ပူတာအိုတွင် ဖမ်းခံရသူ ၉ ဦးမှ ၄ ဦးပြန်လွတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့ က အဖမ်းဆီးခံထားရသူ ၉ ဦးအနက် လေး ပြန်လွှတ်လာပြီဟု ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ (ယမန်)နေ့ ညက ပူတာအိုမြို့က စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်ခဲ့တဲ့ ဒေသခံ ၉ ဦး ကို စစ်တပ်က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပူတာအိုက ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်နေသည့် လူငယ်တစ်ဦးက “ဖမ်းဆီးခံရတာက ၉ ယောက်ပေါ့နော်။ ဒီနေ့ ညနေပိုင်းလောက်မှာ ၄ ယောက်က ပြန်လွှတ်လာပါတယ်။ နောက်ထပ် ၅ ယောက်က မနက်ဖြန်မှ ရှေ့နေတွေနဲ့ သွားတွေ့ဖို့လုပ်ထားတယ်။ အချုပ် ထဲမှာ ရှိနေတုန်းပဲ။ ပူတာအိုက ထောင်အချုပ်မှာပါ။ ထောင်ပေါ့နော် အဲ့မှာ ရောက်နေပါတယ်။ ကျနော်တို့ဆီမှာလေ တစ်ရက်မှ လုံခြုံရေးအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့တာမျိုးလည်း မရှိပါ ဘူး။ စစ်ကားတွေ ရဲကားတွေ ဒီစစ်သားတွေ ရဲတွေကတော့ လမ်းတွေမှာ ရှိနေတယ်လေ။ ထိပ်တိုက်တားတာမျိုး တွေ့တာမျိုးမရှိခဲ့ဘူး” ဟု ပြောသည်။

ပူတာအိုမြို့က အဖမ်းခံခဲ့ရသည့် လူငယ်များမှာ ကိုလဇွမ်အောင်ဒီး၊ ကိုဆင်ဝါး၊ ကိုမလောင်ဖေနောင်းအောင်၊ ကိုဇန်ထရမ်ဆိန်း၊ ကိုဖုန်ရော့ဖီနန် တို့အပါအဝင် လူငယ် ၉ ဦးကို တပ်မတော်က ယမန်နေ့ ညက ဖမ်းဆီးခေါ် ဆောင်သွား ခြင်းဖြစ်သည်ဟု သိရသည်။

အဖမ်းခံရသူ လူငယ် ၉ ဦးတွင် အမျိုးသမီးလည်း တစ်ဦးကပါဝင်သည်ဟု ဒေသခံများက အတည်ပြုပြောသည်။

ဒေသခံ ကချင်လူငယ် တစ်ဦးကလည်း “အစောပိုင်းပြောတာာတော့ ၅ ဦးပေါ့၊ နောက်ထပ် ၄ ဦးထပ်ပြီး အဖမ်း ခံရတယ်။ အားလုံးပေါင်း ၉ ဦးပါ။ လူငယ်က ၇ ဦးပေါ့၊ လူကြီးတွေလည်းပါတယ်။ သူတို့က ဆန္ဒထုတ်ဖော်ပွဲ ကို ဦးဆောင်တာ မဟုတ်ပါဘူး။ ခေါင်းဆောင်လည်း မရှိဘူး။ အားလုံးက အတူတူ စစ်အာဏာရှင်ကို လက်မခံ နိုင်လို့ ဆန္ဒထုတ်ဖော်ကြတာပါ။ သူတို့ဖမ်းလို့လည်းကျနော်တို့ ဆန္ဒထုတ်ဖော်မှုတွေက မရပ်သွားပါဘူး။ ဒီနေ့ ဆိုရင် ဆိုင်ကယ်တွေနဲ့ မြို့ကိုပတ်ပြီး ဆန္ဒပြကြပါတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ယနေ့တွင်ပြုလုပ်သည့် ပူတာအိုမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှု ကို ဆိုင်ကယ်များဖြင့် လှည့်လည်က သပိတ်ဆင်နွှဲခဲ့ကြသည်။

ယခုရက်ပိုင်းလုပ်နေကြသည့် ပူတာအိုမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထု ဆန္ဒထုတ်ဖော်မှုများကို လူငယ် များကသာ အဓိက ဦးဆောင်နေကြခြင်းဖြစ်ပြီး အဆိုပါ ဆန္ဒထုတ်ဖော်မှုများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲများ နှင့် ထိပ်တိုက်တွေ့ခြင်းမျိုး တစ်ခါမျှပင် မရှိခဲ့ပဲ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ပူတာအိုမှာက တခြားမြို့တွေနဲ့မတူဘူး။ ဒီမှာ ဆန္ဒပြတဲ့လူတွေ ရမ်းကားတာလည်း မရှိဘူး။ ငြိမ်းချမ်းစွာပဲ ဆန္ဒပြကြတာပါ။ အဲ့အပေါ်မှာ သူတို့က အခုလိုမျိုး လိုက်ဖမ်းတော့ ကြောက်တယ်ဆိုတာထက် အများပိုင်းက လူငယ်တွေဖြစ်နေတယ်ဆိုတော့လေ အများပိုင်းက လူငယ်တွေဖြစ်နေတော့ ပူတာအိုမှာက ၂ နာရီလောက်ပဲ ဆန္ဒပြကြတာ။ အဲ့လိုဆန္ဒပြခွင့်ရနေရင် စိတ်ထွက်ပေါက်ရတာပေါ့။ အဲ့လိုမျိုး နေ့လည်မှာ ဆန္ဒပြခွင့်မရအောင် ဖမ်းချုပ်တာတွေရှိလာတော့ လူငယ်တွေက ညမှသောင်းကျန်းတာမျိုးတွေဖြစ်လာမှာတော့ စိုးရိမ်တယ်။ ကျန် တာတော့ အခုလိုအဖမ်းခံရရင်လည်း ဆန္ဒပြတဲ့လူတွေ ပိုပိုပြီးများလာတယ်။ ဒီနေ့လည်း တနေ့လုံး ပတ်ပြီးဆန္ဒ ပြတာမျိုးတွေဖြစ်လာပါတယ်” ဟု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်နေသည့် လူငယ်တစ်ဦးက ဆက်ပြောသည်။

ပူတာအိုမြို့တွင် ယခုလ ၈ ရက်နေ့က စတင်ပြီး ဒေသခံလူငယ်များက ဦးဆောင်က စစ်အာဏာရှင်စနစ် ဆန့် ကျင်ရေး၊ စစ်အာဏာသိမ်းမှုကန့်ကွက်သည့် လူထုဆန္ဒထုတ်ဖော်ပွဲများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

အဆိုပါ စစ်အာဏာသိမ်းမှုကန့်ကွက်သည့် လူထုဆန္ဒထုတ်ဖော်ပွဲများတွင် ဒေသခံတိုင်းရင်းသားလူငယ်များ၊ CDM လုပ်နေကြသည့် အစိုးရဝန်ထမ်းများနှင့် ရပ်မိရပ်ဖများ ပါဝင်လျှက်ရှိသည်။

*** ZAWGYI ***
ပူတာအိုတြင္ ဖမ္းခံရသူ ၉ ဦးမွ ၄ ဦးျပန္လြတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၁ ရက္။

ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕ က အဖမ္းဆီးခံထားရသူ ၉ ဦးအနက္ ေလး ျပန္လႊတ္လာၿပီဟု ေဒသခံမ်ားက ေျပာသည္။

ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔ (ယမန္)ေန႔ ညက ပူတာအိုၿမိဳ႕က စစ္အာဏာရွင္ဆန႔္က်င္ေၾကာင္း ဆႏၵထုတ္ေဖာ္မႈမွာ ပါဝင္ခဲ့တဲ့ ေဒသခံ ၉ ဦး ကို စစ္တပ္က ဖမ္းဆီးသြားခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ပူတာအိုက ဆႏၵထုတ္ေဖာ္မႈတြင္ ပါဝင္ေနသည့္ လူငယ္တစ္ဦးက “ဖမ္းဆီးခံရတာက ၉ ေယာက္ေပါ့ေနာ္။ ဒီေန႔ ညေနပိုင္းေလာက္မွာ ၄ ေယာက္က ျပန္လႊတ္လာပါတယ္။ ေနာက္ထပ္ ၅ ေယာက္က မနက္ျဖန္မွ ေရွ႕ေနေတြနဲ႔ သြားေတြ႕ဖို႔လုပ္ထားတယ္။ အခ်ဳပ္ ထဲမွာ ရွိေနတုန္းပဲ။ ပူတာအိုက ေထာင္အခ်ဳပ္မွာပါ။ ေထာင္ေပါ့ေနာ္ အဲ့မွာ ေရာက္ေနပါတယ္။ က်ေနာ္တို႔ဆီမွာေလ တစ္ရက္မွ လုံၿခဳံေရးအဖြဲ႕ေတြနဲ႔ ထိပ္တိုက္ေတြ႕တာမ်ိဳးလည္း မရွိပါ ဘူး။ စစ္ကားေတြ ရဲကားေတြ ဒီစစ္သားေတြ ရဲေတြကေတာ့ လမ္းေတြမွာ ရွိေနတယ္ေလ။ ထိပ္တိုက္တားတာမ်ိဳး ေတြ႕တာမ်ိဳးမရွိခဲ့ဘူး” ဟု ေျပာသည္။

ပူတာအိုၿမိဳ႕က အဖမ္းခံခဲ့ရသည့္ လူငယ္မ်ားမွာ ကိုလဇြမ္ေအာင္ဒီး၊ ကိုဆင္ဝါး၊ ကိုမေလာင္ေဖေနာင္းေအာင္၊ ကိုဇန္ထရမ္ဆိန္း၊ ကိုဖုန္ေရာ့ဖီနန္ တို႔အပါအဝင္ လူငယ္ ၉ ဦးကို တပ္မေတာ္က ယမန္ေန႔ ညက ဖမ္းဆီးေခၚ ေဆာင္သြား ျခင္းျဖစ္သည္ဟု သိရသည္။

အဖမ္းခံရသူ လူငယ္ ၉ ဦးတြင္ အမ်ိဳးသမီးလည္း တစ္ဦးကပါဝင္သည္ဟု ေဒသခံမ်ားက အတည္ျပဳေျပာသည္။

ေဒသခံ ကခ်င္လူငယ္ တစ္ဦးကလည္း “အေစာပိုင္းေျပာတာာေတာ့ ၅ ဦးေပါ့၊ ေနာက္ထပ္ ၄ ဦးထပ္ၿပီး အဖမ္း ခံရတယ္။ အားလုံးေပါင္း ၉ ဦးပါ။ လူငယ္က ၇ ဦးေပါ့၊ လူႀကီးေတြလည္းပါတယ္။ သူတို႔က ဆႏၵထုတ္ေဖာ္ပြဲ ကို ဦးေဆာင္တာ မဟုတ္ပါဘူး။ ေခါင္းေဆာင္လည္း မရွိဘူး။ အားလုံးက အတူတူ စစ္အာဏာရွင္ကို လက္မခံ ႏိုင္လို႔ ဆႏၵထုတ္ေဖာ္ၾကတာပါ။ သူတို႔ဖမ္းလို႔လည္းက်ေနာ္တို႔ ဆႏၵထုတ္ေဖာ္မႈေတြက မရပ္သြားပါဘူး။ ဒီေန႔ ဆိုရင္ ဆိုင္ကယ္ေတြနဲ႔ ၿမိဳ႕ကိုပတ္ၿပီး ဆႏၵျပၾကပါတယ္” ဟု ေျပာသည္။

ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔ ယေန႔တြင္ျပဳလုပ္သည့္ ပူတာအိုၿမိဳ႕က စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္မႈ ကို ဆိုင္ကယ္မ်ားျဖင့္ လွည့္လည္က သပိတ္ဆင္ႏႊဲခဲ့ၾကသည္။

ယခုရက္ပိုင္းလုပ္ေနၾကသည့္ ပူတာအိုၿမိဳ႕က စစ္အာဏာရွင္ဆန႔္က်င္ေရး လူထု ဆႏၵထုတ္ေဖာ္မႈမ်ားကို လူငယ္ မ်ားကသာ အဓိက ဦးေဆာင္ေနၾကျခင္းျဖစ္ၿပီး အဆိုပါ ဆႏၵထုတ္ေဖာ္မႈမ်ားတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ ရဲမ်ား ႏွင့္ ထိပ္တိုက္ေတြ႕ျခင္းမ်ိဳး တစ္ခါမွ်ပင္ မရွိခဲ့ပဲ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့ၾကျခင္းသာ ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

“ပူတာအိုမွာက တျခားၿမိဳ႕ေတြနဲ႔မတူဘူး။ ဒီမွာ ဆႏၵျပတဲ့လူေတြ ရမ္းကားတာလည္း မရွိဘူး။ ၿငိမ္းခ်မ္းစြာပဲ ဆႏၵျပၾကတာပါ။ အဲ့အေပၚမွာ သူတို႔က အခုလိုမ်ိဳး လိုက္ဖမ္းေတာ့ ေၾကာက္တယ္ဆိုတာထက္ အမ်ားပိုင္းက လူငယ္ေတြျဖစ္ေနတယ္ဆိုေတာ့ေလ အမ်ားပိုင္းက လူငယ္ေတြျဖစ္ေနေတာ့ ပူတာအိုမွာက ၂ နာရီေလာက္ပဲ ဆႏၵျပၾကတာ။ အဲ့လိုဆႏၵျပခြင့္ရေနရင္ စိတ္ထြက္ေပါက္ရတာေပါ့။ အဲ့လိုမ်ိဳး ေန႔လည္မွာ ဆႏၵျပခြင့္မရေအာင္ ဖမ္းခ်ဳပ္တာေတြရွိလာေတာ့ လူငယ္ေတြက ညမွေသာင္းက်န္းတာမ်ိဳးေတြျဖစ္လာမွာေတာ့ စိုးရိမ္တယ္။ က်န္ တာေတာ့ အခုလိုအဖမ္းခံရရင္လည္း ဆႏၵျပတဲ့လူေတြ ပိုပိုၿပီးမ်ားလာတယ္။ ဒီေန႔လည္း တေန႔လုံး ပတ္ၿပီးဆႏၵ ျပတာမ်ိဳးေတြျဖစ္လာပါတယ္” ဟု ဆႏၵထုတ္ေဖာ္မႈတြင္ ပါဝင္ေနသည့္ လူငယ္တစ္ဦးက ဆက္ေျပာသည္။

ပူတာအိုၿမိဳ႕တြင္ ယခုလ ၈ ရက္ေန႔က စတင္ၿပီး ေဒသခံလူငယ္မ်ားက ဦးေဆာင္က စစ္အာဏာရွင္စနစ္ ဆန႔္ က်င္ေရး၊ စစ္အာဏာသိမ္းမႈကန႔္ကြက္သည့္ လူထုဆႏၵထုတ္ေဖာ္ပြဲမ်ား လုပ္ေဆာင္ေနၾကျခင္းျဖစ္သည္။

အဆိုပါ စစ္အာဏာသိမ္းမႈကန႔္ကြက္သည့္ လူထုဆႏၵထုတ္ေဖာ္ပြဲမ်ားတြင္ ေဒသခံတိုင္းရင္းသားလူငယ္မ်ား၊ CDM လုပ္ေနၾကသည့္ အစိုးရဝန္ထမ္းမ်ားႏွင့္ ရပ္မိရပ္ဖမ်ား ပါဝင္လွ်က္ရွိသည္။