အပစ်ရပ်အဖွဲ့များ နိုင်ငံရေးအရ ဆွေးနွေးမှုများ ရပ်ဆိုင်းထားမည်

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်။

လက်ရှိ ကာလတွင် အာဏာသိမ်း စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်း ထားမည်ဟု အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ပြောသည်။

ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၀ ရက်နေ့အထိ ၂ ရက်တာ ပြုလုပ်သည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ အွန်လိုင်း အထူးအစည်းအဝေးမှ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

PPST ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က “ဒီလိုအခြေအနေ မျိုးအောက်မှာ ကျ နော်တို့ ဒီလိုနိုင်ငံရေး ဆွေးနွေး ပွဲမျိုးက အဲဒီစစ်ကောင်စီနဲ့ ဆွေးနွေးဖို့ဆိုတာကို လမ်းကို မရှိပါဘူး။ ဒီအ ချိန်ဒီကာလမျိုးမှာ” ဟု ပြောသည်။

“ကျနော်တို့မှာ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်တဲ့အခါမှာ အစုအဖွဲ့ တွေ ရှိပါတယ်ဗျာ။ အဲဒီအစုအဖွဲ့တွေထဲမှာ ရှင်းရှင်းလင်းလင်း မြင်ရဖို့ဆိုရင် တပ်မတော်ရှိတယ်။ အစိုးရရှိ တယ်လေ အစိုးရ လွှတ်တော်တွေရှိတယ်။ ဒီနေ့ဒီကာလမှာ အားလုံးသိကြတဲ့အတိုင်းပဲ အဲဒီအစုအဖွဲ့တွေက မရှိဘူးလေ မရှိတော့ ဘာဖြစ်သွားလဲ အဲဒီအစုအဖွဲ့က မရှိတဲ့နေရာမှာ ဘယ်လို အလုပ်ခံရသလဲဆိုတော့ ဒီလိုမျိုး ဖြစ်နေတဲ့ အချိန်မှာ ကျတော့ ကျနော်တို့တွေက အဲဒီ ပဲ့ထွက်နေတဲ့အပိုင်းတွေ အစိတ်အပိုင်းတွေ မစုံညီတဲ့ဟာတစ်ခုကို ကျနော်တို့ ဆက်လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။” ဟု ပြောသည်။

NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ယာယီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ၏ ယနေ့ နိဂုံးချုပ်ချုပ် မိန့်ခွန်းတွင်လည်း “လက်ရှိကာလတွင် အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားမည်။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေ စီရရှိရေး၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးစတဲ့ ပန်းတိုင်ရောက်ရှိဖို့ အခုလိုကာလမှာ ရှေ့ခရီးလမ်းဟာ ခက်ခဲ ကြမ်းတမ်းမှာ ဖြစ်လို့ မိမိတို့ NCA-EAO တွေအနေနဲ့ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးနဲ့ တစုတစည်း တည်း လက်တွဲပူးပေါင်းချီတက် အရောက်လှမ်းသွားကြပါလို့ ပြောကြားလိုပါတယ်” ဟု ထည့်သွင်း ပြောကြားထားသည်။

တပ်မတော်မှ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကို နိုင်ငံရေး တွေ့ဆုံဆွေးနွေး နိုင်ရန်အတွက် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဖွဲ့ကို ဖွဲ့စည်းထားပြီး အဆိုပါ အဖွဲ့မှ တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းလာပါက ထည်သွင်းစဉ်းစားမည် မဟုတ်ကြောင်း PPST ပြောရေးဆိုခွင့်ရှိသူ ပဒိုစော တောနီး က ဆက်ပြောသည်။

၎င်းက “အဲဒီကိစ္စကတော့ သူ့ဖက်ကတော့ သူ လုပ်ရမယ့်အပိုင်းဆိုတာက ဘာဖြစ်လို့လဲဆိုတော့ ဒီ NCA စာချုပ်ဟာ သူလည်း ပျက်တယ်လို့ သူမပြောဘူးလေ ကျနော်တို့ကလည်း ဖျက်တယ်လို့ မပြောဘူး။ သို့ သော် ငြားလည်းပဲ ခုနကအတိုင်း သူတို့ ဘယ်လိုပဲ တောင်းဆို တောင်းဆို ဘယ်လိုပဲ အဆိုပြုပြုပေါ့လေ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်မယ် ခုနက ကျနော်ပြောတဲ့အတိုင်းပါပဲ ဒီလိုပဲ့ထွက်နေတဲ့ အစိတ်အပိုင်း တစ်ခုက ကျနော် တို့ ဘယ်လိုမှ လုပ်လို့မရဘူး။ ရှင်းရှင်းပြောရရင် တရားဝင်တဲ့ အစိုးရ တစ်ရပ်တော့ ရှိဖို့လိုတယ်။ ဘာဖြစ်လို့လည်း ကျနော်တို့ တရားဝင်တဲ့ အစိုးရမကဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ စာချုပ်ချုပ်ဆို က တည်းက အဲဒါ Legitimacy ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တယ်။ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကလည်း Legitimacy ရှိတယ်။ NCA စာချုပ်အရ ဆိုတော့က ဒီအခြေအနေမျိုးပေါ်မှာ ဒီလိုအာ ဏာ သိမ်းလိုက်တဲ့အခါမှာ ဒီလိုမျိုးက ကျနော်တို့က ဘယ်လိုမှ Legitimacy လို့ လက်ခံလို့ မရဖြစ်နေသလို တစ် ကမ္ဘာ လုံးကလည်း လက်မခံပါဘူး။ အဲဒါကြောင့်မို့လို့ ဘယ်လိုပဲ တောင်းဆို တောင်းဆို ဘယ်လိုပဲ အဆိုပြုပြု ဒါတွေက ကျနော်တို့ ဒီကာလမှာ စဉ်းစားစရာ မဟုတ်ပါဘူး” ဟု ပြောသည်။

နှစ်ရက်တာ ပြုလုပ်သည့် PPST ၏ အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင် လက်ရှိ ကာလတွင် အာ ဏာသိမ်း စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားရန် အပါအဝင် အချက် ၅ ချက်ကို ထည့်သွင်းထုတ်ပြန်ထားသည်။

အဆိုပါအချက်များမှာ စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် Civil Disobedien ce Movement (CMD) အပါအဝင် လူထုလှုပ်ရှားမှုများ အားလုံးကို အပြည့်အ၀ ထောက်ခံကြောင်းနှင့် ထို လှုပ်ရှားမှုများနှင့် စပ်လျဉ်း၍ ပံ့ပိုးမှုများအတွက် နည်းလမ်းရှာဖွေ ပံ့ပိုးသွားရန် အပြင် ဖမ်းဆီးထိန်းသိမ်း ထားသူများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုသည်ဟု ဆိုသည်။

ထို့အပြင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် ပြည်သူလူထုများအား အကြမ်းဖက်သော နည်းလမ်းဖြင့် နိုင်နင်း ခြင်း များကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် လက်ရှိ နိုင်ငံရေး ပြဿနာ များကို နည်းလမ်းရှာ ဖြေရှင်းရေးအတွက် နိုင်ငံတကာ အသိုင်းအဝန်းအပါအဝင် ပြည်တွင်းပြည်ပ အင်အား စုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု PPST က ပြောသည်။

PPST ၏ နှစ်ရက်တာ ပြုလုပ်ခဲ့သည့် အထူးအစည်းအဝေးတွင် လူထုရွေးကောက်ခံ အစိုးရ မပေါ်ပေါက် သေးမှီ အာဏာသိမ်းစစ်အစိုးရ အုပ်ချုပ်သည့်ကာလတွင် NCA စာချုပ်၏ ပြည်ထောင်စုအဆင့် နိုင်ငံရေး ဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရွက်မှုတွေကို ယာယီဆိုင်းငံ့ထားသင့်၊ မထားသင့် တစ်ဖွဲ့ချင်းနှင့် ဆိုင်သည့် နှစ်ဖက်သဘော တူစာချုပ် (Bilateral Agreements) များကို အခြေခံကာ ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဆက်လက်အကောင် အထည်ဖော်သင့်၊ မဖော်သင့် စသည်များကို ဆွေးနွေညှိနှိုင်း ဆုံးဖြတ်ခဲ့ကြသည် ဟု သိရသည်။

နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် အွန်လိုင်း အထူးအစည်းအဝေးကို အပစ်ရပ် NCA လက်မှတ်ရေးထားကြ သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ မြန်မာ နိုင်ငံ လုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်း ရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမို ကရက် တစ်အစည်းအရုံး LDU တို့က ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

*** ZAWGYI ***
အပစ္ရပ္အဖြဲ႔မ်ား နိုင္ငံေရးအရ ေဆြးေႏြးမႈမ်ား ရပ္ဆိုင္းထားမည္

သတင္းနွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုနွစ္၊ ေဖေဖာ္ဝါရီလ ၂၀ ရက္။

လက္ရွိ ကာလတြင္ အာဏာသိမ္း စစ္ေကာင္စီႏွင့္ ႏိုင္ငံေရးအရ ေတြ႕ဆံုေဆြးေႏြးညွိႏႈိင္းမႈမ်ားကို ရပ္ဆိုင္း ထားမည္ဟု အပစ္ရပ္အဖြဲ႔မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST က ေျပာသည္။

ေဖေဖာ္ဝါရီလ ၁၉ ရက္မွ ၂၀ ရက္ေန႔အထိ ၂ ရက္တာ ျပဳလုပ္သည့္ NCA အပစ္ရပ္အဖြဲ႔မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST ၏ အြန္လိုင္း အထူးအစည္းအေ၀းမွ ဆံုးျဖတ္လိုက္ျခင္းျဖစ္သည္။

PPST ေျပာေရးဆိုခြင့္ရွိသူ ပဒိုေစာေတာနီး က “ဒီလိုအေျခအေန မ်ိဳးေအာက္မွာ က် ေနာ္တို႔ ဒီလိုႏိုင္ငံေရး ေဆြးေႏြး ပြဲမ်ိဳးက အဲဒီစစ္ေကာင္စီနဲ႔ ေဆြးေႏြးဖို႔ဆိုတာကို လမ္းကို မရွိပါဘူး။ ဒီအ ခ်ိန္ဒီကာလမ်ိဳးမွာ” ဟု ေျပာသည္။

“က်ေနာ္တို႔မွာ ႏိုင္ငံေရး ေဆြးေႏြးပြဲ လုပ္တဲ့အခါမွာ အစုအဖြဲ႔ ေတြ ရွိပါတယ္ဗ်ာ။ အဲဒီအစုအဖြဲ႔ေတြထဲမွာ ရွင္းရွင္းလင္းလင္း ျမင္ရဖို႔ဆိုရင္ တပ္မေတာ္ရွိတယ္။ အစိုးရရွိ တယ္ေလ အစိုးရ လႊတ္ေတာ္ေတြရွိတယ္။ ဒီေန႔ဒီကာလမွာ အားလံုးသိၾကတဲ့အတိုင္းပဲ အဲဒီအစုအဖြဲ႔ေတြက မရွိဘူးေလ မရွိေတာ့ ဘာျဖစ္သြားလဲ အဲဒီအစုအဖြဲ႔က မရွိတဲ့ေနရာမွာ ဘယ္လို အလုပ္ခံရသလဲဆိုေတာ့ ဒီလိုမ်ိဳး ျဖစ္ေနတဲ့ အခ်ိန္မွာ က်ေတာ့ က်ေနာ္တို႔ေတြက အဲဒီ ပဲ့ထြက္ေနတဲ့အပိုင္းေတြ အစိတ္အပိုင္းေတြ မစံုညီတဲ့ဟာတစ္ခုကို က်ေနာ္တို႔ ဆက္လုပ္ဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ဘူးေလ။” ဟု ေျပာသည္။

NCA အပစ္ရပ္အဖဲြ႕မ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ PPST ယာယီဥကၠ႒ ဗုိလ္ခ်ဳပ္ႀကီး ယြက္စစ္ ၏ ယေန႔ နိဂံုးခ်ဳပ္ခ်ဳပ္ မိန္႔ခြန္းတြင္လည္း “လက္ရွိကာလတြင္ အာဏာသိမ္းစစ္ေကာင္စီနဲ႔ ႏုိင္ငံေရးအရ ေတြ႕ဆံုေဆြးေႏြးညွိႏိႈင္းမႈမ်ားကို ရပ္ဆုိင္းထားမည္။ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရး၊ ဒီမိုကေရ စီရရွိေရး၊ အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းေရးစတဲ့ ပန္းတိုင္ေရာက္ရွိဖို႔ အခုလိုကာလမွာ ေရွ႕ခရီးလမ္းဟာ ခက္ခဲ ၾကမ္းတမ္းမွာ ျဖစ္လို႔ မိမိတုိ႔ NCA-EAO ေတြအေနနဲ႔ တိုင္းရင္းသား ျပည္သူလူထုတစ္ရပ္လံုးနဲ႔ တစုတစည္း တည္း လက္တြဲပူးေပါင္းခ်ီတက္ အေရာက္လွမ္းသြားၾကပါလို႔ ေျပာၾကားလိုပါတယ္” ဟု ထည့္သြင္း ေျပာၾကားထားသည္။

တပ္မေတာ္မွ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔အစည္းမ်ားကို ႏိုင္ငံေရး ေတြ႕ဆံုေဆြးေႏြး ႏိုင္ရန္အတြက္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ ဦးေဆာင္သည့္ အဖြဲ႔ကို ဖြဲ႔စည္းထားၿပီး အဆိုပါ အဖြဲ႔မွ ေတြ႕ဆံု ေဆြးေႏြးရန္ ကမ္းလွမ္းလာပါက ထည္သြင္းစဥ္းစားမည္ မဟုတ္ေၾကာင္း PPST ေျပာေရးဆိုခြင့္ရွိသူ ပဒိုေစာ ေတာနီး က ဆက္ေျပာသည္။

၎က “အဲဒီကိစၥကေတာ့ သူ႔ဖက္ကေတာ့ သူ လုပ္ရမယ့္အပိုင္းဆိုတာက ဘာျဖစ္လို႔လဲဆိုေတာ့ ဒီ NCA စာခ်ဳပ္ဟာ သူလည္း ပ်က္တယ္လို႔ သူမေျပာဘူးေလ က်ေနာ္တို႔ကလည္း ဖ်က္တယ္လို႔ မေျပာဘူး။ သို႔ ေသာ္ ျငားလည္းပဲ ခုနကအတိုင္း သူတို႔ ဘယ္လိုပဲ ေတာင္းဆို ေတာင္းဆို ဘယ္လိုပဲ အဆိုျပဳျပဳေပါ့ေလ ႏိုင္ငံေရး ေဆြးေႏြးပြဲ လုပ္မယ္ ခုနက က်ေနာ္ေျပာတဲ့အတိုင္းပါပဲ ဒီလိုပဲ့ထြက္ေနတဲ့ အစိတ္အပိုင္း တစ္ခုက က်ေနာ္ တို႔ ဘယ္လိုမွ လုပ္လို႔မရဘူး။ ရွင္းရွင္းေျပာရရင္ တရား၀င္တဲ့ အစိုးရ တစ္ရပ္ေတာ့ ရွိဖို႔လိုတယ္။ ဘာျဖစ္လို႔လည္း က်ေနာ္တို႔ တရား၀င္တဲ့ အစိုးရမကဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ စာခ်ဳပ္ခ်ဳပ္ဆို က တည္းက အဲဒါ Legitimacy ရွိတဲ့ အစိတ္အပိုင္းေတြျဖစ္တယ္။ က်ေနာ္တို႔ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္းကလည္း Legitimacy ရွိတယ္။ NCA စာခ်ဳပ္အရ ဆိုေတာ့က ဒီအေျခအေနမ်ိဳးေပၚမွာ ဒီလိုအာ ဏာ သိမ္းလိုက္တဲ့အခါမွာ ဒီလိုမ်ိဳးက က်ေနာ္တို႔က ဘယ္လိုမွ Legitimacy လို႔ လက္ခံလို႔ မရျဖစ္ေနသလို တစ္ ကမၻာ လံုးကလည္း လက္မခံပါဘူး။ အဲဒါေၾကာင့္မို႔လို႔ ဘယ္လိုပဲ ေတာင္းဆို ေတာင္းဆို ဘယ္လိုပဲ အဆိုျပဳျပဳ ဒါေတြက က်ေနာ္တို႔ ဒီကာလမွာ စဥ္းစားစရာ မဟုတ္ပါဘူး” ဟု ေျပာသည္။

ႏွစ္ရက္တာ ျပဳလုပ္သည့္ PPST ၏ အစည္းအေ၀းအၿပီး ထုတ္ျပန္ခ်က္ထဲတြင္ လက္ရွိ ကာလတြင္ အာ ဏာသိမ္း စစ္ေကာင္စီႏွင့္ ႏိုင္ငံေရးအရ ေတြ႕ဆံုေဆြးေႏြးညွိႏႈိင္းမႈမ်ားကို ရပ္ဆိုင္းထားရန္ အပါအ၀င္ အခ်က္ ၅ ခ်က္ကို ထည့္သြင္းထုတ္ျပန္ထားသည္။

အဆိုပါအခ်က္မ်ားမွာ စစ္အာဏာရွင္စနစ္ႏွင့္ စစ္အာဏာသိမ္းျခင္းကို ဆန္႔က်င္သည့္ Civil Disobedien ce Movement (CMD) အပါအ၀င္ လူထုလႈပ္ရွားမႈမ်ား အားလံုးကို အျပည့္အ၀ ေထာက္ခံေၾကာင္းႏွင့္ ထို လႈပ္ရွားမႈမ်ားႏွင့္ စပ္လ်ဥ္း၍ ပံ့ပိုးမႈမ်ားအတြက္ နည္းလမ္းရွာေဖြ ပံ့ပိုးသြားရန္ အျပင္ ဖမ္းဆီးထိန္းသိမ္း ထားသူမ်ား အားလံုးကို ႁခြင္းခ်က္မရွိ အျမန္ဆံုးလႊတ္ေပးရန္ ေတာင္းဆိုသည္ဟု ဆိုသည္။

ထို႔အျပင္ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္သည့္ ျပည္သူလူထုမ်ားအား အၾကမ္းဖက္ေသာ နည္းလမ္းျဖင့္ ႏိုင္နင္း ျခင္း မ်ားကို ဆန္႔က်င္ကန္႔ကြက္ေၾကာင္းႏွင့္ အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းေရးႏွင့္ လက္ရွိ ႏိုင္ငံေရး ျပႆနာ မ်ားကို နည္းလမ္းရွာ ေျဖရွင္းေရးအတြက္ ႏိုင္ငံတကာ အသိုင္းအ၀န္းအပါအ၀င္ ျပည္တြင္းျပည္ပ အင္အား စုမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္သြားမည္ဟု PPST က ေျပာသည္။

PPST ၏ ႏွစ္ရက္တာ ျပဳလုပ္ခဲ့သည့္ အထူးအစည္းအေ၀းတြင္ လူထုေရြးေကာက္ခံ အစိုးရ မေပၚေပါက္ ေသးမွီ အာဏာသိမ္းစစ္အစိုးရ အုပ္ခ်ဳပ္သည့္ကာလတြင္ NCA စာခ်ဳပ္၏ ျပည္ေထာင္စုအဆင့္ ႏိုင္ငံေရး ဆိုင္ရာ အေကာင္အထည္ ေဖာ္ေဆာင္ရြက္မႈေတြကို ယာယီဆိုင္းငံ့ထားသင့္၊ မထားသင့္ တစ္ဖြဲ႔ခ်င္းႏွင့္ ဆိုင္သည့္ ႏွစ္ဖက္သေဘာ တူစာခ်ဳပ္ (Bilateral Agreements) မ်ားကို အေျခခံကာ ၿငိမ္းခ်မ္းေရး လုပ္ငန္း စဥ္ ဆက္လက္အေကာင္ အထည္ေဖာ္သင့္၊ မေဖာ္သင့္ စသည္မ်ားကို ေဆြးေႏြညွိႏႈိင္း ဆံုးျဖတ္ခဲ့ၾကသည္ ဟု သိရသည္။

ႏွစ္ရက္တာ က်င္းပျပဳလုပ္ခဲ့သည့္ အြန္လိုင္း အထူးအစည္းအေဝးကို အပစ္ရပ္ NCA လက္မွတ္ေရးထားၾက သည့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS၊ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU၊ ျမန္မာ ႏိုင္ငံ လုံး ဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ကရင္ၿငိမ္းခ်မ္း ေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရး အဖြဲ႕ ခ်ဴပ္ PNLO၊ ရခိုင္ျပည္လြတ္ေျမာက္ေရး ပါတီ ALP၊ ကရင္အမ်ိဳးသား ဒီမိုေရစီအက်ိဳးျပဳတပ္မေတာ္ DKBA၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူ ဒီမို ကရက္ တစ္အစည္းအ႐ုံး LDU တို႔က ေခါင္းေဆာင္မ်ား တက္ေရာက္ခဲ့ၾကသည္။