တပ်မတော်က ဖမ်းဆီးထားသည့် ကျောင်းအုပ်ဆရာမအား လွှတ်ပေးရန် အရပ်ဘက်အဖွဲ့များ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၂၈ ရက်။

တပ်မတော်က ဖမ်းဆီးထားသည့် ကျောင်းအုပ်ဆရာမတစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် တအာင်းအရပ်ဘက် အဖွဲ့အစည်းများအပါအဝင် အရပ်ဘက်အဖွဲ့အစည်း တစ်ရာကျော်က တောင်းဆိုလိုက်သည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မန်းနားကျေးရွာက မူလတန်းကျောင်းအုပ် တအာင်းတိုင်းရင်းသူ ဆရာမဒေါ်သန်းသန်းမျိုးကို တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက် မတရား အသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့် တရားစွဲဆိုထားခဲ့သည်ဟု တအာင်းအမျိုးသမီး အဖွဲ့က ပြောသည်။

“ကျမတို့ အဓိကတောင်းဆိုတာကတော့ သူက ကျောင်းဆရာမလည်း ဖြစ်တော့ ပညာရေးဝန်ကြီးဌာနအနေနဲ့ လည်း ဝိုင်းဝန်းဖြေရှင်းပေးစေချင်တယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ပြန်လည်ဆန်းစစ်ပြီးတော့ အပြစ်မရှိဘူးဆိုရင် ဒီဆရာမကို အမြန်ဆုံးလွှတ်ပေးစေချင်တယ်။ အခုဖမ်းထားတဲ့အတောအတွင်းမှာလည်း မိသားစုတွေနဲ့ အဆက် အသွယ် ဖြတ်တဲ့ပုံစံမျိုးမဟုတ်ပဲနဲ့ တွေ့ခွင့် စကားပြောခွင့်ပေးစေချင်တယ်။ နောက်ပြီး အခု ရုံးထုတ်တယ်ဆို ပေမယ့်လည်း တရားရုံးမှာ ခနပဲတွေ့ရပြီး ချက်ချင်းပြန်ခေါ်သွားတာမျိုးတွေဆိုတော့ အဲ့လိုမျိုး မဖြစ်စေချင် ဘူး။ တရားရုံးထုတ်တဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှု ရှိစေချင်တယ်” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က ပြောရေးဆိုခွင့်ရှိသူ လွေးချှီ့ဆငါး က ပြောသည်။

ဆရာမဒေါ်သန်းသန်းမျိုး အဖမ်းခံရသည်မှာ တစ်လပြည့်ပြီဖြစ်ပြီး မိုးကုတ်မြို့တရားရုံး ရုံးချိန်နှစ်ကြိမ် ထုတ်ပြီး ဖြစ်သည်ဟု ၎င်း၏ မိသားစုဝင်များက ပြောသည်။

နှစ်ကြိမ်စလုံးတွင် မိသားစုဝင်များနှင့် ကောင်းမွန်စွာ တွေ့ခွင့်မရသလို တရားရုံးထုတ်ရာတွင်လည်း ပွင့်လင်းမြင် သာမှု မရှိဟု လွေးချှီ့ဆငါး က ပြောသည်။

“သူ့ရဲ့ နောက်ဆုံးအခြေအနေက အခုချိန်ထိ မိုးကုတ်ရဲစခန်းမှာပဲ ထိန်းသိမ်းထားသလို၊ မိသားစုနဲ့ တွေ့ခွင့်မရ သေး ဘူး။ သူ့ ကိုဖမ်းတာတော့ ၂၈ ရက်နေ့ ဒီဇင်ဘာတုန်းက ဖမ်းတယ်။ ၁၁ ရက်နေ့က ပထမအကြိမ် ရုံးထုတ် တယ်။ မိနစ်ပိုင်းလောက်ပဲကြာတယ်။ ပြီးတော့ ပြန်ခေါ်သွားတယ်။ နောက်တကြိမ်က ရုံးချိန်းက ၁၈ ရက်နေ့ ပေါ့၊ အမှုတော့ စစ်တာမရှိသေးဘူး။ ရုံးတော့ထုတ်တယ်၊ ပြီးတော့ ပြန်ခေါ်သွားတယ်။ သူ့ကို တရားစွဲထား တယ် ဆိုတာ တပ်မတော်ရဲ့ သတင်းမှန်ပြန်ကြားရေးကလည်း ပြောထားရှိသလို ရုံးချိန်းတုန်းကလည်း ဆရာမ ကိုယ်တိုင်က သူ့ရဲ့ မိသားစုကို ဒီပုဒ်မနဲ့ လှမ်းပြောခဲ့တာမျိုးပေါ့။ တခြားတော့ ဘာမှပြောခွင့်မရသေးဘူး။”

တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ၏ စာရင်းများအရ ၂၀၂၀ ခုနှစ်အတွင်း ရှမ်းမြောက်ဒေသအတွင်းက တပ်မတော်၏ ဖမ်းဆီးခံရသူ တအာင်းတိုင်းရင်းသား စုစုပေါင်း ၃၂ ဦး ရှိသိဟု လွေးချှီ့ဆငါး က ပြောသည်။

တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့ (TSYU) က လွေးလှာရိန်း က “အဓိက လုံခြုံရေးကိစ္စပေါ့နော်၊ တိုက် ပွဲမဖြစ်တဲ့နေရာမှာတွေလည်း ပဋိပက္ခနဲ့ လက်နက်ကိုင်တွေက အရမ်းများတော့ အမျိုးသမီးတွေရော၊ လူငယ် တွေရော လုံခြုံမှုမရှိဘူး။ ခနခနဖမ်းခံရတာမျိုးတွေရှိတယ်။ ဖုန်းတွေထဲမှာ စစ်သားပုံလိုမျိုး ကြိုက်လို့ Save ထားမိရင်တောင်မှ ဖမ်းခံရတာမျိုး၊ လက်နက်ကိုင်တွေနဲ့ ဆက်သွယ်မှုရှိတယ်ဆိုတာမျိုး စွပ်စွဲတယ်။ တကယ် တော့ ကျမတို့ ဒေသဘက်မှာ ဘယ်လက်နက်ကိုင်ပဲ ရွာထဲလာလာ စကားပြောရတယ်လေ။ မပြောရင်လည်း ကြောက်ရတယ်၊ ပြောရင်လည်း ကြောက်နေရတယ်” ဟု ပြောသည်။

ဆရာမဒေါ်သန်းသန်းမျိုးသည် ပညာရေးဝန်ထမ်း ကျောင်းဆရာမတစ်ဦးအနေဖြင့် ၁၀ နှစ်ကျော်အကြာ တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးဖြစ်သည်ဟုလည်း သိရသည်။

လက်နက်ကိုင် ပဋိပက္ခဒေသများအတွင်းက ဒေသခံ တိုင်းရင်းသား ပြည်သူများ၊ အစိုးရဝန်ထမ်းများသည် ၎င်း တို့၏ ဒေသအတွင်း ရောက်ရှိလာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့်ဖြစ်စေ၊ တပ်မတော်နှင့် ဖြစ် စေ မဖြစ်မနေ ပြောဆိုဆက်ဆံရသည့် အချိန်အခါများ အခြေအနေများ၊ အဆင်ပြေအောင် ဆက်ဆံနေရကြ ရ သည့် အနေအထားများရှိနေသည့်အတွက် ယခုကဲ့သို့သော စွပ်စွဲကာ ဖမ်းဆီးခံနေကြရသည့်အတွက် ပြည်သူ များသာ မြေစာပင်ဖြစ်နေရသည်ဟု ဆိုသည်။

နှစ်ဖက်တပ်များနှင့် မဖြစ်မနေ ဆက်ဆံပြောဆိုနေကြရခြင်းအပေါ် အရေးယူခံရခြင်းသည် တရားမျှတမှု မရှိ သည့်အပြင် အဆိုပါဒေသများအတွင်း တာဝန်ထမ်းဆောင်နေကြရသည့် အစိုးရဝန်ထမ်းများအတွက်လည်း အခက်အခဲဖြစ်စေသည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

*** ZAWGYI ***
တပ္မေတာ္က ဖမ္းဆီးထားသည့္ ေက်ာင္းအုပ္ဆရာမအား လႊတ္ေပးရန္ အရပ္ဘက္အဖြဲ႕မ်ား ေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၂၈ ရက္။

တပ္မေတာ္က ဖမ္းဆီးထားသည့္ ေက်ာင္းအုပ္ဆရာမတစ္ဦးကို အျမန္ဆုံးျပန္လႊတ္ေပးရန္ တအာင္းအရပ္ဘက္ အဖြဲ႕အစည္းမ်ားအပါအဝင္ အရပ္ဘက္အဖြဲ႕အစည္း တစ္ရာေက်ာ္က ေတာင္းဆိုလိုက္သည္။

မႏၲေလးတိုင္း၊ မိုးကုတ္ၿမိဳ႕နယ္၊ မန္းနားေက်း႐ြာက မူလတန္းေက်ာင္းအုပ္ တအာင္းတိုင္းရင္းသူ ဆရာမေဒၚသန္းသန္းမ်ိဳးကို တပ္မေတာ္က တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ႏွင့္ ဆက္သြယ္မႈရွိသည္ဟုဆိုကာ ဒီဇင္ဘာလ ၂၈ ရက္ေန႔က ဖမ္းဆီးခဲ့ၿပီးေနာက္ မတရား အသင္းဆက္သြယ္မႈ ဥပေဒပုဒ္မ ၁၇(၁) ျဖင့္ အမႈဖြင့္ တရားစြဲဆိုထားခဲ့သည္ဟု တအာင္းအမ်ိဳးသမီး အဖြဲ႕က ေျပာသည္။

“က်မတို႔ အဓိကေတာင္းဆိုတာကေတာ့ သူက ေက်ာင္းဆရာမလည္း ျဖစ္ေတာ့ ပညာေရးဝန္ႀကီးဌာနအေနနဲ႔ လည္း ဝိုင္းဝန္းေျဖရွင္းေပးေစခ်င္တယ္။ ဒီအမႈနဲ႔ပတ္သက္ၿပီး ျပန္လည္ဆန္းစစ္ၿပီးေတာ့ အျပစ္မရွိဘူးဆိုရင္ ဒီဆရာမကို အျမန္ဆုံးလႊတ္ေပးေစခ်င္တယ္။ အခုဖမ္းထားတဲ့အေတာအတြင္းမွာလည္း မိသားစုေတြနဲ႔ အဆက္ အသြယ္ ျဖတ္တဲ့ပုံစံမ်ိဳးမဟုတ္ပဲနဲ႔ ေတြ႕ခြင့္ စကားေျပာခြင့္ေပးေစခ်င္တယ္။ ေနာက္ၿပီး အခု ႐ုံးထုတ္တယ္ဆို ေပမယ့္လည္း တရား႐ုံးမွာ ခနပဲေတြ႕ရၿပီး ခ်က္ခ်င္းျပန္ေခၚသြားတာမ်ိဳးေတြဆိုေတာ့ အဲ့လိုမ်ိဳး မျဖစ္ေစခ်င္ ဘူး။ တရား႐ုံးထုတ္တဲ့အခါမွာလည္း ပြင့္လင္းျမင္သာမႈ ရွိေစခ်င္တယ္” ဟု တအာင္းအမ်ိဳးသမီးအဖြဲ႕အစည္း TWO က ေျပာေရးဆိုခြင့္ရွိသူ ေလြးခွ်ီ႕ဆငါး က ေျပာသည္။

ဆရာမေဒၚသန္းသန္းမ်ိဳး အဖမ္းခံရသည္မွာ တစ္လျပည့္ၿပီျဖစ္ၿပီး မိုးကုတ္ၿမိဳ႕တရား႐ုံး ႐ုံးခ်ိန္ႏွစ္ႀကိမ္ ထုတ္ၿပီး ျဖစ္သည္ဟု ၎၏ မိသားစုဝင္မ်ားက ေျပာသည္။

ႏွစ္ႀကိမ္စလုံးတြင္ မိသားစုဝင္မ်ားႏွင့္ ေကာင္းမြန္စြာ ေတြ႕ခြင့္မရသလို တရား႐ုံးထုတ္ရာတြင္လည္း ပြင့္လင္းျမင္ သာမႈ မရွိဟု ေလြးခွ်ီ႕ဆငါး က ေျပာသည္။

“သူ႔ရဲ႕ ေနာက္ဆုံးအေျခအေနက အခုခ်ိန္ထိ မိုးကုတ္ရဲစခန္းမွာပဲ ထိန္းသိမ္းထားသလို၊ မိသားစုနဲ႔ ေတြ႕ခြင့္မရ ေသး ဘူး။ သူ႔ ကိုဖမ္းတာေတာ့ ၂၈ ရက္ေန႔ ဒီဇင္ဘာတုန္းက ဖမ္းတယ္။ ၁၁ ရက္ေန႔က ပထမအႀကိမ္ ႐ုံးထုတ္ တယ္။ မိနစ္ပိုင္းေလာက္ပဲၾကာတယ္။ ၿပီးေတာ့ ျပန္ေခၚသြားတယ္။ ေနာက္တႀကိမ္က ႐ုံးခ်ိန္းက ၁၈ ရက္ေန႔ ေပါ့၊ အမႈေတာ့ စစ္တာမရွိေသးဘူး။ ႐ုံးေတာ့ထုတ္တယ္၊ ၿပီးေတာ့ ျပန္ေခၚသြားတယ္။ သူ႔ကို တရားစြဲထား တယ္ ဆိုတာ တပ္မေတာ္ရဲ႕ သတင္းမွန္ျပန္ၾကားေရးကလည္း ေျပာထားရွိသလို ႐ုံးခ်ိန္းတုန္းကလည္း ဆရာမ ကိုယ္တိုင္က သူ႔ရဲ႕ မိသားစုကို ဒီပုဒ္မနဲ႔ လွမ္းေျပာခဲ့တာမ်ိဳးေပါ့။ တျခားေတာ့ ဘာမွေျပာခြင့္မရေသးဘူး။”

တအာင္းအမ်ိဳးသမီးအဖြဲ႕အစည္း TWO ၏ စာရင္းမ်ားအရ ၂၀၂၀ ခုႏွစ္အတြင္း ရွမ္းေျမာက္ေဒသအတြင္းက တပ္မေတာ္၏ ဖမ္းဆီးခံရသူ တအာင္းတိုင္းရင္းသား စုစုေပါင္း ၃၂ ဦး ရွိသိဟု ေလြးခွ်ီ႕ဆငါး က ေျပာသည္။

တအာင္းေက်ာင္းသားႏွင့္လူငယ္မ်ားအဖြဲ႕ (TSYU) က ေလြးလွာရိန္း က “အဓိက လုံၿခဳံေရးကိစၥေပါ့ေနာ္၊ တိုက္ ပြဲမျဖစ္တဲ့ေနရာမွာေတြလည္း ပဋိပကၡနဲ႔ လက္နက္ကိုင္ေတြက အရမ္းမ်ားေတာ့ အမ်ိဳးသမီးေတြေရာ၊ လူငယ္ ေတြေရာ လုံၿခဳံမႈမရွိဘူး။ ခနခနဖမ္းခံရတာမ်ိဳးေတြရွိတယ္။ ဖုန္းေတြထဲမွာ စစ္သားပုံလိုမ်ိဳး ႀကိဳက္လို႔ Save ထားမိရင္ေတာင္မွ ဖမ္းခံရတာမ်ိဳး၊ လက္နက္ကိုင္ေတြနဲ႔ ဆက္သြယ္မႈရွိတယ္ဆိုတာမ်ိဳး စြပ္စြဲတယ္။ တကယ္ ေတာ့ က်မတို႔ ေဒသဘက္မွာ ဘယ္လက္နက္ကိုင္ပဲ ႐ြာထဲလာလာ စကားေျပာရတယ္ေလ။ မေျပာရင္လည္း ေၾကာက္ရတယ္၊ ေျပာရင္လည္း ေၾကာက္ေနရတယ္” ဟု ေျပာသည္။

ဆရာမေဒၚသန္းသန္းမ်ိဳးသည္ ပညာေရးဝန္ထမ္း ေက်ာင္းဆရာမတစ္ဦးအေနျဖင့္ ၁၀ ႏွစ္ေက်ာ္အၾကာ တာဝန္ ထမ္းေဆာင္ေနသည့္ ဝန္ထမ္းတစ္ဦးျဖစ္သည္ဟုလည္း သိရသည္။

လက္နက္ကိုင္ ပဋိပကၡေဒသမ်ားအတြင္းက ေဒသခံ တိုင္းရင္းသား ျပည္သူမ်ား၊ အစိုးရဝန္ထမ္းမ်ားသည္ ၎ တို႔၏ ေဒသအတြင္း ေရာက္ရွိလာၾကသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ မ်ားႏွင့္ျဖစ္ေစ၊ တပ္မေတာ္ႏွင့္ ျဖစ္ ေစ မျဖစ္မေန ေျပာဆိုဆက္ဆံရသည့္ အခ်ိန္အခါမ်ား အေျခအေနမ်ား၊ အဆင္ေျပေအာင္ ဆက္ဆံေနရၾက ရ သည့္ အေနအထားမ်ားရွိေနသည့္အတြက္ ယခုကဲ့သို႔ေသာ စြပ္စြဲကာ ဖမ္းဆီးခံေနၾကရသည့္အတြက္ ျပည္သူ မ်ားသာ ေျမစာပင္ျဖစ္ေနရသည္ဟု ဆိုသည္။

ႏွစ္ဖက္တပ္မ်ားႏွင့္ မျဖစ္မေန ဆက္ဆံေျပာဆိုေနၾကရျခင္းအေပၚ အေရးယူခံရျခင္းသည္ တရားမွ်တမႈ မရွိ သည့္အျပင္ အဆိုပါေဒသမ်ားအတြင္း တာဝန္ထမ္းေဆာင္ေနၾကရသည့္ အစိုးရဝန္ထမ္းမ်ားအတြက္လည္း အခက္အခဲျဖစ္ေစသည္ဟု ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထားသည္။