မော်လမြိုင်တွင် စိတ်ကြွဆေး ၆ သိန်းကျော်ဖမ်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၂၃ ရက်။

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် မူးယစ်ဆေးဝါး(စိတ်ကြွရူးသွပ်ဆေးပြား) အလုံးရေ ၆ သိန်းကျော် ဖမ်းဆီး ရမိကြောင်း မော်လမြိုင်မြို့မရဲစခန်းက ပြောသည်။

ဇန္နဝါရီ ၂၃ ရက်နေ့က မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များ မူးယစ်တပ်ဖွဲ့စု (၃၈) မှ တပ်ဖွဲ့ဝင်များနှင့် သက်သေများသည် မူးယစ်ဆေးဝါးသတင်းအရ မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက် ကမ်းနား လမ်းနှင့် မြို့မတံတားလမ်းထောင့်ရှိ ကားပွဲစားတန်းအနီးတွင် စောင့်ဆိုင်းနေကြစဉ် TOYOTA HILUX SURF အပြာရောင်ယာဉ် နှင့် TOYOTA HILUX VIGO မီးခိုးရောင်ယာဉ် နှစ်စီးဖြင့် တစ်ဖွဲ့တည်းလာသူတို့အား ရပ်တန့် စစ်ဆေးခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ ရပ်တန့်စစ်ဆေးရာတွင် အောင်ထွန်းဝင်း(ခ)အာရှင်း မောင်းနှင်လာသော TOYOTA HILUX SURF ယာဉ် ပေါ်တွင် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၆ သိန်း ကျော် အလေးချိန် ၆၀၄၅၀ ဂရမ်ခန့်ကို တွေ့ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြပါရှိသည်။

“ဖမ်းမိတဲ့ ဆေးပြားက အားလုံး ၆ သိန်းကျော်တယ်၊ သက်သေတွေနဲ့အတူ ဖမ်းဆီးရမိတဲ့သူတွေကိုတော့ အမှု ဖွင့် အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေဆဲဖြစ်တယ်” ဟု မော်လမြိုင်မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ် နှင့် ပတ်သက်၍ စိတ်ကြွရူးသွပ် ဆေးပြားများအား ရောင်းချ ဖြန့်ဖြူးရန် သယ်ဆောင်လာသူ တောင်ကြီးမြို့ ရေအေးတွင်းရပ်ကွက်နေ အောင်ဝင်းထွန်း(ခ) အာရှင်း (၄၀) နှစ်၊ လားရှိုးမြို့ နယ်မြေ (၁၂) ရပ် ကွက် (၅) နေ အောင်ဝင်း (၂၁) နှစ်၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်နေ အာမင် (၂၈) နှစ်နှင့် ရေးမြို့ သီရိမာလာ ရပ်ကွက်နေ စုစုခိုင် (၃၇) နှစ်တို့ကို မော်လမြိုင်မြို့မရဲစခန်းတွင် မယ(ပ)၃/၂၀၂၁ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)၊ ၂၀(က)၊ ၂၁ တို့ဖြင့် အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

*** ZAWGYI ***
ေမာ္လၿမိဳင္တြင္ စိတ္ႂကြေဆး ၆ သိန္းေက်ာ္ဖမ္းမိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၂၃ ရက္။

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕ေပၚတြင္ မူးယစ္ေဆးဝါး(စိတ္ႂကြ႐ူးသြပ္ေဆးျပား) အလုံးေရ ၆ သိန္းေက်ာ္ ဖမ္းဆီး ရမိေၾကာင္း ေမာ္လၿမိဳင္ၿမိဳ႕မရဲစခန္းက ေျပာသည္။

ဇႏၷဝါရီ ၂၃ ရက္ေန႔က မြန္ျပည္နယ္ရဲတပ္ဖြဲ႕မႉး႐ုံး မႈခင္းအကူဌာနစိတ္မွ ရဲတပ္ဖြဲ႕ဝင္မ်ား မူးယစ္တပ္ဖြဲ႕စု (၃၈) မွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ သက္ေသမ်ားသည္ မူးယစ္ေဆးဝါးသတင္းအရ ေမာ္လၿမိဳင္ၿမိဳ႕ စစ္ကဲကုန္းရပ္ကြက္ ကမ္းနား လမ္းႏွင့္ ၿမိဳ႕မတံတားလမ္းေထာင့္ရွိ ကားပြဲစားတန္းအနီးတြင္ ေစာင့္ဆိုင္းေနၾကစဥ္ TOYOTA HILUX SURF အျပာေရာင္ယာဥ္ ႏွင့္ TOYOTA HILUX VIGO မီးခိုးေရာင္ယာဥ္ ႏွစ္စီးျဖင့္ တစ္ဖြဲ႕တည္းလာသူတို႔အား ရပ္တန႔္ စစ္ေဆးခဲ့သည္ဟု ရဲမွတ္တမ္းအရ သိရသည္။

ထိုသို႔ ရပ္တန႔္စစ္ေဆးရာတြင္ ေအာင္ထြန္းဝင္း(ခ)အာရွင္း ေမာင္းႏွင္လာေသာ TOYOTA HILUX SURF ယာဥ္ ေပၚတြင္ WY စာတမ္းပါ ပန္းေရာင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား စုစုေပါင္း ၆ သိန္း ေက်ာ္ အေလးခ်ိန္ ၆၀၄၅၀ ဂရမ္ခန႔္ကို ေတြ႕ရွိသည္ဟု ရဲမွတ္တမ္းတြင္ ေဖာ္ျပပါရွိသည္။

“ဖမ္းမိတဲ့ ေဆးျပားက အားလုံး ၆ သိန္းေက်ာ္တယ္၊ သက္ေသေတြနဲ႔အတူ ဖမ္းဆီးရမိတဲ့သူေတြကိုေတာ့ အမႈ ဖြင့္ အေရးယူေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ေနဆဲျဖစ္တယ္” ဟု ေမာ္လၿမိဳင္ၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

အဆိုပါျဖစ္စဥ္ ႏွင့္ ပတ္သက္၍ စိတ္ႂကြ႐ူးသြပ္ ေဆးျပားမ်ားအား ေရာင္းခ် ျဖန႔္ျဖဴးရန္ သယ္ေဆာင္လာသူ ေတာင္ႀကီးၿမိဳ႕ ေရေအးတြင္းရပ္ကြက္ေန ေအာင္ဝင္းထြန္း(ခ) အာရွင္း (၄၀) ႏွစ္၊ လားရႈိးၿမိဳ႕ နယ္ေျမ (၁၂) ရပ္ ကြက္ (၅) ေန ေအာင္ဝင္း (၂၁) ႏွစ္၊ ေတာင္ႀကီးၿမိဳ႕ ဘုရားျဖဴရပ္ကြက္ေန အာမင္ (၂၈) ႏွစ္ႏွင့္ ေရးၿမိဳ႕ သီရိမာလာ ရပ္ကြက္ေန စုစုခိုင္ (၃၇) ႏွစ္တို႔ကို ေမာ္လၿမိဳင္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃/၂၀၂၁ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၉(က)၊ ၂၀(က)၊ ၂၁ တို႔ျဖင့္ အေရးယူေဆာင္႐ြက္ထား ေၾကာင္း သိရသည္။