ဖက်ဒရယ်နှင့် မကိုက်ညီသေးသည့် မြေယာ ဥပဒေ ပြင်ဆင်ရေးဆွဲမှုကို ရပ်ဆိုင်းထားရန် အရပ်ဖက်အဖွဲ့များတောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၂၈ ရက်။

ဖက်ဒရယ် စနစ်တည်ဆောက်ရေးနှင့် တိုင်းရင်းသားများ၏ ရိုးရာဓလေ့ မြေယာ စီမံခန့်ခွဲမှုများကို လျစ်လျူ ရှုှုထားသည့် အစိုးရမှ လက်ရှိ ပြင်ဆင်ရေးဆွဲနေသော အမျိုးသား မြေဥပဒေကို ဆိုင်းငံ့ထားပေးရန် အရပ် ဖက် အဖွဲ့အစည်းများက တိုက်တွန်းတောင်းဆို လိုက်သည်။

ဖက်ဒရယ် တိုင်းရင်းသား လယ်သမားကွန်ရက်နှင့် တိုင်းရင်းသား လူ မျိုးများ လူထုဖွံ့ဖြိုးရေးဆုံရပ်တို့ အပါအဝင် အရပ်ဖက်အဖွဲ့အစည်း ၁၆ ဖွဲ့က လက်ရှိ ရေးဆွဲရန် ပြင်ဆင် လုပ် ဆောင်နေသည့် အမျိုးသား မြေဥပဒေကို အစိုးရသစ်မှ ဆိုင်းငံ့ထားပေးရန် ဇန္နဝါရီလ ၂၇ ရက်နေ့ (ယမန်နေ့) က ထုတ်ပြန် တောင်းဆို လိုက်ခြင်း ဖြစ်သည်။

တိုင်းရင်းသား လူမျိုးများ လူထု ဖွံ့ဖြိုးရေးဆုံရပ် အတွင်းရေးမှူး စိုင်းခေးဆိုင်က ဆိုင်းငံ့ထားရန် တောင်းဆို ရခြင်း အကြောင်းရင်းကို ရှင်းပြသည်။

“ဘာဖြစ်လဲဆိုတော့ အဲဒီလုပ်မယ့် လုပ်ငန်းစဉ်ထဲတွေမှာလေ တစ်ခုနဲ့ တစ်ခုက သူက ရှင်းရှင်းလင်းလင်း မရှိသေးတဲ့ အတွက်ကြောင့် အရင်တုန်းက ကျနော်တို့ ပို့ထားတဲ့ ဥပမာ စာတမ်းတွေ ထွက်ထားတဲ့ စာတမ်းတွေရော နောက်ပြီးတော့ ငြိမ်းချမ်းရေးကာလမှာ ၂၁ ပင်လုံမှာ ရှိနေတဲ့ မြေနဲ့သက်ဆိုင်တဲ့ စာတမ်းတွေ နောက် ရိုးရာ ဓလေ့ထုံး တမ်းက အကြံပြုချက်တွေပေါ့နော အဲဒါတွေကိုလည်းသူက လျစ်လျူရှုထားတာကြောင့်မို့လို့ ကျနော်တို့ အဲဒီလုပ်ငန်းစဉ်ကို ကျနော်တို့ ဆက်မလုပ်ဖို့ပေါ့နော အဲဒါ ရပ်ဆိုင်းပေါ့။” ဟု ပြောသည်။

“တကယ်လို့ လုပ်မယ်ဆိုလို့ရှိရင် တော့ အားလုံး ပါဝင်တဲ့ နောက်ပြီးတော့ ဖက်ဒရယ်ကို ဦးတည်တဲ့ ပေါ်လစီဖြစ်ဖို့ ပိုပြီးတော့ ဦးတည်သွား မယ်ဆိုလို့ရှိရင်တော့ ကောင်းတယ်ပေါ့နော။ ဒါကြောင့် အဲလိုမျိုး ရည်ရွယ်ပြီးတော့ ကျနော်တို့ ဆက်လုပ် မယ့် လုပ်ငန်းစဉ်က အစိုးရ အဓိက ရပ်ဆိုင်းထားဖို့ ကျနော်တို့ တောင်းဆိုခြင်း ဖြစ်တယ်ခင်ဗျာ” ဟု စိုင်းခေးဆိုင်က ဆက်ပြောသည်။

အစိုးရမှ ပြင်ဆင်ရေးဆွဲရန် လုပ်ဆောင်နေသည့် အမျိုးသား မြေဥပဒေသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေးထားချက်များနှင့် ၂၀၁၆ အမျိုးသား မြေအသုံးချမှု မူဝါဒကို အခြေခံထားသည့်အတွက် ဆိုင်းငံ့ထား ရန် တောင်းဆိုခြင်းဖြစ်သည် ဟု မွန်ဒေသ မြေမူဝါဒရေးရာ ကော်မတီ ညှိနှိုင်းရေးမှူး နိုင်စဝေါမွန် က ဆက် ပြောသည်။

၎င်းက “အဓိကက တောင်းဆိုချင်တာက လက်ရှိက အစိုးရ အမျိုးသားမြေ ဥပဒေဆိုတဲ့ဟာကို ရေးဆွဲဖို့ ကြိုးစားနေ ကြတာ ပြင်ဆင်နေကြတာရှိတယ်။ အဲဒါကို ဒီအမျိုးသား မြေဥပဒေ ရေးဆွဲတဲ့အခါကျတော့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေးထားချက်ထဲက ဟာကိုပဲ အဓိကထားပြီးတော့ လုပ်သွားမယ် ဆိုတဲ့ပုံစံမျိုးကို ကျနော်တို့ တွေ့ရတယ်။ နောက်ပြီးရင် ၂၀၁၆ အမျိုးသား မြေ အသုံးချမှု မူဝါဒ ဆိုတဲ့ဟာ အပိုင်းမှာပဲ ဆိုလိုရင်းက ဗဟိုချုပ်ကိုင်မှုများသော မြေဥပဒေပုံစံမျိုးကို ဆက်လက်ရေးဆွဲသွားဖို့ပဲ ကြိုးစား နေတဲ့ဟာကို ကျနော်တို့ တွေ့ရတဲ့အခါကျတော့ ဒီဟာဟာ မဖြစ်သင့်သေးဘူး။ ဖက်ဒရယ် မြေယာစနစ် ကျင့်သုံးနိုင်ဖို့ အတွက် ကျနော်တို့က တိုက်တွန်းချင်လို့ ဒီအမျိုးသား မြေဥပဒေ ဗဟိုချုပ်ကိုင်မှု မြင့်မားသော အမျိုးသား မြေဥပဒေပုံစံမျိုးတွေ မရေးဆွဲသင့်ဘူးလို့ ကျနော်တို့ ဆိုလိုချင်တာ ခင်ဗျာ” ဟု ပြောသည်။

ဇန္နဝါရီလ ၂၇ ရက်နေ့ (ယမန်နေ့) က အရပ်ဖက် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ထဲတွင် လက်ရှိ ပြင်ဆင် ရေးဆွဲနေသော မြေဥပဒေသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ယူနစ်အတွင်းဖြစ်နေသည့်အပြင် ဗဟိုချုပ် ကိုင်မှုကိုအစပြုနေသောကြောင့် မြန်မာနိုင်ငံ တိုင်းရင်းသားများအားလုံးအတွက် သဟဇာတ မဖြစ် သကဲ့ သို့ ဖက်ဒရယ်စနစ်တည်ဆောက်ရေး နှင့် ရိုးရာဓလေ့မြေယာစီမံခန့်ခွဲခြင်းကိုလည်း လစ်လျူ ရှုထားသဖြင့် တိုင်းရင်းသားလယ်သမားများကွန်ရက် နှင့် တိုင်းရင်းသားလူထုဖွံ့ဖြိုးရေးအဖွဲ့များ မဟာမိတ် နှစ်ခုမှ လက်ရှိ ရွေးကောက်ထားသော အစိုးရအသစ်အား ဤအမျိုးသား မြေယာဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ် ဆိုင်းငံံ့ထား ရန် တိုက်တွန်းပါသည်ဟု ပါရှိသည်။

စိုင်းခေးဆိုင်က “လာမယ် အစိုးရသစ်မှာတော့ ဒီ မူဝါဒပဲ ချချပေါ့နော ဥပဒေပဲ ချချ သူက ဒီ ယခင်က အ ဟောင်းကို ကျနော်တို့ ပြန်အခြေပြုလို့တော့ မရတော့ဘူးပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ယခင်အဟောင်း ဥပဒေတွေရော သူက အသုံးပြုနေတဲ့ ဥပဒေတွေကရော အကုန်လုံးက အရင်အတိုင်းပဲ သူက ဒီပြဿနာက မပြီးဘူးပေါ့နော။ ဒီမြေပြဿနာရော မြေပဋိပက္ခရော စီမံကိန်း ပဋိပက္ခ စီးပွားရေး ပဋိပက္ခတွေကလည်း များ တယ်။ဒါကြောင့် လက်နက်ကိုင်ကလည်း ဒီတိုက်ပွဲတွေက မရပ်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့က အတူ တကွ ကျနော်တို့ ဘယ်လိုနေထိုင်မလဲ ဆိုတဲ့ဟာ ကြည့်တဲ့အချိန်ကျတော့ ဖက်ဒရယ် စနစ်ကပဲ ပိုပြီးတော့ ကျနော် တို့ တည်ဆောက်ရမှာဖြစ်တယ်ပေါ့နော ဒါကြောင့် အဟောင်းကို အခြေခံမယ့်အစား ကျနော်တို့ ဖက်ဒရယ် စနစ်ကိုသွားတဲ့ လမ်းကိုလျှောက်ပြီးတော့ ဦးတည် သွားစေချင်ပါတယ်ခင်ဗျာ။ အဲဒါ တိုက်တွန်း ချင်ပါတယ် ခင်ဗျာ” ဟု ပြောသည်။

အမျိုးသား မြေဥပဒေကို ၂၀၁၅ – ၂၀၂၀ အစိုးရက အမျိုးသားမြေဥပဒေအသစ် ရေးဆွဲရေးလုပ်ငန်းအစီ အစဉ် စာတမ်းအား ရွေးကောက်ပွဲ မတိုင်ခင်တွင် ထုတ်ပြန်ကြေငြာခဲ့သည်ဟု အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။

ထို့အပြင် ရေးဆွဲမည့် မြေဥပဒေသစ်သည် အမျိုးသားမြေ အသုံးချရေးမူဝါဒကို အခြေခံပြီးရေးဆွဲမည်ဟု ယ ခင်အစိုးရ၏ လုပ်ငန်းစဉ် ကြေငြာချက်တွင်ပါဝင်နေပြီး ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းတွင် အပြီးရေးဆွဲသွား ရန် ရည်ရွယ်ကြောင်းနှင့် ထိုရေးဆွဲရေး လုပ်ငန်းစဉ်တွင် အခြေပြုမှုနှင့်ရပ်တည်ချက်များကို ရှင်းလင်းစွာဖေါ်ပြ ထား ချက်မပါရှိဟု အရပ်ဖက် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်က ဆိုသည်။

စိုင်းခေးဆိုင်က “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း သူတို့ရဲ့ မြေမူဝါဒတွေရှိတယ်ပေါ့နော။ နောက် KNU ရဲ့ မြေမူဝါဒတွေရှိတယ်။ နောက်ပြီးတော့ CSO တွေရော NGO တွေရော အကြံပြု ထောက်ခံ ချက်တွေ ထုတ်ထားတဲ့ မြေမူဝါဒတွေရှိတယ် အဲလိုမျိုး ရှိတဲ့အချိန်မှာ သူက အဖက်ဖက်က မြေနဲ့ ပတ်သက် ပြီးတော့ သုတေသနလုပ်နေတဲ့အဖွဲ့ တွေရော အားလုံးကနေပြီးတော့ ဒီ ဖက်ဒရယ်ကို ပုံဖော်စေတယ်လေ ဘာဖြစ်လဲ ဆိုတော့ အစိုးရ တစ်ခုတည်းဆွဲဖို့ထက်က ကျနော်တို့အဖက်ဖက်ကနေပြီးတော့ မြန်မာပြည် မှာ မတူကွဲပြားတဲ့ မြေအသုံးချမှုတွေကို ပြဿနာ ဖြေရှင်းချင်တယ်ဆိုလို့ရှိရင်တော့ သူ့ရဲ့ ပြည်နယ်ကလည်း ပြည်နယ်အလိုက်ပေါ့နော နောက်ပြီးတော့ အဖွဲ့အသီးသီးက ထုတ်ပြန်ထားတဲ့ မူဝါဒကို သူက အခြေခံရမှာ ဖြစ်တယ်ပေါ့နော။ နောက်ပြီးတော့ ဖက်ဒရယ် အခြေခံမူပေါ့ federal principles ပါတဲ့ အဲဒါကို ဖော်ဆောင် တဲ့ မူကို သူက အခြေခံရမယ် ဆိုတဲ့ဟာကို တိတိလင်းလင်းပေါ့နော်။ အာမခံချက် ရှိတဲ့အချိန် ကျတော့ အားလုံး ပါဝင်ပြီးတော့ ပူးပေါင်းရေးဆွဲတာက ပိုပြီးတော့ ကောင်းမယ်လို့ ကျနော်တို့ ယူဆပါတယ်ခင်ဗျာ” ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံနေရာ တော်တော် များများတွင် မြေလွတ်မြေလပ် မြေရိုင်း စီမံ ခန့်ခွဲရေးဥပဒေ နှင့် လယ်ယာမြေဥပဒေကြောင့် လယ်လုပ် သူလယ်သမားများ၊ ပြည်သူလူထု နှင့် ရပ်ရွာ လူထုအစုအဖွဲ့များ ယနေ့ထက်တိုင် မြေပြဿနာ ကြုံနေရကြောင်း၊ လက်ရှိ အခြေအနေတွင်လည်း ရပ်ရွာ လူထုများ နေရပ်ပြောင်းရွေ့နေရဆဲဖြစ်သကဲ့သို့ မြေယာသိမ်းဆည်းခြင်း များလည်းခံနေရဆဲဖြစ် ပါသည် ဟု အရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ထဲတွင်တွေ့ရသည်။

ထို့အပြင် ဤမြေလွတ် မြေလပ် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ နှင့် လယ်ယာမြေဥပဒေကြောင့် လယ်လုပ်သူ လယ်သမားများ ထောင်ဒဏ်၊ ငွေဒဏ် စသည့် ပြစ်ဒဏ်အမျိုးမျိုးလည်း ခံနေရသည်သာမက မြေလွတ်မြေ လပ်မြေရိုင်းဥပဒေ သက်ရောက်သည့် မြေအကျယ်အဝန်းမှာ ခန့်မှန်းခြေ ဧကသန်းပေါင်း (၅၀) သန်းဧက ဖြစ်ပြီး မြန်မာနိုင်ငံမြေဧကသုံးပုံတစ်ပုံခန့် ရှိနေပါသည်ဟု မွန်ဒေသ မြေဝါဒရေးရာ ကော်မတီ ညှိနှိုင်းရေးမှူး နိုင်စဝေါမွန်က ပြောသည်။

အထူးသဖြင့် တိုင်းရင်းသားပြည်နယ်တွင်းရှိ မြေဧကများ အများဆုံးဖြစ်ကြောင်းနှင့် ဤဥပဒေသည် ဒေသခံ ဌာနေတိုင်းရင်းသားများ၏ မြေယာကို တရားဝင် သိမ်းယူပြီး ကုမ္ပဏီလုပ်ငန်းရှင်များ၏ လုပ်ပိုင်ခွင့်ကို အား ပေးနေပါသည် ဆိုသည်။

နိုင်စဝေါမွန်က “လက်ရှိ ၂၀၁၂ မြေလွတ်မြေလတ် မြေရိုင်း ဥပဒေ သော်လည်းကောင်း၊ ၂၀၀၇ လယ်ယာ မြေ ဥပဒေ သော်လည်းကောင်း သူတို့ပြင်ဆင်ပြီး အားလုံးသော အရာတွေဟာ လူထုဖက်ကို မျက်နှာမူ ပြီး တော့ ရှေ့ရှုးထားတဲ့ ဥပဒေမဖြစ်ပဲနဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ စီမံကိန်းအကောင်အထည်ဖော်ဖို့ မြေအသုံးချမယ် ဆိုရင်တော့ ဒီသူဌေးတွေ လုပ်ပိုင်ခွင့်ရှိတဲ့ လူတွေက ဒီကို အလွယ်တကူ ရယူလျှောက်ထားအောင် လုပ် ထားတဲ့ ပုံစံမျိုးကို ကျနော်တို့တွေ့ရတယ်” ဟု ပြောသည်။

လယ်သမားများ၏ အခွင့်အရေးများ၊ ရွေးချယ်ပိုင်ခွင့်ဖြင့် တသီးပုဂ္ဂလမြေပိုင်သည့် တရားဝင်လက်မှတ် နှင့် ရိုးရာလူထုမြေပိုင်သည့် တရားဝင်လက်မှတ်စသည့် အသီးသီးရွေးချယ်ပိုင်မှုရှိသော အခြေခံအုတ်မြစ်မှ အထက်သို့ တည်ဆောက်မှု အုပ်ချုပ်ရေးပုံသံသဏ္ဍာန်ဖြင့် ချဉ်းကပ်လုပ်ဆောင်ခြင်းသည် ပြည်နယ်နှင့် ဒေသန္တရ လူထုမြေယာပိုင်ဆိုင်မှု စီမံခန့်ခွဲအုပ်ချုပ်ရေးကို ပိုမိုအကျိုးဖြစ်စေပါသည် ဟု အရပ်ဖက်အဖွဲ့ အစည်းများက ဆိုသည်။

လူထုလယ်သမားများကို ဒုက္ခဖြစ်စေသည့် မြေဥပဒေ အဟောင်းများမှာ ပုံစံမကျသေးသလို နောက်ထပ် အခြားသော ပုံစံအသစ်တစ်မျိုး နှင့် ဗဟိုမှဆင်းသက်သည့် မြေယာဥပဒေအသစ် ထပ်မံရေး ဆွဲရန် ပူးပေါင်း ကြံစည်နေမှုသည် တိုင်းရင်းသားများ တောင်းဆိုနေသည့် ဖက်ဒရယ်စနစ်ကို မထီမဲ့မြင်ပြုနေသည့် အပြင် ပဋိပက္ခများကို လောင်စာ ထပ်ဖြည့်နေသကဲ့သို့ ဖြစ်နေသည်ဟု ဖက်ဒရယ်တိုင်းရင်းသားလယ်သမား ကွန် ရက်မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်လတ်က ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

*** ZAWGYI ***
ဖက္ဒရယ္နွင့္ မကိုက္ညီေသးသည့္ ေျမယာ ဥပေဒ ျပင္ဆင္ေရးဆြဲမႈကို ရပ္ဆိုင္းထားရန္ အရပ္ဖက္အဖြဲ႔မ်ားေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၂၈ ရက္။

ဖက္ဒရယ္ စနစ္တည္ေဆာက္ေရးႏွင့္ တိုင္းရင္းသားမ်ား၏ ႐ိုးရာဓေလ့ ေျမယာ စီမံခန္႔ခြဲမႈမ်ားကို လ်စ္လ်ဴ ရႈႈထားသည့္ အစိုးရမွ လက္ရွိ ျပင္ဆင္ေရးဆြဲေနေသာ အမ်ိဳးသား ေျမဥပေဒကို ဆိုင္းငံ့ထားေပးရန္ အရပ္ ဖက္ အဖြဲ႔အစည္းမ်ားက တိုက္တြန္းေတာင္းဆို လိုက္သည္။

ဖက္ဒရယ္ တိုင္းရင္းသား လယ္သမားကြန္ရက္ႏွင့္ တိုင္းရင္းသား လူ မ်ိဳးမ်ား လူထုဖြံ႔ၿဖိဳးေရးဆံုရပ္တို႔ အပါအ၀င္ အရပ္ဖက္အဖြဲ႔အစည္း ၁၆ ဖြဲ႔က လက္ရွိ ေရးဆြဲရန္ ျပင္ဆင္ လုပ္ ေဆာင္ေနသည့္ အမ်ိဳးသား ေျမဥပေဒကို အစိုးရသစ္မွ ဆိုင္းငံ့ထားေပးရန္ ဇႏၷဝါရီလ ၂၇ ရက္ေန႔ (ယမန္ေန႔) က ထုတ္ျပန္ ေတာင္းဆို လိုက္ျခင္း ျဖစ္သည္။

တိုင္းရင္းသား လူမ်ိဳးမ်ား လူထု ဖြံ႔ၿဖိဳးေရးဆံုရပ္ အတြင္းေရးမႉး စိုင္းေခးဆိုင္က ဆိုင္းငံ့ထားရန္ ေတာင္းဆို ရျခင္း အေၾကာင္းရင္းကို ရွင္းျပသည္။

“ဘာျဖစ္လဲဆိုေတာ့ အဲဒီလုပ္မယ့္ လုပ္ငန္းစဥ္ထဲေတြမွာေလ တစ္ခုနဲ႔ တစ္ခုက သူက ရွင္းရွင္းလင္းလင္း မရွိေသးတဲ့ အတြက္ေၾကာင့္ အရင္တုန္းက က်ေနာ္တို႔ ပို႔ထားတဲ့ ဥပမာ စာတမ္းေတြ ထြက္ထားတဲ့ စာတမ္းေတြေရာ ေနာက္ၿပီးေတာ့ ၿငိမ္းခ်မ္းေရးကာလမွာ ၂၁ ပင္လံုမွာ ရွိေနတဲ့ ေျမနဲ ႔သက္ဆိုင္တဲ့ စာတမ္းေတြ ေနာက္ ႐ိုးရာ ဓေလ့ထံုး တမ္းက အႀကံျပဳခ်က္ေတြေပါ့ေနာ အဲဒါေတြကိုလည္းသူက လ်စ္လ်ဴရႈထားတာေၾကာင့္မို႔လို႔ က်ေနာ္တို႔ အဲဒီလုပ္ငန္းစဥ္ကို က်ေနာ္တို႔ ဆက္မလုပ္ဖို႔ေပါ့ေနာ အဲဒါ ရပ္ဆိုင္းေပါ့။” ဟု ေျပာသည္။

“တကယ္လို႔ လုပ္မယ္ဆိုလို႔ရွိရင္ ေတာ့ အားလံုး ပါ၀င္တဲ့ ေနာက္ၿပီးေတာ့ ဖက္ဒရယ္ကို ဦးတည္တဲ့ ေပၚလစီျဖစ္ဖို႔ ပိုၿပီးေတာ့ ဦးတည္သြား မယ္ဆိုလို႔ရွိရင္ေတာ့ ေကာင္းတယ္ေပါ့ေနာ။ ဒါေၾကာင့္ အဲလိုမ်ိဳး ရည္ရြယ္ၿပီးေတာ့ က်ေနာ္တို႔ ဆက္လုပ္ မယ့္ လုပ္ငန္းစဥ္က အစိုးရ အဓိက ရပ္ဆိုင္းထားဖို႔ က်ေနာ္တို႔ ေတာင္းဆိုျခင္း ျဖစ္တယ္ခင္ဗ်ာ” ဟု စိုင္းေခးဆိုင္က ဆက္ေျပာသည္။

အစိုးရမွ ျပင္ဆင္ေရးဆြဲရန္ လုပ္ေဆာင္ေနသည့္ အမ်ိဳးသား ေျမဥပေဒသည္ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံ ဥပေဒ ေပးထားခ်က္မ်ားႏွင့္ ၂၀၁၆ အမ်ိဳးသား ေျမအသံုးခ်မႈ မူဝါဒကို အေျခခံထားသည့္အတြက္ ဆိုင္းငံ့ထား ရန္ ေတာင္းဆိုျခင္းျဖစ္သည္ ဟု မြန္ေဒသ ေျမမူဝါဒေရးရာ ေကာ္မတီ ညွိႏႈိင္းေရးမႉး ႏိုင္စေဝါမြန္ က ဆက္ ေျပာသည္။

၎က “အဓိကက ေတာင္းဆိုခ်င္တာက လက္ရွိက အစိုးရ အမ်ိဳးသားေျမ ဥပေဒဆိုတဲ့ဟာကို ေရးဆြဲဖို႔ ႀကိဳးစားေန ၾကတာ ျပင္ဆင္ေနၾကတာရွိတယ္။ အဲဒါကို ဒီအမ်ိဳးသား ေျမဥပေဒ ေရးဆြဲတဲ့အခါက်ေတာ့ လက္ရွိ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံ ဥပေဒ ေပးထားခ်က္ထဲက ဟာကိုပဲ အဓိကထားၿပီးေတာ့ လုပ္သြားမယ္ ဆိုတဲ့ပံုစံမ်ိဳးကို က်ေနာ္တို႔ ေတြ႕ရတယ္။ ေနာက္ၿပီးရင္ ၂၀၁၆ အမ်ိဳးသား ေျမ အသံုးခ်မႈ မူဝါဒ ဆိုတဲ့ဟာ အပိုင္းမွာပဲ ဆိုလိုရင္းက ဗဟိုခ်ဳပ္ကိုင္မႈမ်ားေသာ ေျမဥပေဒပံုစံမ်ိဳးကို ဆက္လက္ေရးဆြဲသြားဖို႔ပဲ ႀကိဳးစား ေနတဲ့ဟာကို က်ေနာ္တို႔ ေတြ႕ရတဲ့အခါက်ေတာ့ ဒီဟာဟာ မျဖစ္သင့္ေသးဘူး။ ဖက္ဒရယ္ ေျမယာစနစ္ က်င့္သံုးႏိုင္ဖို႔ အတြက္ က်ေနာ္တို႔က တိုက္တြန္းခ်င္လို႔ ဒီအမ်ိဳးသား ေျမဥပေဒ ဗဟိုခ်ဳပ္ကိုင္မႈ ျမင့္မားေသာ အမ်ိဳးသား ေျမဥပေဒပံုစံမ်ိဳးေတြ မေရးဆြဲသင့္ဘူးလို႔ က်ေနာ္တို႔ ဆိုလိုခ်င္တာ ခင္ဗ်ာ” ဟု ေျပာသည္။

ဇႏၷဝါရီလ ၂၇ ရက္ေန႔ (ယမန္ေန႔) က အရပ္ဖက္ အဖြဲ႔အစည္းမ်ား၏ ထုတ္ျပန္ခ်က္ထဲတြင္ လက္ရွိ ျပင္ဆင္ ေရးဆြဲေနေသာ ေျမဥပေဒသည္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ယူနစ္အတြင္းျဖစ္ေနသည့္အျပင္ ဗဟိုခ်ဳပ္ ကိုင္မႈကိုအစျပဳေနေသာေၾကာင့္ ျမန္မာႏိုင္ငံ တိုင္းရင္းသားမ်ားအားလုံးအတြက္ သဟဇာတ မျဖစ္ သကဲ့ သို႕ ဖက္ဒရယ္စနစ္တည္ေဆာက္ေရး ႏွင့္ ႐ိုးရာဓေလ့ေျမယာစီမံခန္႕ခြဲျခင္းကိုလည္း လစ္လ်ဴ ရႈထားသျဖင့္ တိုင္းရင္းသားလယ္သမားမ်ားကြန္ရက္ ႏွင့္ တိုင္းရင္းသားလူထုဖြံ႕ၿဖိဳးေရးအဖြဲ႕မ်ား မဟာမိတ္ ႏွစ္ခုမွ လက္ရွိ ေရြးေကာက္ထားေသာ အစိုးရအသစ္အား ဤအမ်ဳိးသား ေျမယာဥပေဒ ေရးဆြဲေရးလုပ္ငန္းစဥ္ ဆိုင္းငံံ့ထား ရန္ တိုက္တြန္းပါသည္ဟု ပါရွိသည္။

စိုင္းေခးဆိုင္က “လာမယ္ အစိုးရသစ္မွာေတာ့ ဒီ မူဝါဒပဲ ခ်ခ်ေပါ့ေနာ ဥပေဒပဲ ခ်ခ် သူက ဒီ ယခင္က အ ေဟာင္းကို က်ေနာ္တို႔ ျပန္အေျချပဳလို႔ေတာ့ မရေတာ့ဘူးေပါ့။ ဘာျဖစ္လို႔လည္းဆိုေတာ့ ယခင္အေဟာင္း ဥပေဒေတြေရာ သူက အသံုးျပဳေနတဲ့ ဥပေဒေတြကေရာ အကုန္လံုးက အရင္အတိုင္းပဲ သူက ဒီျပႆနာက မၿပီးဘူးေပါ့ေနာ။ ဒီေျမျပႆနာေရာ ေျမပဋိပကၡေရာ စီမံကိန္း ပဋိပကၡ စီးပြားေရး ပဋိပကၡေတြကလည္း မ်ား တယ္။ဒါေၾကာင့္ လက္နက္ကိုင္ကလည္း ဒီတိုက္ပြဲေတြက မရပ္ႏိုင္ဘူး။ ဒါေၾကာင့္ က်ေနာ္တို႔က အတူ တကြ က်ေနာ္တို႔ ဘယ္လိုေနထိုင္မလဲ ဆိုတဲ့ဟာ ၾကည့္တဲ့အခ်ိန္က်ေတာ့ ဖက္ဒရယ္ စနစ္ကပဲ ပိုၿပီးေတာ့ က်ေနာ္ တို႔ တည္ေဆာက္ရမွာျဖစ္တယ္ေပါ့ေနာ ဒါေၾကာင့္ အေဟာင္းကို အေျခခံမယ့္အစား က်ေနာ္တို႔ ဖက္ဒရယ္ စနစ္ကိုသြားတဲ့ လမ္းကိုေလွ်ာက္ၿပီးေတာ့ ဦးတည္ သြားေစခ်င္ပါတယ္ခင္ဗ်ာ။ အဲဒါ တိုက္တြန္း ခ်င္ပါတယ္ ခင္ဗ်ာ” ဟု ေျပာသည္။

အမ်ိဳးသား ေျမဥပေဒကို ၂၀၁၅ – ၂၀၂၀ အစိုးရက အမ်ဳိးသားေျမဥပေဒအသစ္ ေရးဆြဲေရးလုပ္ငန္းအစီ အစဥ္ စာတမ္းအား ေရြးေကာက္ပြဲ မတိုင္ခင္တြင္ ထုတ္ျပန္ေၾကျငာခဲ့သည္ဟု အရပ္ဖက္အဖြဲ႔အစည္းမ်ားက ေျပာသည္။

ထို႔အျပင္ ေရးဆြဲမည့္ ေျမဥပေဒသစ္သည္ အမ်ဳိးသားေျမ အသုံးခ်ေရးမူဝါဒကို အေျခခံၿပီးေရးဆြဲမည္ဟု ယ ခင္အစိုးရ၏ လုပ္ငန္းစဥ္ ေၾကျငာခ်က္တြင္ပါ၀င္ေနၿပီး ၂၀၂၂ ခုႏွစ္ ႏွစ္လည္ပိုင္းတြင္ အၿပီးေရးဆြဲသြား ရန္ ရည္ရြယ္ေၾကာင္းႏွင့္ ထိုေရးဆြဲေရး လုပ္ငန္းစဥ္တြင္ အေျချပဳမႈႏွင့္ရပ္တည္ခ်က္မ်ားကို ရွင္းလင္းစြာေဖၚျပ ထား ခ်က္မပါရွိဟု အရပ္ဖက္ အဖြဲ႔အစည္းမ်ား၏ ထုတ္ျပန္ခ်က္က ဆိုသည္။

စိုင္းေခးဆိုင္က “တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔ေတြကလည္း သူတို႔ရဲ႕ ေျမမူဝါဒေတြရွိတယ္ေပါ့ေနာ။ ေနာက္ KNU ရဲ႕ ေျမမူဝါဒေတြရွိတယ္။ ေနာက္ၿပီးေတာ့ CSO ေတြေရာ NGO ေတြေရာ အႀကံျပဳ ေထာက္ခံ ခ်က္ေတြ ထုတ္ထားတဲ့ ေျမမူဝါဒေတြရွိတယ္ အဲလိုမ်ိဳး ရွိတဲ့အခ်ိန္မွာ သူက အဖက္ဖက္က ေျမနဲ႔ ပတ္သက္ ၿပီးေတာ့ သုေတသနလုပ္ေနတဲ့အဖြဲ႔ ေတြေရာ အားလံုးကေနၿပီးေတာ့ ဒီ ဖက္ဒရယ္ကို ပံုေဖာ္ေစတယ္ေလ ဘာျဖစ္လဲ ဆိုေတာ့ အစိုးရ တစ္ခုတည္းဆြဲဖို႔ထက္က က်ေနာ္တို႔အဖက္ဖက္ကေနၿပီးေတာ့ ျမန္မာျပည္ မွာ မတူကြဲျပားတဲ့ ေျမအသံုးခ်မႈေတြကို ျပႆနာ ေျဖရွင္းခ်င္တယ္ဆိုလို႔ရွိရင္ေတာ့ သူ႔ရဲ႕ ျပည္နယ္ကလည္း ျပည္နယ္အလိုက္ေပါ့ေနာ ေနာက္ၿပီးေတာ့ အဖြဲ႔အသီးသီးက ထုတ္ျပန္ထားတဲ့ မူဝါဒကို သူက အေျခခံရမွာ ျဖစ္တယ္ေပါ့ေနာ။ ေနာက္ၿပီးေတာ့ ဖက္ဒရယ္ အေျခခံမူေပါ့ federal principles ပါတဲ့ အဲဒါကို ေဖာ္ေဆာင္ တဲ့ မူကို သူက အေျခခံရမယ္ ဆိုတဲ့ဟာကို တိတိလင္းလင္းေပါ့ေနာ္။ အာမခံခ်က္ ရွိတဲ့အခ်ိန္ က်ေတာ့ အားလံုး ပါ၀င္ၿပီးေတာ့ ပူးေပါင္းေရးဆြဲတာက ပိုၿပီးေတာ့ ေကာင္းမယ္လို႔ က်ေနာ္တို႔ ယူဆပါတယ္ခင္ဗ်ာ” ဟု ဆက္ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံေနရာ ေတာ္ေတာ္ မ်ားမ်ားတြင္ ေျမလြတ္ေျမလပ္ ေျမ႐ိုင္း စီမံ ခန္႕ခြဲေရးဥပေဒ ႏွင့္ လယ္ယာေျမဥပေဒေၾကာင့္ လယ္လုပ္ သူလယ္သမားမ်ား၊ ျပည္သူလူထု ႏွင့္ ရပ္ရြာ လူထုအစုအဖြဲ႕မ်ား ယေန႔ထက္တိုင္ ေျမျပႆနာ ႀကဳံေနရေၾကာင္း၊ လက္ရွိ အေျခအေနတြင္လည္း ရပ္ရြာ လူထုမ်ား ေနရပ္ေျပာင္းေရြ႕ေနရဆဲျဖစ္သကဲ့သို႕ ေျမယာသိမ္းဆည္းျခင္း မ်ားလည္းခံေနရဆဲျဖစ္ ပါသည္ ဟု အရပ္ဖက္အဖြဲ႔အစည္းမ်ား၏ ထုတ္ျပန္ခ်က္ထဲတြင္ေတြ႕ရသည္။

ထို႔အျပင္ ဤေျမလြတ္ ေျမလပ္ ေျမ႐ိုင္းစီမံခန္႕ခြဲေရးဥပေဒ ႏွင့္ လယ္ယာေျမဥပေဒေၾကာင့္ လယ္လုပ္သူ လယ္သမားမ်ား ေထာင္ဒဏ္၊ ေငြဒဏ္ စသည့္ ျပစ္ဒဏ္အမ်ဳိးမ်ဳိးလည္း ခံေနရသည္သာမက ေျမလြတ္ေျမ လပ္ေျမ႐ိုင္းဥပေဒ သက္ေရာက္သည့္ ေျမအက်ယ္အ၀န္းမွာ ခန္႔မွန္းေျခ ဧကသန္းေပါင္း (၅၀) သန္းဧက ျဖစ္ၿပီး ျမန္မာႏိုင္ငံေျမဧကသုံးပုံတစ္ပုံခန္႕ ရွိေနပါသည္ဟု မြန္ေဒသ ေျမဝါဒေရးရာ ေကာ္မတီ ညွိႏႈိင္းေရးမႉး ႏိုင္စေဝါမြန္က ေျပာသည္။

အထူးသျဖင့္ တိုင္းရင္းသားျပည္နယ္တြင္းရွိ ေျမဧကမ်ား အမ်ားဆုံးျဖစ္ေၾကာင္းႏွင့္ ဤဥပေဒသည္ ေဒသခံ ဌာေနတိုင္းရင္းသားမ်ား၏ ေျမယာကို တရားဝင္ သိမ္းယူၿပီး ကုမၸဏီလုပ္ငန္းရွင္မ်ား၏ လုပ္ပိုင္ခြင့္ကို အား ေပးေနပါသည္ ဆိုသည္။

ႏိုင္စေဝါမြန္က “လက္ရွိ ၂၀၁၂ ေျမလြတ္ေျမလတ္ ေျမ႐ိုင္း ဥပေဒ ေသာ္လည္းေကာင္း၊ ၂၀၀၇ လယ္ယာ ေျမ ဥပေဒ ေသာ္လည္းေကာင္း သူတို႔ျပင္ဆင္ၿပီး အားလံုးေသာ အရာေတြဟာ လူထုဖက္ကို မ်က္ႏွာမူ ၿပီး ေတာ့ ေရွ႕ရႈးထားတဲ့ ဥပေဒမျဖစ္ပဲနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈလုပ္ဖို႔ စီမံကိန္းအေကာင္အထည္ေဖာ္ဖို႔ ေျမအသံုးခ်မယ္ ဆိုရင္ေတာ့ ဒီသူေဌးေတြ လုပ္ပိုင္ခြင့္ရွိတဲ့ လူေတြက ဒီကို အလြယ္တကူ ရယူေလွ်ာက္ထားေအာင္ လုပ္ ထားတဲ့ ပံုစံမ်ိဳးကို က်ေနာ္တို႔ေတြ႕ရတယ္” ဟု ေျပာသည္။

လယ္သမားမ်ား၏ အခြင့္အေရးမ်ား၊ ေရြးခ်ယ္ပိုင္ခြင့္ျဖင့္ တသီးပုဂၢလေျမပိုင္သည့္ တရား၀င္လက္မွတ္ ႏွင့္ ႐ိုးရာလူထုေျမပိုင္သည့္ တရား၀င္လက္မွတ္စသည့္ အသီးသီးေရြးခ်ယ္ပိုင္မႈရွိေသာ အေျခခံအုတ္ျမစ္မွ အထက္သို႔ တည္ေဆာက္မႈ အုပ္ခ်ဳပ္ေရးပုံသံသ႑ာန္ျဖင့္ ခ်ဥ္းကပ္လုပ္ေဆာင္ျခင္းသည္ ျပည္နယ္ႏွင့္ ေဒသႏၱရ လူထုေျမယာပိုင္ဆိုင္မႈ စီမံခန္႔ခြဲအုပ္ခ်ဳပ္ေရးကို ပိုမိုအက်ဳိးျဖစ္ေစပါသည္ ဟု အရပ္ဖက္အဖြဲ႔ အစည္းမ်ားက ဆိုသည္။

လူထုလယ္သမားမ်ားကို ဒုကၡျဖစ္ေစသည့္ ေျမဥပေဒ အေဟာင္းမ်ားမွာ ပုံစံမက်ေသးသလို ေနာက္ထပ္ အျခားေသာ ပုံစံအသစ္တစ္မ်ဳိး ႏွင့္ ဗဟိုမွဆင္းသက္သည့္ ေျမယာဥပေဒအသစ္ ထပ္မံေရး ဆြဲရန္ ပူးေပါင္း ႀကံစည္ေနမႈသည္ တိုင္းရင္းသားမ်ား ေတာင္းဆိုေနသည့္ ဖက္ဒရယ္စနစ္ကို မထီမဲ့ျမင္ျပဳေနသည့္ အျပင္ ပဋိပကၡမ်ားကို ေလာင္စာ ထပ္ျဖည့္ေနသကဲ့သို႔ ျဖစ္ေနသည္ဟု ဖက္ဒရယ္တိုင္းရင္းသားလယ္သမား ကြန္ ရက္မွ ေျပာေရးဆိုခြင့္ရွိသူ ဦးေအာင္လတ္က ထုတ္ျပန္ခ်က္ထဲတြင္ ေျပာဆိုထားသည္။