မြစ်ကြီးနား သတင်းသမားများ ပြန်လွတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင် ဖမ်းဆီးခံထားရသည့် သတင်းထောက် ၅ ဦး ကို ပြန်လွှတ်ပေးပြီးဟု သိရ သည်။

၎င်းတို့၏ မိသားစုဝင်တစ်ဦးက “ဟုတ်တယ် အခုပဲ လွှတ်ပေးလိုက်ပြီလို့ ပြောတယ်။ ဘယ်လိုပုံစံနဲ့ လွတ်ပေး တာလည်းဆိုတာတော့ အတိအကျမသိရသေးဘူး။ ဟို ခံဝင်ထိုးရလားမထိုးရလားဆိုတာလည်း မသိသေးပါဘူး။ အခုပဲ ပြန်လာနေပြီလို့ပဲ ပြောတယ်။ သူတို့နဲ့ ဒါရိုက်တော့ ဖုန်းမရသေးဘူး။ သူတို့ရုံးက လူတွေ ဖုန်းဆက်လာ တာပါ” ဟု ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ မန်ခိန်ရပ်ကွက်တွင်းရှိ စက်မှုဇုန်ထဲက လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး ရုံးအတွင်း လုံခြုံရေးယူ ထားသည့် စစ်သားများ ထွက်ပေးရန် ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်ကတည်းက ပြည်သူများ နှင့် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များအကြား အငြင်းပွားမှုများ ဖြစ်ပွားပြီးနောက် သတင်းထောက် ၅ ဦးနှင့်အတူ ဆန္ဒ ပြပြည်သူတချို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက်များမှာ မဇ္ဈိမ သတင်းဌာနက ကိုဆိုင်းလတ်အောင်၊ The 74 သတင်းဌာနက အယ်ဒီတာ ကိုထွယ်အောင်နှင့် ကင်မရာမန်း ကိုနော်ဆိုင်း၊ ထာဝရငြိမ်းချမ်းရေးကွန်ရက်(EPN) က ကိုရန်ကောင်း နှင့် ကိုဝေယံတို့ ဖြစ်ကြသည်။

*** ZAWGYI ***
ျမစ္ႀကီးနား သတင္းသမားမ်ား ျပန္လြတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁၅ ရက္။

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ တြင္ ဖမ္းဆီးခံထားရသည့္ သတင္းေထာက္ ၅ ဦး ကို ျပန္လႊတ္ေပးၿပီးဟု သိရ သည္။

၎တို႔၏ မိသားစုဝင္တစ္ဦးက “ဟုတ္တယ္ အခုပဲ လႊတ္ေပးလိုက္ၿပီလို႔ ေျပာတယ္။ ဘယ္လိုပုံစံနဲ႔ လြတ္ေပး တာလည္းဆိုတာေတာ့ အတိအက်မသိရေသးဘူး။ ဟို ခံဝင္ထိုးရလားမထိုးရလားဆိုတာလည္း မသိေသးပါဘူး။ အခုပဲ ျပန္လာေနၿပီလို႔ပဲ ေျပာတယ္။ သူတို႔နဲ႔ ဒါ႐ိုက္ေတာ့ ဖုန္းမရေသးဘူး။ သူတို႔႐ုံးက လူေတြ ဖုန္းဆက္လာ တာပါ” ဟု ေျပာသည္။

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ ၊ မန္ခိန္ရပ္ကြက္တြင္းရွိ စက္မႈဇုန္ထဲက လွ်ပ္စစ္ဓါတ္အားျဖန႔္ျဖဴးေရး ႐ုံးအတြင္း လုံၿခဳံေရးယူ ထားသည့္ စစ္သားမ်ား ထြက္ေပးရန္ ယမန္ေန႔ ေန႔လည္ ၁၂ နာရီအခ်ိန္ခန႔္ကတည္းက ျပည္သူမ်ား ႏွင့္ စစ္သားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားအၾကား အျငင္းပြားမႈမ်ား ျဖစ္ပြားၿပီးေနာက္ သတင္းေထာက္ ၅ ဦးႏွင့္အတူ ဆႏၵ ျပျပည္သူတခ်ိဳ႕ ဖမ္းဆီးခံခဲ့ရျခင္း ျဖစ္သည္။

ဖမ္းဆီးခံခဲ့ရသည့္ သတင္းေထာက္မ်ားမွာ မဇၩိမ သတင္းဌာနက ကိုဆိုင္းလတ္ေအာင္၊ The 74 သတင္းဌာနက အယ္ဒီတာ ကိုထြယ္ေအာင္ႏွင့္ ကင္မရာမန္း ကိုေနာ္ဆိုင္း၊ ထာဝရၿငိမ္းခ်မ္းေရးကြန္ရက္(EPN) က ကိုရန္ေကာင္း ႏွင့္ ကိုေဝယံတို႔ ျဖစ္ၾကသည္။