ္သမားမ်ားအနက္မွ တ႐ုတ္ တစ္သွ်ဴးငွက္ေပ်ာၿခံ အလုပ္သမား အမ်ားစုမွာ လုပ္ခ လစာ မရွိပဲ အလုပ္ရွင္မ်ားက ထြက္ေျပးတိမ္းေရွာင္သြားသည့္အျပင္ အျခားအခြင့္အေရးမ်ားလည္း ဆံုးရႈံး ေနသည့္အတြက္ မၾကာမွီ ျပန္လည္ဖြဲ႔စည္းေတာ့မည့္ အစိုးရသစ္မွ ေရြ႕ေျပာင္း အလုပ္သမားမ်ား ႀကံဳေတြ႕ ေနရသည့္ အခက္အခဲမ်ားကို ကူညီေျဖရွင္းေပးရန္ႏွင့္ အကာအကြယ္ေပးရန္ ေတာင္းဆိုျခင္းျဖစ္သည္ ဟု ေရႊ႕ ေျပာင္းအလုပ္သမားမ်ားက ဆိုသည္။