ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၉၂)

“နောင် အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေး ကိစ္စ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက တိုင်းရင်းသားပါတီ ၄၀ ကျော်ကို ဖိတ်ကြားထားတဲ့ စာတစောင် နိုဝင် ဘာလ ၁၂ ရက်နေ့ ရက်စွဲနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့လို ထွက်ပေါ်လာတဲ့ အပေါ် တိုင်းရင်းသားပါတီတွေက ဘယ်လိုမြင်ပါသလဲ၊ ပြီးခဲ့ အစိုးရသက်တမ်းတစ်လျှောက်လုံး NLD ပါတီ က တိုင်းရင်းသားတွေရဲ့ အရေးကို လျစ်လျူရှုခဲ့တယ်လို့ တိုင်းရင်းသားတွေက ပြောဆိုနေကြတဲ့ တဖက်မှာ အခု ဖိတ်ကြားချက်အပေါ် သူတို့ ဘာပြောလဲ၊ ဘယ်လိုတွေသုံးသပ်နေကြလဲ… စတဲ့အကြောင်းအရာတွေ က ဒီတပတ်ရဲ့ “ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်” အစီအစဉ် မှာ တင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ရး၅၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို စနေနေ့ မနက်ပိုင်း-၈း၁၅ နာရီ တို့ မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။