ကချင်ပြည်နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ထမ်းများ ကာကွယ်ဆေးစထိုး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၂၈ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကာကွယ်ဆေး စတင်ထိုးပေးနေပြီ ဖြစ်သည်။

ဇန္နဝါရီလ ၂၈ ရက်နေ့ (ယနေ့) တွင် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးတွင် စတင်ထိုးပေးနေခြင်းဖြစ်သည်။

“ကချင်ပြည်နယ်တစ်ခုလုံးအတွက် အလုံးပေါင်း ၄၃၆ လုံးပေါ့ ရရှိတယ်။ ဒါကတော့ ပြည်နယ်အသီးသီးမှာ ရှိ တဲ့ နဂိုက တွက်ချက်ထားတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအောက်မှာရှိတဲ့ ဝန်ထမ်းတွေအကုန်လုံး ထိုး ပေး နိုင်တယ်ပေါ့နော်။ ကျမတို့ စီစဉ်နေတာဖြစ်ပါတယ်။ အဲ့ဒီမှာတော့ နန့်ယွန်းအတွက်လည်း ပါတယ်ပေါ့။” ဟု ဒုတိယ ကျန်းမာရေးမှူး ဒေါက် တာနော်ရှဲတာ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန က ပြောသည်။

သူက “ကျန်းမာရေးဝန်ထမ်းကြီးပဲတော့ မဟုတ်ဘူး။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဆေအာက်မှာရှိတဲ့ ဝန် ထမ်းများ အားလုံးပေါ့နော်။ ပြည်သူ့ကျန်းမာကုသရေးပါမယ့်အပြင် အား/ကာတို့၊ FDA တို့၊ တိုင်းရင်းဆေး တို့ ပေါ့နော် အကုန်လုံး ပါပြီးတော့ သင်တန်းကျောင်းတွေက အစထိုးပေးမယ်” ဟု ဆက်ပြောသည်။

ကချင်ပြည်နယ်အတွက် ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ရောက်ရှိလာခဲ့သည့် COVID-19 ရောဂါကာကွယ် ဆေး များကို ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်၊ ပူတာအို၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ ရွှေကူ၊ မိုးမောက်၊ မံစီမြို့နယ်တို့ကို အသီးသီးဖြန့်ဝေပေးခဲ့ပြီးနောက် ယခုကဲ့သို့ မြို့နယ်အလိုက် ကာကွယ်ဆေးများကို ထိုးပေးနေခြင်းဖြစ်သည်။

“ဝေးတဲ့နေရာကိုလည်း အခုဆိုရင် ဒီမှာ ဝေးတဲ့ခရိုင်ဆိုရင် ပူတာအိုခရိုင်ဘက်ကို ဝန်ကြီးချုပ်တို့ ခရီးစဉ်နဲ့ ကျမ တို့ ထည့်သွားတယ်။ ပြီးတော့ ပူတာအိုရောက်လို့ရှိရင် ပူတာအိုကနေတဆင့် ခရိုင်ဆရာဝန်ရဲ့ ထိန်းချုပ်မှု အောက်ကနေ ဖြန့်ဝေဖို့ ထိုးနိုင်ဖို့ ဖြန့်ဝေသွားမှာဖြစ်တယ်။ ၂၄ ပတ်ခြားပြီးတော့ ဒုတိယအကြိမ်ထပ်ထိုးမယ်။ ကျန်းမာရေးဝန်ထမ်းအားလုံးအတွက် လုံလောက်ပါတယ်။ အားလုံးက ၁၁၀၀ ကျော်တယ်။ အဲ့မှာ ထိုးဖို့ မသင့် တော်တဲ့လူကို ခနရပ်ဆိုင်းထားမှာပေါ့နော်။” ဟု ဒေါက်တာနော်ရှဲတာ က ပြောသည်။

မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးတွင် နေရာခြောက်နေရာခွဲကာ ပထမအသုတ်အနေဖြင့် ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနမှ ဝန်ထမ်းများအားလုံးကို ကာကွယ်ဆေးထိုးပေးနေခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့နယ်အတွင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများ တစ်ထောင်ကျော်ကို ဇန္နဝါ ရီလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့ (နှစ်ရက်အတွင်း) အပြီးထိုး ပေးသွားမည်ဟု သိရသည်။

ယနေ့ ကာကွယ်ဆေးထိုးခဲ့သည့် ကျန်းမာရေးဝန်ထမ်း တစ်ဦးဖြစ်သည့် ဒေါ်ရှဇော်လွမ်ညွယ် က “မျော်နေတာ လည်း ကြာပြီ၊ ထိုးရပြီဆိုတော့ ဝမ်းသာတယ်။ ပထမတော့ ကျမစိတ်နည်းနည်းလှုပ်ရှားတယ်။ မနေ့က တခြား လူတွေ ထိုးပြီးတာရှိတော့ ဝမ်းသာအားရအောင်မြင်တယ်ဆိုပြီး ပြောနေကြတော့ ကျမစိတ်လှုပ်ရှားတဲ့ စိတ် တောင် ကြောက်တဲ့စိတ်တောင် မရှိတော့ဘူး။ ပထမအကြိမ်ထိုးတာနဲ့ မရသေးဘူး။ ဒုတိယအကြိမ်လည်း ထိုး ရမယ်။ အပြည့်အစုံထိုးရမယ်ဆိုတော့ ပိုပြီးမှ စိတ်ချသွားတာပေါ့ ကိုယ့်ဟာကိုယ်။ နောက်ပြီး တစ် ယောက်နဲ့ တစ်ယောက် ကူးစက်မှုတွေလည်း အရမ်းနည်းသွားမှာပေါ့။ အဲ့လိုမျိုး ကျမခံစားရတယ်ပေါ့နော်” ဟု ပြောသည်။

ထို့အပြင် ဇန္နဝါရီလ ၂၇ ရက်နေ့ (ယမန်နေ့) ကလည်း ဝိုင်းမော်မြို့နယ်နှင့် ချီဖွေမြို့နယ်တို့အတွင်း ကိုရိုနာဗိုင်း ရပ်စ် (COVID-19) ကာကွယ်ဆေးထိုးနှံခြင်းကို စတင်ထိုးပေးနေပြီဖြစ်သည်။

ကချင်ပြည်နယ်အတွက် ပထမဦးဆုံးအသုတ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကာကွယ်ဆေးများကို ရန်ကုန်မြို့မှ လေယာဉ်ဖြင့် ဇန္နဝါရီလ (၂၆) ရက်နေ့က ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာအနေဖြင့် ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာမှ ဝန်ထမ်း ၃၈၀၀ ခန့် ရှိရာ ယခုလအတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကာကွယ်ဆေးများကို အပြီးထိုးပေးသွားမည် ဖြစ် သည်ဟု တာဝန်ရှိသူများက ပြောသည်။

*** ZAWGYI ***
ကခ်င္ျပည္နယ္တြင္ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန ဝန္ထမ္းမ်ား ကာကြယ္ေဆးစထိုး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၂၈ ရက္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ဝန္ထမ္းမ်ားအား ကို႐ိုနာဗိုင္းရပ္စ္ (COVID-19) ေရာဂါကာကြယ္ေဆး စတင္ထိုးေပးေနၿပီ ျဖစ္သည္။

ဇႏၷဝါရီလ ၂၈ ရက္ေန႔ (ယေန႔) တြင္ ျမစ္ႀကီးနားၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးတြင္ စတင္ထိုးေပးေနျခင္းျဖစ္သည္။

“ကခ်င္ျပည္နယ္တစ္ခုလုံးအတြက္ အလုံးေပါင္း ၄၃၆ လုံးေပါ့ ရရွိတယ္။ ဒါကေတာ့ ျပည္နယ္အသီးသီးမွာ ရွိ တဲ့ နဂိုက တြက္ခ်က္ထားတဲ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနေအာက္မွာရွိတဲ့ ဝန္ထမ္းေတြအကုန္လုံး ထိုး ေပး ႏိုင္တယ္ေပါ့ေနာ္။ က်မတို႔ စီစဥ္ေနတာျဖစ္ပါတယ္။ အဲ့ဒီမွာေတာ့ နန္႔ယြန္းအတြက္လည္း ပါတယ္ေပါ့။” ဟု ဒုတိယ က်န္းမာေရးမႉး ေဒါက္ တာေနာ္ရွဲတာ ကခ်င္ျပည္နယ္ ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာန က ေျပာသည္။

သူက “က်န္းမာေရးဝန္ထမ္းႀကီးပဲေတာ့ မဟုတ္ဘူး။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနေဆအာက္မွာရွိတဲ့ ဝန္ ထမ္းမ်ား အားလုံးေပါ့ေနာ္။ ျပည္သူ႔က်န္းမာကုသေရးပါမယ့္အျပင္ အား/ကာတို႔၊ FDA တို႔၊ တိုင္းရင္းေဆး တို႔ ေပါ့ေနာ္ အကုန္လုံး ပါၿပီးေတာ့ သင္တန္းေက်ာင္းေတြက အစထိုးေပးမယ္” ဟု ဆက္ေျပာသည္။

ကခ်င္ျပည္နယ္အတြက္ ဇန္နဝါရီလ (၂၆) ရက္ေန႔တြင္ ေရာက္ရွိလာခဲ့သည့္ COVID-19 ေရာဂါကာကြယ္ ေဆး မ်ားကို ဝိုင္းေမာ္၊ ခ်ီေဖြ၊ ေဆာ့ေလာ္၊ ပူတာအို၊ ေနာင္မြန္း၊ ေခါင္လန္ဖူး၊ မခ်မ္းေဘာ၊ ဆြမ္ပရာဘြမ္၊ တႏိုင္း၊မိုးညႇင္း၊ မိုးေကာင္း၊ ဖားကန႔္၊ ဗန္းေမာ္၊ ေ႐ႊကူ၊ မိုးေမာက္၊ မံစီၿမိဳ႕နယ္တို႔ကို အသီးသီးျဖန႔္ေဝေပးခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ၿမိဳ႕နယ္အလိုက္ ကာကြယ္ေဆးမ်ားကို ထိုးေပးေနျခင္းျဖစ္သည္။

“ေဝးတဲ့ေနရာကိုလည္း အခုဆိုရင္ ဒီမွာ ေဝးတဲ့ခ႐ိုင္ဆိုရင္ ပူတာအိုခ႐ိုင္ဘက္ကို ဝန္ႀကီးခ်ဳပ္တို႔ ခရီးစဥ္နဲ႔ က်မ တို႔ ထည့္သြားတယ္။ ၿပီးေတာ့ ပူတာအိုေရာက္လို႔ရွိရင္ ပူတာအိုကေနတဆင့္ ခ႐ိုင္ဆရာဝန္ရဲ႕ ထိန္းခ်ဳပ္မႈ ေအာက္ကေန ျဖန႔္ေဝဖို႔ ထိုးႏိုင္ဖို႔ ျဖန႔္ေဝသြားမွာျဖစ္တယ္။ ၂၄ ပတ္ျခားၿပီးေတာ့ ဒုတိယအႀကိမ္ထပ္ထိုးမယ္။ က်န္းမာေရးဝန္ထမ္းအားလုံးအတြက္ လုံေလာက္ပါတယ္။ အားလုံးက ၁၁၀၀ ေက်ာ္တယ္။ အဲ့မွာ ထိုးဖို႔ မသင့္ ေတာ္တဲ့လူကို ခနရပ္ဆိုင္းထားမွာေပါ့ေနာ္။” ဟု ေဒါက္တာေနာ္ရွဲတာ က ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးတြင္ ေနရာေျခာက္ေနရာခြဲကာ ပထမအသုတ္အေနျဖင့္ က်န္းမာေရးႏွင့္ အား ကစားဝန္ႀကီးဌာနမွ ဝန္ထမ္းမ်ားအားလုံးကို ကာကြယ္ေဆးထိုးေပးေနျခင္းျဖစ္သည္။

ျမစ္ႀကီးနားၿမိဳ႕နယ္အတြင္းက က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ဝန္ထမ္းမ်ား တစ္ေထာင္ေက်ာ္ကို ဇႏၷဝါ ရီလ ၂၈ ရက္ေန႔ႏွင့္ ၂၉ ရက္ေန႔ (ႏွစ္ရက္အတြင္း) အၿပီးထိုး ေပးသြားမည္ဟု သိရသည္။

ယေန႔ ကာကြယ္ေဆးထိုးခဲ့သည့္ က်န္းမာေရးဝန္ထမ္း တစ္ဦးျဖစ္သည့္ ေဒၚရွေဇာ္လြမ္ၫြယ္ က “ေမ်ာ္ေနတာ လည္း ၾကာၿပီ၊ ထိုးရၿပီဆိုေတာ့ ဝမ္းသာတယ္။ ပထမေတာ့ က်မစိတ္နည္းနည္းလႈပ္ရွားတယ္။ မေန႔က တျခား လူေတြ ထိုးၿပီးတာရွိေတာ့ ဝမ္းသာအားရေအာင္ျမင္တယ္ဆိုၿပီး ေျပာေနၾကေတာ့ က်မစိတ္လႈပ္ရွားတဲ့ စိတ္ ေတာင္ ေၾကာက္တဲ့စိတ္ေတာင္ မရွိေတာ့ဘူး။ ပထမအႀကိမ္ထိုးတာနဲ႔ မရေသးဘူး။ ဒုတိယအႀကိမ္လည္း ထိုး ရမယ္။ အျပည့္အစုံထိုးရမယ္ဆိုေတာ့ ပိုၿပီးမွ စိတ္ခ်သြားတာေပါ့ ကိုယ့္ဟာကိုယ္။ ေနာက္ၿပီး တစ္ ေယာက္နဲ႔ တစ္ေယာက္ ကူးစက္မႈေတြလည္း အရမ္းနည္းသြားမွာေပါ့။ အဲ့လိုမ်ိဳး က်မခံစားရတယ္ေပါ့ေနာ္” ဟု ေျပာသည္။

ထို႔အျပင္ ဇႏၷဝါရီလ ၂၇ ရက္ေန႔ (ယမန္ေန႔) ကလည္း ဝိုင္းေမာ္ၿမိဳ႕နယ္ႏွင့္ ခ်ီေဖြၿမိဳ႕နယ္တို႔အတြင္း ကို႐ိုနာဗိုင္း ရပ္စ္ (COVID-19) ကာကြယ္ေဆးထိုးႏွံျခင္းကို စတင္ထိုးေပးေနၿပီျဖစ္သည္။

ကခ်င္ျပည္နယ္အတြက္ ပထမဦးဆုံးအသုတ္ ကို႐ိုနာဗိုင္းရပ္စ္ (COVID-19) ေရာဂါကာကြယ္ေဆးမ်ားကို ရန္ကုန္ၿမိဳ႕မွ ေလယာဥ္ျဖင့္ ဇႏၷဝါရီလ (၂၆) ရက္ေန႔က ေရာက္ရွိခဲ့ျခင္း ျဖစ္သည္။

ကခ်င္တစ္ျပည္နယ္လုံးအတိုင္းအတာအေနျဖင့္ က်န္းမာေရးႏွင့္ အာကစားဝန္ႀကီးဌာမွ ဝန္ထမ္း ၃၈၀၀ ခန႔္ ရွိရာ ယခုလအတြင္း ကို႐ိုနာဗိုင္းရပ္စ္ (COVID-19) ေရာဂါကာကြယ္ေဆးမ်ားကို အၿပီးထိုးေပးသြားမည္ ျဖစ္ သည္ဟု တာဝန္ရွိသူမ်ားက ေျပာသည္။