စစ်ကောင်စီတွင် ပါတီဝင်များပါဝင်သည့်အတွက် ဒေါက်တာ အောင်နိုင်ဦး MUP မှ နှုတ်ထွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၂၂ ရက်။

စစ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီပါဝင်လာခဲ့သည့်အတွက် ပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် ဒေါက်တာ အောင်နိုင်ဦးက ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ပါတီဗဟိုရုံးချုပ်ထံ စာတင်ပြီး နှုတ်ထွက်လိုက်ကြောင်း သိရသည်။

မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် ဆုံးဖြတ်ထားသည့်အပေါ် လက်မခံ သည့် ဒေါက်တာအောင်နိုင်ဦးအပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၀ ဦးတို့က အဆိုပါကိစ္စကို ပြန်လည်သုံးသပ် ဆွေးနွေးရန် တောင်းဆိုထားသည်။

ပါတီမှ နှုတ်ထွက်သည့်ကိစ္စနှင့် ပတ်သက်ပြီး ဒေါက်အောင်နိုင်ဦးက မှတ်ချက်တစ်စုံတစ်ရာ မပေးလိုဘူးဟု ပြော သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် မွန်ညီညွတ်ရေးပါတီ ပါဝင်ရန် ဆုံးဖြတ်ထားသည့်ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းခဲ့စဉ် သတင်းနှင့်မီဒီယာကွန်ယက် က ဒေါက်တာအောင်နိုင်ဦးက “ဘယ်လိုပဲဖြစ်ဖြစ်လေဗျာ ကျနော်တို့ ကတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာသွားတဲ့ စနစ်ကို လိုချင်တာကို အစဉ်အစိုက်လည်း ဒီနိုင်ငံ ရေးပါတီ တည်ထောင်ထားတယ်ဆိုတာကလည်း ရွေးကောက်ပွဲဝင်မယ် ရွေးကောက်ပွဲကနေတဆင့် လုပ်ရည် ကိုင်ရည်ရှိတဲ့ နိုင်ငံရေး သမားတွေ လွှတ်တော်ထဲရောက်ဖို့ အဲဒီကမှ အုပ်ချုပ်မှုအပိုင်းမှာရရှိခဲ့ရင်လည်း ဆက် လက်ဆောင်ရွက်သွားမယ် ဒါကတော့ ဒီမိုကရေစီစနစ်နဲ့ ကျနော်တို့က သွားချင်တာကိုး။ ဆိုတော့ အဲဒီစနစ်မျိုးနဲ့ ကျနော်တို့ ခိုင်မာအောင် သွားချင်တာ ဒီကြားမှာဖြစ်လာတဲ့ ပြဿနာရေးရာကိစ္စမျိုးကို ကျနော်တို့က နိုင်ငံရေး ပါတီနဲ့ကျတော့ ကိုယ်ခံယူထားတဲ့ ကိုယ့်ရဲ့လမ်းကြောင်းနဲ့ပဲ သွားတာအကောင်းဆုံးပေါ့” ဟု ပြောထားသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့က မွန်ပြည်နယ်အဖွဲ့ဝင်ကောင်စီအဖြစ် မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်ရေးမှူး (၁) နိုင်လယိတမကို ခန့်အပ်ကြောင်း MRTV ည ၈ နာရီသတင်းတွင် ကြေညာခဲ့ပြီးနောက် ဒေါက်တာအောင်နိုင်ဦး ယခုကဲ့သို့ နှုတ်ထွက်လိုက်ခြင်းဖြစ်သည်။

ဒေါက်တာအောင်နိုင်ဦးသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း “ရပ်တည်ခံယူထားတဲ့ ဒီမိုကရေစီစံနှုန်း တန်ဖိုးတွေ ဘယ်လိုအကြောင်းနဲ့မှ ယိမ်းယိုင်မပြိုလဲစေရပါ၊ မဲဆန္ဒရှင်လူထုရဲ့ ယုံကြည်အားကိုးမှုကို အဓမ္မ ဝါဒီ တွေအတွက် မဖြစ်စေရပါ။ ပြောသင့်ပြောထိုက်တာ ပြောခဲ့ပြီးပြီ။ လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်သွားပါ့ မယ်။ ပြတ်သားချိန်တန်တော့ ပြတ်သားစေရပါမယ်။ အာဏာရှင်စနစ် ကျဆုံးပါစေ” ဟု ရေးသားထားသည်။

ထို့အပြင် လူထုက တင်မြှောက်သည့် ဒီမိုကရေစီအစိုးရကိုသာ လိုလားကြောင်း ဒီမိုကရေစီကျင့်စဉ်နှင့် အုပ်ချုပ် မှုစနစ်ကိုသာ နှစ်ခြိုက်ခံယူလိုကြောင်းလည်း ဒေါက်တာအောင်နိုင်ဦးက ရေးသားထားသည်။

ဒေါက်တာအောင်နိုင်ဦးသည် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့တွင် မွန်ပြည်နယ် ချောင်းဆုံ မြို့ နယ် ပြည်နယ်မဲဆန္ဒနယ် (၁) တွင် အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်ပြီး ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အများစု၏ သဘောထားဆန္ဒဖြင့် ဖေဖော်ဝါရီ ၆ ရက်နေ့က ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သွားရန် ဆုံးဖြတ်ချက်သည် ပြည်သူထု အကြား ဝေဖန်ပြောဆိုခံနေရသလို ပါတီအတွင်းမှာလည်း လက်ခံသူနှင့် လက်မခံသူတို့အကြား သဘောထားများ ကွဲလွဲနေသည်။

ပါတီအနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရမည့် လမ်းကြောင်းထက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် ရောက်လို သည့် ရည်ရွယ်ချက်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သည့် ကမ်းလှမ်းချက်ကို လက်ခံရန် ဆုံး ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ပါတီတွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောဆိုထားသည်။

*** ZAWGYI ***
စစ္ေကာင္စီတြင္ ပါတီဝင္မ်ားပါဝင္သည့္အတြက္ ေဒါက္တာ ေအာင္ႏိုင္ဦး MUP မွ ႏႈတ္ထြက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ လ ၂၂ ရက္။

စစ္ေကာင္စီတြင္ မြန္ညီၫြတ္ေရးပါတီပါဝင္လာခဲ့သည့္အတြက္ ပါတီဗဟိုေကာ္မတီဝင္တစ္ဦးျဖစ္သည့္ ေဒါက္တာ ေအာင္ႏိုင္ဦးက ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔တြင္ ပါတီဗဟို႐ုံးခ်ဳပ္ထံ စာတင္ၿပီး ႏႈတ္ထြက္လိုက္ေၾကာင္း သိရသည္။

မြန္ညီၫြတ္ေရးပါတီ၏ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ ပါဝင္ရန္ ဆုံးျဖတ္ထားသည့္အေပၚ လက္မခံ သည့္ ေဒါက္တာေအာင္ႏိုင္ဦးအပါအဝင္ ပါတီဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ၁၀ ဦးတို႔က အဆိုပါကိစၥကို ျပန္လည္သုံးသပ္ ေဆြးေႏြးရန္ ေတာင္းဆိုထားသည္။

ပါတီမွ ႏႈတ္ထြက္သည့္ကိစၥႏွင့္ ပတ္သက္ၿပီး ေဒါက္ေအာင္ႏိုင္ဦးက မွတ္ခ်က္တစ္စုံတစ္ရာ မေပးလိုဘူးဟု ေျပာ သည္။

ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ မြန္ညီၫြတ္ေရးပါတီ ပါဝင္ရန္ ဆုံးျဖတ္ထားသည့္ကိစၥႏွင့္ ပတ္သက္ၿပီး ေမးျမန္းခဲ့စဥ္ သတင္းႏွင့္မီဒီယာကြန္ယက္ က ေဒါက္တာေအာင္ႏိုင္ဦးက “ဘယ္လိုပဲျဖစ္ျဖစ္ေလဗ်ာ က်ေနာ္တို႔ ကေတာ့ ဒီမိုကေရစီ လမ္းေၾကာင္းေပၚမွာ ခိုင္ခိုင္မာမာသြားတဲ့ စနစ္ကို လိုခ်င္တာကို အစဥ္အစိုက္လည္း ဒီႏိုင္ငံ ေရးပါတီ တည္ေထာင္ထားတယ္ဆိုတာကလည္း ေ႐ြးေကာက္ပြဲဝင္မယ္ ေ႐ြးေကာက္ပြဲကေနတဆင့္ လုပ္ရည္ ကိုင္ရည္ရွိတဲ့ ႏိုင္ငံေရး သမားေတြ လႊတ္ေတာ္ထဲေရာက္ဖို႔ အဲဒီကမွ အုပ္ခ်ဳပ္မႈအပိုင္းမွာရရွိခဲ့ရင္လည္း ဆက္ လက္ေဆာင္႐ြက္သြားမယ္ ဒါကေတာ့ ဒီမိုကေရစီစနစ္နဲ႔ က်ေနာ္တို႔က သြားခ်င္တာကိုး။ ဆိုေတာ့ အဲဒီစနစ္မ်ိဳးနဲ႔ က်ေနာ္တို႔ ခိုင္မာေအာင္ သြားခ်င္တာ ဒီၾကားမွာျဖစ္လာတဲ့ ျပႆနာေရးရာကိစၥမ်ိဳးကို က်ေနာ္တို႔က ႏိုင္ငံေရး ပါတီနဲ႔က်ေတာ့ ကိုယ္ခံယူထားတဲ့ ကိုယ့္ရဲ႕လမ္းေၾကာင္းနဲ႔ပဲ သြားတာအေကာင္းဆုံးေပါ့” ဟု ေျပာထားသည္။

ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔က မြန္ျပည္နယ္အဖြဲ႕ဝင္ေကာင္စီအျဖစ္ မြန္ညီၫြတ္ေရးပါတီ တြဲဖက္အတြင္ေရးမႉး (၁) ႏိုင္လယိတမကို ခန႔္အပ္ေၾကာင္း MRTV ည ၈ နာရီသတင္းတြင္ ေၾကညာခဲ့ၿပီးေနာက္ ေဒါက္တာေအာင္ႏိုင္ဦး ယခုကဲ့သို႔ ႏႈတ္ထြက္လိုက္ျခင္းျဖစ္သည္။

ေဒါက္တာေအာင္ႏိုင္ဦးသည္ ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္လည္း “ရပ္တည္ခံယူထားတဲ့ ဒီမိုကေရစီစံႏႈန္း တန္ဖိုးေတြ ဘယ္လိုအေၾကာင္းနဲ႔မွ ယိမ္းယိုင္မၿပိဳလဲေစရပါ၊ မဲဆႏၵရွင္လူထုရဲ႕ ယုံၾကည္အားကိုးမႈကို အဓမၼ ဝါဒီ ေတြအတြက္ မျဖစ္ေစရပါ။ ေျပာသင့္ေျပာထိုက္တာ ေျပာခဲ့ၿပီးၿပီ။ လုပ္သင့္လုပ္ထိုက္တာ ဆက္လုပ္သြားပါ့ မယ္။ ျပတ္သားခ်ိန္တန္ေတာ့ ျပတ္သားေစရပါမယ္။ အာဏာရွင္စနစ္ က်ဆုံးပါေစ” ဟု ေရးသားထားသည္။

ထို႔အျပင္ လူထုက တင္ေျမႇာက္သည့္ ဒီမိုကေရစီအစိုးရကိုသာ လိုလားေၾကာင္း ဒီမိုကေရစီက်င့္စဥ္ႏွင့္ အုပ္ခ်ဳပ္ မႈစနစ္ကိုသာ ႏွစ္ၿခိဳက္ခံယူလိုေၾကာင္းလည္း ေဒါက္တာေအာင္ႏိုင္ဦးက ေရးသားထားသည္။

ေဒါက္တာေအာင္ႏိုင္ဦးသည္ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲတို႔တြင္ မြန္ျပည္နယ္ ေခ်ာင္းဆုံ ၿမိဳ႕ နယ္ ျပည္နယ္မဲဆႏၵနယ္ (၁) တြင္ အႏိုင္ရရွိခဲ့သူတစ္ဦးျဖစ္ၿပီး ဒုတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္ ဒု-ဥကၠဌ တာဝန္ထမ္းေဆာင္ခဲ့သူတစ္ဦးလည္းျဖစ္သည္။

မြန္ညီၫြတ္ေရးပါတီအေနျဖင့္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ ပါဝင္ရန္ ပါတီဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီဝင္အမ်ားစု၏ သေဘာထားဆႏၵျဖင့္ ေဖေဖာ္ဝါရီ ၆ ရက္ေန႔က ဆုံးျဖတ္ထားျခင္း ျဖစ္သည္။

မြန္ညီၫြတ္ေရးပါတီ၏ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ ပါဝင္သြားရန္ ဆုံးျဖတ္ခ်က္သည္ ျပည္သူထု အၾကား ေဝဖန္ေျပာဆိုခံေနရသလို ပါတီအတြင္းမွာလည္း လက္ခံသူႏွင့္ လက္မခံသူတို႔အၾကား သေဘာထားမ်ား ကြဲလြဲေနသည္။

ပါတီအေနျဖင့္ ထိပ္တိုက္ရင္ဆိုင္ရမည့္ လမ္းေၾကာင္းထက္ ေတြ႕ဆုံေဆြးေႏြးေရးလမ္းေၾကာင္းေပၚ ေရာက္လို သည့္ ရည္႐ြယ္ခ်က္ႏွင့္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ ပါဝင္သည့္ ကမ္းလွမ္းခ်က္ကို လက္ခံရန္ ဆုံး ျဖတ္လိုက္ျခင္းျဖစ္သည္ဟု ပါတီတြဲဖက္အတြင္းေရးမႉး (၁) ႏိုင္လယိတမက ေျပာဆိုထားသည္။