ဖမ်းဆီးခံ ပူတာအို လူငယ်များကို ပုဒ်မတပ် တရားစွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့ အဖမ်းခံရပြီးနောက် ပူတာအို ထောင်အချုပ်သို့ အပို့ခံထားရသည့် လူငယ် ၅ ဦး ကို ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၄၄ နှင့် ပုဒ်မ ၁၇(၁) တို့ဖြင့် တရားစွဲခံထားရပြီး မတ်လ ၅ ရက်နေ့တွင် ရုံးထုတ်မည်ဟု ကူညီဆောင်ရွက်ပေးနေသူများနှင့် ဒေသခံများက ပြောသည်။

အဆိုပါ ပုဒ်မများဖြင့် တရားစွဲခံထားရသူများသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒထုတ်ဖော်ပွဲများတွင် ပါဝင်ခဲ့သည့်အတွက် စစ်တပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ် သည်။

လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ပူတာအိုက ဒေသခံတစ်ဦး က “မနေ့ကပြောတာ ဒီနေ့ ၁၀ နာရီလောက်မှာ တွေ့ခွင့်ပေးမယ်ပြောတယ်။ ဒီနေ့ ကျနော်တို့စောင့်နေတာ။ ကျနော်တို့ တွေ့ခွင့်မရခဲ့ဘူး။ တစ်နာရီလောက်မှာ ရှေ့နေတွေနဲ့ ဦးဆောင်အဖွဲ့တွေ သွားတွေ့ခဲ့တယ်။ ဒါပေမယ့် တွေ့ခွင့်မရခဲ့ဘူး။ ယမန်ယူထားတဲ့အကြောင်း၊ ၃ လ ၅ ရက်မှ ရုံးထုတ်မယ်ဆိုတာပဲ သတင်းသိခဲ့ရတယ်ပေါ့ ဒီနေ့။ ပုဒ်မနဲ့ တရားစွဲလိုက်တဲ့သဘောရှိတယ်။ အဲ့ဒါ ကြောင့် နောက်နှစ်ပတ်မှာ ရုံးထုတ်မယ်ဆိုတာမျိုးဖြစ်လာတာ။ ဒါပေမယ့် သူတို့နဲ့လည်း တွေ့ခွင့်မရတော့ ကောင်းကောင်းလေးကို မေးခွင့်မရလိုက်ဘူး။ အခုကျနော်တို့ကို ပြောလိုက်တာက ၁၄၄ ရယ်၊ ၅၀၅ (ခ) အဲ့ဒါ တွေနဲ့ တစ်ယောက်က မတရားအသင်းဆက်သွယ်မှုလည်း ပါတယ်ဆိုတာမျိုး သိရတယ်” ဟု ပြောသည်။

ယနေ့ ၎င်းတို့ ၅ ဦး လွှတ်မြောက်ရေး ကူညီဆောင်ရွက်ပေးနေသူအချို့ နှင့် ရှေ့နေများက ပူတာအိုအကျဉ်း ထောင်တွင် သွားရောက်မေးမြန်းခဲ့ရာမှ တာဝန်ရှိသူများက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆန္ဒပြလူငယ် ၅ ဦးကို စွဲဆိုထားသည့် ပုဒ်များမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ရာဇဝတ်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် နှင့် မတရား အသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)တို့ဖြစ် ကြသည်။

ယခု တရားစွဲဆိုခံထားရသူများမှာ ကိုလဇွမ်အောင်ဒီး၊ ကိုဆင်ဝါး၊ ကိုမလောင်ဖေနောင်းအောင်၊ ကိုဇန်ထရမ်ဆိန်း နှင့် ကိုဖုန်ရော့ဖီနန် တို့ ဖြစ်သည်ဟု သိရသည်။ ၎င်းတို့အနက် ကိုဇန်ထရမ်ဆိန်း ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မဖြင့်ပါ တရားစွဲထားသည်ဟု သိရသည်။

“လူငယ်တွေကို နောက်ထပ်မလုပ်ရဲအောင် ခြိမ်းခြောက်တဲ့သဘောပါပဲ။ သူတို့က ဒီ ၅ ယောက်ကို ဖမ်းလိုက်တဲ့ နောက်ပိုင်းမှာက လူထုက ဆန္ဒပြပွဲမှာ ပိုတိုးလာတယ်။ ပူတာအိုမှာ လူဦးရေ ငါးသောင်းလောက်ပဲ ရှိတာ၊ အဲ့ဒါ အခုက တစ်သောင်းကျော်က လမ်းပေါ်ရောက်လာတယ်။ ပြောချင်တာက သူတို့ အဲ့လိုမျိုးခြိမ်းခြောက်လို့လည်း ဒီလိုကိစ္စက ပြီးသွားမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့တပ်ချင်တဲ့ ပုဒ်မတွေ တပ်လို့လည်း ဒီလူငယ်တွေက အမှန် ဆို ဒီလူငယ်တွေက သူတို့ဆီမှာ လုံးဝအပြစ်မရှိဘူး။ အကြမ်းဖက်မှုလည်း မလုပ်ခဲ့ဘူး။ ဆူပူအောင်လည်း မလုပ်ခဲ့ဘူး။ မတရားပုဒ်မတွေတပ်ပြီး ဖမ်းဆီးတယ်ဆိုတော့က လူငယ်တွေက ဒီဟာကို မဖြစ် ဖြစ်တဲ့နည်းနဲ့ အမြန်ဆုံး လွှတ်လာအောင် ကြိုးစားဖို့ပဲ ရှိတာပေါ့” ပူတာအိုက ဒေသခံလူငယ်တစ်ဦးက ဆက်ပြောသည်။

ဖမ်းဆီးခံထားရသည့် ပူတာအိုက လူငယ် ၅ ဦးကိစ္စနှင့် ပတ်သက်၍လည်း ဒေသခံပြည်သူများက ကချင်ပြည် နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ထံ ယမန်နေ့ကတည်းက အကူအညီတောင်းခံထားသည်ဟုလည်း ဆက် ပြောသည်။

“ဥပဒေလမ်းကြောင်းအရပြောနေရင် ကြာမယ့်သဘောရှိတော့ ကျနော်တို့လည်း ဒီမှာက အများအားဖြင့် လူ ငယ်တွေပဲ ဦးဆောင်နေတယ်။ မားမားမတ်မတ်ရပ်တည်ပေးမယ့်လူက အားနည်းနေတော့ ဒီနေ့ လူကြီးတွေကို အကူ အညီတောင်းပြီး အဖွဲ့တစ်ဖွဲ့ လုပ်နေတယ်။ သူတို့ကပဲ စပြီး ဖမ်းဆီးခံရတာတွေနဲ့ပတ်သက်ပြီး တရားကိစ္စ တွေက အစ ကူညီပေးနိုင်အောင် စီစဉ်နေတယ်။ နောက် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဆီ လည်း အကူအညီတောင်းထားတယ်။ မနေ့က ညနေက စာပို့ထားတယ်” ဟု လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ပူတာအိုက ဒေသခံတစ်ဦး က ဆက်ပြောသည်။

ပူတာအိုမြို့တွင် ယခုလ ၈ ရက်နေ့က စတင်ပြီး ယနေ့အချိန်ထိ ဒေသခံလူငယ်များက ဦးဆောင်ကာ စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ရေး၊ စစ်အာဏာသိမ်းမှုကန့်ကွက်သည့် လူထုဆန္ဒထုတ်ဖော်ပွဲများ အကြမ်းမဖက်သည့် နည်း ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေခြင်းသာ ဖြစ်ကြောင်း၊ ယခုကဲ့သို့ လူငယ်များကို ဖမ်းဆီးကာ တရားစွဲဆိုမှု သည် မှန်ကန်သည့် ဖြေရှင်းမှု နည်းလမ်းမဟုတ်ဘူးဟု ဆန္ဒပြပွဲတွင်ပါဝင်သူ လူငယ်များက ပြောသည်။

“ကျနော်တို့က ဒီပူတာအိုမှာက တစ်ရက်ကို နှစ်နာရီပဲ လုပ်တယ်ခင်ဗျ။ မနက်ပိုင်း ၁၀ နာရီကနေ ၁၂ နာရီအထိ ပဲ လုပ်တယ်။ အာဏာသိမ်းမှုအပေါ်မှာ ဖြစ်လာတဲ့ မကျေနပ်ချက်ကို လူငယ်တွေက ဆန္ဒပြတာပဲဖြစ်တယ်။ ကျ နော်တို့ ပူတာအိုမှာ မအိပ်မနေ ဆန္ဒပြလို့လည်း မြန်မာပြည်ပြောင်းလဲဖို့က မဖြစ်နိုင်ဘူး။ ဒါပေမယ့် ကျနော်တို့ က ရန်ကုန်၊ မန္တလေးလုပ်တဲ့ဟာကို ပူးပေါင်းတဲ့သဘောနဲ့ ဆန္ဒထုတ်ဖော်တာဖြစ်တယ်။ ဆိုတော့ ကျနော်တို့က ဒီ ဟာကို မတားစေချင်ဘူး။ ရန်ကုန်၊ မန္တလေးမှာ ဒီသပိတ်ပြီးသွားရင် ပူတာအိုမှာလည်း ပြီးသွားမယ်။ ဒါပေမယ့် အခုလို ဖမ်းဆီးတာတို့၊ မတရားထောင်ချတာ ဘာညာလုပ်နေလို့ရှိရင်တော့ ပူတာအိုမှာ ကောင်းကျိုးထက် ဆိုး ကျိုးပဲ ပိုများလိမ့်မယ်လို့ ဒီလိုပဲ ပြောချင်ပါတယ်”ပူတာအိုက ဒေသခံလူငယ်တစ်ဦးက ဆက်ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ထုတ်ပြန်ထားသည့် စာရင်းများအရာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၆၄၀) ဦးရှိ ပြီဖြစ်ပြီး ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ ဖမ်းဝရမ်းနှင့်အမှုဖွင့်ခြင်းခံထားရသူ (၃၂) ဦး၊ အမှုဖွင့်ခြင်းခံထားရသူ (၃) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၄၇) ဦးရှိပြီဟု သိရသည်။

ထို့ကြောင့် လက်ရှိအချိန် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူမှာ ၅၉၃ ဦး ရှိပြီဟု AAPP က ထုတ်ပြန်ထားသည်။

*** ZAWGYI ***
ဖမ္းဆီးခံ ပူတာအို လူငယ္မ်ားကို ပုဒ္မတပ္ တရားစြဲ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၂ ရက္။

ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕ အဖမ္းခံရၿပီးေနာက္ ပူတာအို ေထာင္အခ်ဳပ္သို႔ အပို႔ခံထားရသည့္ လူငယ္ ၅ ဦး ကို ပုဒ္မ ၅၀၅(ခ)၊ ပုဒ္မ ၁၄၄ ႏွင့္ ပုဒ္မ ၁၇(၁) တို႔ျဖင့္ တရားစြဲခံထားရၿပီး မတ္လ ၅ ရက္ေန႔တြင္ ႐ုံးထုတ္မည္ဟု ကူညီေဆာင္႐ြက္ေပးေနသူမ်ားႏွင့္ ေဒသခံမ်ားက ေျပာသည္။

အဆိုပါ ပုဒ္မမ်ားျဖင့္ တရားစြဲခံထားရသူမ်ားသည္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔ က စစ္အာဏာရွင္ဆန႔္က်င္ေရး လူထုဆႏၵထုတ္ေဖာ္ပြဲမ်ားတြင္ ပါဝင္ခဲ့သည့္အတြက္ စစ္တပ္က လာေရာက္ဖမ္းဆီးေခၚေဆာင္သြားခဲ့ျခင္း ျဖစ္ သည္။

လိုက္ပါကူညီေဆာင္႐ြက္ေပးေနသူ ပူတာအိုက ေဒသခံတစ္ဦး က “မေန႔ကေျပာတာ ဒီေန႔ ၁၀ နာရီေလာက္မွာ ေတြ႕ခြင့္ေပးမယ္ေျပာတယ္။ ဒီေန႔ က်ေနာ္တို႔ေစာင့္ေနတာ။ က်ေနာ္တို႔ ေတြ႕ခြင့္မရခဲ့ဘူး။ တစ္နာရီေလာက္မွာ ေရွ႕ေနေတြနဲ႔ ဦးေဆာင္အဖြဲ႕ေတြ သြားေတြ႕ခဲ့တယ္။ ဒါေပမယ့္ ေတြ႕ခြင့္မရခဲ့ဘူး။ ယမန္ယူထားတဲ့အေၾကာင္း၊ ၃ လ ၅ ရက္မွ ႐ုံးထုတ္မယ္ဆိုတာပဲ သတင္းသိခဲ့ရတယ္ေပါ့ ဒီေန႔။ ပုဒ္မနဲ႔ တရားစြဲလိုက္တဲ့သေဘာရွိတယ္။ အဲ့ဒါ ေၾကာင့္ ေနာက္ႏွစ္ပတ္မွာ ႐ုံးထုတ္မယ္ဆိုတာမ်ိဳးျဖစ္လာတာ။ ဒါေပမယ့္ သူတို႔နဲ႔လည္း ေတြ႕ခြင့္မရေတာ့ ေကာင္းေကာင္းေလးကို ေမးခြင့္မရလိုက္ဘူး။ အခုက်ေနာ္တို႔ကို ေျပာလိုက္တာက ၁၄၄ ရယ္၊ ၅၀၅ (ခ) အဲ့ဒါ ေတြနဲ႔ တစ္ေယာက္က မတရားအသင္းဆက္သြယ္မႈလည္း ပါတယ္ဆိုတာမ်ိဳး သိရတယ္” ဟု ေျပာသည္။

ယေန႔ ၎တို႔ ၅ ဦး လႊတ္ေျမာက္ေရး ကူညီေဆာင္႐ြက္ေပးေနသူအခ်ိဳ႕ ႏွင့္ ေရွ႕ေနမ်ားက ပူတာအိုအက်ဥ္း ေထာင္တြင္ သြားေရာက္ေမးျမန္းခဲ့ရာမွ တာဝန္ရွိသူမ်ားက ထိုသို႔ ေျပာဆိုလိုက္ျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ဆႏၵျပလူငယ္ ၅ ဦးကို စြဲဆိုထားသည့္ ပုဒ္မ်ားမွာ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ)၊ ရာဇဝတ္ထုံး ဥပေဒ ပုဒ္မ ၁၄၄ ညမထြက္ရအမိန႔္ ႏွင့္ မတရား အသင္းဆက္သြယ္မႈ ဥပေဒပုဒ္မ ၁၇(၁)တို႔ျဖစ္ ၾကသည္။

ယခု တရားစြဲဆိုခံထားရသူမ်ားမွာ ကိုလဇြမ္ေအာင္ဒီး၊ ကိုဆင္ဝါး၊ ကိုမေလာင္ေဖေနာင္းေအာင္၊ ကိုဇန္ထရမ္ဆိန္း ႏွင့္ ကိုဖုန္ေရာ့ဖီနန္ တို႔ ျဖစ္သည္ဟု သိရသည္။ ၎တို႔အနက္ ကိုဇန္ထရမ္ဆိန္း ကို မတရားအသင္းဆက္သြယ္မႈ ဥပေဒပုဒ္မျဖင့္ပါ တရားစြဲထားသည္ဟု သိရသည္။

“လူငယ္ေတြကို ေနာက္ထပ္မလုပ္ရဲေအာင္ ၿခိမ္းေျခာက္တဲ့သေဘာပါပဲ။ သူတို႔က ဒီ ၅ ေယာက္ကို ဖမ္းလိုက္တဲ့ ေနာက္ပိုင္းမွာက လူထုက ဆႏၵျပပြဲမွာ ပိုတိုးလာတယ္။ ပူတာအိုမွာ လူဦးေရ ငါးေသာင္းေလာက္ပဲ ရွိတာ၊ အဲ့ဒါ အခုက တစ္ေသာင္းေက်ာ္က လမ္းေပၚေရာက္လာတယ္။ ေျပာခ်င္တာက သူတို႔ အဲ့လိုမ်ိဳးၿခိမ္းေျခာက္လို႔လည္း ဒီလိုကိစၥက ၿပီးသြားမွာ မဟုတ္ဘူး။ ၿပီးေတာ့ သူတို႔တပ္ခ်င္တဲ့ ပုဒ္မေတြ တပ္လို႔လည္း ဒီလူငယ္ေတြက အမွန္ ဆို ဒီလူငယ္ေတြက သူတို႔ဆီမွာ လုံးဝအျပစ္မရွိဘူး။ အၾကမ္းဖက္မႈလည္း မလုပ္ခဲ့ဘူး။ ဆူပူေအာင္လည္း မလုပ္ခဲ့ဘူး။ မတရားပုဒ္မေတြတပ္ၿပီး ဖမ္းဆီးတယ္ဆိုေတာ့က လူငယ္ေတြက ဒီဟာကို မျဖစ္ ျဖစ္တဲ့နည္းနဲ႔ အျမန္ဆုံး လႊတ္လာေအာင္ ႀကိဳးစားဖို႔ပဲ ရွိတာေပါ့” ပူတာအိုက ေဒသခံလူငယ္တစ္ဦးက ဆက္ေျပာသည္။

ဖမ္းဆီးခံထားရသည့္ ပူတာအိုက လူငယ္ ၅ ဦးကိစၥႏွင့္ ပတ္သက္၍လည္း ေဒသခံျပည္သူမ်ားက ကခ်င္ျပည္ နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ထံ ယမန္ေန႔ကတည္းက အကူအညီေတာင္းခံထားသည္ဟုလည္း ဆက္ ေျပာသည္။

“ဥပေဒလမ္းေၾကာင္းအရေျပာေနရင္ ၾကာမယ့္သေဘာရွိေတာ့ က်ေနာ္တို႔လည္း ဒီမွာက အမ်ားအားျဖင့္ လူ ငယ္ေတြပဲ ဦးေဆာင္ေနတယ္။ မားမားမတ္မတ္ရပ္တည္ေပးမယ့္လူက အားနည္းေနေတာ့ ဒီေန႔ လူႀကီးေတြကို အကူ အညီေတာင္းၿပီး အဖြဲ႕တစ္ဖြဲ႕ လုပ္ေနတယ္။ သူတို႔ကပဲ စၿပီး ဖမ္းဆီးခံရတာေတြနဲ႔ပတ္သက္ၿပီး တရားကိစၥ ေတြက အစ ကူညီေပးႏိုင္ေအာင္ စီစဥ္ေနတယ္။ ေနာက္ ကခ်င္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဆီ လည္း အကူအညီေတာင္းထားတယ္။ မေန႔က ညေနက စာပို႔ထားတယ္” ဟု လိုက္ပါကူညီေဆာင္႐ြက္ေပးေနသူ ပူတာအိုက ေဒသခံတစ္ဦး က ဆက္ေျပာသည္။

ပူတာအိုၿမိဳ႕တြင္ ယခုလ ၈ ရက္ေန႔က စတင္ၿပီး ယေန႔အခ်ိန္ထိ ေဒသခံလူငယ္မ်ားက ဦးေဆာင္ကာ စစ္အာဏာ ရွင္စနစ္ ဆန႔္က်င္ေရး၊ စစ္အာဏာသိမ္းမႈကန႔္ကြက္သည့္ လူထုဆႏၵထုတ္ေဖာ္ပြဲမ်ား အၾကမ္းမဖက္သည့္ နည္း ျဖင့္ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ေနျခင္းသာ ျဖစ္ေၾကာင္း၊ ယခုကဲ့သို႔ လူငယ္မ်ားကို ဖမ္းဆီးကာ တရားစြဲဆိုမႈ သည္ မွန္ကန္သည့္ ေျဖရွင္းမႈ နည္းလမ္းမဟုတ္ဘူးဟု ဆႏၵျပပြဲတြင္ပါဝင္သူ လူငယ္မ်ားက ေျပာသည္။

“က်ေနာ္တို႔က ဒီပူတာအိုမွာက တစ္ရက္ကို ႏွစ္နာရီပဲ လုပ္တယ္ခင္ဗ်။ မနက္ပိုင္း ၁၀ နာရီကေန ၁၂ နာရီအထိ ပဲ လုပ္တယ္။ အာဏာသိမ္းမႈအေပၚမွာ ျဖစ္လာတဲ့ မေက်နပ္ခ်က္ကို လူငယ္ေတြက ဆႏၵျပတာပဲျဖစ္တယ္။ က် ေနာ္တို႔ ပူတာအိုမွာ မအိပ္မေန ဆႏၵျပလို႔လည္း ျမန္မာျပည္ေျပာင္းလဲဖို႔က မျဖစ္ႏိုင္ဘူး။ ဒါေပမယ့္ က်ေနာ္တို႔ က ရန္ကုန္၊ မႏၲေလးလုပ္တဲ့ဟာကို ပူးေပါင္းတဲ့သေဘာနဲ႔ ဆႏၵထုတ္ေဖာ္တာျဖစ္တယ္။ ဆိုေတာ့ က်ေနာ္တို႔က ဒီ ဟာကို မတားေစခ်င္ဘူး။ ရန္ကုန္၊ မႏၲေလးမွာ ဒီသပိတ္ၿပီးသြားရင္ ပူတာအိုမွာလည္း ၿပီးသြားမယ္။ ဒါေပမယ့္ အခုလို ဖမ္းဆီးတာတို႔၊ မတရားေထာင္ခ်တာ ဘာညာလုပ္ေနလို႔ရွိရင္ေတာ့ ပူတာအိုမွာ ေကာင္းက်ိဳးထက္ ဆိုး က်ိဳးပဲ ပိုမ်ားလိမ့္မယ္လို႔ ဒီလိုပဲ ေျပာခ်င္ပါတယ္”ပူတာအိုက ေဒသခံလူငယ္တစ္ဦးက ဆက္ေျပာသည္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ၏ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ၂၁ ရက္ေန႔ အထိ ထုတ္ျပန္ထားသည့္ စာရင္းမ်ားအရာ ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၆၄၀) ဦးရွိ ၿပီျဖစ္ၿပီး ၎တို႔အနက္မွ ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၄) ဦး၊ ဖမ္းဝရမ္းႏွင့္အမႈဖြင့္ျခင္းခံထားရသူ (၃၂) ဦး၊ အမႈဖြင့္ျခင္းခံထားရသူ (၃) ဦး ႏွင့္ ျပန္လည္ လြတ္ေျမာက္လာသူ (၄၇) ဦးရွိၿပီဟု သိရသည္။

ထို႔ေၾကာင့္ လက္ရွိအခ်ိန္ ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသူမွာ ၅၉၃ ဦး ရွိၿပီဟု AAPP က ထုတ္ျပန္ထားသည္။