လွတ်လပ်သော တိုင်းရင်းသား ဘာသာ အစီအစဉ်များ Online မှ ဆက်လက် လွှင့်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်။

ဒီဗီဘီ ရုပ်သံ အစီအစဉ်တွင် ထုတ်လွှင့်နေသည့် အပါတ်စဉ် တိုင်းရင်းသားဘာသာ သတင်းအစီအစဉ်များကို Online မှ ဆက်လက် ထုတ်လွှင့်ပြသသွားမည်ဟု နိုင်ငံတကာ မြန်မာ့သတင်း BNI က ပြောသည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက် DVB ရုပ်သံသတင်းဌာန၏ နေ့စဉ်ထုတ်လွှင့်ပြသနေမှုများအား ပိတ်ထားသည့်အတွက် ယခုကဲ့သို့ Online မှ ထုတ်လွှင့်သွားရန် စီစဉ်လိုက်ရခြင်း ဖြစ်သည်ဟု BNI ၏ မူဝါဒရေးရာ ဥက္ကဋ္ဌ နန်းဖော့ဂေ က ပြောသည်။

“အခုလက်ရှိက ကိုယ့်နိုင်ငံက ကိုယ့်နိုင်ငံထဲမှာလည်း လက်ရှိအစိုးရအပေါ်မှာ စစ်အာဏာသိမ်းလိုက်တဲ့ အခါကြ တော့ အဲ့လိုစစ်အစိုးရက တက်လာတယ်လေ။ တက်လာတဲ့အခါကြတော့ ဆက်သွယ်ရေးအပိုင်းတွေ အကုန်လုံး ဖြတ်တောက်တဲ့အပြင် ရုပ်သံတွေလည်းပဲ ဖြတ်တောက်လိုက်တဲ့အခါကြတော့ BNI အနေနဲ့ ELTV program အနေနဲ့ တင်ဆက်နေတဲ့ DVB လိုင်းပါပါသွားတယ်လေ။ အဲ့လိုအနေအထားမျိုးမှာ တိုင်းရင်းသားလူထုကို သတင်းတွေပြန်ပြီး ထုတ်လွှင့်ပေးတဲ့အချိန်မှာ Digital Online ကို ပြန်ပြီးအသုံးချပြီး လုပ်ဆောင်ရ တဲ့ သဘောမျိုးပေါ့နော်” ဟု ပြောသည်။

တပ်မတော်မှ အာဏာသိမ်းသည့်နေ့မှ စတင်၍ ထုတ်လွှင့်နေကြ ရုပ်သံအစီအစဉ်များ၊ ရုပ်သံလိုင်းများဖြတ် တောက်ခံလိုက်ရသည့်အတွက် အာဏာသိမ်းပြီးနောက် ဒုတိယနေ့ မှ စတင်၍ Digital Online ကို အသုံးပြု၍ ပုံမှန်ထုတ်လွှင့်နေကြအစီအစဉ်များကို တင်ဆက်ပေးနေသည်ဟု BNI မှ တာဝန်ရှိသူများက ပြောသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်၍ BNI ၏ ဝက်ဆိုက်ဖြစ်သည့် https://www.bnionline.net/mm တွင် သော်လည်းကောင်း၊ BNI ၏ Facebook စာမျက်နှာ https://www.facebook.com/BNItvandnews နှင့် YouTube Channel https://www.youtube.com/channel/UC8qx6_K2AmrTHR28EjTIgpw တို့တွင် ပုံမှန် အတိုင်း ပြန်လည်ထုတ်လွှင်ပေးနေသည်ဟု ပြောသည်။

“တိုင်းပြည်ရဲ့ အပြောင်းအလဲဖြစ်သွားတဲ့အနေအထားအပေါ်မှာ ဒီလိုမျိုး ရုပ်သံလိုင်းတွေက အစ အကုန်လုံး ကို လုံးဝ ဖြတ်တောက်လိုက်တယ်ပေါ့နော်။ ဖြတ်တောက်လိုက်တယ်ဆိုတာကတော့ ဒီသတင်းဌာနတွေအနေနဲ့ ရုပ် သံလိုင်းတွေက ပြည်သူတွေကို နေ့ဓဓူဝ အသိပေးတဲ့ ပညာပေးတဲ့ကိစ္စတွေက လုံးဝရပ်ဆိုင်းသွားတဲ့ ပုံစံမျိုးဖြစ် သွားတာကို။ ဒါမျိုးတွေက အဲ့လိုဆက်ဖြစ်နေမယ်ဆိုလို့ရှိရင် အကြာကြီးဆက်ဖြစ်နေမယ်ဆိုရင် တိုင်းပြည်ထဲ မှာရှိတဲ့ တိုင်းရင်းသားပြည်သူလူထုအတွက်ကို မျက်စိပိတ်နားပိတ်စေတဲ့ အနေအထားမျိုး ဖြစ်သွားတာပေါ့နော်” ဟု နန်းဖော့ဂေ က ဆက်ပြောသည်။

ယခုကဲ့သို့ ရုပ်သံသတင်းဌာနများ ထုတ်လွှင့်ခွင့် ဖြတ်တောက်ခံရခြင်းသည် ပြည်သူများအနေဖြင့် သတင်း အချက်အလက်ရပိုင်ခွင့်များ ဆုံးရှုံးသွားသည့်အတွက် အမြန်ဆုံး ပြန်ဖွင့်ပေးစေချင်သည်ဟု နန်းဖော့ဂေ က ပြောသည်။

“အရင့်အရင် ကုန်လွန်ခဲ့တဲ့ ခေတ်ကို ရောက်သလိုမျိုး ဖြစ်သွားတဲ့အခါကြတော့ ဒါက ရှေ့ဆက်သွားမယ့် တိုင်း ပြည်အတွက် နိုင်ငံရေးအရ ရှေ့ဆက်သွားဖို့က စိန်ခေါ်မှု ကြီးကြီးဖြစ်သွားမယ်။ ပြည်သူလူထုတွေလည်း သိ သင့် သိထိုက်တဲ့ သတင်းအချက်အလက်တွေ ရသင့်ရထိုက်တဲ့ ပညပေးအစီအစဉ်တွေ ပြတ်တောက်သွားမယ် ဆို ရင်တော့ ပြည်သူလူထုအတွက်လည်း စိုးရိမ်စရာဖြစ်တယ်။ ဒီအတွက်ကိုတော့ ပြန်ပြီးတော့ အကြာကြီး မဟုတ်ပဲ တစ်စုံတစ်ရာ ပြန်ပြီး ဖွင့်ပေးစေချင်တာပေါ့နော်”

Ethnic Language TV program ဟု ခေါ်သည့် တိုင်းရင်းသားဘာသာ ရုပ်သံအစီအစဉ်မှာ နိုင်ငံတကာ မြန်မာ သတင်းအဖွဲ့ (BNI) ၏ အဖွဲ့ဝင်များ က ထုတ်လွှင့်ပြီး DVB ရုပ်သံသတင်းဌာနတွင် နေ့စဉ် ၁၃ မိနစ်စာ တင်ဆက် ပေးနေသည့် အစီအစဉ်ဖြစ်သည်။

တိုင်းရင်းသားဘာသာ ရုပ်သံအစီအစဉ်တွင် ကချင် ဘာသာကို KNG၊ ကယား ဘာသာကို (ကန္တာရဝတီတိုင်း(မ်))၊ ကရင်ဘာသာကို (ကရင်သတင်းစဉ်)၊ ချင်းဘာသာကို (ချင်းဝေါလ်နဲ့ ခိုနုမ်းသုန်)၊ မွန်ဘာသာကို (မွန်သတင်း အေ ဂျင်စီ)၊ ဗမာဘာသာကို (သတင်းနှင့်မီဒီယာကွန်ရက်)၊ ရခိုင်ဘာသာကို (နေရဉ္စရာ) နှင့် ရှမ်းဘာသာကို (သျှမ်းသံ တော်ဆင့်) သတင်းဌာနများက သူ့ရက်အလိုက် အပတ်စဉ် တိုင်းရင်းသားဘာသာစကားပြော၊ မြန်မာစာတန်းထိုး ဖြင့် တင်ဆက်ပေးနေခြင်း ဖြစ်သည်။

တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ်ကို မိခင်ဘာသာစကားဖြင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ စီး ပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးသတင်းများနှင့် ဒေသအတွင်းသတင်းများကို လက်လှမ်းမီသလောက် တင်ဆက်ပေးနေပြီး အမျိုးသမီးနှင့် လူငယ်ကဏ္ဍများကိုလည်း တင်ဆက်ပေးနေသည့် အစီအစဉ် ဖြစ်သည်။

*** ZAWGYI ***
လြတ္လပ္ေသာ တိုင္းရင္းသား ဘာသာ အစီအစဥ္မ်ား Online မွ ဆက္လက္ လႊင့္မည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၃ ရက္။

ဒီဗီဘီ ႐ုပ္သံ အစီအစဥ္တြင္ ထုတ္လႊင့္ေနသည့္ အပါတ္စဥ္ တိုင္းရင္းသားဘာသာ သတင္းအစီအစဥ္မ်ားကို Online မွ ဆက္လက္ ထုတ္လႊင့္ျပသသြားမည္ဟု ႏိုင္ငံတကာ ျမန္မာ့သတင္း BNI က ေျပာသည္။

တပ္မေတာ္မွ အာဏာသိမ္းၿပီးေနာက္ DVB ႐ုပ္သံသတင္းဌာန၏ ေန႔စဥ္ထုတ္လႊင့္ျပသေနမႈမ်ားအား ပိတ္ထားသည့္အတြက္ ယခုကဲ့သို႔ Online မွ ထုတ္လႊင့္သြားရန္ စီစဥ္လိုက္ရျခင္း ျဖစ္သည္ဟု BNI ၏ မူဝါဒေရးရာ ဥကၠ႒ နန္းေဖာ့ေဂ က ေျပာသည္။

“အခုလက္ရွိက ကိုယ့္ႏိုင္ငံက ကိုယ့္ႏိုင္ငံထဲမွာလည္း လက္ရွိအစိုးရအေပၚမွာ စစ္အာဏာသိမ္းလိုက္တဲ့ အခါၾက ေတာ့ အဲ့လိုစစ္အစိုးရက တက္လာတယ္ေလ။ တက္လာတဲ့အခါၾကေတာ့ ဆက္သြယ္ေရးအပိုင္းေတြ အကုန္လုံး ျဖတ္ေတာက္တဲ့အျပင္ ႐ုပ္သံေတြလည္းပဲ ျဖတ္ေတာက္လိုက္တဲ့အခါၾကေတာ့ BNI အေနနဲ႔ ELTV program အေနနဲ႔ တင္ဆက္ေနတဲ့ DVB လိုင္းပါပါသြားတယ္ေလ။ အဲ့လိုအေနအထားမ်ိဳးမွာ တိုင္းရင္းသားလူထုကို သတင္းေတြျပန္ၿပီး ထုတ္လႊင့္ေပးတဲ့အခ်ိန္မွာ Digital Online ကို ျပန္ၿပီးအသုံးခ်ၿပီး လုပ္ေဆာင္ရ တဲ့ သေဘာမ်ိဳးေပါ့ေနာ္” ဟု ေျပာသည္။

တပ္မေတာ္မွ အာဏာသိမ္းသည့္ေန႔မွ စတင္၍ ထုတ္လႊင့္ေနၾက ႐ုပ္သံအစီအစဥ္မ်ား၊ ႐ုပ္သံလိုင္းမ်ားျဖတ္ ေတာက္ခံလိုက္ရသည့္အတြက္ အာဏာသိမ္းၿပီးေနာက္ ဒုတိယေန႔ မွ စတင္၍ Digital Online ကို အသုံးျပဳ၍ ပုံမွန္ထုတ္လႊင့္ေနၾကအစီအစဥ္မ်ားကို တင္ဆက္ေပးေနသည္ဟု BNI မွ တာဝန္ရွိသူမ်ားက ေျပာသည္။

ေဖေဖာ္ဝါရီလ ၂ ရက္ေန႔မွ စတင္၍ BNI ၏ ဝက္ဆိုက္ျဖစ္သည့္ https://www.bnionline.net/mm တြင္ ေသာ္လည္းေကာင္း၊ BNI ၏ Facebook စာမ်က္ႏွာ https://www.facebook.com/BNItvandnews ႏွင့္ YouTube Channel https://www.youtube.com/channel/UC8qx6_K2AmrTHR28EjTIgpw တို႔တြင္ ပုံမွန္ အတိုင္း ျပန္လည္ထုတ္လႊင္ေပးေနသည္ဟု ေျပာသည္။

“တိုင္းျပည္ရဲ႕ အေျပာင္းအလဲျဖစ္သြားတဲ့အေနအထားအေပၚမွာ ဒီလိုမ်ိဳး ႐ုပ္သံလိုင္းေတြက အစ အကုန္လုံး ကို လုံးဝ ျဖတ္ေတာက္လိုက္တယ္ေပါ့ေနာ္။ ျဖတ္ေတာက္လိုက္တယ္ဆိုတာကေတာ့ ဒီသတင္းဌာနေတြအေနနဲ႔ ႐ုပ္ သံလိုင္းေတြက ျပည္သူေတြကို ေန႔ဓဓူဝ အသိေပးတဲ့ ပညာေပးတဲ့ကိစၥေတြက လုံးဝရပ္ဆိုင္းသြားတဲ့ ပုံစံမ်ိဳးျဖစ္ သြားတာကို။ ဒါမ်ိဳးေတြက အဲ့လိုဆက္ျဖစ္ေနမယ္ဆိုလို႔ရွိရင္ အၾကာႀကီးဆက္ျဖစ္ေနမယ္ဆိုရင္ တိုင္းျပည္ထဲ မွာရွိတဲ့ တိုင္းရင္းသားျပည္သူလူထုအတြက္ကို မ်က္စိပိတ္နားပိတ္ေစတဲ့ အေနအထားမ်ိဳး ျဖစ္သြားတာေပ့ါ ေနာ္” ဟု နန္းေဖာ့ေဂ က ဆက္ေျပာသည္။

ယခုကဲ့သို႔ ႐ုပ္သံသတင္းဌာနမ်ား ထုတ္လႊင့္ခြင့္ ျဖတ္ေတာက္ခံရျခင္းသည္ ျပည္သူမ်ားအေနျဖင့္ သတင္း အခ်က္အလက္ရပိုင္ခြင့္မ်ား ဆုံးရႈံးသြားသည့္အတြက္ အျမန္ဆုံး ျပန္ဖြင့္ေပးေစခ်င္သည္ဟု နန္းေဖာ့ေဂ က ေျပာသည္။

“အရင့္အရင္ ကုန္လြန္ခဲ့တဲ့ ေခတ္ကို ေရာက္သလိုမ်ိဳး ျဖစ္သြားတဲ့အခါၾကေတာ့ ဒါက ေရွ႕ဆက္သြားမယ့္ တိုင္း ျပည္အတြက္ ႏိုင္ငံေရးအရ ေရွ႕ဆက္သြားဖို႔က စိန္ေခၚမႈ ႀကီးႀကီးျဖစ္သြားမယ္။ ျပည္သူလူထုေတြလည္း သိ သင့္ သိထိုက္တဲ့ သတင္းအခ်က္အလက္ေတြ ရသင့္ရထိုက္တဲ့ ပညေပးအစီအစဥ္ေတြ ျပတ္ေတာက္သြားမယ္ ဆို ရင္ေတာ့ ျပည္သူလူထုအတြက္လည္း စိုးရိမ္စရာျဖစ္တယ္။ ဒီအတြက္ကိုေတာ့ ျပန္ၿပီးေတာ့ အၾကာႀကီး မဟုတ္ပဲ တစ္စုံတစ္ရာ ျပန္ၿပီး ဖြင့္ေပးေစခ်င္တာေပါ့ေနာ္”

Ethnic Language TV program ဟု ေခၚသည့္ တိုင္းရင္းသားဘာသာ ႐ုပ္သံအစီအစဥ္မွာ ႏိုင္ငံတကာ ျမန္မာ သတင္းအဖြဲ႕ (BNI) ၏ အဖြဲ႕ဝင္မ်ား က ထုတ္လႊင့္ၿပီး DVB ႐ုပ္သံသတင္းဌာနတြင္ ေန႔စဥ္ ၁၃ မိနစ္စာ တင္ဆက္ ေပးေနသည့္ အစီအစဥ္ျဖစ္သည္။

တိုင္းရင္းသားဘာသာ ႐ုပ္သံအစီအစဥ္တြင္ ကခ်င္ ဘာသာကို KNG၊ ကယား ဘာသာကို (ကႏၲာရဝတီတိုင္း(မ္))၊ ကရင္ဘာသာကို (ကရင္သတင္းစဥ္)၊ ခ်င္းဘာသာကို (ခ်င္းေဝါလ္နဲ႔ ခိုႏုမ္းသုန္)၊ မြန္ဘာသာကို (မြန္သတင္း ေအ ဂ်င္စီ)၊ ဗမာဘာသာကို (သတင္းႏွင့္မီဒီယာကြန္ရက္)၊ ရခိုင္ဘာသာကို (ေနရၪၥရာ) ႏွင့္ ရွမ္းဘာသာကို (သွ်မ္းသံ ေတာ္ဆင့္) သတင္းဌာနမ်ားက သူ႔ရက္အလိုက္ အပတ္စဥ္ တိုင္းရင္းသားဘာသာစကားေျပာ၊ ျမန္မာစာတန္းထိုး ျဖင့္ တင္ဆက္ေပးေနျခင္း ျဖစ္သည္။

တိုင္းရင္းသားဘာသာ႐ုပ္သံအစီအစဥ္ကို မိခင္ဘာသာစကားျဖင့္ ႏိုင္ငံေရး၊ ၿငိမ္းခ်မ္းေရး၊ လူ႔အခြင့္အေရး၊ စီး ပြားေရး၊ ပညာေရး၊ က်န္းမာေရး၊ လူမႈေရးသတင္းမ်ားႏွင့္ ေဒသအတြင္းသတင္းမ်ားကို လက္လွမ္းမီသေလာက္ တင္ဆက္ေပးေနၿပီး အမ်ိဳးသမီးႏွင့္ လူငယ္က႑မ်ားကိုလည္း တင္ဆက္ေပးေနသည့္ အစီအစဥ္ ျဖစ္သည္။