ထိန်းသိမ်းခံ မွန်လွှတ်တော် ကိုယ်စားလှယ်များ နေရပ်ပြန်လာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ထိန်းသိမ်းခံထားရသည့် မွန်ညီညွတ်ရေးပါတီ (MUP) မှ လွှတ်တော် ကိုယ် စားလှယ် ၅ ဦး ဖေဖော်ဝါရီ ၃ ရက်နေ့ (ယနေ့) နံနက်တွင် နေရပ်ပြန်လာကြပြီဟု လွှတ်တော်ကိုယ်စားလှယ်များ က ပြောသည်။

မွန်ညီညွတ်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃ ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦး တို့ သည် တတိယအကြိမ်လွှတ်တော်တက်ရန် နေပြည်တော် စည်ပင်ဧည့်ရိပ်သာသို့ ရောက်ရှိနေစဉ် အာဏာသိမ်း တပ်မတော်၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေတွင် စည်ပင်ဧည့်ရပ်သာရှိ လွှတ်တော်ကိုယ်စားလှယ်များအားလုံး နေရပ်ပြန်နိုင်ပြီး ဖြစ်ကြောင်း တပ်မတော်မှ လာရောက်ပြောကြားခဲ့သည်ဟု မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် နိုင်စံတင် က ပြောသည်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်ကကိုယ်စားလှယ်တွေ ဒီအချိန်ကနေစပြီး မနေ့က ၄ နာရီခွဲလောက်မှာပေါ့ ပြန်ချင် ရင် ပြန်လို့ရပါပြီး ကိုယ့်အစီအစဥ်နဲ့ကိုယ် ပြန်ကြပါဆိုပြီး လာပြောတယ်၊ အဲလိုလာပြောတော့ ပြန်ကြတာပေါ့ မနေ့ကလည်း အများကြီး ပြန်သွားကြတယ်။ ကျနော်တို့ MUP ကိုယ်စားလှယ်တွေကတော့ ဒီနေ့မနက်မှ ပြန် ကြတယ်၊ အခြားတိုင်းရင်းသားပါတီတွေလည်း ပြန်ကြတယ် ကျွန်တော်တို့နဲ့ တစ်ဆောင်တည်းရှိနေတဲ့ ပါတီတွေလည်း ပြန်ကုန်ကြတယ်” ဟု နိုင်စံတင် က ပြောသည်။

တပ်မတော်မှ လွှတ်တော်ကိုယ်စားလှယ်များအားလုံး နေရပ်ပြန်နိုင်ပြီးဖြစ်ကြောင်း လာပြောပြီးနောက် ချက် ချင်းပြန်သွားကြသည့် ကိုယ်စားလှယ်များလည်းရှိသည်ဟု စည်ပင်ဧည့်ရိပ်သာရှိ ကိုယ်စားလှယ်များထံမှ သိရ သည်။

ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်တွင် အခြားတိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များလည်း ပြန်ကြသည်ဟု နိုင်စံတင် က ပြောသည်။

မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များ ပြန်ကြသည့်အချိန်တွင် စည်ပင်ဧည့်ရိပ်သာ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ်များ ကျန်ရှိနေသေးကြောင်း ၎င်းတို့အနေဖြင့် ပြန်မပြန်ဆိုသည်ကို မသိ ဘူးဘူးဟု လည်း မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များ က ပြောသည်။

စည်ပင်ဧည့်ရိပ်သာတွင် ကျန်ရှိနေသည့်ကိုယ်စားလှယ်များအားလုံး ၂၄ နာရီအတွင်း ဧည့်ရိပ်သာမှ ထွက်ခွာ ပေး ရန် တပ်မတော်မှ ယနေ့နံနက် ၁၀ နာရီခန့်က ထပ်မံလာရောက်ပြောကြားထားသည်ဟုလည်း ကိုယ်စားလှယ် အချို့၏ ပြောကြားချက်အရ သိရသည်။

*** ZAWGYI ***
ထိန္းသိမ္းခံ မြန္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ေနရပ္ျပန္လာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၃ ရက္။

ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာတြင္ ထိန္းသိမ္းခံထားရသည့္ မြန္ညီၫြတ္ေရးပါတီ (MUP) မွ လႊတ္ေတာ္ ကိုယ္ စားလွယ္ ၅ ဦး ေဖေဖာ္ဝါရီ ၃ ရက္ေန႔ (ယေန႔) နံနက္တြင္ ေနရပ္ျပန္လာၾကၿပီဟု လႊတ္ေတာ္ကိုယ္စားလွယ္မ်ား က ေျပာသည္။

မြန္ညီၫြတ္ေရးပါတီမွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ၃ ဦးႏွင့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ၂ ဦး တို႔ သည္ တတိယအႀကိမ္လႊတ္ေတာ္တက္ရန္ ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာသို႔ ေရာက္ရွိေနစဥ္ အာဏာသိမ္း တပ္မေတာ္၏ ထိန္းသိမ္းျခင္းကို ခံခဲ့ရသည္။

ေဖေဖာ္ဝါရီ ၂ ရက္ေန႔ ညေနတြင္ စည္ပင္ဧည့္ရပ္သာရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအားလုံး ေနရပ္ျပန္ႏိုင္ၿပီး ျဖစ္ေၾကာင္း တပ္မေတာ္မွ လာေရာက္ေျပာၾကားခဲ့သည္ဟု မြန္ညီၫြတ္ေရးပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ ႏိုင္စံတင္ က ေျပာသည္။

“တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ကကိုယ္စားလွယ္ေတြ ဒီအခ်ိန္ကေနစၿပီး မေန႔က ၄ နာရီခြဲေလာက္မွာေပါ့ ျပန္ခ်င္ ရင္ ျပန္လို႔ရပါၿပီး ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ျပန္ၾကပါဆိုၿပီး လာေျပာတယ္၊ အဲလိုလာေျပာေတာ့ ျပန္ၾကတာေပါ့ မေန႔ကလည္း အမ်ားႀကီး ျပန္သြားၾကတယ္။ က်ေနာ္တို႔ MUP ကိုယ္စားလွယ္ေတြကေတာ့ ဒီေန႔မနက္မွ ျပန္ ၾကတယ္၊ အျခားတိုင္းရင္းသားပါတီေတြလည္း ျပန္ၾကတယ္ ကြၽန္ေတာ္တို႔နဲ႔ တစ္ေဆာင္တည္းရွိေနတဲ့ ပါတီ ေတြလည္း ျပန္ကုန္ၾကတယ္” ဟု ႏိုင္စံတင္ က ေျပာသည္။

တပ္မေတာ္မွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအားလုံး ေနရပ္ျပန္ႏိုင္ၿပီးျဖစ္ေၾကာင္း လာေျပာၿပီးေနာက္ ခ်က္ ခ်င္းျပန္သြားၾကသည့္ ကိုယ္စားလွယ္မ်ားလည္းရွိသည္ဟု စည္ပင္ဧည့္ရိပ္သာရွိ ကိုယ္စားလွယ္မ်ားထံမွ သိရ သည္။

ေဖေဖာ္ဝါရီ ၃ ရက္ေန႔ နံနက္တြင္ အျခားတိုင္းရင္းသားပါတီမ်ားမွ ကိုယ္စားလွယ္မ်ားလည္း ျပန္ၾကသည္ဟု ႏိုင္စံတင္ က ေျပာသည္။

မြန္ညီၫြတ္ေရးပါတီမွ ကိုယ္စားလွယ္မ်ား ျပန္ၾကသည့္အခ်ိန္တြင္ စည္ပင္ဧည့္ရိပ္သာ၌ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ပါတီမွ ကိုယ္စားလွယ္မ်ား က်န္ရွိေနေသးေၾကာင္း ၎တို႔အေနျဖင့္ ျပန္မျပန္ဆိုသည္ကို မသိ ဘူးဘူးဟု လည္း မြန္ညီၫြတ္ေရးပါတီမွ ကိုယ္စားလွယ္မ်ား က ေျပာသည္။

စည္ပင္ဧည့္ရိပ္သာတြင္ က်န္ရွိေနသည့္ကိုယ္စားလွယ္မ်ားအားလုံး ၂၄ နာရီအတြင္း ဧည့္ရိပ္သာမွ ထြက္ခြာ ေပး ရန္ တပ္မေတာ္မွ ယေန႔နံနက္ ၁၀ နာရီခန႔္က ထပ္မံလာေရာက္ေျပာၾကားထားသည္ဟုလည္း ကိုယ္စားလွယ္ အခ်ိဳ႕၏ ေျပာၾကားခ်က္အရ သိရသည္။