သာမန် ပြည်သူများအား ဖေဖော်ဝါရီတွင် ကာကွယ်ဆေးခွင့်ရတော့မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၂၇ ရက်။

ပြည်နယ်များနှင့် တိုင်းဒေသကြီးအသီးသီးရှိ ပြည်သူများကို ဖေဖော်ဝါရီလမှ စတင်ကာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုး ကာကွယ်ဆေးထိုးပေးမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

COVID-19 ကာကွယ်ဆေးထိုးနှံခြင်း ဆေးထိုးအုပ်စုများ၌ ဦးစားပေးအစီအစဉ်အလိုက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လမှ စတင်၍ ထိုးနှံပေးမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးကို ရက်သတ္တပတ် ၄ ပတ်ခြား၍ ၂ ကြိမ်ထိုးနှံရမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ဇန္နဝါရီလ ၂၇ ရက်နေ့ (ယနေ့)တွင် ကိုဗစ်ကာကွယ်ဆေးထိုးရန်အတွက် စာရင်းများ လိုက်လံကောက်နေသကဲ့သို့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့အပြင် ပြည်နယ်နှင့် တိုင်းအသီးသီး တွင် ရပ်ကွက်အလိုက် လူဦးရေစာရင်းများအား လိုက်လံကောက်ခံနေပြီဟု သိရသည်။

“ကာကွယ်ဆေးထိုးဖို့ဆိုပြီးတော့ ဒီနေ့ပဲ စာရင်းလာကောက် သွား တယ် စာရင်းပေးလိုက်ပြီ၊ စာရင်းကောက် တာက ပုံစံဖြည့်ခိုင်းတာပေါ့ အမည် အသက် အလုပ်အကိုင် မိဘ ဘာညာ စသဖြင့်ပေါ့။ အဲဒါတွေ ဖြည့်ခိုင်း တယ်၊ ဘယ်နေ့ ထိုးရမလဲ ဘယ်လိုပုံစံနဲ့ထိုးရမလဲ အဲဒါတွေနဲ့ ပတ်သက်ပြီး ဘာမှတော့မပြောဘူး စာရင်း လာ ကောက်တာလောက်ပါပဲ” မော်လမြိုင် သီရိမြိုင်ရပ်ကွက်နေ ဦးသောင်း က ပြောသည်။

ထို့အပြင် ကချင်ပြည်နယ်အတွင်းက ရပ်ကွက်များတွင်လည်း COVID-19 ကာကွယ်ဆေးထိုးပေးနိုင်ရေး စာရင်း များ လိုက်လံကောက်ယူနေပြီဖြစ်သည်ဟု မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်က ကိုအောင်မိုင် က ပြောသည်။

“ကျနော်တို့ဆီမှာတော့ မနေ့က နာမည်စာရင်းလာကောက်တယ်။ ဖောင်တစ်ခုဖြည့်ရတယ်။ နာမည်၊ မှတ်ပုံတင် အမှတ်၊ အလုပ်အကိုင်တွေ ဖြည့်ပေးရတယ်။ ဖုန်းနံပါတ်ရယ်၊ နေရပ်ရယ်ပေါ့။ ရပ်ကွက်က အုပ်စုမှူးတွေက လာကောက်တယ်။ ကိုဗစ်ကာကွယ် ဆေးထိုးပေးဖို့လို့ ပြောတယ်။ ဘယ်နေ့ထိုးပေးမယ်ဆိုတာတော့ မပြော ပါ ဘူး။ အထက်က စာရင်းကောက်ခိုင်း လာလို့ကောက်တာလို့ပဲပြောတယ်။”

ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ မြို့နယ်များအတွင်း ရပ်/ကျေးအဆင့်အလိုက် COVID-19 ကာကွယ် ဆေးထိုးနိုင်ရေးစာရင်းများကောက်ယူနေသကဲ့သို့ ယနေ့တွင် ကျန်းမာရေးဝန်ထမ်းများကိုလည်း ကာကွယ်ဆေး များ စတင်ထိုးပေးနေပြီဖြစ်သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း က “၂၄ ရက်နေ့က စာတွေဝင်လာတယ်။ တစ် ရက်၊ တစ်လ၊ ၂၀၀၃ ရှေ့ပိုင်းမွေးတဲ့လူအားလုံး ဒါကိုဇယားလေးပေးပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ရေး အတွက်ကို ကြိုတင်စာရင်းပြုစုခိုင်းတာပေါ့။ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးကနေတဆင့် ကွင်းဆင်း ကောက် နေပြီဖြစ်ပါတယ်။ ကိုဗစ်ဆေးဘယ်လောက်ရမယ်ဆိုတာတော့ သက်ဆိုင်ရာ ဗဟိုကနေပြီးတော့ ပြည် နယ်အစိုးရအဖွဲ့တွေကို ခွဲတန်းတော့ မသိရသေးပါဘူး။ အိမ်ထောင်စုစာရင်းထဲမှာ ပါရင်ရပြီလေ။ စာရင်းက ၂၆ ရက်နေ့ကို အပြီးကောက်ခိုင်းတယ်။ ၂၆ ရက်နေ့ကို ဘယ်လိုမှ မပြီးနိုင်ဘူး။ အသေးစိတ်ဆန်တာကို တစ်ဦးချင်း ဆီ သွားတာဖြစ်တဲ့အတွက် ကျနော်တို့ကတော့ ၂၈ ရက်နေ့လောက်မှ ပြီးနိုင်မယ်လို့ ယူဆထားတယ်” ဟု ပြောသည်။

ဇန္နဝါရီလ ၂၇ ရက်နေ့ (ယနေ့)တွင် ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးပေးနေသည့် COVID-19 ကာကွယ် ဆေးမှာ ဇန္နဝါရီလ ၂၂ ရက်နေ့က မြန်မာနိုင်ကို အိန္ဒိယနိုင်ငံက လှူဒါန်းတဲ့ ကာကွယ်ဆေး တစ်သန်းခွဲထဲက ဖြစ် သည်။

ကာကွယ်ဆေးထိုးပြီးနောက် ပုံမှန်မဟုတ်သော လက္ခဏာများ ခံစားရပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွား ရောက်ပြသရန်၊ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရန်ချိန်းဆိုသည့် နေ့ရက်၊ အချိန်၊ နေရာများသို့ မပျက်မကွက် သွားရောက်ထိုးနှံရမည်။

ကာကွယ်ဆေးထိုးပြီးနောက်တွင်လည်း ပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်ရန်၊ လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ရန်လည်း တိုက်တွန်းထုတ်ပြန်ထားသည်။

ဇန္နဝါရီလ ၂၆ ရက်နေ့ ည ၈ နာရီအထိ ကောက်ခံရရှိသည့်စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် COVID-19 ဓါတ်ခန်းခွဲအတည်ပြုလူနာ ၁၃၈,၃၆၈ ဦး၊ သေဆုံးသူ ၃၀၈၂ ဦးရှိပြီဟု ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

*** ZAWGYI ***
သာမန္ ျပည္သူမ်ားအား ေဖေဖာ္ဝါရီတြင္ ကာကြယ္ေဆးခြင့္ရေတာ့မည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၂၇ ရက္။

ျပည္နယ္မ်ားႏွင့္ တိုင္းေဒသႀကီးအသီးသီးရွိ ျပည္သူမ်ားကို ေဖေဖာ္ဝါရီလမွ စတင္ကာ ကို႐ိုနာဗိုင္းရပ္စ္ COVID-19 ေရာဂါပိုး ကာကြယ္ေဆးထိုးေပးမည္ဟု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ယေန႔ ထုတ္ျပန္သည္။

COVID-19 ကာကြယ္ေဆးထိုးႏွံျခင္း ေဆးထိုးအုပ္စုမ်ား၌ ဦးစားေပးအစီအစဥ္အလိုက္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ လမွ စတင္၍ ထိုးႏွံေပးမည္ျဖစ္ေၾကာင္း၊ ကာကြယ္ေဆးကို ရက္သတၱပတ္ ၄ ပတ္ျခား၍ ၂ ႀကိမ္ထိုးႏွံရမည္ဟု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္တြင္ ဇႏၷဝါရီလ ၂၇ ရက္ေန႔ (ယေန႔)တြင္ ကိုဗစ္ကာကြယ္ေဆးထိုးရန္အတြက္ စာရင္းမ်ား လိုက္လံေကာက္ေနသကဲ့သို႔ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္တို႔အျပင္ ျပည္နယ္ႏွင့္ တိုင္းအသီးသီး တြင္ ရပ္ကြက္အလိုက္ လူဦးေရစာရင္းမ်ားအား လိုက္လံေကာက္ခံေနၿပီဟု သိရသည္။

“ကာကြယ္ေဆးထိုးဖို႔ဆိုၿပီးေတာ့ ဒီေန႔ပဲ စာရင္းလာေကာက္ သြား တယ္ စာရင္းေပးလိုက္ၿပီ၊ စာရင္းေကာက္ တာက ပုံစံျဖည့္ခိုင္းတာေပါ့ အမည္ အသက္ အလုပ္အကိုင္ မိဘ ဘာညာ စသျဖင့္ေပါ့။ အဲဒါေတြ ျဖည့္ခိုင္း တယ္၊ ဘယ္ေန႔ ထိုးရမလဲ ဘယ္လိုပုံစံနဲ႔ထိုးရမလဲ အဲဒါေတြနဲ႔ ပတ္သက္ၿပီး ဘာမွေတာ့မေျပာဘူး စာရင္း လာ ေကာက္တာေလာက္ပါပဲ” ေမာ္လၿမိဳင္ သီရိၿမိဳင္ရပ္ကြက္ေန ဦးေသာင္း က ေျပာသည္။

ထို႔အျပင္ ကခ်င္ျပည္နယ္အတြင္းက ရပ္ကြက္မ်ားတြင္လည္း COVID-19 ကာကြယ္ေဆးထိုးေပးႏိုင္ေရး စာရင္း မ်ား လိုက္လံေကာက္ယူေနၿပီျဖစ္သည္ဟု ျမစ္ႀကီးနားၿမိဳ႕၊ စီတာပူရပ္ကြက္က ကိုေအာင္မိုင္ က ေျပာသည္။

“က်ေနာ္တို႔ဆီမွာေတာ့ မေန႔က နာမည္စာရင္းလာေကာက္တယ္။ ေဖာင္တစ္ခုျဖည့္ရတယ္။ နာမည္၊ မွတ္ပုံတင္ အမွတ္၊ အလုပ္အကိုင္ေတြ ျဖည့္ေပးရတယ္။ ဖုန္းနံပါတ္ရယ္၊ ေနရပ္ရယ္ေပါ့။ ရပ္ကြက္က အုပ္စုမႉးေတြက လာေကာက္တယ္။ ကိုဗစ္ကာကြယ္ ေဆးထိုးေပးဖို႔လို႔ ေျပာတယ္။ ဘယ္ေန႔ထိုးေပးမယ္ဆိုတာေတာ့ မေျပာ ပါ ဘူး။ အထက္က စာရင္းေကာက္ခိုင္း လာလို႔ေကာက္တာလို႔ပဲေျပာတယ္။”

ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားအတြင္းရွိ ၿမိဳ႕နယ္မ်ားအတြင္း ရပ္/ေက်းအဆင့္အလိုက္ COVID-19 ကာကြယ္ ေဆးထိုးႏိုင္ေရးစာရင္းမ်ားေကာက္ယူေနသကဲ့သို႔ ယေန႔တြင္ က်န္းမာေရးဝန္ထမ္းမ်ားကိုလည္း ကာကြယ္ေဆး မ်ား စတင္ထိုးေပးေနၿပီျဖစ္သည္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးသန္းဝင္း က “၂၄ ရက္ေန႔က စာေတြဝင္လာတယ္။ တစ္ ရက္၊ တစ္လ၊ ၂၀၀၃ ေရွ႕ပိုင္းေမြးတဲ့လူအားလုံး ဒါကိုဇယားေလးေပးပါတယ္။ ကိုဗစ္ကာကြယ္ေဆးထိုးႏိုင္ေရး အတြက္ကို ႀကိဳတင္စာရင္းျပဳစုခိုင္းတာေပါ့။ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးကေနတဆင့္ ကြင္းဆင္း ေကာက္ ေနၿပီျဖစ္ပါတယ္။ ကိုဗစ္ေဆးဘယ္ေလာက္ရမယ္ဆိုတာေတာ့ သက္ဆိုင္ရာ ဗဟိုကေနၿပီးေတာ့ ျပည္ နယ္အစိုးရအဖြဲ႕ေတြကို ခြဲတန္းေတာ့ မသိရေသးပါဘူး။ အိမ္ေထာင္စုစာရင္းထဲမွာ ပါရင္ရၿပီေလ။ စာရင္းက ၂၆ ရက္ေန႔ကို အၿပီးေကာက္ခိုင္းတယ္။ ၂၆ ရက္ေန႔ကို ဘယ္လိုမွ မၿပီးႏိုင္ဘူး။ အေသးစိတ္ဆန္တာကို တစ္ဦးခ်င္း ဆီ သြားတာျဖစ္တဲ့အတြက္ က်ေနာ္တို႔ကေတာ့ ၂၈ ရက္ေန႔ေလာက္မွ ၿပီးႏိုင္မယ္လို႔ ယူဆထားတယ္” ဟု ေျပာသည္။

ဇႏၷဝါရီလ ၂၇ ရက္ေန႔ (ယေန႔)တြင္ က်န္းမာေရးဝန္ထမ္းမ်ားအား စတင္ထိုးေပးေနသည့္ COVID-19 ကာကြယ္ ေဆးမွာ ဇႏၷဝါရီလ ၂၂ ရက္ေန႔က ျမန္မာႏိုင္ကို အိႏၵိယႏိုင္ငံက လႉဒါန္းတဲ့ ကာကြယ္ေဆး တစ္သန္းခြဲထဲက ျဖစ္ သည္။

ကာကြယ္ေဆးထိုးၿပီးေနာက္ ပုံမွန္မဟုတ္ေသာ လကၡဏာမ်ား ခံစားရပါက က်န္းမာေရးဌာနသို႔ အျမန္ဆုံးသြား ေရာက္ျပသရန္၊ ဒုတိယအႀကိမ္ကာကြယ္ေဆးထိုးရန္ခ်ိန္းဆိုသည့္ ေန႔ရက္၊ အခ်ိန္၊ ေနရာမ်ားသို႔ မပ်က္မကြက္ သြားေရာက္ထိုးႏွံရမည္။

ကာကြယ္ေဆးထိုးၿပီးေနာက္တြင္လည္း ပါးစပ္ႏွင့္ ႏွာေခါင္းစည္းမ်ား တပ္ဆင္ရန္၊ လူတစ္ဦးႏွင့္တစ္ဦး ခပ္ခြာခြာ ေနထိုင္ရန္လည္း တိုက္တြန္းထုတ္ျပန္ထားသည္။

ဇႏၷဝါရီလ ၂၆ ရက္ေန႔ ည ၈ နာရီအထိ ေကာက္ခံရရွိသည့္စာရင္းမ်ားအရ ျမန္မာတစ္ႏိုင္ငံလုံးတြင္ COVID-19 ဓါတ္ခန္းခြဲအတည္ျပဳလူနာ ၁၃၈,၃၆၈ ဦး၊ ေသဆုံးသူ ၃၀၈၂ ဦးရွိၿပီဟု က်န္းမာေရးႏွင့္ အာကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။