ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၈၉)

ပြည်ထောင်စု ရွေးကောက်ပွဲ ကောက်မရှင် UEC က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပ ရန် မဖြစ်နိုင်တဲ့ နယ်မြေတွေနဲ့ ပတ်သက်လို့ ထုတ်ပြန်ချက်ဟာ တရားမျှတမှု မရှိတဲ့အပြင် တိုင်းရင်းသားပါတီ တွေကို နှိပ်ကွပ်နေတဲ့ ပုံစံဖြစ်နေတဲ့အတွက် ပြန်လည်သုံးသပ်ပေးဖို့ တိုင်းရင်းသားပါတီ အချို့ က ပြောဆို လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်ဟာ တိုင်းရင်းသားပါတီတွေ ရွေးကောက်ပွဲ အောင်နိုင်ရေးနဲ့ မဲဆန္ဒရှင် ပြည် သူတွေရဲ့ မဲပေးခွင့် ဆုံးရှုံးမှုကို ဖြစ်စေတဲ့အတွက် တရားမျှတမှုမရှိတဲ့ ထုတ်ပြန်ချက် ဖြစ်တယ်လို့ ပြောပါ တယ်။ အခုကာလဟာ နိုင်ငံသား တန်းတူအခွင့်အရေး ရရှိပြီး လွှတ်တော်နိုင်ငံရေးမှာ ပါဝင်ခွင့် ရရှိစေမယ့် နည်းလမ်းတွေနဲ့ နိုင်ငံရေးဘောင်ကို ချဲ့ထွင်ဖို့ မဖြစ်မနေလိုအပ်နေတဲ့ အချိန်ဖြစ်ပေမယ့် UEC ရဲ့ ထုတ်ပြန် ချက်ကြောင့် ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမယ့် နယ်မြေတွေက တိုင်းရင်းသားတွေကို လွှတ်တော်ပြင်ပ နိုင်ငံရေး နည်းလမ်းတွေ ရွေးချယ် လာစေရန် တွန်းပို့ရာရောက်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။

တရားမျှတမှု၊ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုကရေစီ အခွင့်အရေးတွေကို ဆုံးရှုံးနေတဲ့ တိုင်း ရင်းသားတွေအတွက်ကတော့ UEC ရဲ့ ထုတ်ပြန်ချက်ကြောင့် လက်ရှိအစိုးရရဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ လက်တွေ့မဆန်ပဲ အပြောသာဖြစ်နေသေးတယ်လို့ ဆိုကြတဲ့ အကြောင်းအရာ တွေကို ဒီတပတ်ရဲ့ ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်မှာ စုစည်း တင်ဆက် ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ရး၅၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို စနေနေ့ မနက်ပိုင်း-၈း၁၅ နာရီ တို့ မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။