မြစ်ကြီးနားတွင် MCC ဦးဆောင်ပြီး ဆုတောင်းပွဲကျင်းပ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များကောင်စီ (MCC) က ဦးဆောင်ပြီး အထူးအစီအစဉ်အနေဖြင့် အာဏာရှင်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ဖျက်သိမ်း ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် CDM လှုပ်ရှားမှုများအတွက် ဝတ်ပြုဆုတောင်းကာ ငြိမ်း ချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ (ယနေ့) ပြုလုပ်သည့် မြစ်ကြီးနားမြို့ ၊ စီတာပူရပ်ကွက်ရှိ နောင်ရာပါကွင်းနေရာတွင် ပထမပိုင်းအစီအစဉ်အနေဖြင့် ငြိမ်းချမ်းရေး အတွက် ဝတ်ပြုဆုတောင်းခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြပြီး ဒုတိယပိုင်းအစီအစဉ်အနေဖြင့် စစ်အာဏာရှင်ကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ၏ ဥက္ကဋ္ဌ ဒေါက်တာခါလမ်ဆမ်ဆွန် က “ကျနော်တို့ တိုက်ခိုက်နေတဲ့ ရန် သူဟာ လူမဟုတ်ပါဘူး။ စနစ်ဖြစ်ပါတယ်။ ကျမ်းစာထဲမှာလည်း စနစ်တိုက်ဖို့ ပြောပါတယ်။ ဆိုတော့ ကျနော် တို့ ဒီနေ့ မြန်မာပြည်မှာ လူတွေအားလုံးကောင်းပါတယ်။ စနစ်ကြောင့် တိုင်းပြည် ပျက်နေရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီစနစ်ဆိုတဲ့နေရာမှာ အာဏာရှင်စနစ်ဖြစ်ပါတယ်။ ဘုရားရှင်တောင်မှ အာဏာရှင်ကို အသုံး မ ပြုပါဘူး။ လူတွေတောင်းဆိုမှုကို လိုက်လျောပေးတဲ့ ဘုရားဖြစ်ပါတယ်။ ဒီနေ့ လူအချင်းချင်းအာဏာ သုံးပြီး မှ ကြိုက်သလို ကျနော်တို့ကို နှိပ်စက်နေခြင်း ညှင်းပန်းနေခြင်း စိတ်ရောဂါရာအောင် ကြောက်စိတ်တွေ မွေး ပေးနေတဲ့ အာဏာရှင်စနစ်ဟာ ဒီနေ့ မြန်မာပြည်မှာ ပျက်သုန်းဖို့ လိုပါပြီ” ဟု ဆုတောင်းရာတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

မြန်မာပြည်သူများအနေဖြင့် စိတ်ချမှု၊ လုံခြုံမှု၊ ငြိမ်သက်ခြင်း၊ စိတ်ပျော်ရွှင်ခြင်း စသည့် အခွင့်အရေးများကို နှစ် ပေါင်း ၇၀ ကျော် ဆုံးရှုံးခဲ့ရပြီဖြစ်ပြီး ဖေဖော်ဝါရီလ တစ်ရက်နေ့မှ စတင်၍ ထပ်မံအာဏာသိမ်းမှုကြောင့် လူထု များ ထပ်မံလမ်းပေါ်ရောက်လာကာ ယခုကဲ့သို့ ဆန္ဒထုတ်ဖော်နေခြင်းဖြစ်သည်ဟု ဒေါက်တာခါလမ်ဆမ်ဆွန် က ဆက်ပြောသည်။

ထို့ကြောင့် “မြန်မာပြည်ကို အာဏာရှင်စနစ်ကနေ လွှတ်ပေးတော်မူပါ။ လူသားတိုင်းငြိမ်းချမ်းစွာ၊ တရားမျှတ စွာ၊ တန်းတူညီ တူ ကျနော်တို့ အခွင့်အရေးများရရှိလျှက် သာယာဝပျောတဲ့ ငြိမ်းချမ်းတဲ့ မြန်မာပြည်ကြီးမှ လူ သားဖြစ်ရတာကို ဂုဏ်ယူစွာနဲ့ အသက်ရှင်နှိင်ဖို့ရန် မစသနားတော်မူပါ။ ဒီနေ့ မြန်မာပြည်မှာ မြန်မာလူထုများ အားလုံးဆုတောင်း တဲ့ ဆုတောင်းသံဟာ အာဏာရှင်စနစ် ဖျက်သိမ်းရေးဖြစ်ပါတယ်။ စစ်အာဏာရှင်သာ မဟုတ်ပါဘူး ဒီမိုကရေစီမှာလည်း အာဏာရှင်စနစ်ရှိတယ်ဆိုတာကို သိရပါတယ်။ ကျနော်တို့ ခံစားရပါတယ်။ ဒါကြောင့်မို့လို့ အာဏာရှင်စနစ်မှန်သမျှ မြန်မာပြည်မှာ အမြစ်ပြတ်ချုပ်ငြိမ်းသွားဖို့ ဘုရားရှင် ကျနော်တို့ကို လမ်းပြပါ” ဟု ဆုတောင်းပေးခဲ့သည်။

ယနေ့ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆုတောင်းခြင်း အစီအစဉ်တွင် အာဏာရှင်ဖီဆန်ရေး ဝန်ထမ်းလှုပ်ရှားမှု (Civil disobedience movement – CDM) တွင် ပါနေသည့် ဝန်ထမ်းများအတွက်လည်း အထူးဆုတောင်းပေးခဲ့သည်။

“အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုကိုလည်း လှုပ်ရှားနေပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ စေခိုင်းချက်ကြောင့် မဟုတ်ပဲနဲ့ မြန်မာပြည်မှာ အာဏာရှင်များ စနစ်ကို နာကျည်းသော ခံယူချက်ဖြင့် ဒီနေ့ ပညာတတ်ဝန်ထမ်းများ CDM ကို လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ကျနော်တို့ သူတို့အတွက် ဆုတောင်းပေးပါတယ်။ သူတို့ကို ခွန်အား ပေးပါ၊ သူတို့ကို စောင့်ရှောက်ပါ၊ သူတို့ကို မစပါ။ မိမိဆန္ဒအလျောက်လုပ်တဲ့အတွက်ကြောင့်မို့လို့ ဖမ်းဆီးခြင်း များ၊ ထောင်ချခြင်းများမှလည်း ကင်းလွတ်စေပါ။”

အလားတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့ အတွက်လည်း ဒေါက်တာခါလမ်ဆမ်ဆွန် က တောင်းဆို ဆုတောင်းခဲ့သည်။

“၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးဖြစ်ပါတယ်။ ဒီဥပဒေနဲ့ ဆက်ပြီးမှ မြန်မာပြည်မှာ ဆက်သွားလို့ရှိရင် က နေ့ တိုင်းရင်းသားတွေရဲ့ လှုပ်ရှားတော်လှန်ပုန်ကန်မှုက ဆက်ဖြစ် နေ မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဥပဒေ ကို ဖျက်သိမ်းပြီး တိုင်းရင်းသားအားလုံးလိုလားနေတဲ့ တန်းတူညီတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ဖို့လည်း လမ်း ဖွင့် ပေးတော်မူပါ။ မြန်မာပြည်ရဲ့ အရေးဟာ ဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ထက် ထိ မြန်မာပြည်ကို အုပ်ချုပ်သော အစိုးရများ ဖက်ဒရယ်စနစ်ကို ဦးဆောင်မသွားကြပါဘူး။ အာဏာရှင်စနစ်ကို ပဲ ဗဟိုဦးစီးစနစ်ကိုပဲ ဦးဆောင်သွားနေကြတဲ့အတွက်ကြောင့် ဒီနေ့ မြန်မာပြည်မှာ ရှိသော တိုင်းရင်းသားများ တော်လှန်ကြခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဆက်လက်ပြီးမှ မြန်မာပြည်မှာ ဖက်ဒရယ် ဒီမိုကရေစီဖော် ဆောင်ရေးကို ဘုရားရှင်လမ်းဖွင့်ပေးတော်မူပါ။”

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ပြည်လုံးကျွတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲနေ့တွင် မြစ်ကြီးနားမြို့ရှိ ခရစ်ယာန်ဘာသာရေးဂိုဏ်း ပေါင်းစုံမှ ဦးဆောင်ကာ ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်း ရေး နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဝတ်ပြုဆုတောင်းခြင်း၊ ငြိမ်းချမ်းစွာ လမ်း လျှောက် ဆန္ဒထုတ်ဖော်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

မြစ်ကြီးနားမြို့တွင် ဒေသခံပြည်သူ သိန်းချီက နွေဦးတော်လှန်ရေး (သို့) နှစ်ငါးလုံး ပြည်လုံးကျွတ် သပိတ်ကို တနိုင်ငံလုံးရှိ ပြည်သူများနည်းတူ ငြိမ်းချမ်းရေးဆုတောင်းခြင်းအစီအစဉ်တွင်သော်၎င်း၊ ပင်မအထွေထွေလူထု သပိတ် စစ်ကြောင်းဖြင့်သော်၎င်း၊ ဆိုင်ကယ်သပိတ်စစ်ကြောင်း၊ ထိုင်သပိတ်စစ်ကြောင်း စသည်တို့ဖြင့် သီးသီး ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

*** ZAWGYI ***
ျမစ္ႀကီးနားတြင္ MCC ဦးေဆာင္ၿပီး ဆုေတာင္းပြဲက်င္းပ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၂ ရက္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ ျမန္မာႏိုင္ငံခရစ္ယာန္ အသင္းေတာ္မ်ားေကာင္စီ (MCC) က ဦးေဆာင္ၿပီး အထူးအစီအစဥ္အေနျဖင့္ အာဏာရွင္ဆန႔္က်င္ေရး၊ ၿငိမ္းခ်မ္းေရး၊ ၂၀၀၈ ဖြဲ႕ စည္းပုံအေျခခံဥပေဒ ဖ်က္သိမ္း ေရး၊ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးႏွင့္ CDM လႈပ္ရွားမႈမ်ားအတြက္ ဝတ္ျပဳဆုေတာင္းကာ ၿငိမ္း ခ်မ္းစြာ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ (ယေန႔) ျပဳလုပ္သည့္ ျမစ္ႀကီးနားၿမိဳ႕ ၊ စီတာပူရပ္ကြက္ရွိ ေနာင္ရာပါကြင္းေနရာတြင္ ပထမပိုင္းအစီအစဥ္အေနျဖင့္ ၿငိမ္းခ်မ္းေရး အတြက္ ဝတ္ျပဳဆုေတာင္းျခင္း အစီအစဥ္ကို ေဆာင္႐ြက္ခဲ့ၾကၿပီး ဒုတိယပိုင္းအစီအစဥ္အေနျဖင့္ စစ္အာဏာရွင္ကို အလိုမရွိေၾကာင္း ၿငိမ္းခ်မ္းစြာ လမ္းေလွ်ာက္ဆႏၵထုတ္ေဖာ္ခဲ့ ၾကသည္။

ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC ၏ ဥကၠ႒ ေဒါက္တာခါလမ္ဆမ္ဆြန္ က “က်ေနာ္တို႔ တိုက္ခိုက္ေနတဲ့ ရန္ သူဟာ လူမဟုတ္ပါဘူး။ စနစ္ျဖစ္ပါတယ္။ က်မ္းစာထဲမွာလည္း စနစ္တိုက္ဖို႔ ေျပာပါတယ္။ ဆိုေတာ့ က်ေနာ္ တို႔ ဒီေန႔ ျမန္မာျပည္မွာ လူေတြအားလုံးေကာင္းပါတယ္။ စနစ္ေၾကာင့္ တိုင္းျပည္ ပ်က္ေနရတာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ဒီစနစ္ဆိုတဲ့ေနရာမွာ အာဏာရွင္စနစ္ျဖစ္ပါတယ္။ ဘုရားရွင္ေတာင္မွ အာဏာရွင္ကို အသုံး မ ျပဳပါဘူး။ လူေတြေတာင္းဆိုမႈကို လိုက္ေလ်ာေပးတဲ့ ဘုရားျဖစ္ပါတယ္။ ဒီေန႔ လူအခ်င္းခ်င္းအာဏာ သုံးၿပီး မွ ႀကိဳက္သလို က်ေနာ္တို႔ကို ႏွိပ္စက္ေနျခင္း ညႇင္းပန္းေနျခင္း စိတ္ေရာဂါရာေအာင္ ေၾကာက္စိတ္ေတြ ေမြး ေပးေနတဲ့ အာဏာရွင္စနစ္ဟာ ဒီေန႔ ျမန္မာျပည္မွာ ပ်က္သုန္းဖို႔ လိုပါၿပီ” ဟု ဆုေတာင္းရာတြင္ ထည့္သြင္း ေျပာဆိုခဲ့သည္။

ျမန္မာျပည္သူမ်ားအေနျဖင့္ စိတ္ခ်မႈ၊ လုံၿခဳံမႈ၊ ၿငိမ္သက္ျခင္း၊ စိတ္ေပ်ာ္႐ႊင္ျခင္း စသည့္ အခြင့္အေရးမ်ားကို ႏွစ္ ေပါင္း ၇၀ ေက်ာ္ ဆုံးရႈံးခဲ့ရၿပီျဖစ္ၿပီး ေဖေဖာ္ဝါရီလ တစ္ရက္ေန႔မွ စတင္၍ ထပ္မံအာဏာသိမ္းမႈေၾကာင့္ လူထု မ်ား ထပ္မံလမ္းေပၚေရာက္လာကာ ယခုကဲ့သို႔ ဆႏၵထုတ္ေဖာ္ေနျခင္းျဖစ္သည္ဟု ေဒါက္တာခါလမ္ဆမ္ဆြန္ က ဆက္ေျပာသည္။

ထို႔ေၾကာင့္ “ျမန္မာျပည္ကို အာဏာရွင္စနစ္ကေန လႊတ္ေပးေတာ္မူပါ။ လူသားတိုင္းၿငိမ္းခ်မ္းစြာ၊ တရားမွ်တ စြာ၊ တန္းတူညီ တူ က်ေနာ္တို႔ အခြင့္အေရးမ်ားရရွိလွ်က္ သာယာဝေပ်ာတဲ့ ၿငိမ္းခ်မ္းတဲ့ ျမန္မာျပည္ႀကီးမွ လူ သားျဖစ္ရတာကို ဂုဏ္ယူစြာနဲ႔ အသက္ရွင္ႏွိင္ဖို႔ရန္ မစသနားေတာ္မူပါ။ ဒီေန႔ ျမန္မာျပည္မွာ ျမန္မာလူထုမ်ား အားလုံးဆုေတာင္း တဲ့ ဆုေတာင္းသံဟာ အာဏာရွင္စနစ္ ဖ်က္သိမ္းေရးျဖစ္ပါတယ္။ စစ္အာဏာရွင္သာ မဟုတ္ပါဘူး ဒီမိုကေရစီမွာလည္း အာဏာရွင္စနစ္ရွိတယ္ဆိုတာကို သိရပါတယ္။ က်ေနာ္တို႔ ခံစားရပါတယ္။ ဒါေၾကာင့္မို႔လို႔ အာဏာရွင္စနစ္မွန္သမွ် ျမန္မာျပည္မွာ အျမစ္ျပတ္ခ်ဳပ္ၿငိမ္းသြားဖို႔ ဘုရားရွင္ က်ေနာ္တို႔ကို လမ္းျပပါ” ဟု ဆုေတာင္းေပးခဲ့သည္။

ယေန႔ျပဳလုပ္သည့္ ၿငိမ္းခ်မ္းေရး ဆုေတာင္းျခင္း အစီအစဥ္တြင္ အာဏာရွင္ဖီဆန္ေရး ဝန္ထမ္းလႈပ္ရွားမႈ (Civil disobedience movement – CDM) တြင္ ပါေနသည့္ ဝန္ထမ္းမ်ားအတြက္လည္း အထူးဆုေတာင္းေပးခဲ့သည္။

“အစိုးရဝန္ထမ္းမ်ား CDM လႈပ္ရွားမႈကိုလည္း လႈပ္ရွားေနပါတယ္။ တစ္ဦးတစ္ေယာက္ရဲ႕ ေစခိုင္းခ်က္ေၾကာင့္ မဟုတ္ပဲနဲ႔ ျမန္မာျပည္မွာ အာဏာရွင္မ်ား စနစ္ကို နာက်ည္းေသာ ခံယူခ်က္ျဖင့္ ဒီေန႔ ပညာတတ္ဝန္ထမ္းမ်ား CDM ကို လုပ္ေဆာင္ေနျခင္းျဖစ္ပါတယ္။ က်ေနာ္တို႔ သူတို႔အတြက္ ဆုေတာင္းေပးပါတယ္။ သူတို႔ကို ခြန္အား ေပးပါ၊ သူတို႔ကို ေစာင့္ေရွာက္ပါ၊ သူတို႔ကို မစပါ။ မိမိဆႏၵအေလ်ာက္လုပ္တဲ့အတြက္ေၾကာင့္မို႔လို႔ ဖမ္းဆီးျခင္း မ်ား၊ ေထာင္ခ်ျခင္းမ်ားမွလည္း ကင္းလြတ္ေစပါ။”

အလားတူ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ဖ်က္သိမ္းေရးႏွင့္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ႏိုင္ေရးတို႔ အတြက္လည္း ေဒါက္တာခါလမ္ဆမ္ဆြန္ က ေတာင္းဆို ဆုေတာင္းခဲ့သည္။

“၂၀၀၈ အေျခခံဥပေဒ ဖ်က္သိမ္းေရးျဖစ္ပါတယ္။ ဒီဥပေဒနဲ႔ ဆက္ၿပီးမွ ျမန္မာျပည္မွာ ဆက္သြားလို႔ရွိရင္ က ေန႔ တိုင္းရင္းသားေတြရဲ႕ လႈပ္ရွားေတာ္လွန္ပုန္ကန္မႈက ဆက္ျဖစ္ ေန မွာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ဒီဥပေဒ ကို ဖ်က္သိမ္းၿပီး တိုင္းရင္းသားအားလုံးလိုလားေနတဲ့ တန္းတူညီတူ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျဖစ္ဖို႔လည္း လမ္း ဖြင့္ ေပးေတာ္မူပါ။ ျမန္မာျပည္ရဲ႕ အေရးဟာ ဖက္ဒရယ္ ျပည္ေထာင္စုစနစ္ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီေန႔ထက္ ထိ ျမန္မာျပည္ကို အုပ္ခ်ဳပ္ေသာ အစိုးရမ်ား ဖက္ဒရယ္စနစ္ကို ဦးေဆာင္မသြားၾကပါဘူး။ အာဏာရွင္စနစ္ကို ပဲ ဗဟိုဦးစီးစနစ္ကိုပဲ ဦးေဆာင္သြားေနၾကတဲ့အတြက္ေၾကာင့္ ဒီေန႔ ျမန္မာျပည္မွာ ရွိေသာ တိုင္းရင္းသားမ်ား ေတာ္လွန္ၾကျခင္းျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ဆက္လက္ၿပီးမွ ျမန္မာျပည္မွာ ဖက္ဒရယ္ ဒီမိုကေရစီေဖာ္ ေဆာင္ေရးကို ဘုရားရွင္လမ္းဖြင့္ေပးေတာ္မူပါ။”

ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ ျပည္လုံးကြၽတ္ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္ပြဲေန႔တြင္ ျမစ္ႀကီးနားၿမိဳ႕ရွိ ခရစ္ယာန္ဘာသာေရးဂိုဏ္း ေပါင္းစုံမွ ဦးေဆာင္ကာ ၿငိမ္းခ်မ္းေရး၊ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ဖ်က္သိမ္း ေရး ႏွင့္ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရးတို႔အတြက္ ဝတ္ျပဳဆုေတာင္းျခင္း၊ ၿငိမ္းခ်မ္းစြာ လမ္း ေလွ်ာက္ ဆႏၵထုတ္ေဖာ္ျခင္းတို႔ကို လုပ္ေဆာင္ခဲ့ၾကသည္။

ျမစ္ႀကီးနားၿမိဳ႕တြင္ ေဒသခံျပည္သူ သိန္းခ်ီက ေႏြဦးေတာ္လွန္ေရး (သို႔) ႏွစ္ငါးလုံး ျပည္လုံးကြၽတ္ သပိတ္ကို တႏိုင္ငံလုံးရွိ ျပည္သူမ်ားနည္းတူ ၿငိမ္းခ်မ္းေရးဆုေတာင္းျခင္းအစီအစဥ္တြင္ေသာ္၎၊ ပင္မအေထြေထြလူထု သပိတ္ စစ္ေၾကာင္းျဖင့္ေသာ္၎၊ ဆိုင္ကယ္သပိတ္စစ္ေၾကာင္း၊ ထိုင္သပိတ္စစ္ေၾကာင္း စသည္တို႔ျဖင့္ သီးသီး ပါဝင္ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။