တင်းမာနေသော မဲဝိုင်ရွာရှိ အိမ်တလုံးကို တပ်မတော်က မီးရှို့ကြောင်း KNU နှင့် ဒေသခံများပြော

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၂၆ ရက်။

KNU တပ်မဟာ ၅ နယ်မြေ ဖာပွန် (မူတြော်) ခရိုင်ရှိ မဲဝိုင်ကျေးရွာမှ နေအိမ်တစ်လုံးကို တပ်မတော်မှ မီးရှို့ ဖျက်ဆီးလိုက်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “မဲဝိုင်ကျေးရွာထဲက ရွာသားတွေရဲ့ အိမ်တစ် လုံးကို မြန်မာစစ် သားတွေက မီးရှို့တယ်ဆိုတာ သေချာပါတယ်။ အတည်ပြုလို့ရပါတယ်” ဟု ပြောသည်။

ပြီးခဲသည့် ဇန္နဝါရီလ ၂၄ ရက်နေ့က ဖာပွန်(မူတြော်) ခရိုင် ဒွဲလိုးမြို့နယ် မဲဝိုင်ကျေးရွာထဲတွင် ရှိနေသည့် တပ်မတော်သားများက အဆိုပါ အိမ်ကို မီးရှို့လိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံက ဆက် ပြောသည်။

“ဒီလ ၂၄ ရက်နေ့ပေါ့နော်။ အဲမှာ မီးရှို့လိုက်တာ ဟုတ်တယ်။ ၇ နာရီ ဝန်းကျင်လောက်မှာပေါ့။ မဲဝိုင်ကျေး ရွာ က ခမရ ၃၃၉”

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မဟုတ်မှန် ကြောင်း ငြင်းဆိုထားသည်။

ကရင်ဒေသခံများနှင့် နီးစပ်သော ကရင့်သတင်းစဉ်က KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းကို ကိုးကား၍ ဖြစ်စဉ်မှန်ကန်ကြောင်း သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် မဲဝိုင်ကျေးရွာအတွင်းတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း နှစ်ဖက် စစ်ရေးတင်းမာမှုများ ကြောင့် ဒေသခံများမှာ ကျေးရွာနဲ့ဝေးရာ နေရာများသို့ စစ်ဘေးရှောင်နေကြရသလို အခြေအနေကို ကြည့် ပြီး ကျေးရွာထဲတွင် ပြန်လာနေထိုင်သူ အချို့လည်း ရှိသည်ဟု ဆိုသည်။

ထွက်ပြေးတိမ်းရှောင်သူများ၏ နေထိုင်စားသောက်ရေးကို အလှှုရှင် အချို့က ကူညီထောက်ပံ့မှု ရှိသော် လည်း လိုအပ်မှုများစွာ ရှိနေသည်ဟု သိရသည်။

လက်ရှိ KNU တပ်မဟာ ၅ နယ်မြေထဲတွင် စစ်ရေး အခြေအနေများနှင့် ပတ်သက်၍ “မြန်မာစစ်တပ်ဖက်က တပ်အင်အားတိုးချဲ့တာတွေ၊ ကားလမ်းဖောက်လုပ်တာတွေနဲ့ ရိက္ခာ တင်ပို့မှုတွေလည်း လုပ်ဆောင်တာ တွေရှိတယ်။ အဲလိုလုပ်ဆောင်မှုတွေကြောင့် သတ်မှတ်ထားတဲ့ နေရာကို ကျော်သွားတဲ့ အခါမှာတော့ တိုက်ပွဲ အငယ်လေးတွေ ဖြစ်တာတော့ရှိတယ်။ ပြီးတော့ လက်နက်ကြီးတွေကိုလည်း တပ်မဟာ ၅ နယ်မြေ ထဲက မဲဝိုင်း ဧရိယာထဲကိုသာမက လူသောမြို့နယ် အထက်ဖက်တွေမှာလည်း သူတို့က လက်နက်ကြီး ပစ် ခတ်မှု တွေရှိတယ်။ ဒီတစ်လအတွင်းမြန်မာတပ်မတော်က ကျေးရွာတွေကို လက်နက်ကြီး ကြီးပစ်ခတ်တာ အလုံး ၃၀ ကျော်ရှိတယ်ပေါ့နော” ဟု အမည်မဖော်လိုသူ ဒေသခံက ပြောသည်။

“လက်နက်ကြီးပစ်ခတ်လို့ ဒေသခံတွေ ထိခိုက်တာတော့ မရှိဘူး အရင်က မဲဝိုင်ကျေးရွာထဲက မြန်မာတပ်မ တော်က နယ်မြေကျော်ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်တဲ့အခါမှာ ကျေးရွာသားတွေ သေတာ ရှိသလို ဒဏ်ရာရတာလည်း ရှိပါတယ်။ တစ်ယောက်သေ တစ်ယောက်ဒဏ်ရာရတယ်။ ဒီလအတွင်းမှာပဲ” ဟု ဆက်ပြောသည်။

ထို့ကြောင့် ဒေသခံများက ဒေသအတွင်း လွတ်လပ်စွာနှင့် ဘေးကင်းလုံခြုံစွာ နေထိုင်သွားလာ လုပ်ကိုင်စား သောက်နိုင် ရန်အတွက် ၎င်းတို့ ဒေသတွင် လာရောက် တပ်စွဲထားသည့် တပ်မတော် တပ်စခန်းများကို အမြန်ဆုံး ရုတ်သိမ်းပေးရန် တောင်းဆိုသည်ဟု ဆိုသည်။

ကရင်အမျိုးသား အစည်းအရုံး KNU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး စာချုပ် NCA ကို အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက် နက် ကိုင် အဖွဲ့အစည်းဖြစ်သည်။

“စစ်ရေးအရ တင်းမာတယ်လို့ပဲ ဆိုရမှာ ဖြစ်တယ်ပေါ့။ ဒီဇင်ဘာလမှာရော ဇန္နဝါရီလမှာရော ကြည့်မယ် ဆို ရင်တော့ တပ်စခန်းတွေက ရွာထဲမှာ ရှိနေတယ်။ ရွာထဲမှာ ရှိနေတဲ့အတွက်ကြောင့် လူထုကြောက်လန့် စေ တယ်။ နောက်ပြီးတော့ ပြီးခဲ့တဲ့ ကာလတွေကလည်းပဲ နှစ်တွေကလည်းပဲ မတရား သတ်ဖြတ်တာတွေ နောက်ဆုံးဆွဲကြိုး လုယူတဲ့အဆင့်ထိ ရှိတာပေါ့နော်။ အဲလိုမျိုး တရားမဲ့ မြန်မာစစ်တပ်ဖက်က ပစ်သတ် လိုက်တာတွေလည်း ရှိတယ်။ အဲဒီအပေါ်မှာ နောက်တိုက်ပွဲတွေ ရင်ဆိုင်တိုက်ပွဲတွေ ရှိလာတဲ့အပေါ်မှာ လည်းပဲ လက်နက်ကြီးတွေကို သူတို့ရမ်းသမ်းပစ်ခတ်တယ်။ သူတို့ရွာထဲကို ပစ်ချတယ်ပဲ ပြောရမှာ ဖြစ်ပါ တယ်။ အဲဒီလုပ်ရပ်တွေဟာ ဆိုလို့ရှိရင်တော့ ကျနော်တို့ လူထုတွေအတွက် အများကြီး ကြောက်ရွံ့ မှုရော ဒုက္ခတွေရော တွေ့ ကြုံရတယ်လေ” ဟု တပ်မဟာ ၅ ပြောရေးဆိုခွင့် ရှိ သူ ပဒိုမန်းမန်း က သတင်းနှင့် မီဒီယာကွန်ရက်သို့ ပြောဆိုထားသည်။

လက်မှတ်ရေးထိုးထားသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ NCA စာချုပ် အခန်း ၃ ထဲတွင် ပါရှိသည့် တပ် ပိုင်းဆိုင်ရာ ကိစ္စရပ်များအပြင် လက်ရှိ လုပ်ဆောင် နေသည့် နိုင်ငံရေး ဆွေးနွေးမှုများတွင် ဖြစ်ပေါ်တိုး တက် မှု မရှိပါက KNU နှင့် တပ်မတော် တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေအုံးမည်ဟု ပဒိုမန်းမန်း က သတင်းနှင့် မီဒီယာကွန်ရက်သို့ ပြောဆိုထားသည်။

လက်ရှိတွင် တပ်မတော်မှ လမ်းဖောက်လုပ်မှုများကြောင့် KNU တပ်မဟာ ၅၊ တပ်မဟာ ၃ ၊ တပ်မဟာ ၁ တို့နှင့် တပ်မတော်တို့အကြား စစ်ရေးအရ တင်းမာ မှုများရှိနေသကဲ့သို့ တိုက်ပွဲများ လည်း ကြိုကြားကြိုကြား ဆက်လက်ဖြစ် ပွားနေသည်ဟု သိရသည်။

*** ZAWGYI ***
တင္းမာေနေသာ မဲဝိုင္ရြာရွိ အိမ္တလံုးကို တပ္မေတာ္က မီးရႈိ႔ေၾကာင္း KNU နွင့္ ေဒသခံမ်ားေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၂၆ ရက္။

KNU တပ္မဟာ ၅ နယ္ေျမ ဖာပြန္ (မူေၾတာ္) ခ႐ိုင္ရွိ မဲဝိုင္ေက်းရြာမွ ေနအိမ္တစ္လံုးကို တပ္မေတာ္မွ မီးရႈိ႕ ဖ်က္ဆီးလိုက္သည္ဟု ေဒသခံတစ္ဦးက ေျပာသည္။

အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက “မဲဝိုင္ေက်းရြာထဲက ရြာသားေတြရဲ႕ အိမ္တစ္ လံုးကို ျမန္မာစစ္ သားေတြက မီးရႈိ႕တယ္ဆိုတာ ေသခ်ာပါတယ္။ အတည္ျပဳလို႔ရပါတယ္” ဟု ေျပာသည္။

ၿပီးခဲသည့္ ဇႏၷဝါရီလ ၂၄ ရက္ေန႔က ဖာပြန္(မူေၾတာ္) ခ႐ိုင္ ဒြဲလိုးၿမိဳ႕နယ္ မဲဝိုင္ေက်းရြာထဲတြင္ ရွိေနသည့္ တပ္မေတာ္သားမ်ားက အဆိုပါ အိမ္ကို မီးရႈိ႕လိုက္ျခင္းျဖစ္သည္ဟု အမည္မေဖာ္လိုသူ ေဒသခံက ဆက္ ေျပာသည္။

“ဒီလ ၂၄ ရက္ေန႔ေပါ့ေနာ္။ အဲမွာ မီးရႈိ႕လိုက္တာ ဟုတ္တယ္။ ၇ နာရီ ၀န္းက်င္ေလာက္မွာေပါ့။ မဲဝိုင္ေက်း ရြာ က ခမရ ၃၃၉”

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တပ္မေတာ္က ယေန႔ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ မဟုတ္မွန္ ေၾကာင္း ျငင္းဆိုထားသည္။

ကရင္ေဒသခံမ်ားနွင့္ နီးစပ္ေသာ ကရင့္သတင္းစဥ္က KNU တပ္မဟာ ၅ ေျပာေရးဆိုခြင့္ရွိသူ ပဒိုမန္းမန္းကို ကိုးကား၍ ျဖစ္စဥ္မွန္ကန္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

လက္ရွိအခ်ိန္တြင္ မဲဝိုင္ေက်းရြာအတြင္းတြင္ တိုက္ပြဲျဖစ္ပြားမႈ မရွိေသာ္လည္း ႏွစ္ဖက္ စစ္ေရးတင္းမာမႈမ်ား ေၾကာင့္ ေဒသခံမ်ားမွာ ေက်းရြာနဲ႔ေ၀းရာ ေနရာမ်ားသို႔ စစ္ေဘးေရွာင္ေနၾကရသလို အေျခအေနကို ၾကည့္ ၿပီး ေက်းရြာထဲတြင္ ျပန္လာေနထိုင္သူ အခ်ိဳ႕လည္း ရွိသည္ဟု ဆိုသည္။

ထြက္ေျပးတိမ္းေရွာင္သူမ်ား၏ ေနထိုင္စားေသာက္ေရးကို အလွႈရွင္ အခ်ိဳ႕က ကူညီေထာက္ပံ့မႈ ရွိေသာ္ လည္း လိုအပ္မႈမ်ားစြာ ရွိေနသည္ဟု သိရသည္။

လက္ရွိ KNU တပ္မဟာ ၅ နယ္ေျမထဲတြင္ စစ္ေရး အေျခအေနမ်ားႏွင့္ ပတ္သက္၍ “ျမန္မာစစ္တပ္ဖက္က တပ္အင္အားတိုးခ်ဲ႕တာေတြ၊ ကားလမ္းေဖာက္လုပ္တာေတြနဲ႔ ရိကၡာ တင္ပို႔မႈေတြလည္း လုပ္ေဆာင္တာ ေတြရွိတယ္။ အဲလိုလုပ္ေဆာင္မႈေတြေၾကာင့္ သတ္မွတ္ထားတဲ့ ေနရာကို ေက်ာ္သြားတဲ့ အခါမွာေတာ့ တိုက္ပြဲ အငယ္ေလးေတြ ျဖစ္တာေတာ့ရွိတယ္။ ၿပီးေတာ့ လက္နက္ႀကီးေတြကိုလည္း တပ္မဟာ ၅ နယ္ေျမ ထဲက မဲဝိုင္း ဧရိယာထဲကိုသာမက လူေသာၿမိဳ႕နယ္ အထက္ဖက္ေတြမွာလည္း သူတို႔က လက္နက္ႀကီး ပစ္ ခတ္မႈ ေတြရွိတယ္။ ဒီတစ္လအတြင္းျမန္မာတပ္မေတာ္က ေက်းရြာေတြကို လက္နက္ႀကီး ႀကီးပစ္ခတ္တာ အလံုး ၃၀ ေက်ာ္ရွိတယ္ေပါ့ေနာ” ဟု အမည္မေဖာ္လိုသူ ေဒသခံက ေျပာသည္။

“လက္နက္ႀကီးပစ္ခတ္လို႔ ေဒသခံေတြ ထိခိုက္တာေတာ့ မရွိဘူး အရင္က မဲဝိုင္ေက်းရြာထဲက ျမန္မာတပ္မ ေတာ္က နယ္ေျမေက်ာ္၀င္ေရာက္လာတဲ့အတြက္ တိုက္ပြဲျဖစ္တဲ့အခါမွာ ေက်းရြာသားေတြ ေသတာ ရွိသလို ဒဏ္ရာရတာလည္း ရွိပါတယ္။ တစ္ေယာက္ေသ တစ္ေယာက္ဒဏ္ရာရတယ္။ ဒီလအတြင္းမွာပဲ” ဟု ဆက္ေျပာသည္။

ထို႔ေၾကာင့္ ေဒသခံမ်ားက ေဒသအတြင္း လြတ္လပ္စြာႏွင့္ ေဘးကင္းလံုၿခံဳစြာ ေနထိုင္သြားလာ လုပ္ကိုင္စား ေသာက္ႏိုင္ ရန္အတြက္ ၎တို႔ ေဒသတြင္ လာေရာက္ တပ္စြဲထားသည့္ တပ္မေတာ္ တပ္စခန္းမ်ားကို အျမန္ဆံုး ရုတ္သိမ္းေပးရန္ ေတာင္းဆိုသည္ဟု ဆိုသည္။

ကရင္အမ်ိဳးသား အစည္းအရံုး KNU သည္ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္မႈ ရပ္စဲေရး စာခ်ဳပ္ NCA ကို အျခား တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔ ၉ ဖြဲ႔ႏွင့္အတူ လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္ နက္ ကိုင္ အဖြဲ႔အစည္းျဖစ္သည္။

“စစ္ေရးအရ တင္းမာတယ္လို႔ပဲ ဆိုရမွာ ျဖစ္တယ္ေပါ့။ ဒီဇင္ဘာလမွာေရာ ဇႏၷဝါရီလမွာေရာ ၾကည့္မယ္ ဆို ရင္ေတာ့ တပ္စခန္းေတြက ရြာထဲမွာ ရွိေနတယ္။ ရြာထဲမွာ ရွိေနတဲ့အတြက္ေၾကာင့္ လူထုေၾကာက္လန္႔ ေစ တယ္။ ေနာက္ၿပီးေတာ့ ၿပီးခဲ့တဲ့ ကာလေတြကလည္းပဲ ႏွစ္ေတြကလည္းပဲ မတရား သတ္ျဖတ္တာေတြ ေနာက္ဆံုးဆြဲႀကိဳး လုယူတဲ့အဆင့္ထိ ရွိတာေပါ့ေနာ္။ အဲလိုမ်ိဳး တရားမဲ့ ျမန္မာစစ္တပ္ဖက္က ပစ္သတ္ လိုက္တာေတြလည္း ရွိတယ္။ အဲဒီအေပၚမွာ ေနာက္တိုက္ပြဲေတြ ရင္ဆိုင္တိုက္ပြဲေတြ ရွိလာတဲ့အေပၚမွာ လည္းပဲ လက္နက္ႀကီးေတြကို သူတို႔ရမ္းသမ္းပစ္ခတ္တယ္။ သူတို႔ရြာထဲကို ပစ္ခ်တယ္ပဲ ေျပာရမွာ ျဖစ္ပါ တယ္။ အဲဒီလုပ္ရပ္ေတြဟာ ဆိုလို႔ရွိရင္ေတာ့ က်ေနာ္တို႔ လူထုေတြအတြက္ အမ်ားႀကီး ေၾကာက္ရြံ႕ မႈေရာ ဒုကၡေတြေရာ ေတြ႕ ႀကံဳရတယ္ေလ” ဟု တပ္မဟာ ၅ ေျပာေရးဆိုခြင့္ ရွိ သူ ပဒိုမန္းမန္း က သတင္းႏွင့္ မီဒီယာကြန္ရက္သို႔ ေျပာဆိုထားသည္။

လက္မွတ္ေရးထိုးထားသည့္ သက္ဆိုင္ရာ အဖြဲ႔အစည္းမ်ားမွ NCA စာခ်ဳပ္ အခန္း ၃ ထဲတြင္ ပါရွိသည့္ တပ္ ပိုင္းဆိုင္ရာ ကိစၥရပ္မ်ားအျပင္ လက္ရွိ လုပ္ေဆာင္ ေနသည့္ ႏိုင္ငံေရး ေဆြးေႏြးမႈမ်ားတြင္ ျဖစ္ေပၚတိုး တက္ မႈ မရွိပါက KNU ႏွင့္ တပ္မေတာ္ တို႔အၾကား တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနအံုးမည္ဟု ပဒိုမန္းမန္း က သတင္းႏွင့္ မီဒီယာကြန္ရက္သို႔ ေျပာဆိုထားသည္။

လက္ရွိတြင္ တပ္မေတာ္မွ လမ္းေဖာက္လုပ္မႈမ်ားေၾကာင့္ KNU တပ္မဟာ ၅၊ တပ္မဟာ ၃ ၊ တပ္မဟာ ၁ တို႔ႏွင့္ တပ္မေတာ္တို႔အၾကား စစ္ေရးအရ တင္းမာ မႈမ်ားရွိေနသကဲ့သို႔ တိုက္ပြဲမ်ား လည္း ႀကိဳၾကားႀကိဳၾကား ဆက္လက္ျဖစ္ ပြားေနသည္ဟု သိရသည္။