KIA နှင့် တပ်မတော်တို့အကြား ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်။

တပ်မတော်မှ အာဏာသိမ်းပြီး ရက်ပေါင်း ၂၀ အကြာတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တပ်မတော်တို့အကြား ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းတွင် တိုက်ပွဲများ ပြန်လည်ဖြစ် ပွားနေသည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ (ယမန်နေ့) က တိုက်ပွဲဖြစ်ပွားခဲ့သကဲ့သို့ ဖေ ဖော်ဝါရီလ ၂၁ ရက်နေ့ (ယနေ့) တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

“တိုက်ပွဲဖြစ်တာကတော့ ကျနော်တို့ တပ်မဟာ ၆ တပ်ရင်း ၉ နယ်မြေဖက်မှာ ဖြစ်ပါတယ်။ မြို့နယ်နဲ့ ပြောမယ် ဆိုလို့ရှိရင် မူဆယ်မြို့နယ်ပေါ့။ မူဆယ်မြို့နယ် အရှေ့ဖက်ခြမ်းဖက်မှာ ကျပါတယ်။ မူဆက်ကနေ အရှေ့ဖက်ခြမ်း ဖက်ကျသွားတယ် ဒီမာ ဒန်နိုင်း အဲဖက်ကနဲ့ နီးပါတယ်။ မနေ့က စဖြစ်တာ ဆက်ဖြစ်နေပါတယ်။ ဒီနေ့ကတော့ အခုထက်ထိတော့ လက်နက်ကြီးနဲ့လှမ်းပစ်တဲ့ အနေအထားဖြစ်ပါတယ်။ မြေပြင်ကတော့ သူတို့က ထိုးတော့ ထိုးတယ် ဒါပေမယ့် ရင်ဆိုင် တိုက်ပွဲကြီးတွေတော့ မရှိသေးပါဘူး။ သူတို့က လက်နက်ကြီးနဲ့ လှမ်းပစ်နေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။”

ယနေ့တွင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ရွာသားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ သည်ဟု ဒေ သခံများ၏ ပြောဆိုချက်ကို ကိုးကား၍ လားရှိုးအခြေစိုက် ရွှေဖီမြေသတင်းဌာန က ဖော်ပြထားသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကလည်း တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြော သည်။

၎င်းက “ဒီတစ်ခါ ပြန်ထိုးတာ ဒီတစ်ခါနဲ့ဆို နှစ်ခါဖြစ်သွားပြီ ထိုးတာ ၂ လပိုင်း ၁၀ ရက်နေ့မှာလည်း သူတို့ ထိုး တာလေ အဲဒါသူတို့ ပြန်ဆုတ်သွားတာ အခုပြန်ဆုတ်သွားတာ ဆိုတော့ သူတို့ ဘာရည်ရွယ်ချက်နဲ့ ထိုးတယ်ဆို တာ ကတော့ ကျနော်တို့လည်း ခန့်မှန်းလို့တော့ မရဘူးပေါ့နော်” ဟု ပြောသည်။

ယမန်နေ့က တပ်မတော်မှ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများက စစ်ကြောင်း ၂ ကြောင်းဖြင့် KIO လှုပ် ရှားရာ ဒေသသို့ ထိုးတက် လာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIO/KIA က ပြောသည်။ ညနေ ပိုင်းတွင်လည်း တပ်မတော်မှ စစ်ကား ၆ စီးဖြင့် စစ်အင်အား ထပ်မံဖြည့်တင်းထားသည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲ ဖြစ် ပွားနေသော်လည်း ကချင်ပြည်နယ်တွင် နှစ်ဖက် စစ်ရေးအခြေအနေမှာ ထူးခြားမရှိပဲ ငြိမ်သက်နေသည် ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “ကချင်ပြည်နယ်ဖက်မှာတော့ ခုထက်ထက်ထိကတော့ ဘာမှ သတင်းထွက်တာတော့ မရှိပါဘူး။ ဒါပေမယ့် တပ်မတော်ကတော့ အားလုံးသိကြတဲ့အတိုင်းပေါ့ အာဏာသိမ်းပြီးမှပေါ့နော မြို့ပေါ်မှာ လည်း ပြည်သူလူထု တွေကတော့ ဆန္ဒပြနေတဲ့ အချိန်ဖြစ်ပါတယ်။ ကျနော်တို့ တောမှာလည်း သူက စစ်ဆင် ရေး လုပ်တယ်ဆိုတော့ သူက ဘယ်လိုပုံစံနဲ့ ဘာရည်ရွယ်ချက်နဲ့ လုပ်တာဆိုတာ ခန့်မှန်းဖို့တော့ ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လည်း စစ်ဆင်ရေးများ လုပ်ချင်တာလားပေါ့နော။ အဲဒါကတော့ ကျနော်ကတော့ စောင့်ကြည့်နေတဲ့ အနေအထား ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် တိုင်းပြည် မငြိမ်မသက်ဖြစ်နေချိန်တွင် တပ်မတော်မှ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ ရှိရာ ဒေသသို့ စစ်ဆင်ရေး လုပ်ဆောင်မှုများသည် ပြည်တွင်းငြိမ်းချမ်းရေးကို အလှမ်း ဝေးစေသည်သာမက တိုက်ပွဲများလည်း ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

ကချင်လွတ်လပ်ရေး အဖွဲ့ KIO သည် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖြင့် ဖွဲ့ စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့ဝင်ဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားခြင်း မရှိသည့် အဖွဲ့ဖြစ်သည်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိ နှိုင်း ရေးကော်မတီ FPNCC အဖွဲ့သည် မြောက်ပိုင်းတိုင်းရင်းသား လက် နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့များမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ MNDAA၊ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် ULA၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (မိုင်းလား) NDAA “ဝ” ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP တို့ပါဝင်သည်။

*** ZAWGYI ***
KIA နွင့္ တပ္မေတာ္တို႔အၾကား ၂ ရက္ဆက္တိုက္ တိုက္ပြဲျဖစ္

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုနွစ္၊ ေဖေဖာ္ဝါရီလ ၂၁ ရက္။

တပ္မေတာ္မွ အာဏာသိမ္းၿပီး ရက္ေပါင္း ၂၀ အၾကာတြင္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA ႏွင့္ တပ္မေတာ္တို႔အၾကား ရွမ္းျပည္နယ္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္အတြင္းတြင္ တိုက္ပြဲမ်ား ျပန္လည္ျဖစ္ ပြားေနသည္။

တပ္မေတာ္မွ အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔ (ယမန္ေန႔) က တိုက္ပြဲျဖစ္ပြားခဲ့သကဲ့သို႔ ေဖ ေဖာ္ဝါရီလ ၂၁ ရက္ေန႔ (ယေန႔) တြင္လည္း တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနသည္ဟု ကခ်င္လြတ္လပ္ေရး အဖြဲ႔ KIO သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မႉးႀကီးေနာ္ဘူ က ေျပာသည္။

“တိုက္ပြဲျဖစ္တာကေတာ့ က်ေနာ္တို႔ တပ္မဟာ ၆ တပ္ရင္း ၉ နယ္ေျမဖက္မွာ ျဖစ္ပါတယ္။ ၿမိဳ႕နယ္နဲ႔ ေျပာမယ္ ဆိုလို႔ရွိရင္ မူဆယ္ၿမိဳ႕နယ္ေပါ့။ မူဆယ္ၿမိဳ႕နယ္ အေရွ႕ဖက္ျခမ္းဖက္မွာ က်ပါတယ္။ မူဆက္ကေန အေရွ႕ဖက္ျခမ္း ဖက္က်သြားတယ္ ဒီမာ ဒန္ႏိုင္း အဲဖက္ကနဲ႔ နီးပါတယ္။ မေန႔က စျဖစ္တာ ဆက္ျဖစ္ေနပါတယ္။ ဒီေန႔ကေတာ့ အခုထက္ထိေတာ့ လက္နက္ႀကီးနဲ႔လွမ္းပစ္တဲ့ အေနအထားျဖစ္ပါတယ္။ ေျမျပင္ကေတာ့ သူတို႔က ထိုးေတာ့ ထိုးတယ္ ဒါေပမယ့္ ရင္ဆိုင္ တိုက္ပြဲႀကီးေတြေတာ့ မရွိေသးပါဘူး။ သူတို႔က လက္နက္ႀကီးနဲ႔ လွမ္းပစ္ေနတဲ့ အေျခအေနပဲ ျဖစ္ပါတယ္။”

ယေန႔တြင္ လက္နက္ႀကီး ပစ္ခတ္မႈေၾကာင့္ ေဒသခံ ရြာသားတစ္ဦး လက္နက္ႀကီး ထိမွန္ေသဆံုးခဲ့ သည္ဟု ေဒ သခံမ်ား၏ ေျပာဆိုခ်က္ကို ကိုးကား၍ လားရႈိးအေျခစိုက္ ေရႊဖီေျမသတင္းဌာန က ေဖာ္ျပထားသည္။

ထို႔အျပင္ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔ကလည္း တိုက္ပြဲ ျဖစ္ပြားခဲ့ေသးသည္ဟု ဗိုလ္မႉးႀကီးေနာ္ဘူ က ဆက္ေျပာ သည္။

၎က “ဒီတစ္ခါ ျပန္ထိုးတာ ဒီတစ္ခါနဲ႔ဆို ႏွစ္ခါျဖစ္သြားၿပီ ထိုးတာ ၂ လပိုင္း ၁၀ ရက္ေန႔မွာလည္း သူတို႔ ထိုး တာေလ အဲဒါသူတို႔ ျပန္ဆုတ္သြားတာ အခုျပန္ဆုတ္သြားတာ ဆိုေတာ့ သူတို႔ ဘာရည္ရြယ္ခ်က္နဲ႔ ထိုးတယ္ဆို တာ ကေတာ့ က်ေနာ္တို႔လည္း ခန္႔မွန္းလို႔ေတာ့ မရဘူးေပါ့ေနာ္” ဟု ေျပာသည္။

ယမန္ေန႔က တပ္မေတာ္မွ တပ္မ ၉၉ လက္ေအာက္ခံ တပ္ရင္းမ်ားက စစ္ေၾကာင္း ၂ ေၾကာင္းျဖင့္ KIO လႈပ္ ရွားရာ ေဒသသို႔ ထိုးတက္ လာသည့္အတြက္ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု KIO/KIA က ေျပာသည္။ ညေန ပိုင္းတြင္လည္း တပ္မေတာ္မွ စစ္ကား ၆ စီးျဖင့္ စစ္အင္အား ထပ္မံျဖည့္တင္းထားသည္ဟု ဗိုလ္မွဴးႀကီးေနာ္ဘူ က ဆိုသည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA ႏွင့္ တပ္မေတာ္တို႔အၾကား တိုက္ပြဲ ျဖစ္ ပြားေနေသာ္လည္း ကခ်င္ျပည္နယ္တြင္ ႏွစ္ဖက္ စစ္ေရးအေျခအေနမွာ ထူးျခားမရွိပဲ ၿငိမ္သက္ေနသည္ ဟု KIO/KIA သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံက ေျပာသည္။

ဗိုလ္မႉးႀကီး ေနာ္ဘူက “ကခ်င္ျပည္နယ္ဖက္မွာေတာ့ ခုထက္ထက္ထိကေတာ့ ဘာမွ သတင္းထြက္တာေတာ့ မရွိပါဘူး။ ဒါေပမယ့္ တပ္မေတာ္ကေတာ့ အားလံုးသိၾကတဲ့အတိုင္းေပါ့ အာဏာသိမ္းၿပီးမွေပါ့ေနာ ၿမိဳ႕ေပၚမွာ လည္း ျပည္သူလူထု ေတြကေတာ့ ဆႏၵျပေနတဲ့ အခ်ိန္ျဖစ္ပါတယ္။ က်ေနာ္တို႔ ေတာမွာလည္း သူက စစ္ဆင္ ေရး လုပ္တယ္ဆိုေတာ့ သူက ဘယ္လိုပံုစံနဲ႔ ဘာရည္ရြယ္ခ်က္နဲ႔ လုပ္တာဆိုတာ ခန္႔မွန္းဖို႔ေတာ့ ခက္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔လည္း စစ္ဆင္ေရးမ်ား လုပ္ခ်င္တာလားေပါ့ေနာ။ အဲဒါကေတာ့ က်ေနာ္ကေတာ့ ေစာင့္ၾကည့္ေနတဲ့ အေနအထား ျဖစ္ပါတယ္” ဟု ေျပာသည္။

စစ္အာဏာသိမ္းၿပီးေနာက္ တိုင္းျပည္ မၿငိမ္မသက္ျဖစ္ေနခ်ိန္တြင္ တပ္မေတာ္မွ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔မ်ား ရွိရာ ေဒသသို႔ စစ္ဆင္ေရး လုပ္ေဆာင္မႈမ်ားသည္ ျပည္တြင္းၿငိမ္းခ်မ္းေရးကို အလွမ္း ေ၀းေစသည္သာမက တိုက္ပြဲမ်ားလည္း ျပင္းထန္စြာ ျပန္လည္ျဖစ္ပြားလာမည္ကို စိုးရိမ္ေၾကာင္း ဗိုလ္မႉးႀကီး ေနာ္ဘူက ဆိုသည္။

ကခ်င္လြတ္လပ္ေရး အဖြဲ႔ KIO သည္ ေျမာက္ပိုင္း တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔မ်ားျဖင့္ ဖြဲ႔ စည္းထားသည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညွိႏႈိင္းေရး ေကာ္မတီ FPNCC အဖြဲ႔၀င္ျဖစ္ၿပီး တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို လက္မွတ္ေရးထိုးထားျခင္း မရွိသည့္ အဖြဲ႔ျဖစ္သည္။

ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညွိ ႏႈိင္း ေရးေကာ္မတီ FPNCC အဖြဲ႔သည္ ေျမာက္ပိုင္းတိုင္းရင္းသား လက္ နက္ကိုင္ ၇ ဖြဲ႔ျဖင့္ ဖြဲ႔စည္းထားၿပီး အဆိုပါအဖြဲ႕မ်ားမွာ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO၊ ရွမ္းျပည္တိုးတက္ေရး ပါတီ SSPP၊ ျမန္မာႏိုင္ငံ အမွန္တရားႏွင့္ မွ်တမႈ အမ်ိဳးသားပါတီ MNDAA၊ ရကၡိဳင့္အမ်ိဳးသား အဖြဲ႔ခ်ဳပ္ ULA၊ ပေလာင္ ျပည္နယ္ လြတ္ေျမာက္ေရးတပ္ဦး PSLF၊ ရွမ္းျပည္နယ္ အေရွ႕ပိုင္း အထူးေဒသ ၄ ၿငိမ္းခ်မ္းေရးႏွင့္ စည္းလံုးေရး ေကာ္မတီ (မိုင္းလား) NDAA “၀” ျပည္ေသြးစည္းညီၫႊတ္ေရးပါတီ UWSP တို႔ပါ၀င္သည္။