မြစ်ကြီးနား ဆန္ဒပြပွဲ ဖမ်းဆီးမှုများရှိသော်လည်း သိန်းနှင့် ချီ ပါဝင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲတွင် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးနှင့် သတင်းထောက်တစ်ဦး အပါအဝင် လူဦးရေ ၈၀ နီးပါးခန့် အဖမ်းခံထားရသည်။

နံနက်ပိုင်း ဆန္ဒပြပွဲများအစောပိုင်းတွင် ဖြိုခွဲခံခဲ့ရသော်လည်း သိန်းနှင့် ချီသော လူထုက ဆက်လက်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

မြစ်ကြီးနားမြို့က “နွေဦးတော်လှန်ရေး မှ အာရှတော်လှန်ရေး” အထွေထွေသပိတ်ကို စစ်ကြောင်းနှစ်ကြောင်းဖြင့် ချီတက်ခဲ့ရာ စစ်ကြောင်းနှစ်ခုလုံး စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဖြိုခွင်းမှုကို ခံခဲ့ရပြီးနောက် ယခုကဲ့ သို့ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီးခံထားရသူများ ပြန်လွတ်မြောက်ရေး လိုက်ပါညှိနှိုင်းဆောင်ရွက်ပေးနေသည့် ကချင်ငြိမ်းချမ်းရေးအကျိုး တော်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာ က “လူများတော့ အတိအကျပြောဖို့တော့ခက်တယ်။ ၇၀ ကျော်လိုလို၊ ၆၀ ကျော်လိုလို၊ ၈၀ ကျော်လိုလို ဖြစ်နေတယ်။ ကျနော်တို့က သက်ဆိုင်ရာ ကချင်ပြည်နယ်ကောင်စီကိုလည်း တင် ပြထားတယ်။ ပြန်ပြီးဆင့်ကဲဆင့်ကဲ သေချာစိစစ်ပြီးတော့ ပြန်လွှတ်ပေးမယ်လို့ ကြားတယ်။ အဲ့ဒါကို စောင့်နေ တာပါ။ အခုသိရသလောက်တော့ မြောက်ပိုင်းတိုင်းမှာ ထားတယ်လို့ သိရတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် ကချင်ပြည်နယ်အခြေဆိုက်သတင်းဌာနက သတင်းထောက်တစ်ဦးဖြစ်သည့် ကိုပေါင် လန်းတောင် (ခ) ကောကော ကိုလည်း အောင်နန်းရပ်ကွက်ရှိ သပိတ်စစ်ကြောင်းအတွင်း သတင်းရယူနေစဉ် ဖမ်း ဆီးသွားခဲ့သည်။

The 74 Media သတင်းဌာန၏ အယ်ဒီတာချုပ် ကိုထွယ်အောင် က “သူက သတင်းယူနေတာ။ အောင်နန်းဘက် မှာ Live မလွှင့်ဘူး။ ဗွီဒီယိုရိုက်နေတဲ့အချိန်မှာ Live လွှင့်တယ်လို့ ထင်လို့ ဖမ်းသွားတာနဲ့တူပါတယ်။ သူနဲ့ ဖုန်းနဲ့ အဆက်အသွယ်ရတုန်းက နှစ်ချက်ရိုက်တယ်လို့ ပြောပါတယ်။ ဆဲဆိုပြီးတော့ ဖမ်းသွားတယ်လို့ ပြောပါတယ်။ ကင်မရာတွေလည်း သိမ်းသွားတယ်လို့ ပြောပါတယ်။” ဟု ပြောသည်။

ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG အနေဖြင့် ဖမ်းဆီးခံထားရသူများ ယနေ့ညတွင်းချင်းပြန်လွှတ် ပေးနိုင်ရေး ညှိနှိုင်းနေသည်ဟု ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

မြစ်ကြီးနားမြို့ က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲသည့် သပိတ်စစ်ကြောင်းများ ယနေ့ နံနက် ပိုင်းတွင် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသည်။

ဖမ်းဆီးခံရသူ ၈၀ ကျော်ခန့်ရှိပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများပစ်ခတ်ခြင်း၊ သေနတ်ဟုယူဆရသည်များဖြင့် ပစ်ခတ်ဖြိုခွင်းခြင်း၊ ဆန္ဒပြပြည်သူများအား အကြမ်းဖက်ရိုက်နှက်ခြင်း များကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၃ ဦးထက်မနည်း ရှိခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင်သည့် မြစ်ကြီးနားမြို့ က သပိတ်စစ်ကြောင်းများသည် စံပြရပ်ကွက်နှင့် အောင်နန်း ရပ်ကွက် စသည့်နေရာနှစ်ခု စစ်ကြောင်းနှစ်ကြောင်းဖြင့် လူဦးရေသိန်းချီက ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ် သည်။

အကြမ်းဖက်ဖြိုခွင်းမှုများ၊ ထိခိုက်ဒဏ်ရရှိသည်များနှင့် ဖမ်းဆီးခံရသည့် အခြေအနေများရှိခဲ့သော်လည်း မြစ်ကြီးနားမြို့က ဆန္ဒပြပြည်သူသိန်းချီက ယနေ့နေ့လည် ၁၂ နာရီအချိန်ခန့်အထိ သွားလာလို့ရသည့် လမ်း ကြောင်းများအတိုင်း တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များကို ရှောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြစ်ကြီးနားမြို့ရှိ ဈေးများ၊ ဆိုင်များ အားလုံးပိတ်ပြီး နွေဦးတော်လှန်ရေးမှ အာရှတော်လှန်ရေး အထွေထွေ သပိတ်ကို မြစ်ကြီးနားမြို့ကလူငယ်များ၊ ရပ်မိရပ်ဖများ သိန်းချီက စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

*** ZAWGYI ***
ျမစ္ႀကီးနား ဆႏၵျပပြဲ ဖမ္းဆီးမႈမ်ားရွိေသာ္လည္း သိန္းႏွင့္ ခ်ီ ပါဝင္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၈ ရက္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ စစ္အာဏာသိမ္းဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္ပြဲတြင္ အသက္ ၁၂ ႏွစ္အ႐ြယ္ ကေလးတစ္ဦးႏွင့္ သတင္းေထာက္တစ္ဦး အပါအဝင္ လူဦးေရ ၈၀ နီးပါးခန႔္ အဖမ္းခံထားရသည္။

နံနက္ပိုင္း ဆႏၵျပပြဲမ်ားအေစာပိုင္းတြင္ ၿဖိဳခြဲခံခဲ့ရေသာ္လည္း သိန္းႏွင့္ ခ်ီေသာ လူထုက ဆက္လက္ဆႏၵ ထုတ္ေဖာ္ခဲ့ၾကသည္။

ျမစ္ႀကီးနားၿမိဳ႕က “ေႏြဦးေတာ္လွန္ေရး မွ အာရွေတာ္လွန္ေရး” အေထြေထြသပိတ္ကို စစ္ေၾကာင္းႏွစ္ေၾကာင္းျဖင့္ ခ်ီတက္ခဲ့ရာ စစ္ေၾကာင္းႏွစ္ခုလုံး စစ္တပ္ႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ား၏ အၾကမ္းဖက္ၿဖိဳခြင္းမႈကို ခံခဲ့ရၿပီးေနာက္ ယခုကဲ့ သို႔ အဖမ္းခံခဲ့ရျခင္း ျဖစ္သည္။

ဖမ္းဆီးခံထားရသူမ်ား ျပန္လြတ္ေျမာက္ေရး လိုက္ပါညႇိႏႈိင္းေဆာင္႐ြက္ေပးေနသည့္ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳး ေတာ္အဖြဲ႕ PCG က ဦးလမိုင္ဂြမ္ဂ်ာ က “လူမ်ားေတာ့ အတိအက်ေျပာဖို႔ေတာ့ခက္တယ္။ ၇၀ ေက်ာ္လိုလို၊ ၆၀ ေက်ာ္လိုလို၊ ၈၀ ေက်ာ္လိုလို ျဖစ္ေနတယ္။ က်ေနာ္တို႔က သက္ဆိုင္ရာ ကခ်င္ျပည္နယ္ေကာင္စီကိုလည္း တင္ ျပထားတယ္။ ျပန္ၿပီးဆင့္ကဲဆင့္ကဲ ေသခ်ာစိစစ္ၿပီးေတာ့ ျပန္လႊတ္ေပးမယ္လို႔ ၾကားတယ္။ အဲ့ဒါကို ေစာင့္ေန တာပါ။ အခုသိရသေလာက္ေတာ့ ေျမာက္ပိုင္းတိုင္းမွာ ထားတယ္လို႔ သိရတယ္” ဟု ေျပာသည္။

ဖမ္းဆီးခံရသူမ်ားထဲတြင္ ကခ်င္ျပည္နယ္အေျခဆိုက္သတင္းဌာနက သတင္းေထာက္တစ္ဦးျဖစ္သည့္ ကိုေပါင္ လန္းေတာင္ (ခ) ေကာေကာ ကိုလည္း ေအာင္နန္းရပ္ကြက္ရွိ သပိတ္စစ္ေၾကာင္းအတြင္း သတင္းရယူေနစဥ္ ဖမ္း ဆီးသြားခဲ့သည္။

The 74 Media သတင္းဌာန၏ အယ္ဒီတာခ်ဳပ္ ကိုထြယ္ေအာင္ က “သူက သတင္းယူေနတာ။ ေအာင္နန္းဘက္ မွာ Live မလႊင့္ဘူး။ ဗြီဒီယို႐ိုက္ေနတဲ့အခ်ိန္မွာ Live လႊင့္တယ္လို႔ ထင္လို႔ ဖမ္းသြားတာနဲ႔တူပါတယ္။ သူနဲ႔ ဖုန္းနဲ႔ အဆက္အသြယ္ရတုန္းက ႏွစ္ခ်က္႐ိုက္တယ္လို႔ ေျပာပါတယ္။ ဆဲဆိုၿပီးေတာ့ ဖမ္းသြားတယ္လို႔ ေျပာပါတယ္။ ကင္မရာေတြလည္း သိမ္းသြားတယ္လို႔ ေျပာပါတယ္။” ဟု ေျပာသည္။

ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္အဖြဲ႕ PCG အေနျဖင့္ ဖမ္းဆီးခံထားရသူမ်ား ယေန႔ညတြင္းခ်င္းျပန္လႊတ္ ေပးႏိုင္ေရး ညႇိႏႈိင္းေနသည္ဟု ဦးလမိုင္ဂြမ္ဂ်ာ က ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕ က စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္ပြဲသည့္ သပိတ္စစ္ေၾကာင္းမ်ား ယေန႔ နံနက္ ပိုင္းတြင္ အၾကမ္းဖက္ၿဖိဳခြင္းခံခဲ့ရသည္။

ဖမ္းဆီးခံရသူ ၈၀ ေက်ာ္ခန႔္ရွိၿပီး စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက မ်က္ရည္ယိုဗုံးမ်ားပစ္ခတ္ျခင္း၊ ေသနတ္ဟုယူဆရသည္မ်ားျဖင့္ ပစ္ခတ္ၿဖိဳခြင္းျခင္း၊ ဆႏၵျပျပည္သူမ်ားအား အၾကမ္းဖက္႐ိုက္ႏွက္ျခင္း မ်ားေၾကာင့္ ထိခိုက္ဒဏ္ရာ ရရွိသူ ၃ ဦးထက္မနည္း ရွိခဲ့သည္။

စစ္အာဏာရွင္ဆန႔္က်င္သည့္ ျမစ္ႀကီးနားၿမိဳ႕ က သပိတ္စစ္ေၾကာင္းမ်ားသည္ စံျပရပ္ကြက္ႏွင့္ ေအာင္နန္း ရပ္ကြက္ စသည့္ေနရာႏွစ္ခု စစ္ေၾကာင္းႏွစ္ေၾကာင္းျဖင့္ လူဦးေရသိန္းခ်ီက ခ်ီတက္ဆႏၵျပခဲ့ၾကျခင္း ျဖစ္ သည္။

အၾကမ္းဖက္ၿဖိဳခြင္းမႈမ်ား၊ ထိခိုက္ဒဏ္ရရွိသည္မ်ားႏွင့္ ဖမ္းဆီးခံရသည့္ အေျခအေနမ်ားရွိခဲ့ေသာ္လည္း ျမစ္ႀကီးနားၿမိဳ႕က ဆႏၵျပျပည္သူသိန္းခ်ီက ယေန႔ေန႔လည္ ၁၂ နာရီအခ်ိန္ခန႔္အထိ သြားလာလို႔ရသည့္ လမ္း ေၾကာင္းမ်ားအတိုင္း တပ္မေတာ္ႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ားကို ေရွာင္ကာ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

ျမစ္ႀကီးနားၿမိဳ႕ရွိ ေဈးမ်ား၊ ဆိုင္မ်ား အားလုံးပိတ္ၿပီး ေႏြဦးေတာ္လွန္ေရးမွ အာရွေတာ္လွန္ေရး အေထြေထြ သပိတ္ကို ျမစ္ႀကီးနားၿမိဳ႕ကလူငယ္မ်ား၊ ရပ္မိရပ္ဖမ်ား သိန္းခ်ီက စစ္အာဏာရွင္က်ဆုံးေရး ဆႏၵထုတ္ေဖာ္ ခဲ့ၾကသည္။