မြေမြုပ်မိုင်းကြောင့် ကျောက်မဲမြို့နယ် ဒေသခံတစ်ဦး အသက်အန္တရာယ် စိုးရိမ်ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၂၇ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း မြေမြုပ်မိုင်းနင်းမိပြီး ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ဟု ဒေသခံများက ပြောသည်။

ရှမ်းမြောက်ဒေသ၊ ကျောက်မဲမြို့နယ်အတွင်းက တော့ဆန်ကျေးရွာအုပ်စုအတွင်း ဇန္နဝါရီလ ၂၆ ရက်နေ့ ညနေ ပိုင်းက မြေမြုပ်မိုင်း နင်းမိပြီး ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု တော့ဆန်ကျေးရွာက အုပ်ချုပ်ရေးမှူးက ပြောသည်။

“ဒေသခံ မိုင်းနင်းမိတာက တော့ဆန်ရွာကတော့ မဟုတ်ဘူး၊ အုပ်စုကတော့ တော့ဆန်ကျေးရွာအုပ်စုပေါ့၊ ရွာက တော့ ညောင်မောင်းကျေးရွာကပါပဲ။ သူ့အခြေအနေက တော်တော်ဆိုးတယ်။ အခုတော့ မြို့ပေါ်ရောက် သွား ပြီ။ ဖြစ်တာက မနေ့က ဒီမိုင်းနင်းမိတဲ့လူ က အလုပ်ကနေပြန်ခဲ့ပြီးတော့ မြင်းသွားရှာတယ်တဲ့။ မြင်းသွား ရှာ ရင်းနဲ့ အဲ့မှာ မိုင်းနင်းမိတာပါ။”

ထိုသူမှာ ယခုအခါ ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံ ကြီးတွင် ဆေးကုသမှု ခံယူနေပြီး ၎င်း၏ အခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု တော့ဆန်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ခြေထောက်၊ ဒူးခေါင်း၊ တင်ပါး၊ ခါးနှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ပြောသည်။

“နင်းမိတာက တောထဲမှာမဟုတ်ဘူးနော်။ ရွာအစပ်နားမှာပဲ။ သူ့ဒဏ်ရာ အခြေအနေကလည်း စိုးရိမ်ရတယ်။ သူ့ရဲ့ ခြေထောက်ရော၊ လက်နေရာရယ်၊ ခါးရယ် အားလုံးပဲ ဒီအောက်ပိုင်းပေါ့ ဒဏ်ရာရတာကနော်။ အခြေ အနေဆိုးတော့ ညတွင်းချင်းပဲ မြို့ကို ဆက်သွယ်ပြီး ကျောက်မဲဆေးရုံကို ပို့လိုက်တာပါ။ ဒီနေ့ သူ့ရဲ့ အခြေ အနေတော့ မသိသေးဘူးနော်။ မိုင်းနင်းမိတဲ့ လူက အသက် ၅၀ ကျော်လောက်ရှိပြီ။ ရှမ်းလူမျိုးပဲ၊ အမျိုးသား ပေါ့” ဟု တော့ဆန်ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

နမ့်ခုံး ရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲ က တာဝန်ရှိသူတစ်ဦးကလည်း “ဒီနေ့ပဲ ကျနော်တို့ အသင်းက လူတွေလည်း ဆေးရုံမှာသွား ကြည့်ကြတယ်၊ ကျနော်ကတော့ မလိုက်သွားတော့ အခုအခြေအနေတော့ ဒီအသေးစိတ်တော့ မသိဘူးနော်” ဟု ပြောသည်။

နမ့်ဆန်မြို့နယ်အတွင်းက လုံတောက်ကျေးရွာမှ ဒေသခံတစ်ဦး ပြီးခဲ့သည့်လက မြေမြုပ်မိုင်းနင်းမိခဲ့သည့် အတွက် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ထိခိုက်ဒဏ်ရာကြောင့် ယခုခါ လားရှိုးပြည်သူ့ ဆေးရုံ ကြီးတွေ ဆေးကုသမှု ခံယူနေရသည်ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ဖြစ်တာကတော့ ကြာပါပြီ၊ ဒီဇင်ဘာမှာဖြစ်တာ။ ဆေးကကောင်းကောင်းမကုနိုင်တော့ အနာက မသက်သာ ဘူး။ အခု ဒီလမှ လားရှိုးမှာဆေးလာကုတော့ ခြေထောက်က မရတော့ဘူးတဲ့။ အခုဖြတ်လိုက်ရတယ်။ မတတ် နိုင်ဘူး လေနော်။ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်။”

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်အတွင်း တပ်မတော်အပြင် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ စစ်ရေးလှုပ်ရှားမှုများ ရှိနေသည့် နေရာဖြစ်သည်။

၂၀၂၀ ဒီဇင်ဘာလ ၂၅ ရက်နေ့ကစတင်ပြီး ဖြစ်ပွားခဲ့သည့် PSLF/TNLA နှင့် RCSS/SSA တို့၏ တိုက်ပွဲများ စစ် ရေးတင်းမာမှုများကြောင့် ဒေသခံ တစ်ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန္နဝါရီလ တတိယ အပတ်မှပဲ နေရပ်ကို ပြန်ခဲ့ကြရခြင်းသည်။

၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း မြေမြုပ်မိုင်းဒဏ်ကြောင့် ဒေသခံပြည် သူ များ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု အများဆုံးမှာ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ ဖြစ်သည် ဟုလည်း အရပ်ဘက်ဖွဲ့အစည်း အချို့က ထုတ်ပြန်ထားသည်။

လက်နက်ကိုင်အဖွဲ့အများဆုံးဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် တိုက်ပွဲများ၊ လက်နက်ကိုင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားနေပြီး ဒေသခံပြည်သူများအတွက် လုံခြုံမှု မရှိခြင်းကြောင့် လက်သည်မပေါ် သည့် လူသေဆုံးမှုများ၊ မိုင်းပေါက်ပွဲမှုများ၊ မြေမြုပ်မိုင်းနင်းမိ၍ ထိခိုက်သေဆုံးမှုများ၊ အမည်မသိလက်နက်ကိုင် များ၏ လာရောက်ပစ်ခတ်မှု၊ ဖမ်းဆီးခေါ်ဆောင်သွားမှုများနှင့် အခွန်အကောက်များ အဓမ္မကောက်ခံ နေခြင်းများ ကြောင့် ဒေသခံပြည်သူများ ထိခိုက်နစ်နာမှုများ၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှု ဖြစ်စဉ်များ ပိုမိုများပြားလာ နေပြီး ကာကွယ်ဖြေရှင်းပေးမည့် ယန္တယားများ အားနည်းနေသည်ဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
ေျမျမဳပ္မိုင္းေၾကာင့္ ေက်ာက္မဲၿမိဳ႕နယ္ ေဒသခံတစ္ဦး အသက္အႏၲရာယ္ စိုးရိမ္ရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၂၇ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ ယခုရက္ပိုင္းအတြင္း ေျမျမဳပ္မိုင္းနင္းမိၿပီး ႐ြာသားတစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ ဟု ေဒသခံမ်ားက ေျပာသည္။

ရွမ္းေျမာက္ေဒသ၊ ေက်ာက္မဲၿမိဳ႕နယ္အတြင္းက ေတာ့ဆန္ေက်း႐ြာအုပ္စုအတြင္း ဇႏၷဝါရီလ ၂၆ ရက္ေန႔ ညေန ပိုင္းက ေျမျမဳပ္မိုင္း နင္းမိၿပီး ေဒသခံအမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ျခင္းျဖစ္သည္ဟု ေတာ့ဆန္ေက်း႐ြာက အုပ္ခ်ဳပ္ေရးမႉးက ေျပာသည္။

“ေဒသခံ မိုင္းနင္းမိတာက ေတာ့ဆန္႐ြာကေတာ့ မဟုတ္ဘူး၊ အုပ္စုကေတာ့ ေတာ့ဆန္ေက်း႐ြာအုပ္စုေပါ့၊ ႐ြာက ေတာ့ ေညာင္ေမာင္းေက်း႐ြာကပါပဲ။ သူ႔အေျခအေနက ေတာ္ေတာ္ဆိုးတယ္။ အခုေတာ့ ၿမိဳ႕ေပၚေရာက္ သြား ၿပီ။ ျဖစ္တာက မေန႔က ဒီမိုင္းနင္းမိတဲ့လူ က အလုပ္ကေနျပန္ခဲ့ၿပီးေတာ့ ျမင္းသြားရွာတယ္တဲ့။ ျမင္းသြား ရွာ ရင္းနဲ႔ အဲ့မွာ မိုင္းနင္းမိတာပါ။”

ထိုသူမွာ ယခုအခါ ေက်ာက္မဲၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံ ႀကီးတြင္ ေဆးကုသမႈ ခံယူေနၿပီး ၎၏ အေျခအေနမွာ အသက္အႏၲရာယ္ စိုးရိမ္ရသည္ဟု ေတာ့ဆန္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးက ေျပာသည္။

ေျခေထာက္၊ ဒူးေခါင္း၊ တင္ပါး၊ ခါးႏွင့္ လက္တို႔တြင္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့သည္ဟု ေျပာသည္။

“နင္းမိတာက ေတာထဲမွာမဟုတ္ဘူးေနာ္။ ႐ြာအစပ္နားမွာပဲ။ သူ႔ဒဏ္ရာ အေျခအေနကလည္း စိုးရိမ္ရတယ္။ သူ႔ရဲ႕ ေျခေထာက္ေရာ၊ လက္ေနရာရယ္၊ ခါးရယ္ အားလုံးပဲ ဒီေအာက္ပိုင္းေပါ့ ဒဏ္ရာရတာကေနာ္။ အေျခ အေနဆိုးေတာ့ ညတြင္းခ်င္းပဲ ၿမိဳ႕ကို ဆက္သြယ္ၿပီး ေက်ာက္မဲေဆး႐ုံကို ပို႔လိုက္တာပါ။ ဒီေန႔ သူ႔ရဲ႕ အေျခ အေနေတာ့ မသိေသးဘူးေနာ္။ မိုင္းနင္းမိတဲ့ လူက အသက္ ၅၀ ေက်ာ္ေလာက္ရွိၿပီ။ ရွမ္းလူမ်ိဳးပဲ၊ အမ်ိဳးသား ေပါ့” ဟု ေတာ့ဆန္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးက ဆက္ေျပာသည္။

နမ့္ခုံး ရွမ္းမ်ား ပရဟိတအသင္း ေက်ာက္မဲအသင္းခြဲ က တာဝန္ရွိသူတစ္ဦးကလည္း “ဒီေန႔ပဲ က်ေနာ္တို႔ အသင္းက လူေတြလည္း ေဆး႐ုံမွာသြား ၾကည့္ၾကတယ္၊ က်ေနာ္ကေတာ့ မလိုက္သြားေတာ့ အခုအေျခအေနေတာ့ ဒီအေသးစိတ္ေတာ့ မသိဘူးေနာ္” ဟု ေျပာသည္။

နမ့္ဆန္ၿမိဳ႕နယ္အတြင္းက လုံေတာက္ေက်း႐ြာမွ ေဒသခံတစ္ဦး ၿပီးခဲ့သည့္လက ေျမျမဳပ္မိုင္းနင္းမိခဲ့သည့္ အတြက္ ေဒသခံတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သည္။ အဆိုပါ ထိခိုက္ဒဏ္ရာေၾကာင့္ ယခုခါ လားရႈိးျပည္သူ႔ ေဆး႐ုံ ႀကီးေတြ ေဆးကုသမႈ ခံယူေနရသည္ဟု ၎၏ မိသားစုဝင္တစ္ဦးက ေျပာသည္။

“ျဖစ္တာကေတာ့ ၾကာပါၿပီ၊ ဒီဇင္ဘာမွာျဖစ္တာ။ ေဆးကေကာင္းေကာင္းမကုႏိုင္ေတာ့ အနာက မသက္သာ ဘူး။ အခု ဒီလမွ လားရႈိးမွာေဆးလာကုေတာ့ ေျခေထာက္က မရေတာ့ဘူးတဲ့။ အခုျဖတ္လိုက္ရတယ္။ မတတ္ ႏိုင္ဘူး ေလေနာ္။ အသက္အႏၲရာယ္လည္း စိုးရိမ္ရတယ္။”

ရွမ္းျပည္နယ္ ေက်ာက္မဲၿမိဳ႕နယ္အတြင္း တပ္မေတာ္အျပင္ တအန္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ PSLF/TNLA၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/SSA တို႔ စစ္ေရးလႈပ္ရွားမႈမ်ား ရွိေနသည့္ ေနရာျဖစ္သည္။

၂၀၂၀ ဒီဇင္ဘာလ ၂၅ ရက္ေန႔ကစတင္ၿပီး ျဖစ္ပြားခဲ့သည့္ PSLF/TNLA ႏွင့္ RCSS/SSA တို႔၏ တိုက္ပြဲမ်ား စစ္ ေရးတင္းမာမႈမ်ားေၾကာင့္ ေဒသခံ တစ္ေထာင္ေက်ာ္ ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ၿပီး ၂၀၂၁ ခုႏွစ္ ဇႏၷဝါရီလ တတိယ အပတ္မွပဲ ေနရပ္ကို ျပန္ခဲ့ၾကရျခင္းသည္။

၂၀၂၀ ခုႏွစ္အတြင္း ျဖစ္ပြားခဲ့သည့္ လက္နက္ကိုင္ပဋိပကၡမ်ားအတြင္း ေျမျမဳပ္မိုင္းဒဏ္ေၾကာင့္ ေဒသခံျပည္ သူ မ်ား ထိခိုက္ဒဏ္ရာရရွိမႈ၊ ေသဆုံးမႈ အမ်ားဆုံးမွာ ရွမ္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ကခ်င္ျပည္နယ္တို႔ ျဖစ္သည္ ဟုလည္း အရပ္ဘက္ဖြဲ႕အစည္း အခ်ိဳ႕က ထုတ္ျပန္ထားသည္။

လက္နက္ကိုင္အဖြဲ႕အမ်ားဆုံးျဖစ္သည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ၿမိဳ႕နယ္မ်ားတြင္ တိုက္ပြဲမ်ား၊ လက္နက္ကိုင္ ပဋိပကၡမ်ား ဆက္တိုက္ျဖစ္ပြားေနၿပီး ေဒသခံျပည္သူမ်ားအတြက္ လုံၿခဳံမႈ မရွိျခင္းေၾကာင့္ လက္သည္မေပၚ သည့္ လူေသဆုံးမႈမ်ား၊ မိုင္းေပါက္ပြဲမႈမ်ား၊ ေျမျမဳပ္မိုင္းနင္းမိ၍ ထိခိုက္ေသဆုံးမႈမ်ား၊ အမည္မသိလက္နက္ကိုင္ မ်ား၏ လာေရာက္ပစ္ခတ္မႈ၊ ဖမ္းဆီးေခၚေဆာင္သြားမႈမ်ားႏွင့္ အခြန္အေကာက္မ်ား အဓမၼေကာက္ခံ ေနျခင္းမ်ား ေၾကာင့္ ေဒသခံျပည္သူမ်ား ထိခိုက္နစ္နာမႈမ်ား၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံေနရမႈ ျဖစ္စဥ္မ်ား ပိုမိုမ်ားျပားလာ ေနၿပီး ကာကြယ္ေျဖရွင္းေပးမည့္ ယႏၲယားမ်ား အားနည္းေနသည္ဟု ေဒသခံမ်ားက ေျပာသည္။