တိုက်ပွဲများ ဆက်ဖြစ်နေရခြင်းမှာ NCA သဘောတူညီချက်များ အားနည်း၍ ဖြစ်ဟု KNU တပ်မဟာ ၅ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၁၉ ရက်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မထိုးမီက သဘောတူ ချမှတ်ချက် အားနည်းသည့်အတွက် တိုက်ပွဲများ ဖြစ်နေရခြင်း ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။

NCA စာချုပ် အခန်း ၃ ထဲတွင် ပါရှိသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအပြင် လက်ရှိ လုပ်ဆောင် နေသည့် နိုင်ငံရေး ဆွေးနွေးမှုများ ဖြစ်ပေါ်တိုးတက်မှု မရှိပါက KNU နှင့် တပ်မတော် တို့အကြား တိုက်ပွဲ များ ဆက်လက်ဖြစ် ပွားနေအုံးမည်ဟု တပ်မဟာ ၅ ပြောရေးဆိုခွင့် ရှိ သူ ပဒိုမန်းမန်း က ပြောသည်။

ပဒိုမန်းမန်းက “တပ်အင်အား တိုးချဲ့တာ မကပဲနဲ့ ကျနော်တို့ ဒီဖက် စစ်ဆင်ရေး လမ်းပါ ဖောက်လုပ်နေတာ တွေ ရှိတယ်အ တွက်ကြောင့် တကယ်လို့သာ တပ်ပိုင်းဆိုင်ရာ ကိစ္စ NCA စာချုပ်မထိုးခင်ကတည်းကိုက ကျနော်တို့ ညှိနှိုင်းရမယ့် ပြောရမယ်ဆိုရင် NCA စာချုပ် အခန်း ၃ ပေါ့နော အဲဒီအပိုင်းတွေကိုပါ ဆက်ညှိ နှိုင်းမှု မလုပ်နိုင်ဘူး သဘောတူညီချက်တွေလည်း မရနိုင်ဘူး ဆက်လက်မညှိနှိုင်းနိုင်ဘူး ဒါ ပထမအဆင့် ပေါ့ ဒုတိယအဆင့်က နိုင်ငံရေးအရလည်း ဆွေးနွေးမှုလည်း ဖြစ်ပေါ်တိုးတက်မှုလည်း မရှိဘူးဆိုရင်တော့ ကျ နော်တို့ ဒီမှာ လက်နက်ကိုင် ပဋိပက္ခနဲ့ တိုက်ပွဲကတော့ ဆက်လက်ဖြစ်နေအုံးမှာပဲလို့ပဲ ဒီလိုပဲ ပြော ရမှာဖြစ်တယ်” ဟု ပြောသည်။

ထို့အပြင် လက်ရှိသွားနေသည့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ် အတိုင်းဆက်လက် သွားနေမည်ဆိုပါက နိုင်ငံရေးမူ ဘောင်ကို ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်းနှင့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ရေးဆွဲရာတွင် လည်း အပြီးသတ်လုပ်ဆောင်နိုင်ခြင်း မရှိပဲ ပြည် ထောင်စု ငြိမ်းချမ်းရေး ညီလာခံ မှတစ်ဆင့် ပြည်ထောင်စု သဘောတူစာချုပ်ကို ရရှိအောင် လုပ်ဆောင်ခဲ့ သည့်အပေါ် ပဒိုမန်းမန်းက ယခုလိုပြောသည်။

“NCA စာချုပ်တင်မကဘူး နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ရေးဆွဲတဲ့ နေရာမှာလည်း အပြီးသတ်မှု မရှိဘူး။ အပြီးသတ်မှု မရှိပဲနဲ့ ပြည်ထောင်စု သဘောတူစာချုပ်ရအောင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၄ ကြိမ်တိုင် ကျင်းပလိုက်ပြီ ရှိတယ်ပေါ့နော်။ ဒါပေမယ့်လည်း နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကိုတောင်မှ အား လုံးသဘောတူညီချက် မရသေးပဲနဲ့ အဲလို ဒရွတ်တိုက်တွန်းတယ်ပဲ ပြောရမှာပေါ့နော် နောက် အဲဒီ အခြေအ နေအောက်မှာက ကျနော်တို့ အစပြန်စတယ်ပဲ ပြောပြောပေါ့နော် သေသေချာချာ ကြေလည်အောင် ညှိနှိုင်း ဆွေးနွေးမှု အပိုင်းက တပ်ပိုင်းဆိုင်ရာကိစ္စ ပြန်လုပ်ဖို့လိုတယ်။ နောက်တစ်ခါ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင် ကိုလည်း ပြန်လည်သုံးသပ်ပြီးတော့မှ ပြင်ဆင်ဖို့လိုတယ်ပေါ့နော်။” ဟု ပဒိုမန်းမန်း က ပြောသည်။

“အဲဒါမှ ပြီးမှပဲ ကျနော်တို့ ဒီဆွေးနွေးပွဲကို ပြန်စပြီးတော့မှ ပြည်ထောင်စု သဘောတူစာချုပ်အနေနဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင် မယ့် သို့မဟုတ် အသစ်ရေးဆွဲနိုင်မယ့် ဒီအခြေခံမူတွေရအောင် ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်” ဟု ဆက်ပြောသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များမှ NCA စာချုပ် ချုပ်ဆိုစဉ်က အခန်း ၃ တွင် ပါရှိသည့် တပ်နေရာချရေး၊ တပ်ရွှေ့ပြောင်းရေးနှင့် နယ်မြေသတ်မှတ်ရေး အစရှိသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စ ရပ်များကို ဆက်လက် ဆွေးနွေးရန် သဘောတူသည်ဟုဆိုကာ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

သို့သော် NCA လက်မှတ်ရေးထိုးပြီး ၅ နှစ် ကျော်ရှိလာပြီ ဖြစ်သော်လည်း ထိုကိစ္စရပ်များကို ယခုအချိန် အထိ ဆွေးနွေးညှိနှိုင်း အဖြေရှာ နိုင်ခြင်း မရှိသေးသည့်အတွက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားရခြင်း ဖြစ် သည်ဟု KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အဆိုပါ သဘောတူညီမှုများကို ဆက်လက် ဆွေးနွေးညှိနှိုင်းနိုင်ခြင်း မရှိသေးသည့်အတွက် KNU နှင့် တပ်မ တော်တို့အကြား လက်ရှိ အချိန်တွင် တပ်မဟာ ၅ ဖာပွန်(မူတြော်) ခရိုင်၊ တပ်မဟာ ၁ သထုံခရိုင်နှင့် တပ်မ ဟာ ၃ ညောင်လေးပင်ခရိုင်တို့တွင် စစ်ရေးတင်မာမှုများရှိနေပြီး တိုက်ပွဲများလည်း ဖြစ်ပွားနေသည်ဟု သိရ သည်။

ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာ တာဝန်ရှိသူ တစ်ဦးဖြစ်သူ စောစိပတြော်က “ဒီအတိုင်းပဲ ဆက်သွား မယ်ဆိုရင် ကျနော်တို့ ပြည်သူတွေရဲ့ လှုမှုဘ၀ လုံခြုံမှုက ဘာတစ်ခုမှ မရှိဘူး။ သူက စာချုပ်ထဲမှာလည်း ပါပြီးသားကို ကြောက်ရွံ့ခြင်းကင်းတဲ့ ကျနော်တို့ ပြည်သူ ပြည်သားဘဝကို ရပ်တည်နိုင်ဖို့အတွက် သူတို့ ဒါ က လုပ်ပေးရမယ်ဆိုတာ လှုမှုဘဝလုံခြုံမှု စာချုပ်ထဲမှာ အကုန်လုံးရှိတယ်။ ဒါပေမယ့် အကောင်အထည် ဖော်ဆောင် ခဲ့တာ တစ်ခုမှ မရှိတဲ့အခါကျတော့ ဒီလို ဖြစ်တာပေါ့။ ဖြစ်တော့ ပြည်သူပြည်သားတွေပဲ ထိခိုက် နစ်နာမှု ရှိတာပဲလေ” ဟု ပြောသည်။

ထို့ကြောင့် ပြည်သူများ ၎င်းတို့၏ နေရပ်ဒေသတွင် ကြောက်ရွံ့ခြင်း မရှိပဲ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင် ရန် အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက NCA စာချုပ်ပါ ကိစ္စရပ်များကို အမြန်ဆုံး အကောင်အထည် ဖော် ပေးရန် ကရင်လူမှုရေးရာ အဖွဲ့က တောင်းဆိုသည်။

“ဒီ ပြည်သူလူထု လုပ်ကိုင် စားသောက်တဲ့ ဥယျာဉ် ခြံမြေပေါ်မှာလည်း တပ်စခန်းတွေ ရှိတဲ့အတွက်ကြောင့် ဒေသခံပြည်သူ အကုန်လုံးက ဒီတပ်တွေ မရှိရင် ဒီပြဿနာက မရှိနိုင်ဘူးလို့ပဲ သူတို့ ဆုံးဖြတ်တယ်။ သူတို့ ရဲ့ ဆန္ဒကလည်း အဲလိုပဲ အရင်ကလည်း အဲလို မျိုးတောင်းဆိုတယ်။ ဒါပေမယ့် အခုအချိန်ထိလည်း ဘာမှ လုပ်ဆောင်ပေးခြင်း မရှိဘူး။ ပြီးတော့ ထိတွေ့ မှုတွေက ပိုပြီးတော့ ဆိုးဆိုးလာတဲ့အချိန် အခြေအနေ ပေါ်မှာ တော့ ကျနော်တို့ ပြည်သူတွေကတော့ ဒီလိုမျိုး ရှေ့ဆက်သွားရင်တော့ ကျနော်တို့ ပြည်သူတွေကတော့ ဒီလို နောက် အရင်က ကြုံတွေ့နေရတဲ့ အခက်အခဲ လိုမျိုးပဲ ပြန်ကြုံတွေ့ရတဲ့ အနေအထားမှာ ရှိမှာပေါ့။ ဒါ ကြောင့် ကျနော်တို့ အဲလိုမျိုးတော့ အကောင်အထည်ဖော် ဆောင်ရွက်ပေးစေချင်တာပေါ့” ဟု စောစိပ တြော် က ဆက်ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး KNU သည်အခြား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၉ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘာတူစာချုပ် NCA ကို လက်မှတ်ရေးထိုး ထား သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဖြစ်သော်လည်း တပ်မတော်နှင့် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်သာမက အစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင်လည်း နိုင်ငံရေးအရ သဘောတူညီ ထား သည့် အချက်များကို ဆွေးနွေးညှိနှိုင်းရာတွင် တစ်ဆို့မှုများရှိနေသည်ဟု သိရသည်။

ကရင်အမျိုးသား အစည်းအရုံး KNU သည် ချင်းအမျိုးသားတပ်ဦး CNF၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေး ကောင် စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန် လည်ထူထောင် ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်း များဖြစ်ကြသည်။

ထိုသို့ လက်မှတ်ရေးထိုးထားကြသော်လည်း တပ်မတော်နှင့် KNU အပါအဝင် အပစ်ရပ်လက်မှတ်ထိုးထား သည့် NCA-EAOs များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမှုများ ရှိနေဆဲ ဖြစ်သည်။

*** ZAWGYI ***
တိုက္ပြဲမ်ား ဆက္ျဖစ္ေနရျခင္းမွာ NCA သေဘာတူညီခ်က္မ်ား အားနည္း၍ ျဖစ္ဟု KNU တပ္မဟာ ၅ ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၁၉ ရက္။

တစ္နုိင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA မထိုးမီက သေဘာတူ ခ်မွတ္ခ်က္ အားနည္းသည့္အတြက္ တိုက္ပြဲမ်ား ျဖစ္ေနရျခင္း ျဖစ္သည္ဟု ကရင္အမ်ဳိးသား အစည္းအရံုး KNU တပ္မဟာ ၅ ေျပာခြင့္ရ ပုဂၢဳိလ္က ေျပာသည္။

NCA စာခ်ဳပ္ အခန္း ၃ ထဲတြင္ ပါရွိသည့္ တပ္ပိုင္းဆိုင္ရာ ကိစၥရပ္မ်ားအျပင္ လက္ရွိ လုပ္ေဆာင္ ေနသည့္ ႏိုင္ငံေရး ေဆြးေႏြးမႈမ်ား ျဖစ္ေပၚတိုးတက္မႈ မရွိပါက KNU ႏွင့္ တပ္မေတာ္ တို႔အၾကား တိုက္ပြဲ မ်ား ဆက္လက္ျဖစ္ ပြားေနအံုးမည္ဟု တပ္မဟာ ၅ ေျပာေရးဆိုခြင့္ ရွိ သူ ပဒိုမန္းမန္း က ေျပာသည္။

ပဒိုမန္းမန္းက “တပ္အင္အား တိုးခ်ဲ႕တာ မကပဲနဲ႔ က်ေနာ္တို႔ ဒီဖက္ စစ္ဆင္ေရး လမ္းပါ ေဖာက္လုပ္ေနတာ ေတြ ရွိတယ္အ တြက္ေၾကာင့္ တကယ္လို႔သာ တပ္ပိုင္းဆိုင္ရာ ကိစၥ NCA စာခ်ဳပ္မထိုးခင္ကတည္းကိုက က်ေနာ္တို႔ ညွိႏႈိင္းရမယ့္ ေျပာရမယ္ဆိုရင္ NCA စာခ်ဳပ္ အခန္း ၃ ေပါ့ေနာ အဲဒီအပိုင္းေတြကိုပါ ဆက္ညွိ ႏႈိင္းမႈ မလုပ္ႏိုင္ဘူး သေဘာတူညီခ်က္ေတြလည္း မရႏိုင္ဘူး ဆက္လက္မညွိႏႈိင္းႏိုင္ဘူး ဒါ ပထမအဆင့္ ေပါ့ ဒုတိယအဆင့္က ႏိုင္ငံေရးအရလည္း ေဆြးေႏြးမႈလည္း ျဖစ္ေပၚတိုးတက္မႈလည္း မရွိဘူးဆိုရင္ေတာ့ က် ေနာ္တို႔ ဒီမွာ လက္နက္ကိုင္ ပဋိပကၡနဲ႔ တိုက္ပြဲကေတာ့ ဆက္လက္ျဖစ္ေနအံုးမွာပဲလို႔ပဲ ဒီလိုပဲ ေျပာ ရမွာျဖစ္တယ္” ဟု ေျပာသည္။

ထို႔အျပင္ လက္ရွိသြားေနသည့္ ႏိုင္ငံေရး ေဆြးေႏြးပြဲ လုပ္ငန္းစဥ္ အတိုင္းဆက္လက္ သြားေနမည္ဆိုပါက ႏိုင္ငံေရးမူ ေဘာင္ကို ျပန္လည္သံုးသပ္ရန္လိုအပ္ေၾကာင္းႏွင့္ ႏိုင္ငံေရး ေဆြးေႏြးမႈ မူေဘာင္ ေရးဆြဲရာတြင္ လည္း အၿပီးသတ္လုပ္ေဆာင္ႏိုင္ျခင္း မရွိပဲ ျပည္ ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ မွတစ္ဆင့္ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ကို ရရွိေအာင္ လုပ္ေဆာင္ခဲ့ သည့္အေပၚ ပဒိုမန္းမန္းက ယခုလိုေျပာသည္။

“NCA စာခ်ဳပ္တင္မကဘူး ႏိုင္ငံေရး ေဆြးေႏြးပြဲ မူေဘာင္ေရးဆြဲတဲ့ ေနရာမွာလည္း အၿပီးသတ္မႈ မရွိဘူး။ အၿပီးသတ္မႈ မရွိပဲနဲ႔ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ရေအာင္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံကို ၄ ႀကိမ္တိုင္ က်င္းပလိုက္ၿပီ ရွိတယ္ေပါ့ေနာ္။ ဒါေပမယ့္လည္း ႏိုင္ငံေရး ေဆြးေႏြးပြဲ မူေဘာင္ကိုေတာင္မွ အား လံုးသေဘာတူညီခ်က္ မရေသးပဲနဲ႔ အဲလို ဒရြတ္တိုက္တြန္းတယ္ပဲ ေျပာရမွာေပါ့ေနာ္ ေနာက္ အဲဒီ အေျခအ ေနေအာက္မွာက က်ေနာ္တို႔ အစျပန္စတယ္ပဲ ေျပာေျပာေပါ့ေနာ္ ေသေသခ်ာခ်ာ ေၾကလည္ေအာင္ ညွိႏႈိင္း ေဆြးေႏြးမႈ အပိုင္းက တပ္ပိုင္းဆိုင္ရာကိစၥ ျပန္လုပ္ဖို႔လိုတယ္။ ေနာက္တစ္ခါ ႏိုင္ငံေရး ေဆြးေႏြးပြဲမူေဘာင္ ကိုလည္း ျပန္လည္သံုးသပ္ၿပီးေတာ့မွ ျပင္ဆင္ဖို႔လိုတယ္ေပါ့ေနာ္။” ဟု ပဒိုမန္းမန္း က ေျပာသည္။

“အဲဒါမွ ၿပီးမွပဲ က်ေနာ္တို႔ ဒီေဆြးေႏြးပြဲကို ျပန္စၿပီးေတာ့မွ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္အေနနဲ႔ ဖက္ဒရယ္ ဖြဲ႔စည္းပံု အေျခခံ ဥပေဒကို ျပင္ဆင္ႏိုင္ မယ့္ သို႔မဟုတ္ အသစ္ေရးဆြဲႏိုင္မယ့္ ဒီအေျခခံမူေတြရေအာင္ ေဆာင္ရြက္ဖို႔ လိုပါလိမ့္မယ္” ဟု ဆက္ေျပာသည္။

အစိုးရႏွင့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔မ်ားမွ NCA စာခ်ဳပ္ ခ်ဳပ္ဆိုစဥ္က အခန္း ၃ တြင္ ပါရွိသည့္ တပ္ေနရာခ်ေရး၊ တပ္ေရႊ႕ေျပာင္းေရးႏွင့္ နယ္ေျမသတ္မွတ္ေရး အစရွိသည့္ တပ္ပိုင္းဆိုင္ရာ ကိစၥ ရပ္မ်ားကို ဆက္လက္ ေဆြးေႏြးရန္ သေဘာတူသည္ဟုဆိုကာ လက္မွတ္ေရးထိုးခဲ့ၾကသည္ဟု သိရသည္။

သို႔ေသာ္ NCA လက္မွတ္ေရးထိုးၿပီး ၅ ႏွစ္ ေက်ာ္ရွိလာၿပီ ျဖစ္ေသာ္လည္း ထိုကိစၥရပ္မ်ားကို ယခုအခ်ိန္ အထိ ေဆြးေႏြးညွိႏႈိင္း အေျဖရွာ ႏိုင္ျခင္း မရွိေသးသည့္အတြက္ တိုက္ပြဲမ်ား ဆက္လက္ ျဖစ္ပြားရျခင္း ျဖစ္ သည္ဟု KNU တပ္မဟာ ၅ ေျပာေရးဆိုခြင့္ရွိသူက ဆိုသည္။

အဆိုပါ သေဘာတူညီမႈမ်ားကို ဆက္လက္ ေဆြးေႏြးညွိႏႈိင္းႏိုင္ျခင္း မရွိေသးသည့္အတြက္ KNU ႏွင့္ တပ္မ ေတာ္တို႔အၾကား လက္ရွိ အခ်ိန္တြင္ တပ္မဟာ ၅ ဖာပြန္(မူေၾတာ္) ခ႐ိုင္၊ တပ္မဟာ ၁ သထံုခ႐ိုင္ႏွင့္ တပ္မ ဟာ ၃ ေညာင္ေလးပင္ခ႐ိုင္တို႔တြင္ စစ္ေရးတင္မာမႈမ်ားရွိေနၿပီး တိုက္ပြဲမ်ားလည္း ျဖစ္ပြားေနသည္ဟု သိရ သည္။

ေညာင္ေလးပင္ခ႐ိုင္ ကရင္လူမႈေရးရာ တာ၀န္ရွိသူ တစ္ဦးျဖစ္သူ ေစာစိပေၾတာ္က “ဒီအတိုင္းပဲ ဆက္သြား မယ္ဆိုရင္ က်ေနာ္တို႔ ျပည္သူေတြရဲ႕ လႈမႈဘ၀ လံုၿခံဳမႈက ဘာတစ္ခုမွ မရွိဘူး။ သူက စာခ်ဳပ္ထဲမွာလည္း ပါၿပီးသားကို ေၾကာက္ရြံ႕ျခင္းကင္းတဲ့ က်ေနာ္တို႔ ျပည္သူ ျပည္သားဘ၀ကို ရပ္တည္ႏိုင္ဖို႔အတြက္ သူတို႔ ဒါ က လုပ္ေပးရမယ္ဆိုတာ လႈမႈဘ၀လံုၿခံဳမႈ စာခ်ဳပ္ထဲမွာ အကုန္လံုးရွိတယ္။ ဒါေပမယ့္ အေကာင္အထည္ ေဖာ္ေဆာင္ ခဲ့တာ တစ္ခုမွ မရွိတဲ့အခါက်ေတာ့ ဒီလို ျဖစ္တာေပါ့။ ျဖစ္ေတာ့ ျပည္သူျပည္သားေတြပဲ ထိခိုက္ နစ္နာမႈ ရွိတာပဲေလ” ဟု ေျပာသည္။

ထို႔ေၾကာင့္ ျပည္သူမ်ား ၎တို႔၏ ေနရပ္ေဒသတြင္ ေၾကာက္ရြံ႕ျခင္း မရွိပဲ ေဘးကင္းလံုၿခဳံစြာ ေနထိုင္ႏိုင္ ရန္ အတြက္ သက္ဆိုင္ရာ အဖြဲ႔အစည္းမ်ားက NCA စာခ်ဳပ္ပါ ကိစၥရပ္မ်ားကို အျမန္ဆံုး အေကာင္အထည္ ေဖာ္ ေပးရန္ ကရင္လူမႈေရးရာ အဖြဲ႔က ေတာင္းဆိုသည္။

“ဒီ ျပည္သူလူထု လုပ္ကိုင္ စားေသာက္တဲ့ ဥယ်ာဥ္ ၿခံေျမေပၚမွာလည္း တပ္စခန္းေတြ ရွိတဲ့အတြက္ေၾကာင့္ ေဒသခံျပည္သူ အကုန္လံုးက ဒီတပ္ေတြ မရွိရင္ ဒီျပႆနာက မရွိႏိုင္ဘူးလို႔ပဲ သူတို႔ ဆံုးျဖတ္တယ္။ သူတို႔ ရဲ႕ ဆႏၵကလည္း အဲလိုပဲ အရင္ကလည္း အဲလို မ်ိဳးေတာင္းဆိုတယ္။ ဒါေပမယ့္ အခုအခ်ိန္ထိလည္း ဘာမွ လုပ္ေဆာင္ေပးျခင္း မရွိဘူး။ ၿပီးေတာ့ ထိေတြ႕ မႈေတြက ပိုၿပီးေတာ့ ဆိုးဆိုးလာတဲ့အခ်ိန္ အေျခအေန ေပၚမွာ ေတာ့ က်ေနာ္တို႔ ျပည္သူေတြကေတာ့ ဒီလိုမ်ိဳး ေရွ႕ဆက္သြားရင္ေတာ့ က်ေနာ္တို႔ ျပည္သူေတြကေတာ့ ဒီလို ေနာက္ အရင္က ႀကံဳေတြ႕ေနရတဲ့ အခက္အခဲ လိုမ်ိဳးပဲ ျပန္ႀကံဳေတြ႕ရတဲ့ အေနအထားမွာ ရွိမွာေပါ့။ ဒါ ေၾကာင့္ က်ေနာ္တို႔ အဲလိုမ်ိဳးေတာ့ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေပးေစခ်င္တာေပါ့” ဟု ေစာစိပ ေၾတာ္ က ဆက္ေျပာသည္။

ကရင္အမ်ိဳးသား အစည္းအရံုး KNU သည္အျခား တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔အစည္း ၉ ဖြဲ႔ႏွင့္အတူ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သဘာတူစာခ်ဳပ္ NCA ကို လက္မွတ္ေရးထိုး ထား သည့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔ျဖစ္ေသာ္လည္း တပ္မေတာ္ႏွင့္ တိုက္ပြဲ ဆက္လက္ ျဖစ္ပြားေနသည္သာမက အစိုးရႏွင့္ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားတြင္လည္း ႏိုင္ငံေရးအရ သေဘာတူညီ ထား သည့္ အခ်က္မ်ားကို ေဆြးေႏြးညွိႏႈိင္းရာတြင္ တစ္ဆို႔မႈမ်ားရွိေနသည္ဟု သိရသည္။

ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU သည္ ခ်င္းအမ်ိဳးသားတပ္ဦး CNF၊ ျမန္မာ ႏိုင္ငံလုံးဆိုင္ရာ ေက်ာင္း သားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF ၊ ကရင္ၿငိမ္းခ်မ္းေရး ေကာင္ စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ ျပည္လြတ္ေျမာက္ေရးပါတီ ALP ၊ ရွမ္းျပည္ျပန္ လည္ထူေထာင္ ေရး ေကာင္စီ RCSS ၊ ကရင္အမ်ိဳးသား ဒီမို ေရစီအက်ိဳးျပဳတပ္မေတာ္ DKBA ၊ မြန္ျပည္သစ္ ပါတီ NMSP ႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ႏွင့္အတူ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာ တူ စာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္း သား လက္နက္ကိုင္ အဖြဲ႕အစည္း မ်ားျဖစ္ၾကသည္။

ထိုသို႔ လက္မွတ္ေရးထိုးထားၾကေသာ္လည္း တပ္မေတာ္ႏွင့္ KNU အပါအဝင္ အပစ္ရပ္လက္မွတ္ထိုးထား သည့္ NCA-EAOs မ်ားအၾကား တုိ္က္ပြဲမ်ား ဆက္လက္ျဖစ္ပြားမႈမ်ား ရွိေနဆဲ ျဖစ္သည္။