မြစ်ကြီးနားတွင် လူသောင်းချီ ဆန္ဒထုတ်ဖော်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် သောင်းနှင့်ချီသော ပြည်သူများက ဖေဖော်ဝါရီလ ၈ ရက်နေ့ (ယနေ့) တွင် စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ထိုဆန္ဒထုတ်ဖော်မှုတွင် ဒေသခံ ကချင်တိုင်းရင်းသားလူငယ်များ၊ ကျောင်းသားများ၊ အစိုးရဝန်ထမ်းများနှင့် ပြည် သူများက ပါဝင်ခဲ့ကြပြီး မြစ်ကြီးနားမြို့ ၊ မနောအားကစားကွင်းနှင့် မနောကွင်းနေရာတို့တွင် ယနေ့ နံနက် ၈ နာရီ အချိန်က ပြည်သူများစုဝေး၍ မြစ်ကြီးနားမြို့ ပတ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

“ဘုန်းဘုန်းတို့လည်း စစ်အာဏာရှင်စနစ်ကို လုံးဝအလိုမရှိဘူး။ ပြည်သူတွေ ကပ်လှူတဲ့ဆွမ်းကိုစားပြီးတော့ ပြည်သူတွေအတွက် ဘုန်းဘုန်းတို့လည်း တာဝန်ကျေချင်တယ်။ မင်းအောင်လှိုင်အစိုးရကို လုံးဝမလိုမရှိဘူး” ဟု မြစ်ကြီးနားမြို့ ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဘုန်းတော်ကြီးတစ်ပါးက မိန့်ကြားသည်။

လမ်းလျှောက်ဆန္ဒထုတ်သူများအပြင် ဆိုင်ကယ်များ၊ မော်တော်ယာဉ်များနှင့်ပါ မြစ်ကြီးနားမြို့ ပတ်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ ကြသည်။

မြစ်ကြီးနားမြို့ ခံတစ်ဦးကလည်း “တပ်မတော်ကို ချစ်တယ်။ ဒါပေမယ့် စစ်အုပ်စုတစ်စုကို မချစ်လို့ ဆန့်ကျင် တာ။ ကျနော်တို့ ပြည်သူတွေအားလုံးလည်း စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြဖို့ တိုက်တွန်းချင်တယ်။ စစ်အုပ် ချုပ်ရေး စနစ်ကြီးက ပိုပြီးလာမယ်ဆိုရင် ပြည်သူ့ဘဝနိမ့်ကျမယ်။ နောက်မျိုးဆက်တွေအတွက် အစစအရာရာ ပျက်သုန်း သွားမယ်ဆိုတာ ကမ္ဘာသိအောင်ပြောပေးကြပါ” ဟု ပြောသည်။

မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုတွင် စစ်အာဏာရှင်စနစ် မုချ ကျ ဆုံး ပါစေ၊ ဖမ်းဆီးခံရထားသည့် ခေါင်းဆောင်များ ချက်ချင်းလွှတ် ချက်ချင်းလွှတ်၊ အာဏာရှင်စနစ်အလိုမရှိ၊ မတရားအာဏာသိမ်း စစ်အစိုးရ အလိုမရှိ၊ ဒီမိုကရေစီ စနစ် ရှင်သန်ခိုင်မာရေး တို့အရေး၊ ဒီမိုကရေစီ အရေး တော်ပုံအောင်ရမည်၊ CDM လုပ်ခြင်းဖြင့် တိုင်းပြည်ကို ကာကွယ်ပါ၊ ငါတို့ခေတ် သမိုင်းမရိုင်းစေနဲ့ စသည့် ဆိုင်း ဘုတ်များကိုင်ဆောင်ခြင်း၊ ကြွေးကြော်ခြင်းတို့ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြစ်ကြီးနားမြို့ ပြည်သူများကလည်း ဆန္ဒထုတ်ဖော်သူများကို ဝန်းရံပေးခဲ့ကြပြီး အချို့ ပြည်သူများ လမ်းကြောင်း တစ်လျှောက် စားစရာများ၊ သောက်ရေများ၊ Mask များ၊ လက်အိတ်များ ပေးဝေခဲ့ကြသည်။

ရေနှင့် စားစရာများကို ပေးဝေနေသူ မြစ်ကြီးနားမြို့ က မြို့ခံတစ်ဦး က လည်း “ဆန္ဒပြတဲ့ ပြည်သူတွေအားလုံး အတွက် တတ်နိုင်သလောက်လေး ရေလေးဘာလေး ဝေတာပါ။ ကျနော်တို့ကို ဘယ်သူကမှ မခေါ်ပါဘူးဗျ။ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ်ပဲ အားလုံးက လမ်းပေါ်တက်လာကြတာပဲလေနော်” ဟု ပြောသည်။

အလားတူ ဗန်းမော်၊ ဖားကန့်၊ နမ္မတီး၊ မိုးကောင်း၊ မိုးညှင်း၊ ပူတာအိုမြို့တို့တွင်လည်း တပြိုင်တည်း စစ်အာဏာ ရှင်ဆန့်ကျင်ရေး ပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ (ယမန်နေ့) ညနေပိုင်းကလည်း ဆိုင်ကယ်များဖြင့် လှည့်လည်ကာ စစ်အာဏာရှင်ဆန်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုအချို့ ရှိခဲ့ပြီး ညတိုင်း အိုးခွက်သံပုံးများတီးကာ စစ်အာဏာ သိမ်းမှုကို မလိုလားကြောင်း၊ ဆန့်ကျင်ကြောင်း အခြားသော တိုင်းနှင့်ပြည်နယ်အသီးသီးက ပြည်သူများနည်းတူ ဆန္ဒထုတ်ဖော် နေကြသည်။

ထို့အပြင် အခြားသော ပြည်နယ်များနှင့် တိုင်းဒေသကြီးတို့ရှိ မြို့နယ်အသီးသီးတွင်လည်း စစ်အာဏာရှင် ဆန့် ကျင်ရေး ဆန္ဒထုတ်ဖော်နေကြသည်။

*** ZAWGYI ***
ျမစ္ၾကီးနားတြင္ လူေသာင္းခ်ီ ဆႏၵထုတ္ေဖာ္

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုနွစ္၊ ေဖေဖာ္ဝါရီ ၈ ရက္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ ေသာင္းႏွင့္ခ်ီေသာ ျပည္သူမ်ားက ေဖေဖာ္ဝါရီလ ၈ ရက္ေန႔ (ယေန႔) တြင္ စစ္အာဏာရွင္ ဆန္႔က်င္ေၾကာင္း ဆႏၵထုတ္ေဖာ္ ခဲ့ၾကသည္။

ထိုဆႏၵထုတ္ေဖာ္မႈတြင္ ေဒသခံ ကခ်င္တုိင္းရင္းသားလူငယ္မ်ား၊ ေက်ာင္းသားမ်ား၊ အစိုးရဝန္ထမ္းမ်ားႏွင့္ ျပည္ သူမ်ားက ပါဝင္ခဲ့ၾကၿပီး ျမစ္ႀကီးနားၿမိဳ႕ ၊ မေနာအားကစားကြင္းႏွင့္ မေနာကြင္းေနရာတို႔တြင္ ယေန႔ နံနက္ ၈ နာရီ အခ်ိန္က ျပည္သူမ်ားစုေဝး၍ ျမစ္ႀကီးနားၿမိဳ႕ ပတ္ကာ ဆႏၵထုတ္ေဖာ္ခဲ့ၾကျခင္းျဖစ္သည္။

“ဘုန္းဘုန္းတို႔လည္း စစ္အာဏာရွင္စနစ္ကို လံုးဝအလိုမရွိဘူး။ ျပည္သူေတြ ကပ္လွဴတဲ့ဆြမ္းကိုစားၿပီးေတာ့ ျပည္သူေတြအတြက္ ဘုန္းဘုန္းတို႔လည္း တာဝန္ေက်ခ်င္တယ္။ မင္းေအာင္လိႈင္အစိုးရကို လံုးဝမလိုမရွိဘူး” ဟု ျမစ္ႀကီးနားၿမိဳ႕ ဆႏၵထုတ္ေဖာ္သည့္ လႈပ္ရွားမႈတြင္ ပါဝင္ခဲ့သည့္ ဘုန္းေတာ္ႀကီးတစ္ပါးက မိန္႔ၾကားသည္။

လမ္းေလ်ွာက္ဆႏၵထုတ္သူမ်ားအျပင္ ဆုိင္ကယ္မ်ား၊ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ပါ ျမစ္ႀကီးနားၿမိဳ႕ ပတ္ကာ ဆႏၵ ထုတ္ေဖာ္ခဲ့ ၾကသည္။

ျမစ္ႀကီးနားၿမိဳ႕ ခံတစ္ဦးကလည္း “တပ္မေတာ္ကို ခ်စ္တယ္။ ဒါေပမယ့္ စစ္အုပ္စုတစ္စုကို မခ်စ္လို႔ ဆန္႔က်င္ တာ။ က်ေနာ္တို႔ ျပည္သူေတြအားလံုးလည္း စစ္အုပ္ခ်ဳပ္ေရးကို ဆန္႔က်င္ၾကဖုိ႔ တုိက္တြန္းခ်င္တယ္။ စစ္အုပ္ ခ်ဳပ္ေရး စနစ္ႀကီးက ပိုၿပီးလာမယ္ဆုိရင္ ျပည္သူ႔ဘဝနိမ့္က်မယ္။ ေနာက္မ်ိဳးဆက္ေတြအတြက္ အစစအရာရာ ပ်က္သုန္း သြားမယ္ဆုိတာ ကမၻာသိေအာင္ေျပာေပးၾကပါ” ဟု ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕တြင္ ျပဳလုပ္သည့္ စစ္အာဏာရွင္ ဆန္႔က်င္ေရးဆႏၵထုတ္ေဖာ္မႈတြင္ စစ္အာဏာရွင္စနစ္ မုခ် က် ဆံုး ပါေစ၊ ဖမ္းဆီးခံရထားသည့္ ေခါင္းေဆာင္မ်ား ခ်က္ခ်င္းလႊတ္ ခ်က္ခ်င္းလႊတ္၊ အာဏာရွင္စနစ္အလိုမရွိ၊ မတရားအာဏာသိမ္း စစ္အစိုးရ အလိုမရွိ၊ ဒီမိုကေရစီ စနစ္ ရွင္သန္ခိုင္မာေရး တို႔အေရး၊ ဒီမိုကေရစီ အေရး ေတာ္ပံုေအာင္ရမည္၊ CDM လုပ္ျခင္းျဖင့္ တုိင္းျပည္ကို ကာကြယ္ပါ၊ ငါတုိ႔ေခတ္ သမုိင္းမရိုင္းေစနဲ႔ စသည့္ ဆုိင္း ဘုတ္မ်ားကိုင္ေဆာင္ျခင္း၊ ေၾကြးေၾကာ္ျခင္းတို႔ျဖင့္ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

ျမစ္ႀကီးနားၿမိဳ႕ ျပည္သူမ်ားကလည္း ဆႏၵထုတ္ေဖာ္သူမ်ားကို ဝန္းရံေပးခဲ့ၾကၿပီး အခ်ိဳ႕ ျပည္သူမ်ား လမ္းေၾကာင္း တစ္ေလ်ွာက္ စားစရာမ်ား၊ ေသာက္ေရမ်ား၊ Mask မ်ား၊ လက္အိတ္မ်ား ေပးေဝခဲ့ၾကသည္။

ေရႏွင့္ စားစရာမ်ားကို ေပးေဝေနသူ ျမစ္ႀကီးနားၿမိဳ႕ က ၿမိဳ႕ခံတစ္ဦး က လည္း “ဆႏၵျပတဲ့ ျပည္သူေတြအားလံုး အတြက္ တတ္ႏုိင္သေလာက္ေလး ေရေလးဘာေလး ေဝတာပါ။ က်ေနာ္တုိ႔ကို ဘယ္သူကမွ မေခၚပါဘူးဗ်။ ကိုယ့္အသိစိတ္ဓါတ္နဲ႔ကိုယ္ပဲ အားလံုးက လမ္းေပၚတက္လာၾကတာပဲေလေနာ္” ဟု ေျပာသည္။

အလားတူ ဗန္းေမာ္၊ ဖားကန္႔၊ နမၼတီး၊ မိုးေကာင္း၊ မုိးညွင္း၊ ပူတာအိုၿမိဳ႕တို႔တြင္လည္း တၿပိဳင္တည္း စစ္အာဏာ ရွင္ဆန္႔က်င္ေရး ျပည္သူမ်ားက ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

ျမစ္ႀကီးနားၿမိဳ႕တြင္ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ (ယမန္ေန႔) ညေနပိုင္းကလည္း ဆုိင္ကယ္မ်ားျဖင့္ လွည့္လည္ကာ စစ္အာဏာရွင္ဆန္က်င္ေၾကာင္း ဆႏၵထုတ္ေဖာ္မႈအခ်ိဳ႕ ရွိခဲ့ၿပီး ညတိုင္း အိုးခြက္သံပုံးမ်ားတီးကာ စစ္အာဏာ သိမ္းမႈကို မလိုလားေၾကာင္း၊ ဆန႔္က်င္ေၾကာင္း အျခားေသာ တိုင္းႏွင့္ျပည္နယ္အသီးသီးက ျပည္သူမ်ားနည္းတူ ဆႏၵထုတ္ေဖာ္ ေနၾကသည္။

ထုိ႔အျပင္ အျခားေသာ ျပည္နယ္မ်ားႏွင့္ တုိင္းေဒသႀကီးတုိ႔ရွိ ၿမိဳ႕နယ္အသီးသီးတြင္လည္း စစ္အာဏာရွင္ ဆန္႔ က်င္ေရး ဆႏၵထုတ္ေဖာ္ေနၾကသည္။