အပစ်ရပ်အဖွဲ့များ ခေါင်းဆောင်က စစ်အစိုးရ လုပ်ရပ်များအား ရှုတ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်။

အာဏာသိမ်း စစ်အစိုးရ၏ ဥပဒေ ထုတ်ပြန်ချက်များသည် အာဏာရှင်စနစ်ကို ပြန်လည်အသက် သွင်း လိုက်ပြီး ပြည်သူများ၏ လွတ်လပ်မှုကို ကန့်သတ် ချုပ်ချယ်လိုက်ခြင်းဖြစ်သည်ဟု NCA အပစ် ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ယာယီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ယနေ့တွင် ပြုလုပ်သည့် PPST ၏ အထူးအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် PPST ယာယီ ဥက္ကဋ္ဌ က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးယွက်စစ်က “တစ်ဖက်မှာလည်း အာဏာသိမ်းတဲ့ အရေးအပေါ်အခြေအနေ ထုတ်ပြန်တဲ့ ကာလ အတွင်း အာဏာရှင် စနစ်ကို သက်ဆိုးရှည်စေမယ့် ခေတ်ကာလနဲ့ မလျော်ညီတော့တဲ့ ဥပဒေများအား စစ် အစိုးရက ဆင့်ကဲ ဆင့်ကဲ ထုတ်ပြန်ပြဌာန်းခြင်းဟာ ဖက်ဒရယ်၊ ဒီမိုကရေစီစံနှုန်းများနဲ့ လုံးလုံးလျားလျား ဆန့်ကျင်ပြီး အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းတဲ့ ဆောင်ရွက်ချက်များပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ နောက်ကြောင်း ပြန်လှည့်စေတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ပြည်သူလူထုတို့ရဲ့ လွတ်လပ်မှု အားလုံးကို ကန့် သတ်ချုပ်ချယ်လိုက်တာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

RCSS အနေဖြင့် တပ်မတော်၏ အာဏာသိမ်းမှုကို လက်မခံ၍ နည်းလမ်းပေါင်းစုံနှင့် ဆန္ဒထုတ်ဖော်နေကြသည့် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ မားမားမတ်မတ် ရပ်တည်အားပေးထောက်ခံသွားမည်ဟု ဆိုသည်။

စစ်အာဏာသိမ်းခြင်းကို မလိုလားသည့် ပြည်နယ်နှင့် တိုင်းအသီးသီးမှ ပြည်သူများမှ ဆန္ဒထုတ်ဖော်မှုများ ကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လာခဲ့ကြပြီး အဆိုပါ ဆန္ဒထုတ်ဖော်မှုများကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် များ က လိုက်လံဖမ်းဆီးမှုများနှင့် အကြမ်းဖက်ဖြိုခွင်းမှုများကို မလုပ်ဆောင်ရန် ဗိုလ်ချုပ်ကြီးယွက်စစ်က ယခုကဲ့သို့ တောင်းဆိုသည်။

၎င်းက “ဆန္ဒပြထုတ်ဖော်ပွဲများနဲ့ Civil Disobedience Movement အာဏာဖီဆန်ရေး လူထုအုံကြွ လှုပ်ရှား မှု တို့တွင် ပါဝင်ခဲ့ကြတဲ့ အလွှာအသီးသီးမှ လူပုဂ္ဂိုလ်များကို ညအချိန်မတော်အတွင်း တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များမှ ဥပဒေမဲ့ လိုက်လံဖမ်းဆီးခြင်းများကို ရပ်တန့်ပြီး ဖမ်းဆီးထားသိမ်းထားတဲ့ သူများအားလုံး ပြန်လွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြခြင်းကို အကြမ်းမဖက်နည်းမလမ်းများနဲ့ မဖြိုခွင်းဖို့ အလေး အနက်တောင်းဆိုပါတယ်” ဟု ပြောသည်။

ယနေ့ပြုလုပ်သည့် PPST ၏ အထူးအစည်းအဝေးတွင် လူထုရွေးကောက်ခံ အစိုးရ မပေါ်ပေါက်သေးမီ အာ ဏာသိမ်းစစ်အစိုးရ အုပ်ချုပ်သည့်ကာလတွင် NCA စာချုပ်၏ ပြည်ထောင်စုအဆင့် နိုင်ငံရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုတွေကို ယာယီဆိုင်းငံ့ထားသင့်၊ မထားသင့် တစ်ဖွဲ့ချင်းနှင့် ဆိုင်သည့် နှစ်ဖက်သဘောတူစာချုပ် (Bilateral Agreements) များကို အခြေခံကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက် လက်အကောင်အထည်ဖော်သင့်၊ မဖော်သင့် စသည်များကို ဆွေးနွေညှိနှိုင်း ဆုံးဖြတ်သွားမှာ ဖြစ်သည်ဟု သိရသည်။

ထို့ပြင် လာမည့် အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲများတွင် ချပြဆွေးနွေးနိုင်ရန် NCA-s EAO များ၏ ဖက်ဒရယ် အခြေခံမူများကိုလည်း ယခုအစည်းအဝေးတွင် ဆွေးနွေးသွားမည့်အပြင် လက်ရှိ နိုင်ငံရေး ငြိမ်းချမ်းရေး အခင်းအကျင်းနှင့် ကိုက်ညီမည့် ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးချမှတ်သွားမည်ဟု ဆိုသည်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာ မြန်မာ နိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်း အမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက် တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

*** ZAWGYI ***
အပစ္ရပ္အဖြဲ႔မ်ား ေခါင္းေဆာင္က စစ္အစိုးရ လုပ္ရပ္မ်ားအား ရွုတ္ခ်

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၉ ရက္။

အာဏာသိမ္း စစ္အစိုးရ၏ ဥပေဒ ထုတ္ျပန္ခ်က္မ်ားသည္ အာဏာရွင္စနစ္ကို ျပန္လည္အသက္ သြင္း လိုက္ၿပီး ျပည္သူမ်ား၏ လြတ္လပ္မႈကို ကန္႔သတ္ ခ်ဳပ္ခ်ယ္လိုက္ျခင္းျဖစ္သည္ဟု NCA အပစ္ ရပ္ အဖြဲ႔မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST ယာယီ ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ က ေျပာသည္။

ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔ ယေန႔တြင္ ျပဳလုပ္သည့္ PPST ၏ အထူးအစည္းအေ၀း အဖြင့္မိန္႔ခြန္းတြင္ PPST ယာယီ ဥကၠ႒ က ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က “တစ္ဖက္မွာလည္း အာဏာသိမ္းတဲ့ အေရးအေပၚအေျခအေန ထုတ္ျပန္တဲ့ ကာလ အတြင္း အာဏာရွင္ စနစ္ကို သက္ဆိုးရွည္ေစမယ့္ ေခတ္ကာလနဲ႕ မေလ်ာ္ညီေတာ့တဲ့ ဥပေဒမ်ားအား စစ္ အစိုးရက ဆင့္ကဲ ဆင့္ကဲ ထုတ္ျပန္ျပဌာန္းျခင္းဟာ ဖက္ဒရယ္၊ ဒီမိုကေရစီစံႏႈန္းမ်ားနဲ႕ လံုးလံုးလ်ားလ်ား ဆန္႔က်င္ၿပီး အာဏာရွင္စနစ္ကို ျပန္လည္အသက္သြင္းတဲ့ ေဆာင္ရြက္ခ်က္မ်ားပဲ ျဖစ္ပါတယ္။ ဒီမိုကေရစီ ေနာက္ေၾကာင္း ျပန္လွည့္ေစတဲ့ လုပ္ရပ္ပဲ ျဖစ္ပါတယ္။ ျပည္သူလူထုတို႔ရဲ႕ လြတ္လပ္မႈ အားလံုးကို ကန္႔ သတ္ခ်ဳပ္ခ်ယ္လိုက္တာပဲ ျဖစ္ပါတယ္” ဟု ေျပာသည္။

RCSS အေနျဖင့္ တပ္မေတာ္၏ အာဏာသိမ္းမႈကို လက္မခံ၍ နည္းလမ္းေပါင္းစံုႏွင့္ ဆႏၵထုတ္ေဖာ္ေနၾကသည့္ တိုင္းရင္းသား ျပည္သူလူထု တစ္ရပ္လံုးႏွင့္အတူ မားမားမတ္မတ္ ရပ္တည္အားေပးေထာက္ခံသြားမည္ဟု ဆိုသည္။

စစ္အာဏာသိမ္းျခင္းကို မလိုလားသည့္ ျပည္နယ္ႏွင့္ တိုင္းအသီးသီးမွ ျပည္သူမ်ားမွ ဆႏၵထုတ္ေဖာ္မႈမ်ား ကို ဆက္တိုက္ဆိုသလို လုပ္ေဆာင္လာခဲ့ၾကၿပီး အဆိုပါ ဆႏၵထုတ္ေဖာ္မႈမ်ားကို တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္ မ်ား က လိုက္လံဖမ္းဆီးမႈမ်ားႏွင့္ အၾကမ္းဖက္ၿဖိဳခြင္းမႈမ်ားကို မလုပ္ေဆာင္ရန္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ယခုကဲ့သို႔ ေတာင္းဆိုသည္။

၎က “ဆႏၵျပထုတ္ေဖာ္ပြဲမ်ားနဲ႕ Civil Disobedience Movement အာဏာဖီဆန္ေရး လူထုအံုႂကြ လႈပ္ရွား မႈ တို႔တြင္ ပါ၀င္ခဲ့ၾကတဲ့ အလႊာအသီးသီးမွ လူပုဂၢိဳလ္မ်ားကို ညအခ်ိန္မေတာ္အတြင္း တပ္မေတာ္သားမ်ား ရဲတပ္ဖြဲ႔၀င္မ်ားမွ ဥပေဒမဲ့ လိုက္လံဖမ္းဆီးျခင္းမ်ားကို ရပ္တန္႔ၿပီး ဖမ္းဆီးထားသိမ္းထားတဲ့ သူမ်ားအားလံုး ျပန္လႊတ္ေပးဖို႔နဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ျပျခင္းကို အၾကမ္းမဖက္နည္းမလမ္းမ်ားနဲ႔ မၿဖိဳခြင္းဖို႔ အေလး အနက္ေတာင္းဆိုပါတယ္” ဟု ေျပာသည္။

ယေန႔ျပဳလုပ္သည့္ PPST ၏ အထူးအစည္းအေ၀းတြင္ လူထုေရြးေကာက္ခံ အစိုးရ မေပၚေပါက္ေသးမီ အာ ဏာသိမ္းစစ္အစိုးရ အုပ္ခ်ဳပ္သည့္ကာလတြင္ NCA စာခ်ဳပ္၏ ျပည္ေထာင္စုအဆင့္ ႏိုင္ငံေရးဆိုင္ရာ အေကာင္အထည္ေဖာ္ေဆာင္ရြက္မႈေတြကို ယာယီဆိုင္းငံ့ထားသင့္၊ မထားသင့္ တစ္ဖြဲ႔ခ်င္းႏွင့္ ဆိုင္သည့္ ႏွစ္ဖက္သေဘာတူစာခ်ဳပ္ (Bilateral Agreements) မ်ားကို အေျခခံကာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဆက္ လက္အေကာင္အထည္ေဖာ္သင့္၊ မေဖာ္သင့္ စသည္မ်ားကို ေဆြးေႏြညွိႏႈိင္း ဆံုးျဖတ္သြားမွာ ျဖစ္သည္ဟု သိရသည္။

ထို႔ျပင္ လာမည့္ အနာဂတ္ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားတြင္ ခ်ျပေဆြးေႏြးႏိုင္ရန္ NCA-s EAO မ်ား၏ ဖက္ဒရယ္ အေျခခံမူမ်ားကိုလည္း ယခုအစည္းအေ၀းတြင္ ေဆြးေႏြးသြားမည့္အျပင္ လက္ရွိ ႏိုင္ငံေရး ၿငိမ္းခ်မ္းေရး အခင္းအက်င္းႏွင့္ ကိုက္ညီမည့္ ေရွ႕လုပ္ငန္းစဥ္မ်ားကိုလည္း ေဆြးေႏြးခ်မွတ္သြားမည္ဟု ဆိုသည္။

NCA အပစ္ရပ္ လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားမွာ ျမန္မာ ႏိုင္ငံ လုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF၊ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU၊ ခ်င္း အမ်ိဳးသားတပ္ဦး CNF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရး အဖြဲ႕ ခ်ဴပ္ PNLO၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS၊ ကရင္အမ်ိဳးသား ဒီမိုေရစီအက်ိဳးျပဳတပ္မေတာ္ DKBA၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူ ဒီမိုကရက္ တစ္အစည္းအ႐ုံး LDU တို႔ ျဖစ္သည္။