ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၉၀)

၂၀၁၅ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို အုတ်နဲ့ကျင်းတဲ့ ဝန်းရံ၊ NLD အနိုင်ရရှိရေး တိုင်းရင်းသားလူငယ်တွေ ဝန်းရံ မဲဆွယ်စည်းရုံးမှုတွေမှာ ပါဝင်ခဲ့ကြ ရာကနေ ၂၀၂၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ မိမိတို့ရဲ့ တိုင်းရင်းသားပါတီတွေကိုပဲ မဲပေးကြဖို့ တိုက်တွန်းချက်တွေ၊ မဲဆွယ်စည်းရုံးမှုတွေ၊ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေကို ဝန်းရံတာတွေ ဖြစ်လာခဲ့ပါတယ်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေကို မဲပေးမှပဲ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ပိုပြီး ရနို်င်မယ်လို့ တိုင်းရင်းသားပြည်သူတွေနဲ့ တိုင်းရင်းသားလူငယ်အတော်များများ ပြောဆိုနေကြပါတယ်။ ဒီလိုမျိုး ပြောဆိုသံတွေ ဘာ့ကြောင့်ထွက်လာရတာလဲ၊ တိုင်းရင်းသားအခွင့်အရေးဆိုတာဘာလဲ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရရင် ဘာတွေလုပ်ဆောင်သွားကြမှာလဲ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘယ်လိုမျိုး လုပ်ဆောင်သွားကြမလဲ၊ ဘာတွေမျှော်လင့်နေကြလဲ… စတဲ့အကြောင်း အရာတွေကို ဒီတပတ်ရဲ့ “ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်” အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ရး၅၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို စနေနေ့ မနက်ပိုင်း-၈း၁၅ နာရီ တို့ မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။